ဝမ်းနည်းမှတ်တမ်း

ကျဆုံးသွားပြီဖြစ်တဲ့ ဆေးတပ်သား ဆရာဝန်လေးရဲ့ ကြေကွဲဖွယ် ကဗျာ တစ်ပုဒ် …

ဂု ဏ်သတ္တိမပြည့်တဲ့ သုတ်ပိုးတွေဖလှယ်ပြီး မွေးကတည်းက လူဖြစ်ဖို့တစ်ဆင့်လိုနေတဲ့ သန္ဓေကြောင်တွေရဲ့ပေါ်ပြူလာအနုပညာခွေးဝဲစား သတင်းတွေကို ခဏကျော်ခွပြီး အောက်ကကဗျာလေးကို တစ်လုံးစီ တစ်ကြောင်းစီ ဆုံးတဲ့အထိ ဖတ်ပေးပါလား” ဆိုပြီး အဆိုတော် လင်းလင်းက ပြန်လည်မျှဝေထားတဲ့ ဆေးတပ်သားလေးရဲ့ ကဗျာ လေး ပါ ကျဆုံးသွားပြီဖြစ်တဲ့ ဆေးတပ်သား ဆရာဝန်လေးရဲ့ ကဗျာ တဲ့ဗျာ။ ကဗျာကိုဆုံးတဲ့အထိ မာန်တင်းပြီးဖတ်ရတယ်။အရမ်းလဲ ဝမ်းနည်းရပါတယ်။ *** ပုံရော စာရော မူရင်းကို ခရက်ဒစ်ပေးပါတယ် ခင်မျာ*** ””သတ္တမမြောက် သုဒ္ဓကိန်းတစ်လုံး “” ခန္တာကိုယ်မှာ အရှက်လုံရုံ အဝတ်တစ်စုံ ဖုံးထားတယ် ….ကိုယ့်အသက်အတွက် လက်တစ်ဖက်မှာ သေနတ်တစ်လက်…. ကျောထက်မှာ အိုးစားဖက်တွေ အတွက် အသက်ရှင်ရေး မျှော်လင့်ချက်တွေ စုပြုံထမ်းပိုး ပြီး ခြေတစ်လှမ်း လှမ်းလိုက်တယ် ပင်လယ်ရေမျက်နှာပြင်အထက် …

ဆေးအသုံးလွန်ပြီး အိပ်ရာထဲမှာပဲ ဖက်လျက်သေဆုံးနေခဲ့တဲ့ စုံတွဲ

မစ်ရှဲလ်အဗီလာနဲ့ ခရစ်ရှန်ကန့်တို့ဟာ ကယ်လီဖိုးနီးယားပြည်နယ် နယူးပေါ့တ်ဘိခ်ျမြို့မှာ ကြီးပြင်းလာခဲ့သူတွေ ဖြစ်ပါတယ်။ တစ်မနက်မှာတော့ မစ်ရှဲလ်နဲ့ ခရစ်ရှန်တို့စုံတွဲရဲ့ အလောင်းကို မိသားစုဝင်တွေဟာ မစ်ရှဲလ်ရဲ့ အခန်းအိပ်ရာထဲမှာ အတူယှဉ်တွဲပြီး သေဆုံးနေတာ တွေ့ခဲ့ကြပါတယ်။ နှစ်ယောက်စလုံးဟာ ဆေးအလွန်အကျွံသုံးစွဲပြီး သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။ မစ်ရှဲလ်ဟာ သေဆုံးချိန်မှာ အသက်(၂၃) နှစ်သာ ရှိသေးပြီး ခရစ်ရှန်ကတော့ အသက်(၂၀) ပါ။ မမျှော်လင့်ပဲ အရာရာပြီးပြည့်စုံပြီး ပျော်ရွှင်လျက်ရှိနေတဲ့ စုံတွဲဟာ ရုတ်တရုတ်ကြီး သေဆုံးသွားတဲ့အတွက် မိသားစုဝင်တွေကတော့ နှမြောတသဖြစ်လျက် ရှိနေပါတယ်။ အောက်တိုဘာ(၁၄) ရက်နေ့ ညပိုင်း သူတို့မသေဆုံးခင်အချိန်မှာ မစ်ရှဲလ်တို့စုံတွဲဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ပါတီပွဲမှာ ရောက်ရှိနေခဲ့ပါတယ်။ နှစ်ယောက်စလုံးဟာ အအေးမိနေတာကြောင့် ထိုညမှာ ပဋိဇီဝဆေးတွေလည်း သောက်ခဲ့ကြပါသေးတယ်။ ပါတီပွဲပြီးလို့ အိမ်ပြန်လာတဲ့အခါမှာတော့ ညပိုင်း(၁၂း၃၀) လောက် ဖြစ်နေပါပြီ။ …

လူထောင်ချီရှိနေတဲ့ ဘောလုံးကွင်းအလယ်မှာ ကစားနေရင်း လဲကျပြီး ချက်ချင်း သေဆုံးသွားကြတဲ့ ကမ္ဘာ့ကျော်ဘောလုံသမားကြီးများ

သေခြင်းတရားဆိုတာ လူတွေမြန်ပါတယ်ပြောကြတဲ့ အမြန်ဆုံးကားတွေ တရွေ့ရွေ့ကုန်ဆုံးသွားတဲ့ အချိန်ထက်တောင် မြန်ဆန်တာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ တကယ်ဖြစ်ပျတ်သွားမှ အမှန်တယ်ဆိုတာ သိကြပါတယ်။ အားကစားသမားတွေလဲ အားကစားလုပ်လို့ အသက်ရှည်ကျန်းမာတယ်ဆိုတာ သိပ်တော့မမှန်ပါဘူး။ တစ်ချို့ဘောလုံသမားတွေဆို ဘောလုံကစားနေရင်းနဲ့တောင် သေဆုံးသွားတတ်တာတွေရရှိတတ်ပါတယ်။ ကမ္ဘာ့ကျော်ဘောလုံသမားကြီးတွေလဲ လူထောင်ချီရှိနေတဲ့ ဘောလုံးကွင်းအလယ်မှာသူတို့အမြတ်တနိုး ချစ်ခင်ရတဲ့ ဘောလုံးကို ကိုယ်တိုင် ကစားနေရင်း လဲကျပြီး ချက်ချင်း သေဆုံးသွားကြပါတယ်။ ချစ်ပရိသတ်တွေအတွက် ကျန်းကျန်းမာမာနဲ့ ဘောလုံးကစားနေရင်း လဲကျပြီး သေဆုံးသွားကြတဲ့ ကမ္ဘာ့ကျော်ဘောလုံသမားကြီးတွေရဲက ဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်။ အခုလိုဖော်ပြပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်အနားမှာ ရှိတဲ့လူတွေလဲ ကိုယ်ကို ဘယ်အချိန်မှ ခွဲခွာသွားမယ်ဆိုတာ မသိတာကြောင့် လူတိုင်းကို စေတနာနဲ့ ဖော်ဖော်ရွေရွေဆက်ဆံတတ်စေဖို့ပဲဖြစ်ပါတယ်။source: the sun credit – Myanmarload Unicode သေခြင်းတရားဆိုတာ လူတွေမြန်ပါတယ်ပြောကြတဲ့ အမြန်ဆုံးကားတွေ …

ကမ္ဘာကျော်သွားခဲ့တဲ့ ဓာတ်ပုံတစ်ပုံ (သို့) ရင်နင့်ဖွယ် ဖြစ်ရပ်မှန်တစ်ခုအကြောင်း

၁၉၈၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ ကိုလံဘီယာမှာရှိတဲ့ နီဗာဒို ဒယ်လ်ရဇ် (Nevado del Ruiz ) မီးတောင်ပေါက်ကွဲမှုဖြစ်တော့ ကျောက်ရည်ချော်ပူရည်တွေဟာ ရွာပေါင်း ၁၃ ရွာနဲ့ လူ အသက်ပေါင်း ၂၃၀၀၀ ကျော်ကို ပျက်ကြွေစေခဲ့တယ်။ ဒီမီးတောင်က ချော်ရည်က လာဗား (lava)လို့ခေါ်တဲ့ ကျောက်ရည်ပူ အမျိုးအစား မဟုတ်ပဲ လာဟာ (lahar) လို့ခေါ်တဲ့ ရွှံ့ရောကျောက်ရည်တွေဖြစ်ပြီး အင်မတန်မြန်ဆန်တဲ့အရှိန်နဲ့ အလွာလိုက် တဟုန်ထိုးဆင်းလာတာဖြစ်တယ်။အဲဒီ ရွှံ့လွှာကြီးဖြတ်အသွားမှာ အပြင်ဘက်က ဆောင်းရာသီ ရေခဲမှုန်တွေနဲ့ တွေ့ပြီး ကျောက်ရည်တွေဟာ သက်ရှိသက်မဲ့ အကုန်ကို ကွန်ကရိနဲ့မံထားသလို အေးခဲသွားစေတယ်။ အဲဒီထဲက အပြစ်မဲ့ သားကောင် တစ်ဦးဖြစ်တဲ့ အသက် ၁၃နစ်အရွယ် Omayra Sánchez Garzón …

မိသားစုကို မီးဘေးက ကယ်တင်နိုင်ခဲ့ပေမယ့် ကိုယ်တိုင် မီးခိုး မွှန်ကာ သေဆုံးခဲ့ရှာတဲ့ကလေးငယ်

ကလေးငယ်တစ်ဦးဟာ မိခင်နဲ့ညီမဖြစ်သူကို မီးလောင်သေမယ့်ဘေးကနေကယ်တင်ခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက ကလေးငယ်ဟာ အကြောက်လွန်ပြီး သူ့အိပ်ခန်းဆီပြန်ပြေးအသွား မီးခိုးမွှန်ကာသေဆုံးခဲ့တယ်လို့သိရပါတယ်။ ကလေးငယ်ရဲ့မိခင်ကတော့ အသက်(၂၆)နှစ်အရွယ် ၀ှစ်တနေဂျွန်ဆင်ဖြစ်ပါတယ်။ သူမက အသက်(၂)နှစ်အရွယ်သားလေး ဒီဂျေနဲ့ (၅)လသမီးအရွယ် နိုင်လာတို့နဲ့အတူ ဆိုဖာပေါ်မှာ အိပ်မောကျနေခဲ့တာဖြစ်ပါတယ်။ ထိုအချိန်မှာပဲ အိမ်တွင်းမှာတပ်ဆင်ထားတဲ့ အပူပေးကိရိယာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ မီးခိုးအချက်ပြတဲ့စက်က အလုပ်မလုပ်တော့တာကြောင့် မီးလောင်နေမှန်းမသိခဲ့ကြပါဘူး။ ဒါပေမယ့် ဒီဂျေက နိုးလာပြီး မိခင်ဖြစ်သူကို အော်ခေါ်နေခဲ့ပါတယ်။ ၀ှစ်တနေလည်း နိုးလာခဲ့ပြီး ဒီဂျေရဲ့လက်ကိုဆွဲ၊ နိုင်လာကိုပွေ့ချီပြီး အိမ်ရှေ့တံခါးပေါက်ကနေ အပြင်ပြေးထွက်ဖို့ကြိုးစားခဲ့ပါတယ်။ ၀ှစ်တနေက တံခါးပေါက်က သော့ကိုလှည့်ပြီးဖွင့်ဖို့လုပ်နေတုန်း ဒီဂျေကိုလက်ကခဏလွှတ်ထားခဲ့ရာမှာ ဒီဂျေဟာ အကြောက်လွန်ပြီး ငိုယိုကာသူ့ရဲ့ အိပ်ခန်းထဲကိုပြန်ပြေးဝင်သွားခဲ့ပါတယ်။ ၀ှစ်တနေက မီးခိုးငွေ့တွေကြားထဲ ငိုပြီးအိမ်ထဲပြေးဝင်သွားတဲ့ ဒီဂျေနောက်ကိုလိုက်ဖို့ စဉ်းစားခဲ့ပေမယ့် နာလာရဲ့ဦးရေခွံတွေဟာ မီးလောင်နေပြီဖြစ်တာကြောင့် ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ရပါတယ်။ ဒီဂျေကိုချက်ခြင်းသွားမခေါ်တော့ပဲ …

နောက်ဆုံးအချိန် မတိုင်ခင်လေးမှာ ရိုက်ယူခဲ့မိတဲ့ ဓာတ်ပုံလေးများ

သေခြင်းတရား ဆိုတာ နေရာတိုင်းမှာ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ယုံကြည်ဖို့ ခက်ခဲကြတယ်။ ဘာကြောင့် ခက်ခဲသလဲ ဆိုရင် နေ့ရက်တိုင်းကို ပျော်ရွှင်မှုတွေ၊ စိတ်ဆိုး ဒေါသတွေ၊ ပူပန်မှုတွေ၊ စိတ်ချမ်းသာမှု တွေနဲ့ ခံစားရင်း ဖြတ်သန်းနေကြတဲ့ အတွက် သေခြင်းတရား ကိုတစ်ခါတစ်လေမှာ မေ့လျော့နေ တတ်တယ်။ သေခြင်း ဆိုတာ ကျွန်တော်တို့နားမှာ အမြဲတမ်း တရစ် ဝဲဝဲနေတယ်တယ် ဆိုတာ ဒီပုံလေးတွေ ကြည့်ရင် ရှင်းသွား ပါလိမ့်မယ်။ (၁) ရှီနီယာ အစ်ဂ်နာတီဗာ ဆိုတဲ့ ၁၇ နှစ်အရွယ် ရုရှားသူလေးဟာ သူများတွေထက် ထူးပြီး အန္တရာယ်များတဲ့ အခြေအနေတွေမှာ ဆယ်လ်ဖီ ရိုက်ရတာကို နှစ်သက်သူပါ ။ ပုံထဲမှာတော့ သူမဟာ မြေပေါ်ကနေ …

ခိုတွေကြောင့် ဆုံးပါးသွားတဲ့ မောင်သူရအောင် ( ၆ နှစ် )

ဒီနေ့မနက်မှာပဲ မိတ်ဆွေတယောက်ရဲ့(၆)နှစ်သား ကလေးငယ်လေး ရက်လည်ဆွမ်းကျွေးသွားဖြစ်တယ် ကလေးက ရုတ်တရက်ကြီးလို ရေချိုးနောက်ကျရာက အပြင်းဖျား ဆေးရုံရောက်တယ်လေ အဲ့ကနေနောက်တရက်ပဲ ဆုံးသွားရှာတယ် နောက် သိလိုက်ရတာ ဦးနှောက်အမြှေးရောင်တာတဲ့ ဘာကြောင့်ဖြစ်မှန်းမသိ မိဘတွေမှာ..ဇဝေဇဝါပေါ့ ရုတ်တရက်ဘာဖြစ်ပါလိမ့်ပေါ့ ကလေးဆေးရုံက ဆရာဝန်ကြီးကမေးတယ် ခင်ဗျားတို့ အိမ်မှာ ငှက်တွေများမွေးသလားပေါ့.. မမွေးပါဘူးပေါ့..မိဘတွေကလည်း ဘာလို့လဲဆရာဆိုတော့ ကလေးမှာဘက်တီးရီးယားတွေကူးစက်ခံထားရတယ် အတွင်းကလီစာတွေလည်းထိခိုက်ထားတယ် တဲ့လေ နောက်မှ..သူ့အဖေက စဉ်းစားလာမိတယ် အားပါးပါး… နေနေတဲ့ တိုက်ခန်း(၄)လွှာဝရံတာ မျက်နှာကြက်အမိုးအောက်မှာ ခိုတွေ..ခိုတွေ.. အသိုက်ဖွဲ့နေကြတာ မြင်မကောင်းဘူး ခိုချေးတွေက လက်ရန်းဘောင်တွေမှာ နင်းကြမ်း.. နေလာတာ (၂)နှစ်ကျော်ပြီတဲ့လေ.. ကလေးက ခနခန ခေါင်းကိုက်တယ် ဗိုက်နာတယ်ပြောပါတယ် မိဘတွေက ကျောင်းမတတ်ချင်လီု့ ဂဂျီဂဂျောင်လုပ်တယ်ထင်နေခဲ့တာလေ..အခုမှ သိတော့တယ် ကလေးက သူဖြစ်နေတာကို သူ မပြောပြတတ်တာကိုး စိတ်မကောင်းဖြစ်မိသလို နောက်ထပ်လည်းမဖြစ်စေရအောင် …

လူနာ ကုတင်နံပါတ် (၁၉)

*လူနာ ကုတင်နံပါတ် (၁၉)* အေအိုင်ဒီအက်စ် ရောဂါသည်တစ်ဦး သားဖွားဆောင်ထဲ ရောက်နေတယ်ဆိုတဲ့ သတင်းက အိုးပူပူထဲ ပေါက်ပေါက် ထည့်ဖောက်လိုက်သလို သားဖွားဆောင်တစ်ခုလုံး ချက်ချင်းပေါက်ကွဲသွားခဲ့တယ်။ အစည်းအဝေးတုန်းက ဆေးရုံအုပ်ရှေ့မှာ ဘာမှမဟရဲခဲ့ကြပေမယ့် အစည်းအဝေးအပြီးမှာ နပ်စ်တွေက အချင်းချင်းဝိုင်းအုံဖွဲ့ကြပြီး “ရောဂါကူးခဲ့ရင် ဘယ်သူတာဝန်ယူမလဲ?” လို့ငြင်းခုံခဲ့ကြတယ်။ ဆရာဝန်တစ်ချို့ကတောင် “လူနာသုံးတဲ့ ခွဲစိပ်ကိရိယာတွေ၊ အိပ်ရာခင်းတွေကတစ်ဆင့် တစ်ခြားလူနာတွေကို ပြန်ကူးစက်ရင် ဘယ်လိုလုပ်မလဲ?” လို့ ညည်းတွားနေကြတယ်။ ညည်းခဲ့ ငြင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လူနာနေဖို့ အခန်းကိုစီစဉ်ခဲ့ကြရတယ်။ ဆေးရုံအုပ်ကြီးကိုယ်တိုင် လူနာအတွက် စပ္ပါယ်ရှယ်အခန်းက ကုတင် နံပါတ် (၁၉)ကို ရွေးပေးခဲ့တယ်။ လာဘ်နံပါတ်လို့ ပြောပါတယ်။ နပ်စ်မှူး တာဝန်ခွဲတော့ ကုတင် (၁၉)က လူနာကို ဘယ်သူမှသွားမကြည့်ချင်ခဲ့ကြဘူး။ နောက်ဆုံး ကျောင်းပြီးတာ သုံးလတောင်မပြည့်သေးတဲ့ ကျွန်မ …

နောက်ဆုံးအချိန် မတိုင်ခင် ( ၁၃ ) မိနစ်အလို . . . . .(ရုပ်သံ ကြည့်ရန်) . .

(Zawgyiဖြင့် ဖတ်ရန်) ခါတိုင်းနေ့တွေလိုပါပဲ။ ဒီနေ့က ရာသီဥတုလေး တော်တော်ကောင်းတယ်။ ကောင်းကင်မှာ တိမ်လေးနည်းနည်းရှိနေတာကလွဲလို့ မနက်ခြောက်နာရီရဲ့ ရှုခင်းလေးဟာ တော်တော်လှတာပဲ။ ခရီးသည်တွေနေရာယူတယ်။ လေယာဉ်မှုးတွေရဲ့ before took off announcement ကြေငြာသံကြားရတယ်။ Cabin Crew တွေက safety briefing ပေးတယ်။ အားလုံးအပြီးမှာတော့ Lion Air လေကြောင်းလိုင်းအမှတ်စဉ် ( ၆၁၀ ) ဟာ ဂျာကာတာလေဆိပ်ကနေ ပျံတက်သွားပါတယ်။ လေယာဉ်တစ်စီးလုံး လေထဲရောက်တဲ့အချိန် တစ်ခုခုတော့မှားယွင်းနေပြီဆိုတာ ပိုင်းလော့တွေသတိထားမိကြတယ်။ ထိန်းချုပ်ရေးစခန်း ခလုတ်ခုံတွေကနေ အသံတွေမြည်လာတယ်။ ထိန်းချုပ်ရေးလက်ကိုင်တစ်ခုလုံး လှုပ်ယမ်းလာတယ်။ ဒါဟာ လေယာဉ်တစ်ခုလုံးအတွက် အရေးပေါ်အခြေအနေ ( Critical Condition ) ဆိုတဲ့သတိပေးချက်ပါပဲ။ လေယာဉ်က အပေါ်ကိုထောင်တက်နေတယ်။ ဒါပေမယ့် အမြင့်ပေတွေ၊ …