သရဲ

ဖားအောက်တောရဆရာတော်ကြီး မိန့် တဲ့ အိမ်တစ်အိမ်မှာ စီးပွားရေးတွေပြေလည်နေရတဲ့ အကြောင်းအရင်း

အိမ်တစ်အိမ်မှာ စီးပွားရေးတွေပြေလည်ပြီး စားဝတ်နေရေးတွေ ပြေလည်နေကြပြီဆိုကြပါတော့။ အိမ်သူအိမ်သားအားလုံးက ၁။ သူ့အသက်လည်း ဘယ်သူမှမသတ်ဘူး၊ ၂။ သူ့ပစ္စည်းလည်းဘယ်သူမှ မတရားမယူကြဘူး၊ ၃။ ကာမေသုမိစ္ဆာခေါ်တဲ့ မှားယွင်းတဲ့ အကျင့်တွေလည်း ဘယ်သူမှ မကျင့်ကြဘူး၊ ကိုယ်ကျင့်တရား သိပ်ကောင်းကြတယ်။ ၄။ မုသားလည်းမပြောကြဘူး၊ ၅။ မူးယစ်ဆေးဝါးလည်း သုံးစွဲတဲ့သူ အိမ်သူအိမ်သားထဲ တစ်ယောက်မှမရှိဘူး၊ ဒီလိုဆိုရင် အိမ်သူအိမ်သားတွေဟာ တစ်ဦးနဲ့တစ်ဦးကြည်နူးပြီး ချမ်းချမ်းသာသာ မနေရဘူးလား။ နေကြရတယ်။ အိမ်တစ်အိမ်မှာ ချမ်းသာသလို ရွာတစ်ရွာကိုလှမ်းကြည့်လိုက်၊ ငါးပါးသီလနဲ့ပြည့်စုံကြတယ်။ ဒီလိုဆို ဒီကျေးရွာဟာ အမြဲအိမ်တံခါးဖွင့်ထားလို့ မရနိုင်ဘူးလား။ ရနိုင်ပါတယ်။ နောက်တစ်ခု မြို့တစ်မြို့ရှိ မြို့သူမြို့သားအားလုံး ငါးပါးသီလနဲ့ ပြည့်စုံကြတယ်။ ဒီလိုဆိုရင် ဒီမြို့ချမ်းသာမလား ဆင်းရဲမလား၊ ချမ်းချမ်းသာသာ နေကြရမယ်နော်။ တိုင်းပြည်တစ်ခုမှာလည်း ဒီလို ငါးပါးသီလနဲ့ ပြည့်စုံကြတယ်ဆိုရင် …

သူနာပြုဆရာမတွေ ပြောပြတဲ့ ဆေးရုံတွေထဲက သရဲတစ္ဆေများအကြောင်း (ဖြစ်ရပ်မှန်များ)

(Zawgyiဖြင့် ဖတ်ရန်) လူစည်ကားလွန်းတဲ့ ဆေးရုံဆေးခန်းတွေမှာ သရဲတစ္ဆေတွေ သောင်းကျန်းတယ်ဆိုတာ တကယ်ဖြစ်နိုင်ပါတယ်။ လက်တွေ့ကြုံခဲ့တဲ့ သူနာပြုဆရာမလေးတွေရဲ့ စိတ်ဝင်စားဖွယ်ရာ ဖွင့်ဟချက်လေးတွေ ရှိလာခဲ့ပါတယ်။ ဒီအကြောင်းကို nursebuff က စုစည်းတင်ပြထားတာကို ကိုးကားထားပါတယ်။ (၁) သူနာပြုဆရာမလေး Kathey သူနာပြုဆရာမလေး Kathey ဟာ အလုပ်သင်သူနာပြုအဖြစ်နဲ့ သူမ ဇာတိနဲ့အလှမ်းကွာလှတဲ့ နယ်ဆေးရုံတစ်ခုမှာ တာဝန်ကျခဲ့ပါတယ်။ တစ်ညမှာတော့ သူမဟာ လူနာအသုံးဆောင်ပစ္စည်းတွေ ထားတဲ့အခန်းမှာ တစ်ယောက်တည်း သွားစဉ် ဘယ်သူမှမရှိပါဘဲ “ကောင်းချီးပေးပါစေ “ဆိုတဲ့ အသံကို ကြားလိုက်ရပါသတဲ့။ ဒါနဲ့ သူမဟာ အလွန်တှုန်လှုပ်သွားပြီး နောက်ထပ်အသံတစ်ခု ကြားလိုက်ရပါတယ်။ ” ငါတို့ အဖဟာ ကောင်းကင်ဘုံမှာ “လို့ ဆိုတဲ့အသံပါ။ သူမဟာ အခန်းထဲကနေ အမြန်ပြေးထွက်ပြီး လုပ်ဖော်ကိုင်ဘက်တွေကို ဒီအကြောင်း …