Uncategorized
အဝစားဘူဖေးဆိုင်တွေမှာ မစားသင့်ဆုံးအစားအစားများ
ခုတလော အဝစားဘူဖေး အပြုတ်အကင်မျိုးစုံရနိုင်တဲ့ဆိုင်တွေ အမြောက်အများရှိလာပါပြီ။ ပုံမှန်စားသောက်ဆိုင်တွေထက် အဝစားဘူဖေးဆိုင်တွေက ပိုသာတဲ့တစ်ချက်က အစားအစာအစုံအလင်ကို တစ်နေရာတည်းမှာရနိုင်ပြီး ကိုယ့်စိတ်တိုင်းကျရွေးချယ် ချက်ပြုတ်ခွင့်ရတာရယ်၊ ပေးရတဲ့ပိုက်ဆံနဲ့ တန်တဲ့ အစားအစာကို စားခွင့်ရလိုက်တယ်လို့ စားသုံးသူတွေကို ထင်မိစေတာက အကြီးမားဆုံးအားသာချက်ပါပဲ။ ဒါဆို အဝစားဘူဖေးဆိုင်တွေမှာ တခါတလေ ပေးရတာနဲ့တန်အောင် စားကိုစားရမယ်ဆိုတဲ့ အတွေး မျိုးတွေးမိပြီး ဘူဖေးဆိုင်ကအပြန်မှာ ရင်ပြည့်သလိုလို နေလို့ထိုင်လို့မကောင်းတာမျိုးရော ဖြစ်ဖူးပါသလား? တကယ်တမ်း ဘူဖေးဆိုင်တွေက သာမန် menu အခင်းအကျင်းနဲ့ဆိုင်တွေထက် လူလာများတာရယ်၊ အသားစိမ်းငါးစိမ်းတွေကို တစ်နေကုန်ပြင်ထား ဆင်ထားရတာဖြစ်တဲ့အတွက် သန့်ရှင်းမှုကတော့ အများကြီးလျော့ပါတယ်။ Happy hour လိုအချိန်မျိုး ဆိုင်မှာလူကျတဲ့အချိန် လူတကာစားသောက်သွားတဲ့ စားပွဲ၊ ပန်းကန် စတာတွေကရော ၁၀၀ ရာခိုင်နှုန်း ရောဂါမဖြစ်စေပါဘူးလို့ အာမမခံနိုင်ပါဘူး။ ဒါဆို အဝစားဘူဖေးဆိုင်တွေမှာ စားကြမယ်ဆို …
ဆွဲသားအင်္ကျီကိုယ်ကျပ်လေးနဲ့ တင်းရင်းလှပတဲ့ ရင်သပ်ရှုမောဖွယ်အလှအပတွေကိုလှစ်ဟပြလိုက်တဲ့ သင်ဇာလေး
ဆက်ဆီ အဖြစ်ရော သရုပ်ဆောင် မင်းသမီးချောလေးအဖြစ်ပါ အနုပညာအလုပ်တွေ လုပ်ကိုင်နေတဲ့ သင်ဇာဝင့်ကျော်ကတော့ ပုရိသယောက်ျားသားတွေရဲ့ နှလုံးသားပဲ့ကိုင်ရှင်မလေးပဲ ဖြစ်ပါတယ်။ မိန်းမသားအချင်းချင်းတောင် အားကျရလောက်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေကြားမှာ အမြဲရေပန်းစားနေသူလေးလည်း ဖြစ်ပါတယ်။ သင်ဇာက စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကြောင့် လူတကာရဲ့ငေးမောကြည့်ခြင်းခံနေရတာပဲ ဖြစ်ပါတယ်။ တင်းရင်းကျစ်လျစ်တဲ့ သူမရဲ့ကိုယ်လုံးအလှကြောင့် သင်ဇာဝင့်ကျော်က ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို ဆွဲဆောင်မှုတွေပြည့်နေတာပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ဖမ်းစားနိုင်လွန်းတဲ့ သင်ဇာက အခုလည်း ပရိသတ်တွေ အသည်းခိုက်အောင် ကြွေနေရရမယ့် ပုံလေးတွေကို အသစ်တင်ထားပါတယ်။ ဒီတစ်ခါမှာတော့ သင်ဇာက ဆွဲသားအင်္ကျီကိုယ်ကျပ်လေးနဲ့ တင်းရင်းလှပလွန်းတဲ့ ရင်သပ်ရှုမောဖွယ်အလှအပတွေကို ထုတ်ပြထားတာ ဖြစ်ပါတယ်။ သင်ဇာက ” အနီးကပ်ပုံလေးတင်ဆိုလို့..အမွှေပေါ့ ငါဘာရှာနေတာပါလိမ့် ” ဆိုပြီး မျက်မှန်တစ်လက်နဲ့ အထာကျနေတဲ့ ပုံလေးတွေကို …
နေတိုးရဲ့နောက်ထပ် အကယ်ဒမီမှတ်တိုင် ဖြစ်လာဦးမယ့် “နိုင်ငံကြီးသား” ရုပ်ရှင် Trailer
ဒီကနှစ် (၂၀၁၉) ခုနှစ်ကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေကို ရသမျိုးစုံပေးနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အပြိုင်အဆိုင် ရုံတင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း တစ်ကားပြီးတစ်ကား ရုံတင်ပြသနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နေတိုးကို ကြိုက်နှစ်သက်အားပေးကြတဲ့ ပရိသတ်တွေအတွက် နေတိုးရဲ့ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးအမည်ကတော့ “နိုင်ငံကြီးသား” လို့ အမည်ရပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ ရွှေသမီး၊ အောန်ဆိုင်း၊ ဆာရာဆောင်းဦး တို့က အဓိက …
အာပုပ်ဆော်နံတာ၊ သွားမှာကျောက်တည်တာနဲ့ သွားချိုး (ဂျိုး) တက်တာတွေကို ပျောက်ကင်းစေမဲ့ သဘာဝသွားတိုက်ဆေး
ဆိုင်ကယ်ကို အချိန်ကြာကြာခွစီးသူ အမျိုးသားများ မျိုး မအောင်နိုင်
Zawgyi မော်တော်ဆိုင်ကယ်နဲ့ တစ်နေကုန် အလုပ်လုပ်ကြရပြီး အပူချိန်မြင့်မားတဲ့ ဆိုင်ကယ်ထိုင်ခုံ ကုန်းနှီးပေါ်မှာ အချိန်ကြာကြာ စီးနင်းသွားလာရတဲ့အမျိုးသားတွေ အထူးသတိပြုသင့်ပါတယ်။ အပူချိန်ဟာ ကိုယ့်ရဲ့ ဖွားဘက်တော်ကို ဘေးထွက်ဆိုးကျိုးတွေ ရစေပြီး အိမ်ထောင်ပြုတဲ့အခါ မျိုးမအောင်(ကလေးမရနိုင်) မြုံ တဲ့ ပြဿနာနဲ့ ကြုံတွေ့ရနိုင်ကြောင်း သုတေသီတွေက သတိပေးထားပါတယ်။ ဗီယက်နမ်နိုင်ငံမှ အသက် ၃၁ နှစ်အရွယ် ‘ငုယန်ဒင်ကွမ်’ ဆိုသူ အမျိုးသားဟာ အမြန်ချောပို့ ကုမ္ပဏီ တစ်ခုမှာ ပစ္စည်းလိုက်ပို့ရတဲ့ ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေသူပါ။ နေ့စဉ် တစ်ရက်ကို ၄ နာရီလောက် နေပူထဲမှာ ဆိုင်ကယ်တစ်စီးနဲ့ ပစ္စည်းလျှောက်ပို့ရပါတယ်။ ရာသီဥတုအပူရှိန်ရယ် ဆိုင်ကယ်အင်ဂျင် အပူရှိန်ရယ်ကြောင့် ဆိုင်ကယ်ထိုင်ခုံဟာ ပူနေလို့ ဆိုင်ကယ်ကို ကြာကြာစီးရတဲ့အခါ စိတ်ကသိကအောက် ဖြစ်ရတယ်လို့ဆိုပါတယ်။ ဒီအလုပ် လုပ်ကိုင်နေရင်း အိမ်ထောင်ကျခဲ့တာ …
၉၉ နိုင်ငံ ဖြတ်သန်းမည့် အမျိုးသမီးဆိုင်ကယ်စီးအဖွဲ့ မန္တလေးမှ စတင်ထွက်ခွာ
နိုင်ငံ ၉၉ နိုင်ငံ ဖြတ်သန်းပြီး ချစ်ကြည်ရေး စာချွန်လွှာ လက်ဆင့်ကမ်းသယ်မယ့် အမျိုးသမီးဆိုင်ကယ်စီးအဖွဲ့ မန္တလေးကနေ စတင်ထွက်ခွာသွားပါတယ်။ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် ကျား မခွဲခြားမှုတွေရှိနေပြီး အမျိုးသမီးတွေအပါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေတဲ့အတွက် အမျိုးသမီးတွေဟာလည်း အမျိုးသားတွေ နည်းတူ စွမ်းဆောင်နိုင်တယ်ဆိုတာကို ဖော်ပြတဲ့အနေနဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၉၉ နိုင်ငံကို ဖြတ်သန်းပြီး ဆိုင်ကယ်စီးမယ့် ခရီးစဉ်ဟာ ဇူလိုင် ၂၆ ရက်နေ့မှာ မန္တလေးမြို့ကနေ စတင်ထွက်ခွာခဲ့တာပါ။ ဒီခရီးစဉ်ကို စကော့တလန်နိုင်ငံကနေ အခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၉၀ ကျော်ကို ဖြတ်သန်းကာ ချစ်ကြည်ရေးစာချွန်လွှာတစ်စောင်ကို လက်ဆင့်ကမ်း သယ်ဆောင်ကြမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံပေါင်း လေးဆယ်ကျော်ကို ဖြတ်သန်းခဲ့ပြီဖြစ်ပြီး နီပေါ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ မြန်မာနိုင်ငံထဲကို ဖြစ်သန်းရောက်ရှိလာတာလည်း …
ဖောက်ပြန်တတ်တဲ့ သူတွေမှာ တွေ့ရတဲ့ အကျင့်စရိုက်တွေ
#1 အောင်သွယ်တော်တွေကြောင့် တခါတလေမှာ ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးကို တချို့က ရခဲ့ကြသလို တချို့က အောင်သွယ်တော်တွေကြောင့် ဖောက်ပြန်မှုတွေဖြစ်ခဲ့ပါတယ်။အောင်သွယ်တော်ဆိုတာ နှစ်ဦးနှစ်ဖက်ရင်းနှီးမှုရှိတဲ့အတွက် သူဟာ စုံတွဲထဲက တစ်ယောက်နဲ့ ပြန်လည် ဖောက်ပြန်တာမျိုးဖြစ်တတ်ပါတယ်။ဒါမျိုးဟာ သတိထားသင့်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ #2 တခါတလေတော့ ကိုယ်နဲက ချစ်သူသက်တမ်း နည်းနည်းရလို့ ယုံကြည်စိတ်ချလိုက်ပေမယ့် အဆက်ဟောင်းက သူ့ကို ပြန်လာကပ်လို့ သူတို့ချင်း တိတ်တဆိတ် ရွှေလက်တွဲနေတာမျိုးရှိတတ်ပါတယ်။ဒီလို မပြတ်သားမှုကြောင့် ကိုယ်ဟာ ကြားထဲက အစားထိုးခံဖြစ်တတ်ပါတယ်။ #3. ဒီပုံပြင်ကတော့ ရိုးမသွားတဲ့ သူဌေးနဲက အလုပ်သမားဆက်ဆံရေးဖြစ်ပါတယ်။သူဌေးဆီက အဆောင်အယောင်တွေဟာ လူတစ်ယောက်ကို ယိမ်းယိုင်သွားနိုင်တဲ့ အကြောင်းပြချက်ဖြစ်ပြီး တဖက်က ချစ်သူကိုလဲ လက်မလွတ် သူဌေးနဲ့လည်း တွဲမပျက်ဆိုတာမျိုးတွေ ရှိပါတယ်။ #4 သူငယ်ချင်း အချင်းချင်း အိမ်နီးချင်းအချင်းချင်း ချစ်ကြိုက်တာရှားပေမယ့် လိင်မှုကိစ္စသီးသန့်အတွက် …
ရန်ကုန်မြို့  မြေ အောက်တွင် အင်္ဂလိပ်တို့ တည်ဆောက်ထားခဲ့သည့် မဟာလျှို့ ဝှက်ချက်များ
အင်္ဂ လိပ်တွေဟာ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးရန်ကုန်မြို့ ကို အစိုးရ ရုံးစိုက်ရာ မြို့ အဖြစ်သတ်မှတ်ခဲ့ကြတယ်။မြို့ တော် ကို စနစ်တကျ မြို့ပြအင်္ဂါရပ်တွေ နဲ့အညီတည်ဆောက်ခဲ့ကြ တယ်။ပြင်သစ်ကုမ္ပဏီ တွေ ကို ကန်ထရိုက်ပေးပြီး မြေအောက် ရေဆိုး ထုတ် ဥမင် ကွန်ယက် စနစ်တွေကို အင်္ဂလန် အတိုင်း တည်ဆောက်ခဲ့ကြတယ်။ အဲ့ဒီ မြေအောက် ဥမင် ကွန်ယက် စနစ်ကြီးကို ရန်ကုန်မြို့တစ်မြို့ လုံးဖြန်ကျက် ထားနိုင်ခဲ့ကြတယ် မိလ္လာစနစ် တွေ ရေဆိုးထုတ်စနစ်တွေ ကို မြို့တော် လူဦးရေနဲ့ အညီ နိုင်နင်းအောင် ပြု လုပ်ပေးနိုင်ခဲ့တယ်။ ရန်ကုန် မြို့ဟာ တစ်ချိန် က မိုးရွာလျှင် ရေတင် ခြင်း ရေဝပ် ခြင်း မရှိပါ။အဲဒီ …
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်း ဂျပန်နှင့်တစ်အုပ်စုထဲကျရောက်
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်အတွင် မဲနှိုင်အုပ်စုခွဲပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ AFC ရုံးချုပ်တွင် ဇူလိုင် ၁၇ ရက်တွင် ကျင်းပပြုလုပ်သည်။မြန်မာအသင်းသည် ဖီဖာဘောလုံးအဆင့်သတ်မှတ်မှုဇယားတွင် နေရာကောင်းရရှိနေခြင်း၏ အကျိုးကျေးဇူးအဖြစ် ပထမအဆင့် ခြေစစစ်ပွဲများကို ကစားစရာမလိုအပ်ဘဲ ဒုတိယအဆင့်မှစတင် ခြေစစ်ပွဲဝင်ခွင့် ရရှိခဲ့သည်။ ဖီဖာ၏ဘောလုံးအဆင့်သတ်မှတ်ချက်အရ အဆင့် ၁၃၈ တွင်နေရာယူထားသော မြန်မာအသင်းသည် မဲပုံး (၄) တွင် ကျရောက်ပြီး မိမိတို့ထက် အဆင့်သတ်မှတ်ချက် မြင့်မားသော အသင်း ၄ သင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။မြန်မာအသင်းသည် အုပ်စု (F) တွင် ဂျပန်၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်၊ ကာဂျစ်တို့နှင့် အိမ်ကွင်းအဝေးကွင်းစနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရမှတ်အများဆုံး ၂ သင်းသည် တတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ရမှတ်အများဆုံး ၂ သင်းတွင်ပါဝင်ခြင်းမရှိပါက …
မန္တလေးရှိ တရားမဝင် ဘုန်းကြီးကျောင်းများနှင့် လူနေအဆောက်အအုံများကို ဖယ်ရှားရန် စာရင်းပြုစု
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင် ဘုန်းကြီးကျောင်းနှင့် လူနေအဆောက်အအုံများကို ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စာရင်းပြုစုနေကြောင်း မန္တလေးတိုင်းဒေသကြီသာသနာရေးဦးစီးမှူးရုံးထံမှ သိရသည်။ “ကျွန်တော်တို့ကတော့ အခုစာရင်းတွေတော့ လိုက်ကောက်နေပြီ။ လောလောဆယ်တော့ မန္တလေးခရိုင်မှာ စလုပ်နေပါပြီ။ အဓိကကတော့ ဘုန်းကြီးကျောင်းတွေထဲက လူနေအိမ်တွေ၊ ဆိုင်ခန်းတွေတို့ ဒါတွေကိုအရင်လုပ်နေတယ်။ အဓိက ကတော့ စာရင်းပြုစုနေပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးကျော်လှိုင်က ပြောဆိုသည်။ မန္တလေးတိုင်းအစိုးရအဖွဲ့၏ ဇွန်လ ဒုတိယပတ်ကပြုလုပ်သည့် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင် ဘုန်းကြီးကျောင်းများနှင့် ဘုန်းကြီးကျောင်းများအတွင်း တရားမဝင် ဆောက်လုပ်ထားသည့် လူနေအဆောက်အအုံများကို ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှားနိုင်ရေး ခရိုင်မြို့နယ်အလိုက် စီမံခန့်ခွဲမှု ကော်မတီများက ကွင်းဆင်းစစ်ဆေး၍ စာရင်းပြုစုတင်ပြရန်နှင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ရှင်းလင်းဖယ်ရှားမည့် အစီအမံများကို အမြန်ပြန်လည်တင်ပြရန် ဆုံးဖြတ်ခဲ့သည်။ စာရင်းပြုစုခြင်းလုပ်ငန်းများကို စည်ပင်သာယာရေးကော်မတီ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ …