Funny

အသည်းမာပေမယ့်လည်း ပျော်ပျော်နေတတ်တဲ့ စစ်သားကြီးများ

ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ စစ်သားကြီးတွေ ရဲ့ အပြောင်အပြက်ဟာသလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ စစ်သားတွေကိုအမြဲရုပ်တည်တည်ကြီးတွေနဲ့ နေတတ်ကြပေမယ့် သုတို့မှာလည်းပျော်ပျော်နေတတ်တဲ့ အကျင့်လေးတွေရှိတယ်ဆိုတာပုံတွေကိုမြင်တာနဲ့ သိနိုင်ပါတယ် ပရိသတ်ကြီးရေ… တချို့ပုံတွေဆိုလျှင်မြင်ရသူတွေကို တစ်ခါကြည့်လိုက်ယုံနဲ့တွေးတွေးပီးပြုံးသွားစေနိုင်တဲ့ ဟာသပုံလေးတွေပဲဖြစ်ပါတယ်။ စည်းကမ်းတင်းကျပ်တဲ့ တပ်မတော်အတွင်းမှာနေရပေမယ့်လည်း အားလပ်ချိန်တွေမှာ ပျော်ပျော်နေတတ်တဲ့ စစ်သားကြီးတို့ရဲ့ ပုံစံကိုတွေ့မြင်နိုင်ပါတယ်။ ယခုတစ်ခါဖော်ပြပေးလိုက်ခဲ့တဲ့ ပုံလေးတွေကတော့ အမြဲခပ်တည်တည်နေတတ်တဲ့ စစ်သားကြီးတွေရဲ့ ဟာသပုံရိပ်လေးတွေပဲဖြစ်ပါတယ်. ပရိသတ်ကြီးလည်း ဒီလိုပုံရိပ်လေးတွေိုကြည့်ပြီး ဘဝအမောတွေပြေနိုင်ကြပါစေနော်။ Source : Google “Myanmarload’

အပျိုကြီးတွေ လင်ရနိုင်တဲ့ ဆေးမြီးတို

ရှေးအခါက ရွာတစ်ရွာတွင်နေသော ရွာသားတစ်ယောက်ဖြစ်သူစိန်ဖိုးခင် အစားမှားပြီးလေထိုး၍ သေလုမျောပါးဖြစ်နေလေသည်။ ထိုအချိန်တွင် လွယ်အိတ်ကြီးလွယ်၍ ခေါင်းပေါင်းကြီးလည်းပေါင်းထားသော လူကြီးတစ်ယောက် ရောက်လာသည်။ မောမောပန်းပန်းဖြင့် ရေတစ်ခွက်တောင်းသောက်ပြီး ဗိုက်အောင့်၍လူးလိမ့်နေသော စိန်ဖိုးခင်ကိုကြည့်၍ ”မန်ကျည်းသီး တစ်ကျပ်သား၊ ဆားတစ်ကျပ်သား၊ ဆပ်ပြာရည်တစ်ကျပ်သား အရည်ဖျော်ပြီး တိုက်လိုက်၊ အခုချက်ခြင်းကောင်းသွားလိမ့်မယ်” ဟုပြောပြီး ထွက်သွားလေသည်။ ရွာသားများသည် ထိုလူကြီးပြောတာကို မယုံသော်လည်း ဒီအတိုင်းကြည့်နေမယ့်အစား တစ်ခုခုလုပ်ပေးလိုက်မှပဲဆိုပြီး ဖျော်တိုက်လိုက်ရာ ဝမ်းတွေသွားပြီး လေထိုးတာသက်သာသွား၏။ ရောဂါပျောက်၍ ရွာသားများ တအံ့တသြဖြင့် စုတ်တသတ်သတ်ဖြစ်နေကြပြီး ဆေးနည်းပေးသောလူကြီးကို လိုက်ရှာရာမတွေ့တော့ပေ။ ဝေဒနာသက်သာသွာသော စိန်ဖိုးခင်လည်း ”ဒီလူကြီးဟာ နတ်တွေ၊ သိကြားတွေကလွှတ်လိုက်တာများလား၊ ဒီလောက်အလူးအလဲခံစားနေရတဲ့ဝေဒနာ ကို ချက်ခြင်းပျောက်သွားအောင် စွမ်းတယ်၊ သူ့ကိုရှာမတွေ့လည်း သူ့ဆေးနည်းကိုရပြီ ဆိုတော့ ငါပဲဆက်ပြီး ဆေးဆရာလုပ်တော့မယ်” ဟု ဆိုလေသည်။ အသိဉာဏ်နည်းသော ရွာသားတွေကလည်း …

မိန်းခလေးအားပွေ့ကာ ကယ်တင်နေပုံအား ဇနီးဖြစ်သူမှ TV မှတွေ့မြင်သွားသောကြောင့် ထိုရဲ မိန်းမမှ ငြုပ်ကျည့်ပွေ့ဖြင့် ထုလိုက်သောကြောင့် ခေါင်းကွဲ

သတင်းထူးဗျိုး မိန်းကလေး တစ်ဦး မောင်းနှင်လာသော ဆိုင်ကယ် တစ်စီး အရှိန်လွန်ပြီး လမ်းဘေး ထိုးကြကာ တိမ်းမှောက်ခဲ့ကြောင်း ….. ထို တိမ်းမှောက်သူ မိန်းကလေး ယခုအခါတွင် အန္တရယ်ကင်းရှင်းကာ မစိုးရိမ်ရ …. သို့သော် ထိုရဲမှ မိန်းခလေးအားပွေ့ကာ ကယ်တင်နေပုံအား ဇနီးဖြစ်သူမှ TV မှတွေ့မြင်သွားသောကြောင့် ထိုရဲ မိန်းမ မှ ငြုပ်ကျည့်ပွေ့ဖြင့် ထုလိုက်သောကြောင့် ခေါင်းကွဲကာ စိုးရိမ်ရကြောင်း …. credit

ပါးစပ်မပိတ်အောင်ရယ်ရမယ့် သောက်တလွဲအလုပ်နိုင်ဆုံး ဖြစ်ရပ်များ

ဘဝရဲ့ အဆင်မပြေမှုတွေကို ရယ်စရာ ဟာသတွေဖတ် ပုံတွေကြည့်ပြီး ကျနော်တို့ ပျော်ပျော်ရွှင်ဖြတ်သန်းဖူးကြပါလိမ့်မယ် ။ အဲဒီဖြတ်သန်းမှုတွေဟာ ကျနော်တို့နေ့စဉ်နေ့တိုင်းမြင်နေရတဲ့ ဖြတ်သန်းမှုတွေထဲမှာ မြင်ရတဲ့ အလွဲတွေ လည်းပါပါတယ်။ ဘယ်အရာတွေ ဟာဘယ်လောက်ပဲ မွန်းကျပ်နေပါစေဦး ဟာသဥာဏ်ရှိတဲ့သူတွေ ဘဝကို ပျော်ပျော်နေတတ်တဲ့ သူတွေဟာ အားလုံးထဲမှာမတူကွဲပြားတဲ့ ပုစံနဲ့ အသက်ရှင်နေထိုင်လို့ရပါတယ်။ ဘဝကြီးဟာ ခက်ခဲကြမ်းတမ်းလွန်းတယ် မဟုတ်လား ။ အခု ကျနော်တို့ပြောချင်လွန်းလို့ ပရိသတ်တွေကို တင်ဆက်ဖော်ပြပေးသွားမယ့်  ပုံလေးတွေကတော့ မိတ်ဆွေတို့ကို ခေတ္တခဏမျှ ပြုံးပျော်သွားပြီး ဘဝရဲ့အမောတွေကို ပြေပျောက်စေလိမ့်မယ် လို့ယုံကြည်ပါတယ်။ ၁ ။ ဘဝကြီးဟာ အဆင်မပြေမှုတွေများနေတယ် ဆိုတဲ့အကြောင်းကို Installation art တစ်ခုအနေနဲ့လုပ်ထားသလားတောင်မှတ်ရပါမယ်။ ဒီလိုဒန်းကို ဘယ်လိုအဆင်ပြေပြေစီးရမလဲ ပြောကြည့်သွားပါ့ဦး တစ်ခုခုရင်ထဲရှိနေရင်ပေါ့သွားတာပေါ့ ။ ၂။ မြန်မာနိုင်ငံက …

စားပြီးတာနဲ့ တစ်ခါတည်း ‘ပါ’လို့ရမယ့် စားပါဆိုင်လေး

ကြုံဖူးမယ်ထင်ပါတယ်။ အစားစားနေရင်းတန်းလန်းနဲ့ အိမ်သာတက်ချင်လာသလိုလို ဘာလိုလိုနဲ့ စားလက်စကိုထားခဲ့ပြီး၊ အိမ်သာပြေးတက်ခဲ့တဲ့သူတွေ။ ဒီအခက်အခဲက တော်တော်လေးဆိုးပါတယ်။ စားနေရင်း ဗိုက်ရစ်လာတာဆိုတော့လေ။ အခုပြောပြမယ့်ဆိုင်လေးက အဲဒီအကြောင်းပါ။ တကယ်တမ်းက သူကစားနေရင်းတန်းလန်းနဲ့ ပါလို့ရတဲ့ဆိုင်လေးတော့မဟုတ်ပါဘူး။ အိမ်သာခွက်ပုံစံထိုင်ခုံတွေနဲ့ ဆိုင်ကိုအလှဆင်ထားပြီး၊ ဆိုင်တောက်လျှောက်ကို ကြည့်လိုက်တာနဲ့ ဘိုထိုင်အိမ်သာရောင်းတဲ့ ဆိုင်လိုလို ဘာလိုလိုနဲ့ အထင်မှားစေပါတယ်။ ဒီဆိုင်ကို အိမ်သာစားသောက်ဆိုလို့ ခေါ်ပြီး၊ အမေရိကန်ပြည်နယ် ကယ်လီဖိုးနီးယားမှာ ရှိပါတယ်။ အဓိက ရောင်းချတာကတော့ ကော်ဖီနဲ့ မုန့်၊ အစားအစာပေါင်းစုံကို ဦးစားပေးတာဖြစ်လို့ ဂျေဒိုးနပ်လို အေးအေးဆေးဆေးဆိုင်လေးတွေလို့ ဆိုရမှာပါပဲ။ နာမည်အရင်း မှော်ခန်းကော်ဖီဆိုင်လို့ ခေါ်ပြီး၊ အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံးသော အိမ်သာပုံစံ စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ ဒီဆိုင်က ကမ္ဘာပေါ်မှာ ပထမဆုံးမဟုတ်ပါဘူး။ တရုတ်နိုင်ငံ တိုင်ပေမှာ ဒီပုံစံနဲ့ စားသောက်ဆိုင်ရှိဖူးပြီး၊ တကယ့်ကို …

ပျင်းပေမယ့် မဖျင်းတဲ့ ဥာဏ်ကြီးရှင်တွေရဲ့ ဖြေရှင်းချက်များ

ပျင်းတဲ့သူတွေဟာ သူများတွေထက်ပိုပြီး အလွယ်တကူဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာတွေ့လေ့ ရှိပါတယ်။ ပျင်းပေမယ့်လည်း ဥာဏ်ကောင်းတဲ့ လုပ်ရပ်တွေထဲက တစ်ချို့ကို ပြောချင်လွန်းလို့ တို့လည်း အတုယူနိုင်ဖို့ ဖော်ပြပေးလိုက်ပါရစေနော်။၁. ဘယ်သူမှ အငြင်းပွားစရာမလိုတဲ့ တန်းစီနည်းလေးပါ။ လူလည်း တစ်ချိန်လုံး တိုးဝှေ့မတ်တပ်ရပ်မနေရတော့ သက်သာပါတယ်။ ကျန်တဲ့လူတွေနဲ့ ညှိနှိုင်းနိုင်ဖို့ပဲ လိုပါလိမ့်မယ်။၂. ရုပ်ရှင်ကြည့်ရင်း ဖရဲသီးစားချင်ပေမယ့် ဖရဲသီးအစေ့တွေကို ထထွေးရတာ အလုပ်ရှုပ်နေပါသလား။ အခုလို ဖြေရှင်းလိုက်ပါ။ အခြားစားစရာတွေအတွက်လည်း တူညီတဲ့နည်းနဲ့ ဖြေရှင်းနိုင်ပါလိမ့်မယ်။၃. သင့်ရဲ့ပတ်ဝန်းကျင်မှာ သင့်ထက် ပိုပျင်းတဲ့သူတော့ ရှိစမြဲပါပဲ။ ရေခဲသေတ္တာထဲမှာ ကြက်ဥတွေထည့်ဖို့ နေရာထဲကိုတောင် တစ်လုံးစီမထည့်ဘဲ အခုလို ပါကင်လိုက်ထည့်ထားတာတော့ တော်တော်များပါတယ်။၎. လာပို့တဲ့ ဂိမ်းမင်းကုလားထိုင်ကိုတောင် ဖွင့်ပြီး မတပ်နိုင်လောက်အောင် ပျင်းတဲ့ဆိုရင် ယုံပါ။ ပါဆယ်ထုတ်ကို ဖွင့်ပြီး ကုလားထိုင်ကို အပင်ပန်းခံတပ်မယ့်အစား …

တစ်စက္ကန့်လေးမှ မလိုမပိုဘဲ ရိုက်ကူးနိုင်လိုက်ခဲ့တဲ့ ဓါတ်ပုံများ

ပြောချင်လွန်းလို့ တို့ရဲ့ ဖုန်းတွေဟာ နေ့စဉ်ဘဝကို လိုချင်တဲ့အချိန်တိုင်းမှာ ရိုက်ကူးမှတ်တမ်းတင်နိုင်မယ့် ကင်မရာတွေလည်းဖြစ်ပါတယ်။ ဒါပေမယ့် အကောင်းစားကင်မရာကို သယ်ဆောင်လာတဲ့သူတစ်ယောက်တောင် အချိန်တိုင်းမှာ အသင့်ရှိနေနိုင်မှာမဟုတ်ပါ။ ကမ္ဘာပေါ်က အလန့်တကြားဖြစ်ရပ်တစ်ခုဖြစ်ခါနီး တစ်စက္ကန့်လေးမှ မလိုဘဲ မပိုဘဲ ရိုက်ကူးထားနိုင်ခဲ့တဲ့ ဓါတ်ပုံတွေကို စုစည်းဖော်ပြလိုက်ပါတယ်။ ၁. ဘေ့စ်ဘောပွဲတွေမှာ ပရိသတ်ထဲထိ ရောက်အောင် ကျော်ရိုက်နိုင်တဲ့ ဘေ့စ်ဘောလုံးတွေဟာ အသင်းကို အနိုင်ရစေနိုင်သလို၊ လက်ဝယ်ရရှိနိုင်ခဲ့ရင် ပွဲရဲ့အရေးပါမှုပေါ်လိုက်ပြီး ဒေါ်လာသောင်းနဲ့သိန်းနဲ့ချီ ပြန်လည်ရောင်းချနိုင်ပါတယ်။ အခုပုံမှာတော့ အဆိုပါဘေ့စ်ဘောလုံးကို ဖမ်းဖို့ ကြိုးစားပေမယ့် လွတ်ထွက်သွားပြီး မျက်နှာတည့်တည့်ကို မထိခင် အချိန်ပိုင်းလေးမှာ ကွက်တိရိုက်ထားတာကို မြင်ရမှာပါ။ ၂. စားပွဲနားအထိ သယ်ယူလာပြီးမှ မှောက်ခါနီး ဘီယာခွက်ကြီးနှစ်ခွက်ကို ဘီယာတွေ လျှံကျမထွက်ကုန်ခင် ကွက်တိရိုက်ထားတာဖြစ်ပါတယ်။ နည်းနည်းလေးနောက်ကျရင်လည်း ဘီယာတွေ မှောက်နေလောက်ပြီ ဖြစ်သလို စောသွားရင်လည်း …

ATMစက်ထဲက ကဒ် ပြန်ထွက်မလာတော့ဘူးဆိုရင် ဖြေရှင်းရမယ့် အကောင်းဆုံးနည်းလမ်း

Zawgyi ပြတ်တုန်း လပ်တုန်း ၂၃ ဆိုတဲ့အတိုင်း… ကိုစိုးဝင်းတစ်ယောက် ATM စက်ထဲက ရှိစုမဲ့စုလေး ထုတ်ပါတယ်…ပိုက်ဆံထွက်မလာတဲ့အပြင် ကဒ်ပါဝါးသွားတယ်….။ အဲဒါနဲ့ ဘဏ်ကိုဖုန်းဆက်ပြီးပြောတာပေါ့… ဘဏ်က ရုံးပိတ်ရက်မို့လို့ တနင်္လာနေ့ကြရင်အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီး ပြန်ဖြေပါတယ်…။ ကိုစိုးဝင်း ဘဝင်မကျနိုင်…. ပိုက်ဆံသုံးစရာမရှိလို့ လာထုတ်ခါမှ ကဒ်ပါထွက်မလာတော့ဘူးဆိုတော့…. ရုံးပိတ်ရက်အတွင်း ကျုပ်က ရေသောက်နေရမှာလား… အကြံတစ်ခုရသွားပြန်တယ်….ဘဏ် hotline ကိုဖုန်းဆက်ပြီး… ” အမ….အမတို့….***လမ်းက ATM စက်ကြီးကလေ… ကျနော် တစ်သောင်းတည်း ထုတ်တာကို တစ်သောင်းတန်တွေ ၁၀ ရွက်လောက်ထွက်လာတယ်ဗျ… ” မကြာပါဘူး….. ဘဏ်က service team ကြီး ကားတစ်စီးနဲ့ေ၇ာက်လာပါလေရော…..၊ ကိုစိုးဝင်းကဒ်လည်းထုတ်လို့ရသွားသလို ငွေလည်းထုတ်လို့ရသွားတယ်…. လွယ်တော့မလွယ်ဘူး ရိုးသားရတာပေါ့… ကွန်ပလိန်းတက်ချင်းအနုပညာ….။ (ပုံပြင်သာဖြစ်သည်) O’chu (Thet Cho) Unicode …

အဆိုးဝါးဆုံး အရယ်ရဆုံး ဆံပင်ဒီဇိုင်းများ

ဆံပင်ဟာ လူတွေရဲ့ သိသာထင်ရှားတဲ့ သွင်ပြင်လက္ခဏာတစ်ခုဖြစ်ပြီး ပြောချင်လွန်းလို့တို့လည်း ကိုယ့်ဆံပင်ပုံစံကို အလေးထားကြမှာပါ။ ဒါပေမယ့် လူတချို့ကတော့ ထင်ထင်ရှားရှားဖြစ်အောင် ဆံပင်ပုံစံတွေကို ထူးထူးဆန်းဆန်း ပြောင်းလဲလေ့ရှိပါတယ်။ တော်တော်ကို ဆိုးဆိုးရွားရွားပြောင်းလဲထားတဲ့ ဆံပင်ပုံစံတွေကို ပြောချင်လွန်းလို့တို့အတွက် စုစည်းဖော်ပြပေးပါရစေ။ ၁. ဆံသဆရာ ပညာပြထားတဲ့ လက်ရာမှန်း သိသာမှာဖြစ်ပေမယ့် Ice Tea ထဲကို နွားနို့လောင်းထည့်လိုက်သလို ဖြစ်နေမှာတော့ အမှန်ပါပဲ။ ထင်ရှားတဲ့ ပါးသိုင်းမွှေးတွေက အသက်ပါ။ ၂. နောက်ကလိုက်လာတဲ့လူကို မသက်မသာခံစားရစေမယ့် ကေပါ။ အင်အင်းပါနေတဲ့ ပုံကို လက်ရာမြောက်စွာ ဖန်တီးထားတာက ခေါင်းရဲ့နောက်ဘက်မှာဆိုတော့ ပိုင်ရှင်ကတော့ မှန်ကြည့်ရင်တောင် ခံစားရမယ် မဟုတ်ပါဘူး။ ၃. နောက်ကနေ ကြည့်မိရင်တောင် အထင်ကြီးသွားစေမယ့် ဆရာကြီးကေအစစ်ပါ။ အထူအပါးကို သေသေချာချာ ဖန်တီးပေးခဲ့တဲ့ ဆံသဆရာကိုလည်း အထင်ကြီးစရာပါပဲ။ …

ယောင်္ကျားလေးတွေ စကားဝိုင်းထဲက မိန်းမ (၃)မျိုး ညီမရော ဒီထဲပါပြီလား ? |

မိန်းမ ၃မျိုးရှိသတဲ့ တစ်ခါက ယောကျာ်းတွေစကားဝိုင်းထဲ မှာကြားဖူးလိုက်သည့် မိန်းမ ၃မျိုးအကြောင်း၁။ငါးရံ့နှင့်တူသောမိန်းမ ၂။ရွှေငါးနှင့်တူသောမိန်းမ ၃။ငါးခြောက်နှင့်တူသောမိန်းမဟုပြောဆိုနေကြပါတယ်သူတို့ပြောတဲ့ ၁။ငါးရံဆိုသည်မှာ ရွံနွံများနှင့်လူးကာလိမ့်ကာဖမ်းရတာအလွန်အင်မ တန်ခက်ခဲလှသည့်အတွက် ချစ်သူ ရည်းစားမရှိသေးသော အပျိုရွယ်မိန်းမသားများကိုဆိုလိုခြင်း ဖြစ်သည်။၂။ ရွှေငါးဆိုသည်မှာ လှောင်အိမ်ထဲတွင်အလှမွေးသောငါး ပြုစုစောင့်ရှောက်ကာတယုတယနှင့်မွေးမြူရသောရွှေငါး လေးတို့မှာထိမရကိုင်မရသောကြောင့် သူများမိန်းမဆို သည်မှာလဲဘယ်လောက် လှလှ ထိလို့လဲမရပါ မြင်သာမြင်မကြင်ရတဲ့ဘဝမို့ အိမ်ထောင်ကျပြီးသား သူများမယား မိန်းမသားများသည် ရွှေငါးနှင့်တူသည်ဟု ဆိုလိုခြင်းဖြစ်သည်။   ၃။ငါးခြောက် နှင့်တူသောမိန်းမဆိုသည်မှာ ငါးခြောက်သည် နေပူကျဲထဲတွင်အခြောက်လှန်းထားသောကြောင့် နှစ်ရှည်လများ သိမ်းစည်းကာ လိုအပ်သည့်အချိန်စားချင်သည့် အချိန်ကျမှ မီးဖြင့် ဖုတ်ကာကင်ကာလိုသလို ကြော်စားချက်စား ရေနွေဖြင့်စိမ်ကာ အမျိုးစုံသုပ်စား လုပ်စားလို့ ရပါသည်။ တာရှည်အထားခံသောကြောင့် ကိုယ့်အိမ်က မိန်းမ သည်ငါးခြောက်နှင့် အလားသဏ္ဌာန်တူဟုဆိုလိုကာ ငါးခြောက်နှင့်တူသော မိန်းမဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ဒါကတော့ဖြင့် ဟာသစကားဝိုင်းလေးပေါ့နော် ဟိုးအရင်ခေတ်ကာလကဆိုရင် …