ဒီနေ့ စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းလိုက်ရင် ဒီနေ့ စစ်ထဲဝင်မယ် (ဆရာမင်းဒင်)
ဒီနေ့ စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းလိုက်ရင် ဒီနေ့ စစ်ထဲဝင်မယ် (ဆရာမင်းဒင်) ပြင်ဦးလွင်နောင်ချိုမှာဝင်တိုက်ခဲ့တဲ့လက်နက်ကိုင်အဖွဲ့တွေဟာ၊အသင့် အနေအထားဖြစ်နေတဲ့၊ ရှော့တိုက်ဒုံးကျည် ဆယ်လုံး ကျော်(ခန့်မှန်း)ကို၊ မပစ်ခဲ့တော့ဘဲ၊ ဒီအတိုင်းထားရစ်ခဲ့ကိစ္စနဲ့ ပတ်သက်လို့ အငြိမ်းစားစစ်သည်တစ်ဦးရဲ့ မှတ်ချက်တော့၊ “ခြောက်ချက်ပစ်ပြီးနောက် အလုံးတွေဆက်ပစ်ဖို့ အခြေအနေမပေးတော့ လို့ ချက်ချင်းပြန်လစ် သွားပုံ ရတယ်။ တပ်ကဒုံးကျည်လာရာလမ်းကြောင်းဘက်ကို ဦးတည်ရှင်းလင်းသွားချိန်မှာ၊ အသည်းအသန်ထွက်ပြေးသွားကြ ပုံရပါတယ်” ဆိုပြီး၊ ဝင်တိုက်တဲ့အဖွဲ့တွေကိုနှိမ်၊ တပ်ရဲ့တန်ပြန်ထိုးစစ်ကြောင့်ဆုတ်ခွာ သယောင်ရေးပါတယ်။ TNLA ဗိုလ်မှူးကြီးတာဘုန်းကျော်ကတော့၊”ကျွန်တော်တို့မှာဒိထက် ပိုတဲ့ပစ်အားသုံးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် စစ်ပွဲ ဆိုတာ တစ်ခါမှအတွေ့ အကြုံမရှိသေးတဲ့ ဗိုလ်လောင်းလေးတွေ အသက်မဆုံးရှုံးစေဖို့၊ တပ်ဆုတ် ခိုင်းလိုက် တာပါ”လို့၊ ကျားသနားလို့ နွားချမ်းသာခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဖက်မှတ်ချက်တွေကို ဆန်းစစ်ကြည့်မယ်ဆိုရင်၊ ဒုံးကျည်တစ်လုံးကို ရှော့တိုက်ဖို့ ဆယ်စက္ကန့်ကြာတယ်ဆိုရင်၊ ဒုံးကျည် ဆယ်လုံးကျော်အတွက် …
လက်နက်ကြီးထိပြီး ကွယ်လွန်သွားတဲ့ လာရှိုးလူငယ်ဥက္ကဠအတွက် ကျော်သူရဲ့ ဝမ်းနည်းမှတ်တမ်း
” မြေဇာမြက်ခင်းလူသားများ။” မြေဇာမြက်ခင်းလေးတွေက ပါတ်ဝန်းကျင်ရှုခင်းကို စိမ်းလန်းစေသည်။ ငြိမ်းချမ်းစေသည်။ လှပစေသည်။ သာယာစေ၏။ မြက်ခင်းစိမ်းလေးများပေါ်တွင် ကလေးငယ်များ ဆော့ကစားကြသလို လူကြိးများအတွက်ကျန်းမာရေးအရ သက်တောင့်သက်သာလမ်းလျှောက်ခွင့်ပေးသည်။ အားကစားလုပ်ခွင့်ပေးသည်။ပြေးလွှားခွင့်ပေး၏။” “သို့သော် သူတို့၏ အနင်းကို ခံရသည်။ အဖိခံအနင်းခံ ရသည့်ဘ၀နှင့် ရပ်တည်နေရသလို ခြေချော်လဲခြင်း၊မှောက်ယက်လဲခြင်း၊မူးမေ့လဲခြင်းဖြစ်ပါကလည်း လူသားတို့ထိခိုက်အနာတရမဖြစ်အောင်ဖေးမပေးနေသည့် မြေဇာမြက်ခင်းကလေးများပင်ဖြစ်တော့သည်။ယခုတော့ အနင်းခံ၊အဖိခံ ရယုံတင်မက တူးဆွ ကော်ထုတ် လွှတ်ပစ်ဖယ်ရှားခြင်းကိုပါခံခဲ့ရတော့သည်။” “မြေဇာမြက်ခင်းလေးများနှင့် ဘ၀တူများဖြစ်ကြသည့် ကျွန်တော်တို့ ပရဟိတသမားများသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာ မိတ်ဆွေရန်သူမခွဲခြားဘဲ ဒုက္ခရောက်သူအားလုံးတို့အား ကူညီဖေးမ၊အသက်ကယ်တင်ပေးနေရသော်လည်း အနင်းခံ၊အဖိခံရယုံတင်မက တူးဆွဖယ်ရှားလွှတ်ပစ်ခြင်းကို ယနေ့နံနက်တွင် ခံခဲ့ရလေပြီ။” “ယနေ့နံနက်တွင် ညီနောင် ပရဟိတအဖွဲ့ဖြစ်သော”လားရှိုးလူငယ် လူနာတင်ကား” အား လက်နတ်ကြီးထိမှန်၍ လားရှိုးလူငယ်ဥက္ကဌ ဦးထွန်းမြင့် ဆုံးပါးခဲ့ပြီး ကျန်သုံးဦးဒဏ်ရာရရှိခဲ့ရလေပြီ။ ကြေကွဲဝမ်းနည်းမိပါသည် ဦးထွန်းမြင့်ခင်ဗျာ။ လေးစား …
နေရစ်ခဲ့ပါတော့ မဟေသီရယ်……
နေရစ်ခဲ့ပါတော့ မဟေသီရယ်…… တောင်တွေရစ်ဝိုင်း မှိုင်းညို့ ဆိုင်းလို့ နေထွက်/နေဝင် မမြင်မသိတဲ့လျှိုမြောင်ချိုင့်ဝှမ်း တဖက်ကမ်းမှာ နိဂုံးတဘဝ ဒီလိုချုပ်ရမယ်ဆိုတာ အစက ဘယ်သိပါ့မလဲကွယ်……. ပေးတဲ့တာဝန် ငါကျေပွန်အောင်မကြောက်ရဲစွမ်း စစ်မှု့ထမ်းလျှက်မင်းကိုမလွမ်းလို့ မဟုတ်ခဲ့ရပါဘူး…… သားနဲ့သမီး ပညာပြီးအောင်တာဝန်ရှောင်တာလဲ မဟုတ်ခဲ့ရပါဘူးမဟေသီရယ်……. ဒီနေ့…ဘဝရဲ့အဆုံးအဖြတ်နေ့…… သာလွန်အင်အား လွန်များပြားတဲ့ရန်သူသစ္စာဖောက် လူ့ငကြောက်တို့ဝိုင်းအုံပစ်ခတ် ရက်စက်ကြလို့ အသက်ကိုစတေး နောက်ဆုတ်မပြေးဘဲရင်ကိုကဒုတ်ကျင်း သတ္တိခြင်းယှဉ်တိုက်ပွဲဝင်ခဲ့ နိုင်ငံအတွက်ပါ မဟေသီရယ်……. သာလွန်အင်အား သူပုန်များကပြစ်အားတရပ်စပ် ဝိုင်းပိတ်သတ်တော့မမျှအင်အား ငါ့ရင်ဝအားကျ ည်ခနောက်လန် အသတ်ခံရပြီ မဟေသီ…. ငါနဲ့လက်တွဲ ငါ့ရဲဘော်လဲဖမ်းဆီးရန်သူ တဖက်လူက မျက်လုံး၂ဖက် ဓားချက်ပြင်းထန် မတွန်းလှန်ရန် ရက်ရက်စက်စက်ဖောက်ပြစ်သတ်ခဲ့တယ်…… နေရစ်ပါတော့ မဟေသီရယ်…… ငါတို့စစ်သား ဘဝများကငါ့ရဲ့အသက် တိုင်းပြည်အတွက်လို့သစ္စာအဓိဌာန် ရဲရဲဟန်နဲ့ရွတ်ဆိုထားတယ်မဟေသီရယ်…… ငါ့ရဲ့အသက် တိုင်းပြည်အတွက်မို့မင်းအပေါ်တာဝန်မကျေ မိသားစုကို …
လူသူမသိ ညဘက်လမ်းမပေါ်မှာ အဆိုတော် စောလားထော်ဝါး ရဲ့ ပကာသနမပါတဲ့ အလှူတစ်ခု
Myanmar Idol Season 1 ရဲ့ winner ဆုရရှိခဲ့သော တေးသံရှင် စောလားထော်ဝါး ဟာဆိုရင် ပရိသတ်များရဲ့ ထောက်ခံဝန်းရံမှုကို အပြည့်အဝ ရရှိခဲ့တဲ့ တေးသံရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် သူဟာ ” ယအယ်နား (မင်းကို ချစ်တယ်) ဆိုတဲ့ ဒုတိယ တစ်ကိုယ်တော်တေးစီးရီးကို ဖြန့်ချီထားနိုင်တဲ့အထိ ဂီတလောကမှာ အောင်မြင်မှုရရှိနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ စိတ်သဘောထား နူးညံ့အေးချမ်းသူ တစ်ဦး ဖြစ်ပြီး သူတစ်ပါးကိုလည်း မေတ္တာဂရုဏာထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အခုလည်း ဘယ်သူမှ သတိမထားမိတဲ့ အလှူတစ်ခုကို ပကာသနမပါပဲ လှူတန်းနိုင်ခဲ့တာ ကိုတွေ့ရ့ပါတယ်။ သူဟာဆိုရင် ညဘက်လမ်းခင်းလုပ်သားများကို ဆာလောင်နေကြမှာစိုးလို့ ထမင်းနဲ့ ဟင်းတွေကို ကိုယ်တိုင် လှူဒါန်းခဲ့တာကို တွေ့ရ ပါတယ်။ …
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲပြင်းထန် ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်
ရှမ်းမြောက်မှာ တိုက်ပွဲပြင်းထန် ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ရှမ်းပြည်နယ်၊ လားရှိုးကနေ သိန္နီမြို့အထွက် ၁၂ မိုင်အကွာ နမ့်တွန်းရွာအနီးမှာရှိတဲ့ မီးလောင်နေတဲ့ ဆီဆိုင်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့သွားရောက်တဲ့ လားရှိုးအခြေစိုက် လူငယ်ပရိဟိတအသင်းကားကို လက်နက်ကြီးကျည်ထိမှန်တဲ့အတွက် ကားထဲပါလာတဲ့ အသင်းဥက္ကဋ္ဌ သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ “ကား ၃ စီးသွားတာ၊ ရှေ့ဆုံးကားကို စနိုက်ပါနဲ့ လှမ်းပစ်တယ်၊ ပြီးတော့ RPG နဲ့ ထုတယ်၊ အသင်းဥက္ကဋ္ဌက ကျသွားပါပြီ၊ လူငယ် ၃ ယောက်လည်း ဒဏ်ရာတွေနဲ့ ဆေးရုံပေါ် ရောက်နေပါတယ် လို့ လားရှိုးလူငယ်ပရဟိတအသင်းဝင် ကိုအောင်ကျော်ဦးက ပြောပါတယ်။ လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့ လူငယ်ပရဟိတအသင်းကားက ဒဏ်ရာရသူတွေကို လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရပါတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ …
တာဝန်ကျရာကျောင်းက တပ်မိသားစုဝင်ကလေးများရဲ့ ဒီနေ့ကြုံတွေ့ခဲ့ရသော စိတ်မခိုင်စရာ မြင်ကွင်းလေး
ကျွန်တော်တာဝန်ကျရာကျောင်းသည်တပ်မိသားစုဝင်များ၏ကလေးတွေအများစုတက်သောကျောင်းဖြစ်ပါသည်။ ယနေ့ကြုံတွေခဲ့ရသောမြင်ကွင်းကစိတ်မခိုင်လျှင်မျက်ရည်ကျမိမည်။ ဖခင်များမှာရှေ့တန်းစစ်မြေပြင်ထွက်ခွာမည်ဖြစ်သောကြောင့်ကျောင်းသို့သူတို့၏သားသမီးကလေးများအားလာရောက်နှုတ်ဆက်ကြရာကျွန်တော့်၏G3ကလေး မိဘ ၃ /၄ဦးခန့်လာကြသည်။ “သမီးစာကြိုးစားနော်/သားစာကြိုးစားနော်/လိမ်လိမ်မာမာနေနော်/ဆရာ့စကား/ဆရာမစကားနားထောင်နော်/ဖေကြီးပြန်လာမှာတဲ့”သားဖြစ်သူသမီးဖြစ်သူလေးများမှရှေ့တန်းထွက်စစ်ယူနီဖောင်းအပြည့်အစုံနဲ့သူတို့၏ဖခင်ကိုဖက်၍ငိုကြသည်။ကျွန်တော်G3အတန်းပိုင်ဆရာဒီမြင်ကွင်းကိုကြည့်ရင်းမျက်ရည်ဝဲဆို့နစ်ကြွေကွဲရပါဘီလေ။ဆရာဆိုတော့ဟန်လုပ်ရင်း “သားတို့သမီးတို့ရယ်ဆရာတစ်ယောက်လုံးရှိသေးတာ ဘာအားငယ်စရာလိုလဲ။သားတို့သမီးတို့ရဲ့ဖေကြီးပြန်လာရင်းဆရာပါလိုက်ကြိုပေးမှာ။ဆရာတစ်ယောက်လုံးရှိသေးတယ်ဘာမှအားမငယ်နဲ့သမီးလေးသားလေးတို့ရယ်။”လို့အားပေးမိခဲ့ပါတယ်ဗျာ။KG/G1/G2/G3/G-5ကလေးများသည်အသိအမြင်ရှိနေကြဘီလေ။ရှေ့တန်းစစ်မြေပြင်ထွက်ရမယ်ဆိုတော့ ပြန်လာမယ်ပြောပြီးပြန်မလာတော့တဲ့သူတို့သူငယ်ချင်းတွေရဲ့ဖေဖေတွေအကြောင်းကိုလည်းမြင်တွေ့ကြားသိနေရတော့။ကျောင်းပေါက်ဝကနေပြန်ထွက်သွားနေတဲ့သူတို့ဖခင်တွေကိုလှမ်းပြောလိုက်ပုံက “ဖေဖေရေရှေ့တန်းကမြန်မြန်ပြန်လာခဲ့နော်တဲ့” ကျွန်တော်လဲကလေးတွေဟိုတဖက်အကွယ်ကိုလှည့်ပြီးကျွန်တော့်မျက်ဝန်းကိုကလေးတွေမသိအောင်သုတ်နေမိလေရဲ့ကျွန်တော့်ရဲ့G3ကလေးတွေခံစားချက်ကိုကျွန်တော်ထပ်တူထပ်မျှခံစားရမိပါတယ်။မည်သည့်ကလေးမှသူတို့ရဲ့ဖခင်ရှေ့တန်းထွက်မှာကိုမလိုလားကြတော့။ပြန်မလာမှာကိုမလိုလားကြတော့ပါ။ အင်းးးးးးးး စစ်ပွဲတွေအေးငြိမ်းပါစေ။ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။ အေးချမ်းသာယာပါစေ။မိသားစုတွေပျော်ရွှင်ချမ်းမြေ့ကြပါစေ။ Credit-W.Y.M.H
တောက်ပတဲ့အပြုံးတွေနဲ့ အပျိုလေးတွေ လိုက်မမှီအောင် အလှကြီးလှနေတဲ့ ချစ်သုဝေ
ပရိသတ်တွေ ချစ်ကြတဲ့ ခေတ်နဲ့သစ်တို့ရဲ့ မေမေ ချစ်သုဝေကတော့ တစ်သားမွေးတစ်သွေးလှဆိုတဲ့ စကားလေးနဲ့ တစ်ထပ်တည်းကျသူ ဖြစ်ပါတယ်။ အရင်ကထက် အလှကြီးလှတဲ့ ချစ်သုဝေကို တော်ရုံတန်ရုံ အပျိုလေးတွေတောင် လိုက်လို့ မမှီနိုင်ပါဘူး။ ပရိသတ်တွေကလည်း ချစ်သုဝေရဲ့ မျက်နှာလေးတင်မကပဲ သူမရဲ့ သီချင်းတွေနဲ့ သရုပ်ဆောင်ချက်တွေကိုပါ ကြိုက်နှစ်သက် အားပေးကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ချစ်သုဝေက သူမရဲ့ လူငယ်ဆန်ဆန် ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ချစ်သုဝေရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ချစ်သုဝေကတော့ (၃၆)နှစ်အရွယ် ကလေးမေမေလို့ မထင်ရလောက်အောင် အင်မတန် နုပျိုလှပနေတာပဲဖြစ်ပါတယ်။ချစ်သုဝေ ဝတ်ဆင်ထားတဲ့ ပန်းရောင်တောက်တောက် ဝတ်စုံလေးကလည်း သူမနဲ့ လိုက်ဖက်လွန်းစွာ လှနေတာကိုတွေ့ရပါတယ်။ ချစ်သုဝေကတော့ လက်ရှိမှာတော့ မိသားစုလေးကို အချိန်ပေးရင်း ကြော်ငြာတွေ၊ ပွဲတက်တွေကို သင့်တင့်မျှတစွာ လုပ်ကိုင်နေလျက်ရှိပါတယ်။ …
မန္တလေးပရိသတ်တွေ ကြိတ်ကြိတ်တိုး အားပေးခြင်းခံခဲ့ရတဲ့ ဟိန်းထက်နဲ့ နေခြည်ရွှန်းလက်
ပရိသတ်တွေချစ်ကြတဲ့ ဇာတ်လမ်းတွဲ မင်းသားနဲ့ မင်းသမီးဖြစ်တဲ့ ဟိန်းထက်နဲ့ နေခြည်ရွှန်းလက်တို့က အားပေးသူ ပရိသတ်အခိုင်အမာ ရရှိထားသူလေးတွေပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတိုင်းက ပရိသတ်တွေကြား တော်တော်လေး နာမည်ကြီးပြီး လူကြိုက်များခဲ့တာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း ဟိန်းထက်နဲ့ နေခြည်ရွှန်းလက်တို့က လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို အသီးသီး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဟိန်းထက်နဲ့ နေခြည်ရွှန်းလက်တို့က မနေ့က သြဂုတ်လ(၁၆) ရက်နေ့မှာတော့ မန္တလေးမြို့မှာ ကျင်းပပြုလုပ်တဲ့ စိန်နန်းတော် စိန်ရွှေရတနာဆိုင်ရဲ့ ဈေးရောင်းပွဲတော် အခမ်းအနားကို တက်ရောက်ပေးခဲ့တာကို တွေ့ရပါတယ်။ တစ်ခါမှ အတူတူ ပွဲမတက်ဖူးတဲ့ ဟိန်းထက်နဲ့ နေခြည်ရွှန်းလက်တို့ကို ပရိသတ်တွေကလည်း ကြိတ်ကြိတ်တိုး ကြိုဆို အားပေးခဲ့ကြတာကို တွေ့ရပါတယ်။ ဟိန်းထက်ကတော့ “အရိပ်”၊ “ငွေစက္ကူ(၇) ရွက်” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ …
အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ရန် ကူညီကြပါခင်ဗျာ🙏🙏🙏
ရှားပါးသည့် အောင်မြင်မှုသို့ လှမ်းနိုင်ခဲ့သူ ဆရာကြီး ဦးထွန်းလွင်
သူ ငယ်စဉ်က သူတို့ မိသားစုမှာ ချမ်းသာ ခဲ့သော်လည်း အဖေ နောက် အိမ်ထောင်ပြု သွားချိန်တွင် မိသားစု စီးပွားရေးစတင် ယိုင်လဲလာခဲ့သည်။ နောက်ဆုံးတွင် စီးပွား ပျက်ပြီး မန္တလေး ထီးတိုင်တန်းဈေးတွင် ကြက်သွန်ဗန်း ခင်းရောင်းခဲ့ရသည် အထိပင် ဘဝပေး အခြေအနေ ဆိုးရွား ခဲ့သည်။ အမေသည် သူတို့ ညီအစ်ကိုနှစ်ဦးအတွက် ထီးလို မိုးလို ဖြစ်သည်။ သူ့ ဘ၀တွင် အမေ သည် အေးမြသော အရိပ်ကို ပေးစွမ်းနိုင်ခဲ့သည်။ အမေက စားဝတ်နေရေးအတွက် ပင်ပန်းစွာ ရှာဖွေ ကျွေးမွေးခဲ့သည်။ ထိုသို့ ဆင်းရဲတွင်း နက်သထက် နက်လျက် ပင်ပန်းဆင်းရဲ ကြီးစွာ ရုန်းကန်ခဲ့သော်လည်း သားများကိုမူ ပညာတတ်ကြီး ဖြစ်စေလိုသည့် အတွက် လူချမ်းသာတွေ …