Love

RS တွေ လိုက်မမီနိုင်တဲ့ Single တစ်ယောက်ရဲ့ အားသာချက် (၅) ခု

Single ဆိုတာ ကြားတော့သာ အထီးကျန်ဆန်တယ်၊ အတွဲတွေကို အားကျလိမ့်မယ်လို့ ထင်ရတာပါ။ တကယ်တော့ လုံးဝမှားပါတယ်။ Single ဘဝရဲ့ သာယာမှုတွေကို ရှာတွေ့သွားရင် အဲ့ဒီ့လူဟာ လုံးဝ Single ဘဝကနေမကျွတ်ချင်တော့ပါဘူး။ RS တွေ လုံးဝလိုက်မမီနိုင်တဲ့ Single တစ်ယောက်ရဲ့ အားသာချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ကိုယ့်ပိုက်ဆံ ကိုယ့်စိတ်ကြိုက်သုံးနိုင်တယ် ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ကိုယ့်မှာရှိတဲ့ ပိုက်ဆံကို ကိုယ့်စိတ်ကြိုက်သုံးနိုင်ပါတယ်။ ကိုယ့်တစ်ယောက်တည်းအတွက် ဖောဖောသီသီသုံးနိုင်ပြီး စားချင်တာစား၊ သွားချင်တာသွား ဘာမှခြွေတာနေစရာမလိုတော့ပါဘူး။ (၂) ကိုယ့်အချိန်တွေ ကိုယ်ပိုင်တယ် ကိုယ့်ရဲ့ အချိန်တွေကို ကိုယ့်အတွက် အပြည့်ပေးနိုင်သွားပါပြီ။ ကြိုက်တဲ့နေရာသွား၊ ကြိုက်တဲ့သူနဲ့တွေ့၊ ကြိုက်တာလုပ် ပူညံပူညံလုပ်တဲ့သူလည်း မရှိတော့သလို၊ သွားချင်တဲ့နေရာလည်းမသွားရ၊ လုပ်ချင်တာလည်းမလုပ်ရ ဘဝကနေ လွတ်မြောက်သွားတာပါ။ (၃) ကိုယ်ကြိုက်တာကိုယ်လုပ် …

လူဦးရေနည်းနေ၍ တောင်ကိုရီးယား တက္ကသိုလ်ကျောင်းသား ကျောင်းသူများ မဖြစ်မနေ ရည်းစားထားနေရ

ဆိုးလ်ရှိ ဒေါင်ဂွတ်နှင့် ကွမ်ဟီတက္ကသိုလ်တို့က ချစ်မှုရေးရာဘာသာရပ်များ ပို့ချနေပြီး ယနေ့ခေတ်လူငယ်တို့သည် မိသားစုဘ၀ မထူထောင်လိုကြတော့သည့်အတွက် ၎င်းတို့ကို အဓိကရည်ရွယ်ကာ ယင်းဘာသာရပ်ကို ပို့ချနေခြင်းဖြစ်သည်။ အိမ်ခြံမြေဈေးနှုန်းမြင့်မားခြင်း၊ အလုပ်အကိုင်ရရန် မလွယ်ကူခြင်းနှင့် ပညာသင်စရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ယနေ့ခေတ်လူငယ်အများစုသည် သမီးရည်းစားထားခြင်း၊ အိမ်ထောင်ပြုသားမွေးခြင်းဆိုသည့် ကိစ္စရပ်များကိုစိတ်မဝင်စားကြတော့ပေ။ ထို့ကြောင့် အိမ်ထောင်ပြုသည့်နှုန်းထားတောင်ကိုရီးယားတွင် သိသိသာသာကျဆင်းလာတော့သည်။ယင်းအတွက် ပါမောက္ခ ဂျန်ဂျီဆွတ်ခ်က ဒန်ဂွတ်တက္ကသိုလ်တွင် ယင်း ဘာသာရပ်ကိုစတင်ပို့ချခြင်းဖြစ်သည်။ ယင်းဘာသာရပ်သည် ကျောင်းသား ကျောင်းသူများကို လက်တွဲဖော်မှန်မှန်ကန် ကန်ရွေးချယ်နည်းနှင့် ယင်းလက်တွဲဖော်နှင့် ကြာရှည်စွာ ချစ်ခင်သင့်မြတ်နည်းတို့ ကို ပို့ချပေးသည်။ ကျောင်းသားကျောင်းသူ များသည် အတန်းဖော်သုံးဦးနှင့် တွဲရန်လိုပြီး တစ်ဦးကိုတစ်လတွဲရမည်ဟု ဘာ သာရပ်တွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။ရည်းစားနှင့်ချိန်းတွေ့ခြင်း၊ မနာလိုဖြစ်ခြင်းနှင့် ရန်ဖြစ်ခြင်းတို့ကို ကိုင်တွယ် ဖြေ ရှင်းပုံတို့မှာ ၎င်းတို့လုပ်ရမည့် အိမ်စာများ ဖြစ်သည်။ စာတွေ့ထက်လက်တွေ့မှနေ၍ …

ဝဝပြည့်ပြည့်မိန်းကလေးတွေရဲ့ ချစ်သူတွေက အပျော်ရွှင်ရဆုံးဖြစ်ရခြင်း အကြောင်းအရင်းများ

ယောကျာ်းလေးတွေက ပိန်တဲ့မိန်းကလေးနဲ့ ၀တဲ့မိန်းကလေးဆို ဘယ်အမျိုးအစားကို ပိုသဘောကျလေ့ရှိတယ်လို့ ထင်ပါသလဲ။ သူတို့တွေ ဘယ်လိုပုံစံကိုပဲကြိုက်ကြိုက် တကယ်တမ်းမှာ ၀၀ပြည့်ပြည့်မိန်းကလေးတွေနဲ့ တွဲတဲ့ကောင်လေးတွေကပဲ ပိုပျော်ရွှင်ရတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြပါပြီ။ ၀၀ပြည့်ပြည့်လေးတွေနဲ့ တွဲတဲ့သူတွေက ပိုပျော်ရွှင်ကြတဲ့အကြောင်းအရင်းတွေကတော့ ဒီလိုတွေပါ။ (၁) ကိုယ့်ရဲ့အားသာချက်ကိုသိတယ် ၀တဲ့မိန်းကလေးတစ်ယောက်ကို မြင်လိုက်တဲ့အခါ လူတွေက သူ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး လှောင်ပြောင်ချင်ကြတယ်၊ ထိခိုက်ပြောဆိုချင်ကြတယ်၊ ၀ိတ်မချဘူးလား၊ ဘာညာမေးတတ်ကြပါတယ်။ တကယ်တော့ သူတို့တွေက သူတို့ကိုယ်တိုင်ရဲ့အားသာချက်၊ အားနည်းချက်ကို သေသေချာချာသိတာကြောင့် ၀ပေမယ့် လှအောင်နေတတ်ကြသူတွေပါ။ (၂) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ် သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်လို့ စိတ်အနှောင့်အယှက်ဖြစ်နေရင်တောင် ဒီအတွက်ခံစားနေမှာမဟုတ်ဘဲ အမြဲတမ်းကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေတဲ့သူလေးတွေပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူအနားမှာ နေတဲ့အခါ ဘေးကလူတွေလည်း ယုံကြည်မှုရှိတဲ့ ခံစားချက်မျိုးဖြစ်ပေါ်လာပြီး ကောင်းမွန်တဲ့ခံစားချက်မျိး ဖြစ်ပေါ်လာတတ်ပါတယ်။ (၃) ကိုယ်ချင်းစာစိတ်အပြည့်ရှိတယ်၊ ဟာသဉာဏ်ရှိတယ် သူတို့က …

မိန်းကလေးတွေအရမ်းချစ်မိသွားတဲ့အခါ ဒါလေးတွေလုပ်တတ်တယ်

အရမ်းကို ချစ်မိသွားတဲ့ မိန်းကလေး တယောက်ဟာ သူငယ်ချင်းတွေ ဘယ်လောက်ပဲ နားချချ နားမဝင် နိုင်တော့ဘူး။ အရမ်းကို ချစ်မိသွားတဲ့ မိန်းကလေး တစ်ယောက်ဟာ ကိုယ့် ချစ်သူကို မကောင်းဘူး ပြောလည်း မသိချင်ယောင် ဆောင်နိုင်သွားတယ်။ အရမ်းကို ချစ်မိသွားတဲ့ မိန်းကလေး တစ်ယောက်ဟာ ကိုယ် လက်တွဲမဲ့သူ မပြည့်စုံတာ သိပေမယ့်လည်း အတူတူ ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ချက် ချသွားနိုင်တယ်။ အရမ်းကို ချစ်သွားတဲ့ မိန်းကလေး တစ်ယောက်ဟာ ကိုယ်ချစ်သူက ဘယ်လောက် အနိုင်ယူယူ ပြုံးပြုံးလေးနဲ့ သည်းခံခွင်လွှတ် နိုင်သွားတယ်။ အရမ်းကို ချစ်သွားတဲ့ မိန်းကလေး တစ်ယောက်ဟာ ကိုယ်အတွက် ဆိုတာ မေ့ပြီး သူ့အတွက် ဆိုတာကိုပဲ ဖြည်းဆည်း ပေးနေချင်တော့တာ ပိုဆိုးတာက အရမ်းကို ချစ်သွားတဲ့ …

ဘယ်တော့မှ ကိုယ့်ကောင်မလေးအပေါ် အချစ်တွေမလျော့တက်တဲ့ ယောက်ျားတွေရဲ့ လက္ခဏာ

မိန်းကလေးတိုင်းဟာ သူတို့ကို သူတို့မှသူတို့ချစ်တဲ့သူကိုပဲ လိုချင်နေကြတာများပါတယ်။ အဲ့လိုယောက်ျားမျိုးကို ရရျိတဲ့သူတွေကလဲ သူတို့ကောင်လေးသူတို့ကို ဘယ်လောက်ချစ်ချစ် မသိတက်ကြပဲ ဆိုးနေလေ့ရှိတက်ပါတယ်။ ပြတ်သွားမှ အဲ့ယောက်ျား အဲ့ကောင်လေးရဲ့ တန်ဖိုးကိုသိတက်ကြတဲ့ သူတွေလဲအများကြီးရှိပါတယ်။ အာ့ကြောင့် ကိုယ့်ကို အချစ်မလျော့တိုင်းချစ်တဲ့သူတွေနဲ့ ချစ်သူဖြစ်သွားရင် တန်ဖိုးထားပါ။ ခုဖော်ပြသွားမဲ့ဟာကတော့ အဲ့လိုမလျော့တိုင်းချစ်တက်တဲ့ ယောက်ျားတွေရဲ့ လက္ခဏာ ကိုဖော်ပြသွားမှာဖြစ်ပါတယ်။ အလိမ်အညာမထားပဲ မှန်မှန်ကန်ကန် ဆက်ဆံရေးကို အလေးထားခြင်း သင့်ကောင်လေးက သင့်အပေါ်ကို ဘာမှ အလိမ်အညာမရှိ မှန်မှန်ကန်ကန် ပြောဆိုလေ့ရှိပြီး သင့်အပေါ်ကိုလဲ မှန်မှန်ကန်ကန်ဆက်ဆံလေ့ရှိလျှင် သင့်ကိုသူတကယ်ချစ်ပါတယ်။ သင့်အတွက်အမြဲတမ်းရှိနေပြီး သင့်အနားမှာပဲ ရှိနေမှာပါ။ သင့်ကိစ္စတစ်ခုခုကြောင့် စိတ်ညစ်နေရင် သူကသင့်ကို မပြုံးပြုံးအောင် ပြုလုပ်မဲ့သူပါ။ ဘယ်ပြဿနာကိုမှ မရှောင်ခြင်း သင့်ကိုတကယ်ချစ်တဲ့သူဟာ သင်နဲ့ပြဿနာတက်တဲ့အခါမှာ သူ့အနေနဲ့ မရှောင်ပဲ အဲ့တက်တဲ့ ပြဿနာကို ထိပ်တိုင်ရင်ဆိုင်နိုင်ပြီး …

အနမ်းမိုးတွေရွာရင်း တံတားပေါ်က အားလွန်ပြုတ်ကျတဲ့ စုံတွဲရဲ့အဖြစ်ဆိုး

Zawgyi ပီရူးနိုင်ငံက စုံတွဲတစ်တွဲဟာ တံတားတစ်ခုပေါ်မှာ အနမ်းတွေဖလှယ်ခဲ့ရာ၊ အားလွန်ပြုတ်ကျပြီး နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း သိရပါတယ်။ သူတို နာမည်တွေကတော့ Maybeth Espinoz (၃၄)နှစ်နဲ့၊ Hector Vidal (၃၆)နှစ်တို့ ဖြစ်ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ Cusco မြို့က Bethlehem တံတားမှာ ဖြစ်ခဲ့တာပါ။ သူတို့စုံတွဲဟာ ချစ်ခင်နှစ်သက်မှုကို အပြည့်အဝ ဖော်ကျူးဖို့ အနမ်းတွေ အပြန်အလှန် ဖလှယ်ခဲ့ကြပါတယ်။ Maybeth ဟာ အမျိုးသမီးတို့ ထုံးစံအတိုင်း ချစ်သူကို ကားယားခွထားပါတယ်။ ဒီအချက်ကပဲ ဟန်ချက်မထိန်းနိုင်တဲ့အခါမှာ နှစ်ဦးစလုံး အောက်ကို ပြုတ်ကျသည်အထိ ဖြစ်ခဲ့ရတာပါ။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့စနေနေ့ မနက် (၁)နာရီမှာ ဖြစ်ခဲ့တာပါ။ တံတားက ကုန်းကျော်တံတားဖြစ်ပုံရပြီး၊ အောက်မှာ ကားတွေ သွားလာနေတာကို တွေ့ရပါတယ်။ ဒေသသတင်းစာတစ်စောင်မှာတော့ သူတို့စုံတွဲဟာ …

သင့်ကိုပြန်မချစ်နိုင်တဲ့သူအတွက် အချိန်ပိုအကုန်မခံဖို့ အစားထိုးဖြေရှင်းနည်းတွေ

သင့်ကိုမချစ်နိုင်တဲ့သူတစ်ယောက်ကို ရူးသွပ်နေခြင်းဟာ သင့်အတွက်ကောင်းကျိုးမယ်မယ်ရရမရှိပါဘူး။သူဘာလို့များ ကိုယ့်ကိုမချစ်ရတာလဲဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးလာမယ်။ဝမ်းနည်းစိတ်ပျက်လာမယ်။ကိုယ့်ကိုယ်ကိုမကျေမနပ်ဖြစ်လာမယ်။နောက်ဆုံးစိတ်ဓာတ်ကျတဲ့ထိ ဖြစ်လာမယ်။အရာရာဟာ ကိုယ့်ကိုယ်ကို ညှဉ်းဆဲနေသလိုပါပဲ။ဒါပေမယ့် တစ်ဖက်ကလည်း ဒီလိုစိတ်ခံစားမှုတွေကို ဖယ်ထုတ်ပစ်နိုင်တာ သင်ကိုယ်တိုင်ပဲရှိပါတယ်။ဆိုတော့ သင့်အတွက် မမျှတလွန်းနေတဲ့ အချစ်ဆိုတာကြီးကို အဆုံးသတ်ပြီး ဘ၀သစ်တစ်ခုစတင်ဖို့ အစားထိုးဖြေရှင်းနည်းတွေကို ဖော်ပြပေးချင်ပါတယ်။ ။ 1.သူကသင့်ကိုမလိုလားဘူးဆိုတဲ့အချက်ကို သင်လက်ခံပါ…။ တနေ့ သင့်ကို သူချစ်လာနိုးနိုး၊ပြောင်းလဲလာနိုးနိုးနဲ့ မျှော်ရင်းမျှော်ရင်း လချီနှစ်ချီလာလည်း ဘာမှထူးမလာရင်တော့ သင်ပေါက်သင့်နေပါပြီ။ဘာလို့များ ကိုယ့်ကိုစိတ်ချည်းပင်ပန်းစေနေတဲ့ ဒီအချစ်ကြီးကို မျှော်နေရအုံးမှာလဲ?နောက်တစ်ကြိမ် သင်သူ့ကိုဆုံချင်တဲ့အခါမျိုး၊သူ့ကိုစကားသွားပြောချင်တဲ့အခါမျိုး၊သူ့ဖုန်းကိုခေါ်ချင်တဲ့အခါမျိုးတိုင်း သင့်ကိုသူဘလောက်ထိဘယ်လိုဘယ်ပုံခံစားစေခဲ့သလဲဆိုတာကို စေ့စေ့တွေးပါ။သင်သူနဲ့ပတ်သက်ပြီး ဘလောက်ကြီးဂရုတစိုက်လုပ်ပြနေပါစေ သူ့အမြင်မှာတော့ သင့်လုပ်ရပ်တွေဟာ ဟာသပါပဲ။ 2.အာရုံလွှဲပစ်ပါ…။ သင့်အတွက် ဘလိုမှမမျှတတဲ့အချစ်ဆိုတာကြီးကို အဆုံးသတ်ချင်ရင်တော့”မြင်ကွင်းထဲကထုတ် စိတ်ထဲကထုတ်”ပစ်ပါ။အတတ်နိုင်ဆုံး သူနဲ့ဝေးရာမှာနေပါ။ဘာလူမှုကွန်ရက်မှချိတ်ဆက်အသုံးပြုခြင်းမရှိပဲ အဝေးဆုံးအဝေးဆုံးကို စိတ်လက်ပေါ့ပါးစွာ ခရီးထွက်ပစ်ပါ။သင်မလွှဲမသွေဆုံနေရအုံးမယ့်သူဖြစ်နေသည့်တိုင် သူ့အကြောင်းတွေ လုံးဝမတွေးမိအောင်နေပါ။သင့်အတွေးတွေကို အာရုံလွှဲပစ်ပါ။သင့်ရဲ့ တစ်ကိုယ်တော်မျှော်မှန်းထားတဲ့အိပ်မက်စိတ်ကူးတွေကို ဆက်အကောင်အထည်ဖော်နေဖို့ပဲ မပြတ်တွေးပါ။ …

အချစ်စစ်ကိုရှာဖွေရာမှာ အဟန့်အတားဖြစ်စေသောအရာများ

အမျိုးသား ပရိသတ်ကြီးအနေနဲ့ အချစ်စစ်ကို ရှာဖွေတဲ့အခါ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို ရှောင်ရှားနိုင်ပါမှ မိမိနဲ့ သင့်တော်တဲ့ အချစ်စစ်ကို ရမှာ ဖြစ်ပါတယ်။ အချစ်စစ်တစ်ခုကို ရှာဖွေတဲ့အခါမှာ အဟန့်အတား ဖြစ်စေတဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) မထိုက်တန်ဘူးလို့ ထင်ခြင်း တစ်ခါတရံမှ ကိုယ်မြတ်နိုးနှစ်သက်တဲ့ အမျိုးသမီးဟာ ဆွေကြီးမျိုးကြီး လူချမ်းသာအသိုင်းအဝိုင်းက ဖြစ်နေတာမျိုး၊ အရမ်းလှလွန်းနေလို့ မိမိရဲ့ လက်ရှိရူပကို စိတ်မဝင်စားဘူးလို့ ထင်မိတာမျိုး အမျိုးသားတွေ ကြုံဖူးကြပါလိမ့်မယ်။ တကယ်တော့ အချစ်စစ်ဆိုတာ အဲဒီလို အချက်တွေအပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့အရာ မဟုတ်ပါ။ ဒါကို ကောင်းကောင်းသိစေချင်ပါတယ်။ ကိုယ်နဲ့ မထိုက်တန်ဘူးလို့ တွေးမိလိုက်ကတည်းက ကြိုးစားချင်တဲ့ စိတ် မရှိတော့ပါဘူး။ ဒါဟာ အချစ်စစ်ကို သွေဖယ်စေပါတယ်။ (၂) ရုပ်ရည်အရ …

ချစ်သူဆီက ကောင်မလေးတွေ တိတ်တခိုး မျှော်လင့်ရတဲ့အချက် ၅ ချက်

အချစ်ရေးမှာ အမျိုးသမီးတွေရင်ထဲကနေ တိတ်တခိုး မျှော်လင့်တတ်တဲ့အချက်လေးတွေကို တင်ဆက်ပေးချင်လို့ပါ။ တစ်ယောက်ကိုတစ်ယောက် ဘာလိုလဲသိရင်၊ ဘာလုပ်ရပေးမယ်မှန်းသိရင် အချစ်ရေးဟာပိုအဆင်ပြေလေပါပဲ။ ဖတ်ရှူကြည့်ကြပါဦး။ နူးညံ့တဲ့ ထိတွေ့ပွတ်သပ်ပေးမှု အချစ်ကိုဖော်ပြပေးနိုင်မယ့် ရိုးရိုးရှင်းရှင်း လေး ပွတ်သပ်ပေးမှုလေးကို ယုယုယယ၊ နူးနူးညံညံ့နဲ့ ခံယူလိုကြတာကိုက အမျိုးသမီးတွေရဲ့ သဘာဝပါပဲ။ မမျှော်လင့်ထားတဲ့ အချိန်၊ သူထင်မထားတဲ့ အခြေအနေမျိုးမှာဆို ပိုပြီးရင်ခုန်တတ်ကြပါသေးတယ်။ နှစ်ယောက်ရုပ်ရှင်အတူတူကြည့်နေရင်း ဆံပင်လေးကို ဆော့ကစားပွတ်သပ်ပေးတာ၊ လက်ကလေးကိုင်ထားပေးတာ၊ မျက်နှာလေးနဲ့နှုတ်ခမ်းလေးကို အသာအယာပွတ်သပ်ပေးတာမျိုး၊ ပွေ့ဖက်ပေးထားတာမျိုးဆို သူတို့အရမ်းသဘောကြသလို တကယ်လဲမျှော်လင့်တောင့်တကြပါတယ်။ အသေးစိတ်ကအစ ဂရုတစိုက်မှတ်မိတတ်တာမျိုး အမျိုးသမီးတွေမှာ ထူးခြားတာတစ်ခုက မှတ်ဥာဏ်ပါ။ သူတို့မှတ်ဥာဏ်မှာ အရေးကြီးတဲ့အရာ၊ အရေးပါတဲ့အသေးစိတ်တွေကို သေးသေးမွှားမွှားလေးကအစ စွဲမြဲနေတတ်တယ်။ ဆိုတော့ သူတို့ထက်ဦးပြီး ကိုယ့်ချစ်သူက အရင်ဦးဆုံး မှတ်မိသတိရကြောင်းပြနိုင်တယ်ဆိုရင် သူတို့်က အသေအလဲ ဖြစ်လောက်အောင်ကို ပျော်ရွှင်နေကြလိမ့်မယ်။ သူတို့ထက် …

သင့်ချစ်သူ သင့်ကိုတကယ်ချစ်မချစ်သိရှိနိုင်တဲ့ စကားရှစ်ခွန်း

လူတိုင်းကတော့ ကိုယ်ချစ်သူဆိကနေ တကယ်အချစ်စစ် အချစ်မှန်ကိုပဲ လိုချင်ကြသူပါ။ ကိုယ့်ချစ်သူ ပျော်ရွှင်နေတာကိုပဲ မြင်ချင်ပြီး ကိုယ်ကိုယ်တိုင်ကလဲ သူကြောင့်ပဲပျော်ရွှင်ချင်ပါတယ်။ ဘာမှပူဆွေးမှုမရှိပဲ အချိန်ကြာလေ အေးချမ်းတာကိုပဲ လိုချင်ကြတာပါ။ အစပိုင်းမှာတော့ အခတ်အခဲတွေရှိနေပေမဲ့ နောက်ပိုင်းမှာ အဲ့ပြဿနာအခတ်အခဲတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို ချစ်သူတွေအနေနဲ့ သိရှိကြမယ်လို့ထင်ပါတယ်။ ဘယလိုပဲဖြစ်ဖြစ်ပါ သင့်ချစ်သူဆိကနေ ဒီခုဖော်ပြသွားတဲ့ စကားရှစ်ခွန်းကို ကြားနေရတယ်ဆိုရင်တော့ သူဟာသင့်ကိုတကယ်ချစ်ကြောင်းသိရှိနိုင်ပါတယ်။ ဂရုစိုက်ပါနော် ဒီစကားလေးက ပုံမှန်ရိုးရိုးရှင်းရှင်းလေး စကားဆိုပေမဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို ဂရုစိုက်နော်လို့ပြောလိုက်တဲ့ချိန်မှာ ဖြစ်ပေါ်လာတဲ့ခံစားချက်က အော်သူငါ့ကို ဂရုစိုက်ပါလားဆိုတဲ့ ခံစားချက်မျိုးဖြစ်စေပါတယ်။ ပြောတဲ့သူဘက်ကလဲ သူအနေနဲ့ ဂရုစိုက်ဆိုတဲ့ စကားလေးပြောလိုက်လို့ သူချစ်သူဘယ်လိုတောင်ပျော်လဲဆိုတာကို မသိတဲ့အခိုက်တွေရှိတက်ပါတယ်။ ကိုယ်မင်းအကြောင်းကို တွေးနေခဲ့တာ ချစ်သူတွေလဲ ကိုယ့်ချစ်သူအကြောင်းကို မကြာခဏဆိုသလို တွေးမိတက်ကြမှာပါ။ အမြဲတမ်းမဟုတ်ရင်တောင် တွေးမိတက်တဲ့အခေါက်တွေရှိပါတယ်။ အတူတူတွေ့နေချိန်မှာတောင် တွေးနေတက်ပါတယ်။ …