Celebrity

ဘာစံချိန်စံညွှန်းနဲ့ရွေးလည်းမသိဘူးဆိုတဲ့ The Voice ပြိုင်ပွဲဝင် ခွန်းဝတီပြည့်

The Voice Myanmar Season 2 ရဲ့ အရှိန်မြင်ဆုံးအပိုင်းဖြစ်တဲ့ Battle Round မှာ ပရိသတ်တွေရဲ့ အကြိုက်သီဆိုနိုင်ခဲ့ပေမယ့် ပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ခွင့်မရှိတော့တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအဆင့်ကိုကျော်လွန်နိုင်ခဲ့ပေမယ့် Knock out Round မှာ ပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့ ခွန်းဝတီပြည့်ကို အားလုံးပဲသိကြပြီးဖြစ်မှာပါ ။ ခွန်းဝတီပြည့်ကတော့ အခုမှအဆိုပြိုင်ပွဲကိုပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တာမဟုတ်ပါဘူး ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း Melody World မှာ လည်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ အခုကျနော်တို့ပြောချင်လွန်းလို့ပရိသတ်တွေကို တင်ဆက်ပေးချင်တာကတော့ ခွန်းဝတီပြည့်က8 Days နဲ့မီဒီယာမှာပြောပြသွားတဲ့အကြောင်းတွေကို ပြန်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ခွန်းဝတီပြည့်က “ The Voice ကို Season 1 တုန်းကကြည့်ဖြစ်တယ်။ တချို့သူငယ်ချင်းတွေက ပါကြတယ်။ ပြည့်ကလည်း ပြိုင်ချင်တာပေါ့ အဲ့ဒီနှစ်တုန်းကလည်း ပြည့်မသိလိုက်ဖူးလေ မသိလိုက်တော့ …

သူ့ဆီက ဂရုစိုက်မှုတွေ မရရှိတော့လို့ စိတ်မကောင်းဖြစ်နေတဲ့ ရွှေမှုံရတီ

ဆယ်ကျော်သက်အရွယ်မှာကတည်းက အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိထားတဲ့ မင်းသမီးချောလေး ရွှေမှုံရတီက လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ဦးဖြစ်နေပြီ ဖြစ်ပါတယ်။ ရွှေမှုံရတီက အသက်(၂၀) အရွယ်မှာ နိုင်ငံကျော်အဆိုတော် ရွှေထူးနဲ့ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီက အခုလက်ရှိမှာတော့ သူမရဲ့ အိမ်ထောင်သည်ဘဝလေးကိုလဲ ပျော်ရွှင်ဖွယ်ရာကောင်းအောင် နေထိုင်နေပြီး အနုပညာလုပ်ငန်းတွေကိုလဲ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးပေးနေရင်း အနုပညာလုပ်ငန်းတွေကို အားတက်သရော ကြိုးစားလုပ်ကိုင်နေတာကို တွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ ရွှေမှုံရတီက သူမရဲ့ဖေ့စ်ဘုတ်မှာ “သူစိတ်မပူတော့တဲ့အခါ” ဆိုတဲ့ စာသားလေးကို တင်ထားခဲ့ပါတယ်။ ရွှေမှုံရတီတစ်ယောက် ဘယ်သူ့ကိုများ စိတ်ကောက်နေတာလဲဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ရွှေမှုံရတီတစ်ယောက် ရွှေထူးဆီက …

သက်တူရွယ်တူတွေနဲ့ပဲပေါင်းတော့တယ်ဆိုတဲ့အောင်လေး

အရပ်မြင့်မြင့် ရုပ်ဖြောင့်ဖြောင့်နဲ့ အောင်လေးတစ်ယောက်ကတော့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲပါပဲနော်။သူကတော့ မော်ဒယ် တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူပါ။သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့သူမို့ ပါဝင်ရိုက်ကူးထားသမျှ MTV တွေဆိုလည်း ပရိသတ်ကြားရေပန်းစားခဲ့ပါတယ်။အဆိုတော် ဝနရဲ့ အနီးဆုံးလူ သီချင်းထဲမှာဆို သီချင်းလေးကလည်း ကောင်း သရုပ်ဆောင်လေးကလည်းမိုက်ဆိုတော့ လူငယ်တွေအကြိုက်များခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ မော်ဒယ်အောင်လေးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သူ့ရဲ့အရည်အချင်းတွေထုတ်ဖော်ပြသခွင့်ရခဲ့ပါတယ်။ရာဇဝင်ရိုင်းခဲ့သည် ဇာတ်ကားကြီးမှာတော့ မင်းသားဇေရဲထက်နဲ့အတူပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်အားပေးမှုကို အပြည့်ဝ ရခဲ့ပြီးဖြစ်ပါတယ်။ လတ်တလောမှရုံတင်ပြီးသွားတဲ့ လေဆန်ကကြိုးဇာတ်ကားမှာလည်း ပါဝင်ရိုက်ကူးထားတာကိုတွေ့ရပါတယ်။အောင်လေးကတော့ လတ်တလောမှာရွယ်တူတွေနဲ့ပဲပေါင်းဖြစ်တော့တယ်ဆိုပြီး သူ့သူငယ်ချင်းတွေနဲ့ပုံတွေကို လူမှုကွန်ယက်မှာမျှဝေထားတာကိုတွေ့ရပါတယ်။သူနဲ့ရွယ်တူဘော်ဒါတွေဆိုပြီး တစ်ခြားတော့မထင်လိုက်နဲ့နော်။ သူ့ရဲ့ချစ်စရာတူလေးနှစ်ယောက်ပါတဲ့။ချစ်စရာကောင်းတဲ့တူရီးသုံးယောက်ပုံတွေကို မိုမိုလေးပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပြီနော်။ Silver Ref:Aung Lay’s Facebook

မိဘတွေက အချစ်ရေးကိုလွတ်လပ်ခွင့်ပေးထားတယ်ဆိုတဲ့ ယွန်းယွန်း

ယွန်းယွန်းဟာဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အကယ်ဒမီဆုကြီးပိုင်ဆိုင်ထားတဲ့ အရည်အချင်းရှိမင်းသမီးလေးတစ်ယောက်ဖြစ်သလို ကလေးသရုပ်ဆောင်ဘဝကတည်းက အခုအချိန်ထိ ပရိသတ်တွေရှေ့မှောက်မှာကြီးပြင်းလာခဲ့ပြီး တစ်နိုင်ငံလုံးကသည်းသည်းလှုပ်ချစ်ရတဲ့ မင်းသမီးလေးလည်ဖြစ်ပါတယ်။ မကြာသေးမီက ယွန်းယွန်းနဲ့ပတ်သက်တဲ့အချစ်ရေးကောလဟလတွေထွက်လာခဲ့ပြီး ပရိသတ်တွေက လှုပ်လှုပ်ရှားရှားဖြစ်သွားကြရပါတယ်။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ယွန်းယွန်းက မီဒီယာတွေနဲ့အင်တာဗျူးမှာရှင်းပြလာခဲ့ပါတယ်။ ယွန်းယွန်းက လက်တလောထွက်နေတဲ့ အချစ်ရေးကောလဟလတွေနဲ့ပတ်သက်ပြီး “ညီမက ဒီအရွယ်မှာ ဒီလိုမျိုး Dating News တွေထွက်မယ်ဆိုတာ အဲဒါကြီးကို ထွေထွေထူးထူးမခံစားတော့ဘူးပေါ့နော်။ ဒါက ဖြစ်လေ့ဖြစ်ထရှိတယ်။ ဖြစ်ချိန်တန်လို့ဖြစ်လာတာ။ အဲ့လိုမျိုးပဲညီမတွေးပါတယ်။ ညီမ ဒီလိုမျိုးဖြစ်တယ်ဆိုကတည်းက ဒါ ညီမကိုချစ်လို့ပြောနေတာ။ စိတ်ပူပေးလို့ပြောနေကြတာဆိုတော့ ညီမ အဲ့ဒါကို ပျော်စရာအနေနဲ့ပဲ သတ်မှတ်လိုက်ပါတယ်”လို့ဖြေထားပါတယ်။ ချစ်သူရှိရင် ပရိသတ်ကိုအသိပေးမှာဖြစ်ကြောင်းလည်း “ညီမ Fans တွေကလည်း ပြောတယ်။ ချစ်သူရှိရင်လည်းပွင့်ပွင့်လင်းလင်းပဲနေပါ။ သူတို့ကဘယ်လိုပဲဖြစ်ဖြစ်ချစ်မှာပဲဆိုတော့ ညီမကံကောင်းတယ်လို့ခံစားရတယ်ပေါ့နော်။ ဝမ်းသာတယ်။ ညီမရည်းစားထားလို့ရှိရင်ပြောပြပါမယ်ပေါ့နော်။ အခုကတော့ ဘာမှထွေထွေထူးထူးပြောစရာမရှိသေးဘူးပေါ့နော်။ ဒီတိုင်းပဲ။ မထူးသေးဘူးပေါ့နော်”လို့ …

“ရန်ကုန်စရောက်တုန်းက ဗမာစကားကိုပြောဖို့ကြောက်တယ်ဆိုတဲ့ ဝင့်ယမုံနိုင်”

မြန်းဆိုတဲ့ ဝင့်ယမုံနိုင်ကတော့ ပရိသတ်ကြီးအားပေးမှုကိုရရှိထားတဲ့ MRTV-4 မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ တိုင်းရင်းသားတွေထဲက ထားဝယ်သူလေးတစ်ယောက်လဲဖြစ်ပါတယ်။ ရန်ကုန် စရောက်တုန်းက ဗမာစကားပြောရမှာကြောက်တယ်ဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့ တွေ့ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။ “ရန်ကုန်စရောက်တုန်းက မပြောရဲဘူး မပြောတတ်ဘူး ငါပြောလိုက်လို့မှားသွားရင်ငါ့ကိုလှောင်မလားရယ်မလား ငါကရန်ကုန်ကမဟုတ်ဘူးဆိုတာသိသွားမလားဆိုပြီးတွေးမိတယ်။ လူကြီးတွေက တိုက်ပေါ်ကနေ အောက်မှာတစ်ခုခုသွားဝယ်ခိုင်းရင် ဒါလေးပေးပါလို့ပြောရမှာမပြောရဲဘူး။ စကားတစ်ခွန်းပြောဖို့ရင်တွေတုန်တယ် နောက်ပိုင်းကြတော့လည်းအဆင်ပြေသွားတာပဲ။ တိုင်းရင်းသားတွေက အသဲဝဲဝဲ လေးတွေနဲ့ချစ်ဖို့ကောင်းတယ်။ တိုင်းရင်းသားတွေမှာထူးခြားတာတစ်ခုက သူတို့ရိုးရာအစားအစာတွေပဲ။ အဲလိုအစားအစာတွေနဲ့ ပတ်သက်ပြီးတော့လည်း ယမုံသဘောကျတယ်။ ဒေသအစားအစာတွေကိုကြိုက်ပါတယ်လို့ပြောပြထားပြီးတော့ ထားဝယ်သူလေးပီပီ ထားဝယ်ဒေသအကြောင်းကိုလည်း“ ထားဝယ်ကခုတော့လမ်းပန်းဆက်သွယ်ရေးကောင်းနေပြီ။ အရင်တုန်းက ထားဝယ်ကလမ်းပန်းဆက်သွယ်ရေးက မငြိမ်းချမ်းသေးတဲ့ကာလဆိုတော့ ကားလမ်းလာဖို့ကြောက်ကြတယ်။ အခုတော့ လမ်းတွေက အရမ်းကောင်းနေပြီ ယမုံတောင်တခါတလေ ကားလမ်းအတိုင်းသွားတယ်။ ထားဝယ်ကိုလာလည်ကြပါ ထားဝယ်မှာပျော်စရာတွေအများကြီးရှိပါတယ် ကမ်းခြေတွေအများကြီးရှိတယ် လာလည်ဖို့ဖိတ်ခေါ်ပါတယ်“လို့ဆက်ပြီးပြောပြထားတာဖြစ်ပါတယ်။ လာလည်မယ်ဆိုရင်ယမုံရှိရင်တော့ ဒေသအစားစားတွေကို အကုန်လိုက်ကျွေးပါ့မယ်လို့လည်းပြောသွားပါသေးတယ်။ပရိသတ်ကြီးရေ တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ ထားဝယ်သူလေး ဝင့်ယမုံနိုင်တို့ …

မြမြလိုဘဝမျိုးရင်ဆိုင်နေရပြီလားလို့ တေးရေးဝေကြီးကို သတိပေးလိုက်တဲ့ ခွန်းဆင့်နေခြည်….

၂၀၁၈ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီဆုရရှိခဲ့တဲ့ မှော်ဝင်သမန်းကျားရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဖန်တီးရှင်တစ်ဦးဖြစ်သူ သရုပ်ဆောင် ခွန်းဆင့်နေခြည်ကတော့ သီချင်းရေးတာနဲ့ပတ်သက်ပြီး တေးရေးဝေကြီးကို နာမည်တပ်ပြီး သူမအကောင့်မှာရေးသားထားခဲ့ပါတယ်။ သူမအကောင့်မှာရေးသားထားတာကတော့ 16.1.19 က (သူ) အကောင့်နံပါတ်ပေးလို့ သီချင်းတစ်ပုဒ်စာငွေ ၆သိန်းကို မိုဘိုင်း Banking ကနေလွှဲပေးလိုက်တယ် ၂လကြာမယ်ပြောတယ်ကွယ် အိုကေ ရပါတယ်ပေါ့ နာမည်ကြီးပြီးသူရေးသမျှတော်တော်များများ ပေါက်နေတဲ့ တေးရေးဆရာတစ်ယောက်ဆိုတော့ ကိုယ်လည်းသူရေးတာလေးဆိုကြည့်ချင်လို့ နှစ်ပုဒ်အပ်လိုက်တယ်ကွယ် သူကတစ်ပုဒ်အရင်ယူပါနော်တဲ့ အလုပ်တွေကြပ်နေလို့ပါတဲ့ ရပါတယ် ဆိုပြီး သူတောင်းတဲ့ကြာချိန်၂လကိုစောင့်ပေးခဲ့တယ်ကွယ် ၂လကြာပြီးသည့်နောက် ကြားထဲမှာလည်းအကြိမ်ကြိမ် ကတိတွေပျက်တယ်ကွယ် ကိုယ်ကလည်းနားလည်ပေးတတ်သူကြီးဆိုတော့ သူပြောလာတဲ့ complain တွေ ငြီးညူမှုတွေအားလုံးကို ရပါတယ်ဘဲပေါ့နော် သူဖုန်းတခါပျောက်သွားတယ် ပြောတယ် ဘယ်လိုဆက်ဆက်မရတော့ဘဲအဆက်အသွယ်ပြတ်သွားလို့ နီးစပ်သူများကိုလှမ်းမေးကြည့်တော့မှ တခြားနီးစပ်သူများမှတဆင့် ပြန်လည်ဆက်သွယ်ပေးကြလို့ သူက ကျွန်မကိုအဆက်အသွယ်ပြန် လုပ်လာပေးပြီး နက်ဖြန်ရမယ် တဘက်ခါရမယ်ပြောတယ်ကွယ် နောက် …

ချမ်းသာတဲ့ကာရိုက်တာထက်ဆင်းရဲတဲ့ကာရိုက်တာလာငှားရင်ပိုဝမ်းသာတယ်လို့ပြောလာတဲ့ စိုးမိုးကြည်

တစ်ခတ်တစ်ခါတည်းကနာမည်ကြီးခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်စိုးမိုးကြည်ကတော့ အကယ်ဒမီဆုကိုလည်းရရှိပိုင်ဆိုင်ထားပြီး ရရာဇာတ်ရုပ်ကိုပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။အမေဇာတ်ရုပ်တွေမှာပါဝင်သရုပ်ဆောင်လာပြီး တက်သစ်စလူငယ်တွေကိုလက်တွဲခေါ်ပေးတတ်သူလည်းဖြစ်ပါတယ်။ ဇာတ်ကားတိုင်းနီးပါး ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ ပရိသတ်ကြိုက်အောင် သရုပ်ဆောင်နိုင်သော ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ” ကျောမှာဂဠုန်ရင်မှာနဂါး” ရုပ်ရှင်ဇာတ်ကားမှာပါဝင်ထားတာပဲဖြစ်ပြီး တစ်ကားလုံးကပညာပေးဇာတ်ကားမို့ ပရိသတ်တွေကြည့်သင့်ကားလို့ ပြောပြခဲ့ပါတယ်။” ဇာတ်ကားတစ်ကား ရိုက်ဖို့လာငှားရင် ဆင်းရဲတဲ့အခန်းတွေဆိုရင် ဘာပဲပြောပြော တော်သေးတယ်လေ၊ဆင်းရဲတဲ့အခန်းဆိုတော့ ပျော်သွားတာပေါ့။ဆင်းရဲတယ်ဆိုတော့ အ၀တ်အစားကလည်းမ၀တ်ရဘူးမကုန်ဘူးလေ။မိတ်ကပ်ကလည်းမလိမ်းရဘူးလေ။အရမ်းချမ်းသာတယ်ဆိုရင် ခေါင်းကနေ ခြေတော်ကအထိ အ၀တ်အစား၊လက်ဝတ်လတ်စား၊ဖိနပ်၊ပိုက်ဆံအိတ်၊အစအဆုံးဆိုတော့ တစ်ခါတစ်လေကျရင် ကိုယ့်အိတ်ထဲကတောင် ပိုက်ဆံစိုက်ရတယ်။ကားကြီးဆိုပိုဆိုးတာပေါ့၊ဗီဒီယိုဆို နည်းနည်းလေး သက်သာတာပေါ့လေ။ ငွေအမောက်ကိုတော့ ကိုယ်ကချိန်ရတာပေါ့ ဆင်းရဲသားအခန်း ပဲပြုတ်ရောင်းရမယ်၊ငါးစိမ်းသည်မတို့ ဟင်းသီးဟင်းရွတ်ရောင်းရမယ်လိုဆိုရင် အရမ်းပျော်တာပါပဲ” လို့ ဇာတ်ဝင်ခန်းတွေ နဲ့ ပတ်သက်ပြီး ငွေကြေးအခက်အခဲအကြောင်းတွေကို ပြောပြခဲ့ပါတယ်။ ပရိသတ်ကြီးရော စိုးမိုးကြည်ကိုအားပေးရင်တစ်ခုခုပြောသွားပါဦးနော်။

အရှက်အကြောက်ကြီးလွန်းတဲ့သူမကို ရည်းစားစကားစပြောပေးဖို့တောင်းဆိုလာတဲ့ လုလုအောင်

ခေးကြီး ခေကြီးလုဆိုပြီး ပုရိသတွေရဲ့ ပါးစပ်ဖျားမှာ နာမည်ကြီးလွန်းလှတဲ့ လုလုအောင်ဟာဆိုရင် အရမ်းကို ချစ်စရာကောင်းတဲ့ ကချင်အလန်းစား မော်ဒယ် တစ်ဦးပဲ ဖြစ်ပါတယ်။ အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ သူမဟာဆိုရင် Single Mother ဖြစ်သော်လည်း မပျက်စီးသေးသော ရှိုက်ဖိုဖွယ်ကောင်းလွန်းတဲ့ အချိုးအစားတွေကြောင့် လူကြီးလူငယ်တို့ရဲ့ ပါးစပ်ဖျားမှ လုမှလုဖြစ်နေခဲ့ရတာပဲဖြစ်ပါတယ်။ ပုရိသတွေ အကြိုက်ပိုပြီး လုမှလု ဖြစ်ခဲ့ရတဲ့ ခေးကြီးလုကတော့ လတ်တလောမှာလည်း ချစ်စရာကောင်းတဲ့ ပုံရိပ်လှလှလေးတွေနဲ့တကွ သူမက အရှက်အကြောက်ကြီးလွန်းတဲ့ သူတစ်ယောက်မို့ ရည်းစားစကား စပြောပေးဖို့ ချစ်ရသူကို တောင်းဆိုလာတဲ့ အချစ်သားလေးတွေကို သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေ မျှဝေဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ ချစ်သူမောင်ကို ရည်းစားစကား စပြောပေးဖို့ တောင်းဆိုလာတဲ့ လုလုအောင်ရဲ့ စာသားလေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ …

ငွေကြေးအခက်ခဲတွေကြောင့် လက်မထပ်သေးတာလို့ဆိုလိုက်တဲ့ နန်းသူဇာ

ချစ်စရာကောင်းပြီး ငယ်ရွယ်နုပျိုတဲ့ မျက်နှာထားလေးနဲ့ မော်ဒယ် နန်းသူဇာကိုတော့ ယောကျာ်းလေးများသာမက မိန်းကလေးတွေကပါ အားပေးကြပါတယ်။ နန်းသူဇာတယောက်ကတော့ အဆိုတော် ကျော်ထွဋ်ဆွေ နဲ့ ချစ်သူရည်းစားဖြစ်လာတာကတော့ နှစ်တွေ အတော်ကြာလာပါပြီ။ ဒါပေမယ့်လည်း လက်ရှိချိန်ထိ ရွှေလက်မတွဲသေးတာကြောင့် ပရိသတ်တွေက မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။ ဒီကိစ္စကိုတော့ နန်းသူဇာက ဖြေရှင်းပြောကြားထားတာ ဖြစ်ပါတယ်။ နန်းသူဇာကတော့ celeyatkwat နဲ့ အင်တာဗျူးမှာတော့ ကျော်ထွဋ်ဆွေက နန်းသူဇာကို ဘယ်အချက်တွေကြည့်ပြီး သဘောကျခဲ့တာလဲ မေးခွန်းကို “ငယ်သေးတော့လည်း ငယ်ငယ်လေး ကောင်မလေး တယောက်လို ချစ်စရာလည်း ကောင်းနေမှာပေါ့။ သိတော့မသိဘူး။ လျောက်ပြောတာပါ” ချစ်သူနဲ့ ဘယ်တော့ရွှေလက်တွဲမှာလည်း ဆိုတဲ့အပေါ်မှာတော့ နန်းသူဇာက “ဒီခေတ်ကြီးထဲမှာ မင်္ဂလာဆောင် စားရိတ် ငွေရေးကြေးရေး အခက်ခဲတွေက အများကြီး ဖြစ်လာတော့ ကိုယ်ကိုတိုင် အောင်မြင်အောင်လို့ …

မင်္ဂလာသတင်းက လောလောဆယ်မှာ စောင့်ရဦးမယ်ဆိုတဲ့ နေတိုး

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးမင်းသားတစ်လတ်ဖြစ်သလို ပရိသတ်အားပေးမှု အများအပြားရရှိနေတာ နိုင်ငံကျော် ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ ပရိသတ်တွေက သူ့ရဲ့ အချေစ်ရေး နှလုံးသားကိစ္စကို အရမ်းစိတ်ဝင်စားကြတယ်ဆိုတာကို နားလည်တယ်လို့ ပြောသွားခဲ့ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး နေတိုးက “တစ်ယောက်နဲ့တစ်ယောက်ကတော့ မတူဘူးပေါ့နော်။ မင်္ဂလာသတင်းကတော့ လောလောဆယ်မှာတော့ ကျွန်တော့်အနေနဲ့ တိတိကျကျပေါ့နော် ပရိသတ်ကို ဖွင့်ဟဖို့အတွက်ကတော့ အချိန်အခါတစ်ခုကတော့ ထပ်စောင့်ရမယ်ပေါ့။ဆိုတော့ ပရိသတ်တွေ ကြားချင်တဲ့ သတင်းတွေကတော့ ကြားဖို့အချိန်တစ်ခု ရောက်လာတဲ့အချိန်မှာတော့ ကြားရမယ်လို့။ ကြားရမှာပါ။ ဒါကြောင့်မို့လို့လည်း ကျွန်တော့်အနေနဲ့လည်း ဒီအနုပညာနဲ့ ပတ်သက်ပြီးတော့ အလုပ်လုပ်နေတဲ့ အချိန်မျိုးမှာ ကိုယ့်ရဲ့ ဘဝဖြတ်သန်းမှုအရ ကိုယ့်ရဲ့ အချိန်အခါတစ်ခုအပေါ်မှာ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီးတော့ အခုလိုပဲ ကျွန်တော့်ကို စိတ်ဝင်စားကြတယ် သိချင်ကြတဲ့ အပေါ်မှာလည်း နားလည်ပါတယ်။ ပရိသတ်ကို တိကျသေချာတဲ့ …