Korea

Myanmar Idoမှာ အန်ကယ်မပါတော့ ပွဲလေးဆူသွားအောင် သူ့ရဲ့ဖက်ရှင်နဲ့ ကူညီချင်တယ်ဆိုတဲ့ ကျော်ကျော်နန္ဒ

ဆန်းပြားတဲ့ ဖက်ရှင်တွေနဲ့ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ တေးသံရှင် ကျော်ကျော်နန္ဒက လက်ရှိမှာတော့ နာမည်ကြီး ဆယ်လီတစ်ဦး ဖြစ်လို့နေပါပြီ။ အနုပညာလောကမှာ (၁၀) စုနှစ် တစ်ခုစာ ရပ်တည်နိုင်ခဲ့တဲ့ ကျော်ကျော်နန္ဒက လက်ရှိမှာတော့ တီဗီဇာတ်လမ်းတွဲတွေကိုပါ ရိုက်ကူးနေနိုင်ပြီ ဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေကိုလည်း လက်မလည်အောင် တက်ရောက်ပေးနေရတဲ့ ကျော်ကျော်နန္ဒက သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်နေရရင် ပျော်နေသူပဲ ဖြစ်ပါတယ်။ မကြာခင်မှာ ကျင်းပပြုလုပ်တော့မယ့် Myanmar Idol Season 4 ပြိုင်ပွဲကြီးအတွက် တစ်နိုင်ငံလုံးက ပရိသတ်တွေ စိတ်ဝင်စားနေကြသလို ကျော်ကျော်န္ဒလည်း စိတ်လှုပ်ရှားနေကြတဲ့ ပုံပါပဲ။ ကျော်ကျော်နန္ဒက Myanmar Idol Season 4 ပြိုင်ပွဲကြီးနဲ့ ပက်သတ်ပြီး သူ့ရဲ့ ဆန္ဒကို အခုလိုပဲ ပြောထားပါတယ်။ “စောင့်မျှော်နေပါပြီ …

အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့သို့ လူငယ်များကို ဖိတ်ခေါ်သော်လည်း မလုပ်နိုင်ဟု ဦးဇင်ဝိုင်းပြော

အကယ်ဒမီဆုရွေးချယ် ရေးအဖွဲ့သို့ လူငယ်များကို ဖိတ် ခေါ်ခဲ့သော်လည်း မလုပ်နိုင်ကြ ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြား သည်။ ယခုနှစ်တွင် ကျင်းပသည့် ၂၀၁၈ အကယ်ဒမီပေးပွဲအတွက် ‘အကယ်ဒမီအကဲဖြတ်အဖွဲ့’ ဖွဲ့စည်းရန် ကနဦးကတည်းက လူကြီး၊ လူငယ်မရွေး ဖိတ်ကြားပြီး ပါဝင်စေချင်ခဲ့ကြောင်း ဦးဇင်ဝိုင်း က မတ်လ ၂၄ ရက် ည အကယ်ဒမီဂုဏ်ပြုညစာစားပွဲတွင် ပြော ကြားခဲ့သည်။ဆုရွေးချယ်ရေးအဖွဲ့ဝင်များ သည် အကယ်ဒမီပေးမည့် ဇာတ် ကားများကို ရက်ပေါင်း ၁၀၀ အတွင်း ကြည့်ရှုရသည်။ ထို့အတွက်လည်း ငွေကြေးရရှိခြင်းမရှိပေ။ ‘‘လူငယ်များကို အထူးသဖြင့် ဖိတ်ကြားပါတယ်။ ဖိတ်ကြားတဲ့အခါမှာ လူငယ်များက မလုပ်နိုင်ကြပါဘူး။ လူငယ်များက လက်ရှိအခြေအနေမှာ အလုပ် လုပ်နေတဲ့သူများ ဖြစ်ပါတယ်။ ဒါ ရက်ပေါင်း …

ကိုရီးယားအမျိုးသမီးအားလုံးနီးပါးက အိမ်ထောင်ဘက်ရွေးရာတွင် ကြွယ်ဝချမ်းသာမှုကို အဓိကထားကြောင်း စစ်တမ်းအရ သိရ

အိမ်ထောင်ဘက်ရွေးရာတွင် ကြွယ် ၀မှုသည် အရေးကြီးသည်ဟု တောင်ကိုရီးယားအမျိုးသမီးများအနက် ၉၂ ဒသမ ၇ ရာခိုင်နှုန်းက ထင်မြင်ယူဆကြောင်း ကို ရီးယားကျန်းမာရေးနှင့်လူမှုရေးရာအဖွဲ့အစည်းက ပြုစုထုတ်ပြန်လိုက်သည့် စစ် တမ်းက ဆိုသည်။ ယင်းအဖွဲ့သည် အ သက် ၂၀ မှ ၄၄ နှစ်အတွင်း လူပျိုပေါင်း ၁၁၄၀ နှင့် အပျိုပေါင်း ၁၃၂၄ ဦး၏ သ ဘောထားများကို မေးမြန်းကာ စစ်တမ်းပြု စုထားခြင်းဖြစ်သည်။ ထိုအခါ အမျိုးသမီး အများစု၏သဘောထားမှာ ယင်းသို့ထွက် လာသည်။ သို့သော် ဖြေဆိုသူအမျိုးသား များအနက် အိမ်ထောင်ဘက်၏ ကြွယ်ဝမှု သည်အရေးကြီးသည့်အခန်းကဏ္ဍမှ ပါ ဝင်သည်ဟု ဖြေဆိုသူပေါင်း ၅၃ ရာခိုင် နှုန်းသာရှိသည်။ အမျိုးသားများက အိမ် ထောင်ဘက်ရွေးရာတွင် အကျင့်စရိုက်၊ …