History

ထူးထူးခြားခြား အရပ် (၈) ပေ ရှည်တဲ့ တချိန်က နိုင်ငံကျော် ဇီးကွက်စိန် အကြောင်း

ဇီးကွက်စိန်သည်တစ်ချိန်က မြန်မာနိုင်ငံ၊မန္တလေးတိုင်း ဒေသကြီး၊ပုဂံမြို့ရှိထူးထူးခြားခြား အရပ်အရှည်ဆုံး ပုဂံမြို့သူ ဖြစ်သည် ။ ငယ်ဘဝ – ဇီးကွက်စိန်ကို ၁၃၁၈−ခုနှစ်၊ (၁၉၅၆)ခုနှစ်တွင် ပုဂံမြို့ဟောင်းတောင်ဘက် သီရိပစ္စယာရွာတွင် အဖ ဦးထွန်းသိန်း၊ ဒေါ်ငြိမ်းတို့မှ မွေးဖွားသည်။ မွေးချင်း လေးယောက်အနက် အငယ်ဆုံးသမီးဖြစ်ပြီး ကျန်သုံးယောက်မှာ ယောက်ျားလေးများဖြစ်ကြသည်။ ငယ်နာမည်မှာ မခင်စိန် ဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် သက်တူရွယ်တူများကြားတွင် ထူးထူးခြားခြား အရပ်မြင့်မားနေသူဖြစ်သည်။ ထူးခြားမှု – အမေဖြစ်သူ ဒေါ်ငြိမ်းသည် ဇီးကွက်စိန်အား ကိုယ်ဝန်မရှိခင် ထူးခြားအိပ်မက် မက်ဖူးသည်။ အိမ်ဦးခန်း ခေါင်တိုင်တွင် ဆင်ဖြူတော် ဝပ်နေသည်ဟု မက်ခဲ့သည်။ ဇီးကွက်စိန် ကွယ်လွန်သောနေ့၌လည်း ဆင်တစ်ကောင်နှင့် ဆင်ဦးစီးတစ်ယောက် လာရောက်ကာ ရုပ်အလောင်းကို သေချာ ကြည့်သွားဘူးသည်။ ဇီးကွက်စိန်ဟု ဘာကြောင့်ခေါ် – ဇီးကွက်စိန်ကို …

ကမ္ဘာကျော် သမိုင်းများ ဖြစ်စေခဲ့တဲ့ အသေးအမွှား အရာလေးများ

သမိုင်းကြောင်းတလျှောက် စစ်ပွဲဖြစ်ခဲ့ရတဲ့ အဆုံးအဖြတ် အခိုက်အတန့် တွေ၊ မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိမှုတွေ၊ ပျက်သုန်းပြိုပျက်ဆုံးရှုံးခဲ့ရတာတွေ…. ဒါတွေရဲ့ နောက်ကွယ်က မီးစဖြစ်ခဲ့တဲ့ အဆင်အခြင်မဲ့ မှားယွင်းမှုတွေ အကြာင်းကို ကြည့်ကြရအောင်လား။ ဒုတိယကမ္ဘာစစ် ဖြစ်စေခဲ့တဲ့ အခိုက်အတန့်  နော်မန်ဒီကမ်းခြေကို မဟာမိတ်တွေ ခြေချခဲ့တဲ့ 1944 June 6 ရက်နေ့ D-Day ကို အားလုံးမှတ်မိကြဦးမှာပါ။ ဒုတိယကမ္ဘာစစ်ဖြစ်ဖို့ တပ်လှန့်နှိုးဆော်ပေးလိုက်တဲ့ နေ့ဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီတုန်းက နာဇီဗိုလ်ချုပ် ဟစ်တလာက သူအားကိုးရတဲ့ ဗိုလ်မှုးတဦးဖြစ်တဲ့Erwin Rommel ကို ပြင်သစ့်မြောက်ဘက်ကမ်းရိုးတန်းက နော်မန်ဒီကမ်းခြေကို ကာကွယ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် Rommel ကြီးက ရာသီဥတုက အတော်ဆိုးနေတော့ မဟာမိတ်တပ်တွေ မလာလောက်ဘူးလို့ ယူဆခဲ့ပါတယ်။ ဒ်ါနဲ့ပဲ ဇနီးဖြစ်သူရဲ့ မွေးနေ့မှာ …

ရွှေတိဂုံစေတီတော်အတွင်းမှ ကျောက်ရုပ်ဖြစ်သွားသော မောင်ကံ အကြောင်း

Zawgyiဖြင့်ဖတ်ရန် တစ်ခါက ဒဂုံမြို့တွင် ရိုးသားစွာ လယ်ယာလုပ်ကိုင်သော မောင်ကံ အမည်ရှိ လူငယ်တစ်ဦး ရှိလေ၏။ လွန်စွာ သန်မာ ထွားကျိုင်းသည်ဆို၏။ တစ်နေ့တွင် ရသေ့ တစ်ပါးက (မူကွဲများတွင် ဇော်ဂျီ ဟုလည်းဆို) မိမိ၏ ထွက်ရပ်လမ်းအတွက် လိုအပ်သော ပုဂ္ဂိုလ်လိုက်ရှာရာ မောင်ကံအား တွေ့သဖြင့် မိမိအား ကူညီပါမည်လား မေးမြန်းရာ မောင်ကံ လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလေ၏။ သို့ရာတွင် ရသေ့ က မောင်ကံ ၏ သတ္တိ ကိုစမ်းလိုသဖြင့် ငါခုန်သလို လိုက်ခုန်စမ်းပါလှည့် ဟုဆိုကာ ကန် တစ်ခုအား ခုန်ကျော်ပြလေ၏။ ကန်မှာ အတော်ကျယ်သော်လည်း ရသေ့ မှာ ချောမောစွာပင် တစ်ဖက်ကမ်းသို့ ရောက်လေ၏။ မောင်ကံလည်း မာန်ကိုသွင်း၍ ခုန်သော်လည်း ရသေ့က …

ဂဠုန်ဦးစောကို ကြိုးမိန့်ပေးခဲ့တဲ့ တရားသူကြီး သီရိပျံချီ ဦးစီဘူး (၁၈၉၈-၁၉၅၃)

ဂဠုန်ဦးစောကို ကြိုးမိန့်ပေးခဲ့တဲ့ တရားသူကြီး သီရိပျံချီ ဦးစီဘူး (၁၈၉၈-၁၉၅၃) ဦးစီဘူးကို အဘ – ပညာဝန် ဦးနော်ဒင် နှင့် အမိ – ဒေါ်ရဲမ တို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့ သက္ကယ်ပြင်ရွာမ (ကမန်ရွာ) တွင် ၁၈၉၈ ခုနှစ်၌မွေးဖွားခဲ့သည်။ မွေးချင်း (၈) ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဇနီးဖြစ်သူမှာ ဒေါ်ရွှေမြဦးဖြစ်သည်။ ဦးစီဘူးသည် ဗြိတိသျှ ကိုလိုနီအစိုးရ လက်ထက်ကပင် ရခိုင်တိုင်း စစ်တွေမြို့၌ စက်ရှင်တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထို့နောက် ဦးစီဘူး သည် ရန်ကုန်မြို့သို့စက်ရှင်တရားသူကြီးအဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အာဇာနည် ခေါင်းဆောင် ကြီးများကို …

ရန်ကုန်မြို့  မြေ အောက်တွင် အင်္ဂလိပ်တို့ တည်ဆောက်ထားခဲ့သည့် မဟာလျှို့ ဝှက်ချက်များ

အင်္ဂ လိပ်တွေဟာ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးရန်ကုန်မြို့ ကို အစိုးရ ရုံးစိုက်ရာ မြို့ အဖြစ်သတ်မှတ်ခဲ့ကြတယ်။မြို့ တော် ကို စနစ်တကျ မြို့ပြအင်္ဂါရပ်တွေ နဲ့အညီတည်ဆောက်ခဲ့ကြ တယ်။ပြင်သစ်ကုမ္ပဏီ တွေ ကို ကန်ထရိုက်ပေးပြီး မြေအောက် ရေဆိုး ထုတ် ဥမင် ကွန်ယက် စနစ်တွေကို အင်္ဂလန် အတိုင်း တည်ဆောက်ခဲ့ကြတယ်။ အဲ့ဒီ မြေအောက် ဥမင် ကွန်ယက် စနစ်ကြီးကို ရန်ကုန်မြို့တစ်မြို့ လုံးဖြန်ကျက် ထားနိုင်ခဲ့ကြတယ် မိလ္လာစနစ် တွေ ရေဆိုးထုတ်စနစ်တွေ ကို မြို့တော် လူဦးရေနဲ့ အညီ နိုင်နင်းအောင် ပြု လုပ်ပေးနိုင်ခဲ့တယ်။ ရန်ကုန် မြို့ဟာ တစ်ချိန် က မိုးရွာလျှင် ရေတင် ခြင်း ရေဝပ် ခြင်း မရှိပါ။အဲဒီ …

အလွန်ချောမောလှပလွန်းတဲ့ ရွှေစာရံဘုရား ဒါယိကာမစောမွန်လှ(သို့)အနော်ရထာမင်းရဲ့မိုင်းမောဝ်ဧကရီ

Zawgyiဖြင့်ဖတ်ရန် အနော်ရထာရဲ့မိုင်းမောဝ်ဧကရီ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီးက စယ်လန့်ရွာလေးဟာ စောမွန်လှခေါ်မိုင်းမောဝ်ဧကရီရဲ့မွေးဖွားရာဇာတိလေးပါ။စောမွန်လှ မွေးဖွားရာဇာတိဖြစ်တဲ့ စယ်လန့် ရွာကလေးဟာ အလွန်သာယာလှပြီး ပန်းတွေလည်း စုံလင်လှပါတယ်။ ရိုးသားတဲ့ရှမ်းလူမျိုးတွေရဲ့ ရွာဖြစ်ပြီး စယ်လန့်သူတွေ ချောတယ် ဆိုတာကတော့ ခုချိန်ထိ နာမည်ကြီး တုန်းဖြစ် ပါတယ်။ ချောမော လှပတဲ့ စယ်လန့်ရွာသူ တစ်ယောက်အကြောင်း ပြောပြရမယ်ဆိုရင် ပုဂံရာဇဝင်တွေ ထဲမှာပါတဲ့ အနော်ရထာမင်းကြီးရဲ့ မိဖုရားတစ်ပါး ဖြစ်ခဲ့သူ ရှမ်းမင်းသမီး စောမွန်လှကို ညွှန်ပြရမှာဖြစ်ပါတယ်။ စောမွန်လှမွေးဖွားရာ နန်းတော်ဟောင်းနေရာလေးဟာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နဲ့ မဝေးလှတဲ့ စယ်လန့်ရွာကလေးဆီက သာယာလှတဲ့ တောင်ကုန်းလေးပေါ် တည်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် တစ်ထောင်ကျော်ခန့် ကတည်းက ကြီးကျယ် စည်ကားခဲ့တဲ့ မောရှမ်းဘုရင်တို့ စိုးစံခဲ့ရာ စယ်လန့်ရွာရှိ နန်းတော်ဟောင်းနေရာ ဟာ ခုချိန်မှာတော့ ဘုရားကျောင်းကန် …

မြင့်မိုရ်တောင်အကြောင်း သိကောင်းစရာ

Zawgyiဖြင့်ဖတ်ရန် မြင်းမိုရ်တောင်နှင့်ပတ်သတ်၍လူအများကစိတ်ဝင်စားကြသည်။အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များကပို၍စိတ်ဝင်စားကြသည်။ကျွန်ုပ်ငယ်စဉ်က မြင်းမိုရ်တောင်နှင့်ပတ်သတ်၍ဖတ်ခဲ့သောစာအုပ်များ လူကြီးများပြောပြသောအကြောင်းအရာများ ကျမ်းများမှဆိုသောအချက်ကိုဗဟုသုတ အနေနှင့်တင်ပေးလိုက်ပါသည်။ အလောင်းစည်သူမင်းသည် ဘုန်းတန်ခိုးနှင့်ပြည့်စုံသောမင်းတစ်ပါးဖြစ်သောကြောင့် သွားလိုရာနေရာသို့လက်ညိုးညွှန်ပါက ဖောင်စကြာသွားနိုင်သော ရေလမ်းပေါ်သည်ဟု အဆိုများရှိသည်။သို့ကြောင့်ဖောင်စကြာဖြင့် မြင်းမိုရ်တောင်သို့အရောက်သွားလေသည်။ အလောင်းစည်သူမင်း၏ ဘုန်းတန်ခိုးကြောင့် မြင်းမိုရ်တောင်သို့ရောက်နိုင်သည်ကိုသိမြင်သော သိကြားမင်းသည် တာဝတိံသာမှဆင်း၍တားလေ၏။၎င်းက အဘိုးအိုယောင်ဆောင်၍ တားခြင်းဖြစ်သည်။ “အသင်မင်းကြီးဘယ်အရပ်ကိုသွားပါမည်နည်း” “ငါသည် မြင်းမိုရ်တောင်ကိုရောက်လိုသောကြောင့် ခရီးထွက်လာခြင်းဖြစ်သည်” “မြင်းမိုရ်တောင်ဟာ လူသားတွေမရောက်နိုင်သော နေရာဖြစ်ပေတယ် အသင်မင်းကြီးသွားလျှင်လဲ မြင်းမိုရ်တောင်အားတွေ့မြင်ခွင့်ရမည်မဟုတ်ပေ” “အဘယ်သို့ကြံဆောင်ရမည်နည်း” “မြင်းမိုရ်တောင်ကိုတွေ့ခွင့်မရသော်လဲ ထိုနေရာမှအသံကိုကြားရသောနေရာအား ငါပို့ဆောင်ပေးမည်” “ကောင်းပါပြီ မရောက်နိုင်သော်လဲ အသံကြားရလျှင်ကျေနပ်ပါပြီ” ဟုပြောသဖြင့် သိကြားမင်းတန်ခိုးဖြင့် မြင်းမိုရ်တောင်၏အောက်ခြေအရောက်ပို့ပေး၏။၎င်းတို့ကိုပို့ဆောင်ပေးသောနေရာမှာ မြင်းမိုရ်တောင်၏ တောင်ဘက်ဖြစ်၏။ထိုနေရာတွင် ပတ္တမြားအညိုရောင်များတောက်ပသောကြောင့် ပါလာသူများမှာမျက်လုံးမဖွင့်နိုင်အောင်ဖြစ်ကြ၏။ သိကြားမင်းက အလောင်းစည်သူမင်းအားပြော၏။ “မင်းကြီးသင်ရောက်နေသောနေရာသည် မြငးမိုရ်တောင်၏တောင်ဘက်ခြမ်းဖြစ်ပေသည်။မျက်စိကိုပုဝါဖြင့်ကွယ်ထားပါ။ မကွယ်ပါက မြင်းမိုရ်တောင်မှထွက်လာသော အလင်းရောင်ထိကာ မျက်စိများပျက်စီးခြင်းသို့ရောက်ပါလိမ့်မည်။” “ကောင်းလှပေပြီ” “မြင်းမိုရ်တောင်၏ …

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (အပိုင်း-၁)

ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ ဖခင် ကွယ်လွန်သွားပါသည်။ ထို့ကြောင့် “ဖေ⁠ဖေဟာ ဘယ်လိုလူစားမျိုးပါလိမ့်”ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ဘဝလုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေ အထောက်အထားများကို ကျမ စတင်စုဆောင်း လေ့လာဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိစာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေခြင်း အထောက်အထားများကို အဓိကအခြေခံထားပါသည်။ အကြောင်းအရာနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့မိသားစုနှင့် ဖေဖေ့အား ကောင်းစွာသိကျွမ်းခဲ့သူများ ထံမှ သိရှိရသောအချက် အလက်များ အပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။ သွေးသားနီးကပ်စွာ တော်စပ်သူတဦး၏ အတ္ထုပ္ပတ္တိကိုရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဌာန်ကျ⁠ကျရေးနိုင်မည် မဟုတ်ဟု အစွပ်စွဲခံရနိုင်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရ ရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ်အပျက်၊ အတွေ့အကြုံများ၏ ဩဇာသက်ရောက်မှုမှ …

Bermuda တြိဂံနဲ့ချိတ်ဆက်နေတဲ့ စိတ်ဝင်စားဖွယ်ကောင်းပြီး ထိတ်လန့်စရာကောင်းတဲ့ သင်္ဘောကြီး

စိတ်ဝင်စားစရာ နဲ့ ထူးခြားဆန်းပြားတဲ့အရာတွေဟာ ဘယ်တော့မှဖြေရှင်းလို့မရတဲ့ အရာတွေထဲမှာ အမြဲပါဝင်လျက်ရှိပါတယ်။ ၂၅၅ပေရှည် ၄၄ပေကျယ်ပြီး အလေးချိန် ၁၈၇၉တန် အလေးချိန်ရှိပြီး ရွက်တိုင် ၂ခုပါတဲ့ ကုန်သင်္ဘောကြီးဟာ Bermuda Triangle နဲ့ချိတ်ဆက်လျက်ရှိပြီး Ghost Ship လို့အများကခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အဲ့သင်္ဘောကြီးဟာ အဲ့တြိဂံရဲ့အနီးအနားဝန်းကျင်မှာ သွားလာလျက်ရှိပြီး ဘယ်သူမှ အဲ့သင်္ဘောကြီးပေါ်ကို မတက်ရဲကြပါဘူး။ အဲ့သင်္ဘောကြီးကို ၁၉၁၉ခုနှစ်မှာ G.G Deering ဆိုတဲ့ Company ကတည်ဆောက်ခဲ့ပြီး ဆောက်လို့အပြီးမှာတော့ Company ပိုင်ရှင်က သူ့သားနာမည်ဖြစ်တဲ့ Carroll ဆိုပြီး သင်္ဘောကြီးကို နာမည်ပေးခဲ့ပါတယ်။ August လ 1921 ခုနှစ်မှာ သင်္ဘောကြီးဟာ သတ်မှတ်ရက်အတိုင်းကုန်ပစ္စည်းပို့ရန် Brazil သို့သွားရောက်ခဲ့ပါတယ်။ ထို့သို့သွားနေချိန်မှာပဲ သင်္ဘောကပ္ပတိန်းဟာ နေမကောင်းဖြစ်ခဲ့တာကြောင့် သူနေရာမှာ အစားထိုခဲ့ပါတယ်။ …

အသက် ၄၀မှာ ကင်ဆာဖြစ်ခဲ့ပေမယ့် ၁၀၆ နှစ်အထိ အသက်ရှင်ခဲ့သော လျှို့ဝှက်ချက်

ကင် ဆာ သ မားတွေနဲ့ ကင်ဆာသံသယရှိသူတွေ မစိုးရိမ်ကြပါနဲ့တော့။ တရုပ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူမအသက် ၄၀ အရွယ်မှာ ရင်သားကင်ဆာ စတင်ခဲ့ပေမယ့် ကမ္ဘာ့အလှပဆုံးအမျိုးသမီး ၁၀ ဦးထဲက တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့အပြင် အသက် ၁၀၆ နှစ်ထိ ကျန်းမာစွာနဲ့ နေထိုင်သွားနိုင်ခဲ့ပါတယ်။ “ဆောင်းမေ လင်း” ကို ၁၈၉၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်၊ ၁၉၄၉ ခုနှစ်မှာ ကမ္ဘာ့အလှပဆုံးအမျိုးသမီး ၁၀ ဦးထဲက တစ်ယောက်အဖြစ် အမေရိကန်အမျိုးသားအနုပညာအသင်းကြီးက မဲပေးခဲ့ပါတယ်။ သူမဟာ ဘာသာစကား ၆ မျိုးတတ်ကျွမ်းပြီး အမေရိကန်ကွန်ဂရက်မှာ စကားတက်ပြောခွင့်ရတဲ့ ပထမဦးဆုံး တရုပ်လူမျိုးလည်းဖြစ်ပါတယ် (ဂုဏ်ယူစရာပါ)။ သူမရဲ့ထက်မြက်မှု တစ်မူထူးခြားပြီး အရှေ့တိုင်းဆန်တဲ့ အလှအပတို့ကြောင့်လည်း ကမ္ဘာ့အလှဆုံး အမျိုးသမီးစာရင်းမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ …