Sport

အိန္ဒိယ၌ကျင်းပသည့် မသန်စွမ်းဘောလုံးပြိုင်ပွဲ၌ မြန်မာ ပထမဆုဆွတ်ခူး

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အောင်ပွဲရ မြန်မာမသန်စွမ်းအသင်းနှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင်ခဲ့စဉ်။ အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် ကျင်းပခဲ့သည့် အာရှနိုင်ငံများ Special Olympics International Football Championship ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဉာဏ်ရည်မသန်စွမ်းသူများ ဘောလုံးအသင်းက ပထမဆုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အုပ်စုသုံးခုခွဲ အဆိုပါပြိုင်ပွဲကို သြဂုတ်၂ရက်မှ ၈ရက်အထိ ကျင်းပခဲ့ပြီး အရှေ့တောင်အာရှနှင့် အာရှမှပြိုင်ပွဲဝင်အသင်းများဖြစ်သည့် မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ သြစတြေးလျ ၊ အီဂျစ်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်၊ အိန်္ဒိယစသည့် နိုင်ငံပေါင်း ၉ နိုင်ငံမှ အသင်းပေါင်း၁၀ သင်းဖြင့် အုပ်စု သုံးခုခွဲကာ ယှဉ်ပြိုင်ခဲ့ကြသည်။ အသင်းတစ်သင်းလျှင် ငါးယောက်ထားကစားပြီး ပထမပိုင်း၁၅မိနစ်ကစား ငါးမိနစ်နား ၊ ဒုတိယပိုင်း ၁၅မိနစ်ကစားပုံစံဖြင့် ပြိုင်ပွဲအားကျင်းပခဲ့ကြသည်။ ဆွတ်ခူး အုပ်စုပွဲစဉ်များယှဉ်ပြိုင်အပြီးတွင် …

အာဆီယံ (ယူ-၁၈) ပြိုင်ပွဲ တွင် မြန်မာ က လာအို ကို ဂိုးပြတ် အနိုင်ရရှိ

အာဆီယံ ဘောလုံးအဖွဲ့ချုပ်၏ ယူ-၁၈ ပြိုင်ပွဲ (AFF U18 NEXT MEDIA Cup 2019 ) ကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ မြန်မာ အသင်းမှ လာအိုအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင် မြန်မာအသင်းအတွက် ဂိုးများကို ပထမပိုင်း ၂၈မိနစ်တွင် စောကျော်အဲနှင့် ၃၆ မိနစ်တွင် ဝေယံစိုးတို့ကသွင်းယူခဲ့ပြီး ဒုတိယပိုင်း ၄၉မိနစ်တွင် လာအိုအသင်းက ခြေပဂိုး ပြန်လည်သွင်းယူခဲ့သည်။ မြန်မာအသင်းအတွက် တတိယဂိုးကို မိနစ် ၉ဝတွင် ဇော်ဝင်းသိန်းကသွင်းယူခဲ့ပြီးပွဲအပြီးတွင် မြန်မာအသင်းက သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာ ယူ ၁၈ အသင်းအနေဖြင့် …

ကင်ဆာရောဂါသည်ဇနီးသည်အတွက် ကယ်ဂလီယာရီကို ပြောင်းရွှေ့ခဲ့တဲ့ နိုင်ဂိုလန်ရဲ့ချစ်ခြင်းမေတ္တာ

နိုင်ဂိုလန်ရဲ့ သူ့ရဲ့ဇနီးအပေါ် ချစ်ခင်မှု၊ ဂရုစိုက်မှု၊ ကြင်နာမှုတွေကတော့ အားလုံးအတွက်လေးစားအားကျစရာပါပဲ။ ဘယ်ဂျီယံလက်ရွေးစင်ကစားသမားဟောင်းနိုင်ဂိုလန်ဟာ လက်ရှိအချိန်မှာတော့ စီးရီးအေထိပ်သီးကလပ်အင်တာမီလန်အသင်းကနေ ကယ်ဂလီယာရီကို ပြောင်းရွှေ့သွားခဲ့ပါပြီ။ နိုင်ဂိုလန်အနေနဲ့ ကယ်ဂလီယာရီကို ပြောင်းရွှေ့ခဲ့ခြင်းနောက်ကွယ်က ချစ်စရာကောင်းလွန်းတဲ့ပုံပြင်တစ်ပုဒ် ရှိလို့နေပါတယ်။ အသက် (၃၁) နှစ်အရွယ်နိုင်ဂိုလန်ရဲ့ဇနီးဖြစ်သူဟာ လက်ရှိအချိန်မှာ သေမင်းနဲ့စစ်ခင်းယူနေရတဲ့ ကင်ဆာရောဂါဝေဒနာကို ခံစားရလျက်ရှိနေပါတယ်။ Claudia Lai ဟာ လက်ရှိမှာ ကယ်ဂရီယာမှာ နေထိုင်သူဖြစ်ပါတယ်။ ဒါကြောင့် နိုင်ဂိုလန်ဟာ သူ့ရဲ့ဇနီးကို အနီးကပ်စောင့်ရှောက်ဖို့အတွက် အရင်ကတည်းက ကယ်ဂလီယာရီကိုပြန်ဖို့အတွက် စိတ်အားထက်သန်ခဲ့သူပါ။ ဒီအချိန်မှာ ‘အနာဂတ်အစီအစဉ်မှာ မင်းမပါဘူး’ဆိုတဲ့ နည်းပြသစ်ကွန်တီရဲ့စကားက နိုင်ဂိုလန်ရဲ့ဆုံးဖြတ်ချက်တွေကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ “(၁) လတောင်ရှိခဲ့ပြီ။ မနက်ခင်း နိုးထလာတိုင်း ဒါဟာ အိပ်မက်ဆိုးတစ်ခုသာဖြစ်ပါစေလို့ မျှော်လင့်ရတာလည်း အမော။ ကျွန်မဟာ တကယ့်အိပ်မက်ဆိုးကြီးထဲမှာ ရှင်သန်နေရတာပါ”ဆိုတဲ့ Claudia Lai …

အာရှယူ-၂၃ ဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်း နှစ်ပွဲဆက်အနိုင်ရ

အသက် (၂၃) နှစ် အောက် အာရှအမျိုးသားဘော်လီ ဘောပြိုင်ပွဲ ဒုတိယပွဲတွင် အိမ်ရှင် မြန်မာအသင်းက သီရိလင်္ကာအ သင်းကို အကြိတ်အနယ်ယှဉ်ပြိုင် ပြီး သုံးပွဲ၊တစ်ပွဲဖြင့် အနိုင်ရခဲ့ သည်။ သြဂုတ် ၄ ရ က်က နေပြည် တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ၌ ကျင်းပသည့် အုပ်စု (က) ဒုတိယ ပွဲတွင် မြန်မာအသင်းက သီရိ လင်္ကာအသင်းကို (၂၅-၁၈)၊ (၂၆-၂၈)၊ (၁၉-၂၅)၊ (၁၄-၂၅) မှတ်၊ သုံးပွဲ၊ တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။ မြန်မာယူ-၂၃ ဘော်လီ ဘောအသင်းသည် အုပ်စုအဖွင့် ပွဲတွင် ဟောင်ကောင်အသင်းကို သုံးပွဲပြတ်အနိုင်ရခဲ့သဖြင့် လက်ရှိ ၌ အုပ်စုနှစ်ပွဲဆက် အနိုင်ရရှိ ထားသည်။ ၂၀၁၉ အာရှယူ-၂၃ အမျိုး သားဘော်လီဘောပြိုင်ပွဲကို …

ကျွန်တော် မြန်မာဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး ဆိုတဲ့ ချန်ပီယံခါးပတ်ဆွတ်ခူးခဲ့တဲ့ ဒေ့ဗ် ( ရုပ်သံ )

ကျွန်တော် မြန်မာဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး၊ ဒါကြောင့် မြန်မာ့လက်ဝှေ့ ထိုင်းမွေထိုင်းထက် ပိုပြီး ရှေးကျတယ်၊ပိုပြီး ကောင်းမွန်တယ်ဆိုတာကို သက်သေပြဖို့ ထိုင်းချန်ပီယံတစ်ယောက်ကို စိန်ခေါ်ချင်ပါတယ်။ လက်တံ၊ ခြေတံရှည်တဲ့ ဒေ့ဗ်က ခြေယောင်ပြပြီး ပြိုင်ဘက်ခြေလှမ်းမှားတာနဲ့ ပါဝါလက်သီးချက်တွေ ပစ်သွင်းနိုင်ဖို့ကြိုးစားခဲ့တာ တွေ့ရပါတယ်။ video ကြည့် ရန်

ဒုတိယအချီမှာ ဘက်ဇင်စကီးကို အလဲထိုးအနိုင်ယူပြီး WLC ရဲ့ခရူဇာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ဆွတ်ခူးခဲ့တဲ့ မြန်မာချန်ပီယံ ဒေဝ

WLC-9: King of Nine limbs လက်ဝှေ့ပြိုင်ပွဲရဲ့ ခေါင်ပွဲဖြစ်ပြီး ခရူဇာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲအဖြစ်ထိုးသတ်ခဲ့တဲ့ ဒေ့ဗ်လက်ဒု (ကနေဒါ) နဲ့ UFC တိုက်ခိုက်ရေးသမားဟောင်း ဆက်သ်ဘက်စင်စကီး (အမေရိကန်) တို့ ပွဲစဉ်မှာတော့ ဒေ့ဗ်က (၂) ချီတည်းနဲ့ အလဲထိုးအနိုင်ရခဲ့ပါတယ်။ ပထမအချီမှာ ဒေ့ဗ်ရဲ့ ဖြတ်နင်းမှုကြောင့် ဘက်ဇင်စကီးလဲကျခဲ့သလို သိပ်မကြာခင်မှာ ညာလက်သီးချက် ထိခဲ့လို့ ဘက်ဇင်စကီး ထပ်မှောက်ခဲ့ပြန်ပါတယ်။ လက်တံ၊ ခြေတံရှည်တဲ့ ဒေ့ဗ်က ခြေယောင်ပြပြီး ပြိုင်ဘက်ခြေလှမ်းမှားတာနဲ့ ပါဝါလက်သီးချက်တွေ ပစ်သွင်းနိုင်ဖို့ကြိုးစားခဲ့တာ တွေ့ရပါတယ်။ ဒုတိယအချီမှာ ဘက်ဇင်စကီး နားထဲကသွေးထွက်လို့ ဆရာဝန်ပြခဲ့ပေမဲ့ ဆရာဝန်က ဆက်ထိုးခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်မှာ ဒေ့ဗ်ရဲ့ဘယ်လက်သီးကြောင့် ဘက်ဇင်စကီး လဲကျခဲ့ပါတယ်။ အဲဒီနောက် ဘက်ဇင်စကီးက ဒေ့ဗ်ရဲ့ ခြေထောက်ကိုချုပ်ထားချိန်မှာ ဒေ့ဗ်က …

Goal.com ကရွေးချယ်တဲ့ ထိုင်းလိဒ်ပွဲစဉ်၂၁ရဲ့အကောင်းဆုံးကစားသမား ၁၁ယောက်စာရင်းမှာပါဝင်ခဲ့တဲ့အောင်သူ

မြန်မာ့လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးအောင်သူကတော့ထိုင်းပရီးမီးယားလိဒ်ပွဲစဉ် ၂၁ရဲ့အကောင်းဆုံးကစားသမား၁၁ယောက်စာရင်းမှာပါဝင်ခဲ့ပါတယ်။အောင်သူကတော့ ဒီလိုအကောင်းဆုံး၁၁ယောက်စာရင်းပါဝင်တာဟာမြောင်တောင်အသင်းနဲ့တူတူပထမဆုံးပဲဖြစ်ပါတယ်။ P olice Tero အသင်းမှာကစားခဲ့စဉ်ကအကောင်းဆုံးလူစာရင်းတွေမှာမကြာခဏပါဝင်ခဲ့ပေမယ့်ခုမြောင်တောင်အသင်းမှာတော့ပထမဆုံးပဲဖြစ်ပါတယ်။ အောင်သူဟာမြောင်တောင်အသင်းကိုယခုနှစ်ရာသီမှာပြောင်းရွေ့ခဲ့တာဖြစ်ပြီးအသင်းကိုရောက်ခါစကခြေစွမ်းပြဖို့ရုန်းကန်ရပြီးပွဲထွက်ခွင့်တွေဆုံးရှုံးနေတာဖြစ်ပါတယ်။အောင်သူကတော့ခုနောက်ပိုင်းမှာတော့ခြေစွမ်းပြဂိုးတွေသွင်းယူနေတာဖြစ်ပြီး အသင်းဖော်တွေဂိုးသွင်းနိုင်အောင်ပံ့ပိုးပေးနိုင်တာကြောင့်လည်း ပရိသတ်တွေနည်းပြတွေရဲ့ချီးကျူးမှုကိုရရှိထားတာဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၂ပွဲလုံးမှာလည်းအကောင်းဆုံးခြေစွမ်းပြပြီး တစ်ပွဲတစ်ဂိုးစီနဲ့၂ဂိုးသွင်းယူထားခဲ့တာဖြစ်ပါတယ်။အဆိုပါခြေစွမ်းပြမှုတွေကြောင့်လည်း ခုလိုအကောင်းဆုံးကစားသမား၁၁ယောက်စာရင်းထဲပါဝင်နေတာဖြစ်ပါတယ်။နောက်ထပ်အကောင်းဆုံးခြေစွမ်းတွေနဲ့ထိုင်းလိဒ်မှာအကောင်းဆုံးတွေဆွတ်ခူးနိုင်စေဖို့အောင်သူ့ကိုဆက်လက်အားပေးကြပါဦးနော်။ Source:Goal.com “Myanmarload

YGWမိဘမဲ့ကျောင်းမှမြန်မာ့လက်ရွေးစင်မယ်လေ မသန္တာခိုင် အတွက် ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ်

အားပေးကြပါဦး ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ်။YGW ရဲ့ ဂုဏ်ဆောင် YGWရဲ့သမီးငယ်လေး#မသန္တာခိုင်# မြန်မာနိုင်ငံရဲ့ လက်ရွေးစင်အားကစားမယ်လေးဖြစ်သွားပါပြီ ၂၀၁၉ခုနှစ် နိုဝင်ဘာလဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပပြုလုပ်မည့် အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား(အားနစ်) အားကစားသွားရောက်ယှဉ်ပြိုင်ရန် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ နေပြည်တော်တွင် နိုင်ငံကိုယ်စားပြုအဖြစ်ရွေးချယ်လိုက်ပါသည် ဝမ်းသာလွန်းလို့တင်လိုက်ရတာပါ Y ellow Generation Wave.အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း YGW ပရဟိတမိဘမဲ့ကျောင်း ကံကြီးရပ်ကွက် ဂနိုင်ရေးရပ် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ Ph 09402716004

သက်သေမခိုင်လုံလို့၊ မုဒိမ်းမှုနဲ့ စွပ်စွဲခံရခြင်းမှ PSG တိုက်စစ်မှူးနေမာ လွတ်မြောက်ပြီ

မကြာသေးမီက ကမ္ဘာကျော်ဘောလုံးသမားကြီး စီရော်နယ်ဒိုဟာ မုဒိမ်းမှုစွပ်စွဲခံရခြင်းကနေ သက်သေမခိုင်လုံတဲ့အတွက် ကွင်းလုံးကျွတ် လွတ်ခဲ့ရလို့ စီဒိုရဲ့ ပရိသတ်တွေ အပျော်ကြီး ပျော်ခဲ့ရပါတယ်။ အခုလည်း PSG တိုက်စစ်မှူး နေမာတစ်ယောက် မုဒိမ်းမှုစွပ်စွဲခံရခြင်းကနေ လွတ်မြောက်ခဲ့ပါပြီ။ သူ့ကို စွပ်စွဲထားတဲ့ မော်ဒယ် Najila Trindade ရဲ့ တရားစွဲဆိုမှုဟာ ကျိုးကြောင်းဆီလျှော်မှု မရှိကြောင်း၊ အခင်းဖြစ်စဉ်ကလို့ ယူဆရတဲ့နေ့မှာ အဓမ္မမှုကျူးလွန်ဖို့ စွပ်စွဲခံရသူဘက်က အခွင့်အလမ်း အလွန်နည်းပါးကြောင်း၊ နောက် ဆေးဘက်ဆိုင်ရာ သက်သေများက- မုဒိမ်းမှု မဖြစ်ခဲ့ဘူးဆိုတာ သက်သေပြနေတဲ့အတွက် အမှုကို ရဲဘက်က ပြန်လည်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ နေမာဟာ ဒီအတွက် ရဲစခန်းက အချိန်(၅)နာရီကြာ စစ်ဆေးမေးမြန်းမှုကိုလည်း ခံခဲ့ရပါတယ်။ အခင်းမဖြစ်ခင် တစ်ရက်က Najila ဟာ နေမာကို အိပ်ယာထက်မှာ တိုက်ခိုက်ခဲ့တဲ့ …

ဒီတစ်ပတ်ထိုင်းပရီးမီးယားလိဒ်ရဲ့အကောင်းဆုံးသွင်းဂိုး၅ဂိုးမှာ အကောင်းဆုံးTop 1 ဖြစ်ခဲ့ရတဲ့အောင်သူ့ရဲ့သွင်းဂိုး video

မြန်မာ့လက်ရွေးစင်ကစားသမားအောင်သူကတော့ဒီတစ်ပတ်မှာမြောင်တောင်အသင်းမှာလူစားလဲကစားခွင့်ရပြီးခြေစွမ်းပြအနိုင်ဂိုးကိုသွင်းယူခဲ့တာပါ။ဒီသွင်းဂိုးကြောင့်မြောင်တောင်အသင်းဟာနိုင်ပွဲရပြီးအမှတ်ပေးဇယားအလယ်လောက်မှာပြန်ရပ်တည်နေတာဖြစ်ပါတယ်။ဒီဂိုးကိုသွင်းယူပေးခဲ့တဲ့အောင်သူကတော့နောက်ပိုင်းမှာမြောင်တောင်အသင်းနဲ့ပွဲထွက်လာဖို့အခွင့်အရေးတွေရှိလာတာပါ။ အောင်သူရဲ့မြောင်တောင်အသင်းမှာသွင်းခဲ့တဲ့ဂိုးတွေကလည်းလူစားလဲဝင်ရောက်ပြီးမှသွင်းယူပေးတာဖြစ်ပါတယ်။အောင်သူကတော့မြောင်တောင်အသင်းမှာ ပွဲထွက်ခွင့်အတွက်ရုန်းကန်နေတာဖြစ်ပြီး ဒီပွဲစဉ်အပြီးမှာ ပရိသတ်တွေကနောက်ပွဲစဉ်တွေမှာအောင်သူ့ကိုပွဲထုတ်ဖို့တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ နည်းပြကလည်းအောင်သူ့ကိုချီးကျူးမှုတွေပြုလုပ်သွားခဲ့ပြီးထိုင်းမီဒီယာတွေမှာအောင်သူရဲ့သွင်းဂိုးကတော့နာမည်ကျော်သွားခဲ့တာဖြစ်ပါတယ်။ခုမှာလည်းဒီတစ်ပတ်ထိုင်းပရီးမီးယားလိဒ်ရဲ့အကောင်းဆုံးသွင်းဂိုး၅ဂိုးမှာတော့အောင်သူ့ဂိုးက၁နေရာကရပ်တည်ခဲ့တာဖြစ်ပါတယ်။တစ်ခြားကစားသမားတွေကိုကျော်ဖြတ်ပြီးအကောင်းဆုံးသွင်းဂိုးထိပ်ဆုံးနေရာမှာပါတဲ့အောင်သူ့ရဲ့video လေးကိုလည်းတင်ဆက်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။ Source:google “Myanmarload’