Horror

သရဲခြောက်လွန်းလို့ လူတွေ စွန့်ပစ်ခဲ့ကြတဲ့ နေရာ ( ၃ ) ခု

မွေးရပ်မြေကို စွန့်ပစ်ခဲ့ရတဲ့ အကြောင်းအရင်းဆိုတာ အတော့်ကို ခိုင်မာမှသာ ဖြစ်ပါလိမ့်မယ်။ ကမ္ဘာအနှံ့မှာ ရှိတဲ့ နေရာအချို့ကိုအဲဒီမှာ နေထိုင်သူတွေက စွန့်ခွာခဲ့ကြတာတွေ ရှိပါတယ်။ ဒါကြောင့် ဒီတခါမှာ လူတွေ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး တဖြည်းဖြည်းနဲ့ ချောက်ချားစရာနေရာတွေ ဖြစ်လာတဲ့ နယ်နိမိတ်တွေကို ဖော်ပြပေးချင်ပါတယ်။ (၁) Sanzhi (ထိုင်ဝမ်) ဒီမြို့ကို တည်ဆောက်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ ကြွယ်ဝသူတွေအတွက် ဇိမ်ခံတဲ့ နေရာဖြစ်စေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဆောက်လုပ်ရေးလုပ်သားတွေ ဆက်တိုက် သေဆုံးမှုတွေ ဖြစ်ပွားတဲ့ အချိန်မှာတော့ ဒီဆောက်လုပ်ရေးကို ပိတ်လိုက်ရတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ ဆောက်လုပ်ရေး လုပ်သားတွေ အားလုံးဟာ ဆောက်လုပ်စ တိုက်တွေပေါ်က ပြုတ်ကျပြီး သေဆုံးရတာချည်း ဖြစ်လို့ ဒီနေရာကို အစိုးရက ပိတ်ပင်လိုက်တာပါ။အနီးအနားက နယ်ခံတွေကတော့ အဲဒီနေရာမှာ …

ညရောက်တာနဲ့ ကိုယ်ထင်ပြတဲ့ သရဲဖြစ်သွားသောဘုန်းကြီး ဦးနန္ဒ

သရဲဖြစ်သွားသောဘုန်းကြီး” ပေါက်ခေါင်းမြို့ နယ် ရွာတစ်ရွာက စာတတ်ပေတတ် ဘုန်းကြီး ဦးနန္ဒ တဲ့အသံကောင်း။ အပြောကောင်း။ အဟောကောင်း ဓမ္မကထိက တစ်ပါးဖြစ်လို့  ပေါက်ခေါင်းမြို့နယ်တ၀ိုက်သာရေး။နာရေး ကိစ္စတွေမှာ ပွဲတိုင်းကျော် ဖြစ်ခဲ့ပါတယ်။ပစ္စည်းလေးပါးပေါများရုံမကပဲ ၀တ္ထုကြေးငွေများပါ စုမိလာတော့ ဦးနန္ဒ တစ်ပါး သူခိုး ဓါးပြ ရန်ကိုကြောက်လာပါတယ်။ ဒါနဲ့ပဲ သပိတ်ကြီးတစ်လုံးမှာ ၀တ္ထုငွေတွေ အပြည့်ထည့်ပြီး သူ့ ကျောင်းလှေခါးအောက်မှာ မြေကျင်းတူးပြီးမြုပ်ထားလိုက်ပါတယ်။ သူခိုး ဓါးပြ ထက်နှစ်ဆ ဆိုးတဲ့ လောဘ ဆိုတဲ့ တရားဆိုးကြီး သူ့ သန္တာန် မှာရောက်လာပြီ ဆိုတာ သူ့ ခမျာ မသိရှာဘူး။ တနေ့  အသက်လေးဆယ်ကျော်မှာပဲ ဟောပြောရလွန်းလို့  ဖြစ်လာတဲ့လေနာရောဂါနဲ့ပဲ ပျံလွန်တော်မူခဲ့ပါ တယ်။ ရဟန်းတော်တစ်ပါးဖြစ်တဲ့အတွက် ပုံမှန်အတိုင်းဆိုရင် …

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ကျိုက်ထီးရိုးစေတီတော်ရဲ့ အံ့ဖွယ်(၉)ပါး

ကျိုက်ထီးရိုးစေတီတော် အံ့ဖွယ်(၉)ပါး မြတ်စွာဘုရား ဆံတော်မြတ်ကို မိမိဆံကျစ်၌် အမြဲကိုးကွယ်သော တိဿရသေ့ကြီး နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကို ဌာပနာ၍ ဘုရားတည်လိုသောအခါ သိကြားမင်းသည် ထိုရသေ့၏ ဦးခေါင်းနှင့်တူသော ကျောက်တုံးကြီးကို သမုဒ္ဒရာအတွင်းမှဆောင်ယူ၍ ကျိုက်ထီးရိုးကျောက်ဆောင်ထိပ်၌ ဘုရားတည်ရန် တင်ထားခြင်း။ ထိုကျောက်တုံးကြီးသည် ကျောက်တောင်စောင်းထိပ်၌ တည်ပါလျက် ငလျင်လှူပ်ခြင်းစသော အကြောင်းကြောင့် ရွေ့လျားခြင်း မရှိခြင်း။ထိုကျောက်တုံးကြီးပေါ်၌ ခက်ခဲစွာစေတီတည်ထားခြင်း။မြတ်စွာဘုရား၏ ဆံတော် ဌာပနာခြင်း။ကမ္ဘာပေါ်တွင် ကျိုက်ထီးရိုးစေတီနှင့်တူသော စေတီမရှိခြင်း။ဘုရားဖူးတို့သည်ခက်ခဲစွာ တောတောင်လျှိုမြောင်တို့ကို ဖြတ်ကျော်၍ တောင်တက်ဘုရားဖူးရခြင်း။ဘုရားဖူးတို့သည် ဖူးမ၀ဖြစ်၍ နောက်ထပ်လာရောက် ဖူးပါရစေဟု ဆုတောင်းခြင်း၊ အခေါက်များစွာ လာရောက်ဖူးမြော်ကြရခြင်း။ဘုရားဖူးတို့သည် ဘေးရန်အန္တရာယ်မရှိ၊ ကြည်နူးချမ်းသာခြင်း။နှစ်စဉ်မပျက် တောင်တက်ဘုရားဖူးများအဆင်းအတက် ဖွေးဖွေးရှိလျက်ရင်ပြင်တော်၌ ပြည့်ကြပ်များပြားခြင်း။ Credit_Original Uplaoder Unicode ကျိုက်ထီးရိုးစေတီတော် အံ့ဖွယ်(၉)ပါး မြတ်စွာဘုရား ဆံတော်မြတ်ကို မိမိဆံကျစ်၌် အမြဲကိုးကွယ်သော တိဿရသေ့ကြီး …

ထိုင်ဝမ်မှ Liu မိသားစုရဲ့ နောက်ကြောင်းရာဇဝင်တွေနဲ့ ကြောက်စရာကောင်းတဲ့ အပယ်ခံစံအိမ်ကြီး ….

ထိုင်ဝမ်မှ Liu မိသားစုရဲ့ နောက်ကြောင်းရာဇဝင်တွေနဲ့ ကြောက်စရာကောင်းတဲ့ အပယ်ခံ စံအိမ်ကြီး ရှေးဟောင်း Liu စံအိမ်တော်ကြီးဟာ ထိုင်ဝမ်ကျွန်းရဲ့ Minxiong မှာတော့ မသိသူ မရှိပါဘူး။ Minxiong သရဲအိမ်ကြီး လို့လည်း လူသိ များပြီး ထိုင်ဝမ်မှာ ရှိတဲ့ သရဲအခြောက်ဆုံး နေရာတွေလို့ တင်စား ခံထား ရတဲ့ နေရာတွေ ထဲက တခုပဲ ဖြစ်ပါတယ်။ ကျွန်းရဲ့ အနောက်တောင်ပိုင်းမှာ ရှိပြီး Chiayi အနီးမှာ ရှိတဲ့ ကျေးလက်ဒေသ တနေရာမှာ တည်ရှိပါတယ်။ အိမ်ကြီးဟာ အထပ် ၃ ထပ် ရှိပြီး အိုဟောင်းနေ ပေမယ့် သူ့ခေတ် သူ့အခါ ကတော့ သိပ်ကို နေချင့်စဖွယ် ရှိလှပြီး လူချမ်းသာ တို့ရဲ့ …

ဧရာဝတီမြစ်ထဲက ဈေးသင်္ဘောပေါ်မှာ ခြောက်တဲ့ သရဲ (ဖြစ်ရပ်မှန်)

ဧရာဝတီမြစ်ထဲက ဈေးသင်္ဘောပေါ်မှာ ခြောက်တဲ့ သရဲ (ဖြစ်ရပ်မှန်) ကျနော့်အကိုက ကျောင်းမပြီးခင် ကြင်ယာစုံတော့၊ကျနော့်မိဘတွေ ဒေါပွပြီး ဖြတ်လေးဖြတ်လုပ်ပါတော့တယ်၊ အဲဒါနဲ့ မောင်မင်းကြီးသားဘာလုပ်သလဲဆိုတော့ သူ့ယောက္ခမတွေနဲ့အတူ တက္ကသိုလ်ကျောင်းပိတ်ချိန်မှာ ဧရာဝတီမြစ်ထဲ ပြေးတဲ့ “ဈေးသင်္ဘော”နဲ့ ကုန်လိုက် ကူးပါတယ်။အောက်ပြည်အောက်ရွာ ဖြစ်တဲ့ဧရာဝတီတိုင်းထွက်တဲ့ ငါးပိ၊ငါးခြောက် တွေကို အထက်ဆီ သယ်၊ မြန်မာပြည် အပေါ်ပိုင်းကထွက်တဲ့ သနပ်ခါးတို့ပဲမျိုးစုံတို့၊ အညာထွက်တွေ စတာတွေကို အောက်ဖက် ပြန်သယ်ပါတယ်။ ဈေးသင်္ဘောပေါ်မှာ ဈေးသည်တွေ၊ ကုန်ပစ္စည်းတွေ အပြင် ဖဲဝိုင်းတွေ၊အရက်ရောင်းတဲ့ အရက်ဆိုင်တွေပါ ပေါ်လာ ပါ တယ်၊ တနေ့ကြတော့မြစ်လယ်ခေါင်ကနေ လူသေအလောင်း နှစ်လောင်း မျောလာပြီး သင်္ဘောနံဘေး မှာ ငြိပြီး လာကပ် ပါတော့တယ်၊ ဒါ ဘယ်က အလောင်းမှန်းလည်း မသိ၊ အမှုလာပတ်မှာ ကြောက်တဲ့ …

ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးစဉ်မှာ ခြောက်ခြားဖွယ်ရာတွေ ကြုံခဲ့ရသည့်. . သရဲခြောက်လွန်းလို့ စွန့်ပစ်ထားရတဲ့ ကမ္ဘာ့ ကြောက်စရာအကောင်းဆုံး ဆေးရုံကြီး (ဖြစ်ရပ်မှန်)

ယနေ့အချိန်မှာတော့ စင်္ကာပူဟာ တိုးတက်လာတဲ့ ကျွန်းနိုင်ငံလေးတစ်ခုပါ နောက်ပြီး ကမ္ဘာပေါ်မှာ အလျင်အမြန်တိုးတက်လာတဲ့နိုင်ငံတစ်ခုဆိုလည်း မမှားပါဘူး။ စင်္ကာပူလူမျိုး အများစု ကတော့ တရုတ်လူမျိုး ကနေ ဆင်းသက်လာတာလည်း သိပြီးလောက်ပါပြီ။ ၄င်းကျွန်းလေးဟာ အီကွေတာ ရဲ့ မြောက်ဘက် 85 မိုင် နှင့် အရှေ့တောင်အာရှ Malaysia Peninsula မလေးကျွန်းဆွယ်ရဲ့ တောင်ဘက်ယွန်းယွန်းလေးမှာ တည်ရှိနေပါသည်။ စိတ်မကောင်းစရာကတော့ ဟိုးအရင်ကဖြစ်ခဲ့ဖူးတဲ့ အတိတ်ဆိုး တွေကြောင့် ဒီနေ့သိပ္ပံခေတ်ကြီးမှာတောင် နေရာတော်တော်များများမှာ သရဲခြောက်တဲ့ ပြဿနာ ဖြစ်နေပါတယ် ။ သရဲခြောက်ပါတယ်ဆိုတဲ့နေရာထဲမှာမှ လူတော်တော်များများ အသိအမှတ်ပြုထားတဲ့ အဆောက်အဦးတစ်ခုက Old Changi Hospitalပဲ ဖြစ်ပါတယ်။ Old Changi Hospital ကို 1935 ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ဗြိတိသျှ အင်ပါယာ …

မုန်တိုင်းတိုက်တာတောင် နည်းနည်းလေးမှ မပျက်စီးပဲအကောင်းအတိုင်းကျန်ခဲ့တဲ့ သရဲခြောက်သောအိမ်ကြီး

ပရိသတ်ကြီးကို ဒီတစ်ခေါက် ထူးထူးဆန်းဆန်းဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ တစ်ကယ့်ကို မယုံနိုင်စရာကောင်းလောက်တဲ့ အဖြစ်အပျက်တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာလတုန်းက lke လို့အမည်ရတဲ့ အလွန်ပြင်းထန်သောသော အင်အားကြီးမုန်းတိုင်းတစ်ခုဟာ အမေရိကန်ကမ်းရိုးတန်းတစ်ခုကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် ထိုကမ်းရိုးတန်းတစ်ဝိုက်မှာရှိတဲ့ လူနေအိမ်တွေရော ။ သစ်ပင်တွေအကုန်လုံးပါ ရစရာမရှိအောင် စုတ်ပြတ်သပ်သွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ထိုအရပ်ဒေသမှာနေထိုင်သူတွေကို အံ့အားသင့်သွားစေခဲ့တဲ့ အချက်ကတော့ နှစ်ထပ်အိမ်တစ်လုံးဟာ ထူးထူးဆန်းဆန်း မပျက်စီးပဲ အကောင်းတိုင်း ကျန်ရှိနေတာပဲ ဖြစ်ပါတယ်။ သူရဲ့ ပတ်ပတ်လည်က အိမ်တွေ ပျက်စီးသွားပေမယ့်လည်း အာ့ဒီအိမ်တစ်လုံးပဲ မပျက်စီးပဲ တည်ရှိနေတာကတော့ အတော်လေးကို ထူးဆန်းတယ်လို့ပြောလို့ရပါတယ်။ နောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ ထိုအိမ်ကြီးဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်တုန်းက သရဲအလွန်ခြောက်တယ်လို့နာမည်ကြီးခဲ့တဲ့ အိမ်ကြီးလည်း …

နောင်ဘဝမှာ ဘုရားသခင်ကို လာဘ်ထိုးနိုင်ဖို့ သေတမ်းစာမှာ “ငွေတွေနဲ့အတူ မြေမြှပ်ပေးဖို့”တောင်းဆိုခဲ့သူ..

သေဆုံးခြင်းနဲ့ ပတ်သက်ပြီး ဘာသာဝင်တိုင်း အသီးသီး ခံယူချက်တွေ ရှိပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေကတော့ ကံကို ယုံကြည်ကြပြီး သေတဲ့အခါ ကိုယ့်နောက်မှာ ကိုယ်လုပ်ထားသမျှ ကောင်းမှု၊မကောင်းမှုကံတွေသာ သယ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြင်ပ ပိုင်ဆိုင်မှုနဲ့ ပစ္စည်းဥစ္စာတွေမှန်သမျှ သေလွန်ပြီးနောက် ယူသွားလို့ မရပါ။ ဒါ့အပြင့် ကိုယ့်ခန္ဓာ၊ ကိုယ့်ခြေ၊ ကိုယ့်လက်လို့ ထင်ရတဲ့ ကိုင်ပိုင်တယ်လို့ ထင်ရတဲ့ ခန္ဓာကိုယ်ကြီးကိုတောင် စွန့်ပစ်ပြီး၊ ဘ၀သစ်တစ်ခုကို ကုသိုလ်ကံ အကုသိုလ်ကံ အလိုအရ ပြောင်းရွှေကြရပါတယ်။ နိဗ္ဗာန်မရသရွေ့၊ ရဟန္တာမဖြစ်သရွေ့ကတော့ သံသရာမှာလည်နေရအုံးမှာပဲလို့ ဗုဒ္ဓဘာသာအနေဖြင့် ယူဆကြပေမယ့် တချို့ ဘာသာ ယုံကြည်မှု ရိုးရာအယူအဆတွေနဲ့ မတူကြတာတွေလည်း ရှိကြတဲ့အထဲမှာ ဒီအဖြစ်အပျက်တစ်ခုလည်း အပါအဝင် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ယုဂန်ဒါနိုင်ငံသား အသက် 52 အရွယ် နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ …

ထူးဆန်းခြောက်ခြားဖွယ် အိမ်ကြီးထဲသို့ ရောက်ရှိခဲ့တဲ့ စုံတွဲ ( ဖြစ်ရပ်မှန် ) ..!

* ငယ်ရွယ်တဲ့စုံတွဲတစ်တွဲဟာ သူတို့ရဲ့နှစ်ကိုယ်တူဘ၀လေးကို စတင်တည်ထောင်ဖို့ အိမ်တစ်လုံးငှားနေခဲ့ပါတယ်။ အဲ့ဒီအိမ်ကို ရောက်တဲ့အခါ မမျှော်လင့်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ဒီဖြစ်ရပ်လေးကတော့ ရုရှားမှာ ဖြစ်ပျက်ခဲ့တာပါ။ *** လွန်ခဲ့တဲ့ လပိုင်းလောက်က ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေး စေ့စပ်ခဲ့ကြပြီး ဘ၀သစ်ရဲ့ အတွေ့အကြုံတွေယူဖို့ နေရာသစ်တစ်ခုကို ကျွန်တော်တို့နှစ်ယောက် အတူ ပြောင်းရွှေ့နေထိုင်ခဲကြပါတယ်။ ကျွန်တော့်ဘ၀ရဲ့ပျော်ရွှင်မှုတွေက သူဖြစ်ပြီး သူ့ဘ၀ရဲ့ စိတ်ချမ်းသာပျော်ရွှင်မှကလည်း ကျွန်တော်လို့ဆိုရလောက်အောင် ကျွန်တော်တို့ နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြသူနှစ်ဦးပါ။ ကျွန်တော်တို့ ဘ၀သစ်အစ အိမ်သစ်လေးကို ပြောင်းရွှေ့လာတဲ့နှစ်ပတ်အတွင်းမှာ အရာရာဟာ ပျော်ရွှင်စရာ အပြည့်နဲ့ပါပဲ။ အဲ့ဒီ နှစ်ပတ်နောက်ပိုင်းမှာ ကျွန်တော့်အမျိုးသမီးရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကို ကျွန်တော်သတိထားမိလာပါတယ်။ သူမ ကျွန်တော့်ကို မျက်စိအောက်က အပျောက်မခံဘဲ ကျွန်တော့်နားမှာပဲ အမြဲကပ်နေတတ်ပါတယ်။ တစ်ညနေမှာတော့ သူမ …