movie

ဝက်ဝက်ကွဲအောင် ရယ်နေရတဲ့”ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇတ်ကားကြီးရဲ့ နမူနာဗီဒီယို

လတ်တလော ပရိသတ်တွေ အရမ်းစိတ်ဝင်စားနေကြတဲ့ “ကျားကျားကြိုက်ကြီုက်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဝါရင့် မင်းသမီးတွေ မပါဝင်တာရော မထက်၊ ညီညီမောင်စမ်းချောင်း၊လင်းလင်းနဲ့ မကြီးစန်းတို့လေးဦးကြောင့် ပိုပြီး နာမည်ကြီးနေတာပါ။ ဒီနေ့လေးမှာတော့ “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယိုကတော့ ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ နမူနာဗီဒီယိုနဲ့တင် အူတက်အောင် ရယ်နေရတဲ့ “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ကိုတော့ ပရိသတ်တွေက အရမ်းကို စောင့်မျှော်နေကြတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ပါးစပ်မစေ့နိုင်အောင် ရယ်နေရတဲ့ “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇတ်ကားကြီးရဲ့ နမူနာဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်နော်။ ကျားကျားကြိုက်ကြိုက် (ဟာသရုပ်ရှင်ဇာတ်ကား)ကြီးထဲမှာတော့ မြင့်မြတ်၊ မင်းမော်ကွန်း၊ ခင်စန်းဝင်း၊ သုသု၊ လင်းလင်း၊ မထက်၊ တက္ကသိုလ်ဂွမ်းပုံ၊ ကေညီ၊ အုန်းသီး ချက်ကြီး ဖိုးသဲ တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပြီး၊ ဧည့်သည်သရုပ်ဆောင် တွေအနေနဲ့ ထက်ထက်ထွန်း …

မြင့်မြတ်ကို သင်ဇာဝင့်ကျော်၊ အိချောပိုနဲ့ မေမြင့်မိုရ်တို့ အပြိုင်လုကြမယ့် “အချစ်ဆုံး Crush” ရုပ်ရှင် Teaser

နိစ္စဓူဝ အလုပ်တွေလုပ်ရင်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတဲ့ ပရိသတ်ကြီးအတွက် ဘဝအမောတွေပြေစေဖို့အတွက် ဒိတ်ဒိတ်ကြဲ မင်းသား၊ မင်းသမီးတွေ ပါဝင်တဲ့ ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးရဲ့ အမည်ကတော့ “အချစ်ဆုံး Crush” လို့ အမည်ပေးထားတဲ့အတိုင်း လူငယ်ဖန်စီ ဟာသဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ “အချစ်ဆုံး Crush” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားပြီး အကယ်ဒမီမြင့်မြတ်၊ သင်ဇာဝင့်ကျော်၊ အိချောပို၊ မေမြင့်မိုရ်၊ K ညီ နဲ့ အခြားသော ဟာသသရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပရိသတ်ကြီး စောင့်မျှော်နေကြတဲ့ “အချစ်ဆုံး Crush” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Offical Teaser ထွက်ရှိလို့ပါပြီ။ မြင့်မြတ်တစ်ယောက် သူ့ရဲ့ Crush တွေကြားမှာ ဘယ်လိုဗျာများမလဲ …

မျက်မှောက်ခေတ်ပညာရေးကို စိန်ခေါ်လိုက်တဲ့ ဇာတ်ကားကောင်း Raatchasi

လက်တလောမှာတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အရမ်းကိုလူပြောများနေတဲ့ ဇာတ်ကားတစ်ကားရှိပါတယ်။ဇာတ်ကား နာမည်ကတော့ Raatchasi ပါ။ဒီဇာတ်ကားကတော့ ပညာရေးနဲ့ မကင်းသူတိုင်းကြည့်သင့်တဲ့ ဇာတ်ကား ကောင်းလေးပါ။ကျောင်းဆရာ၊ဆရာမ တွေ ပညာရေးဝန်ထမ်းတွေ ဆိုရင် ပိုပြီးတော့တောင်ကြည့်သင့်ပါတယ်။ကိုယ် တိုင်က ပညာရေးအသိုင်းအ၀ိုင်းတစ်ယောက်လည်း မဟုတ်ဘူး။ကျောင်းသား၊ကျောင်းသူလည်း မဟုတ်ဖူး ဆိုရင် ရော ဒီကားကို မကြည့်ရတော့ဘူးလား ဆိုရင်တော့ ပိုပြီးတော့တောင် ကြည့်သင့်ပါတယ်။ခေါက်ရိုးကျိုးနေတဲ့ ပညာရေး စနစ်ဟောင်းမှာ ကိုယ့်ရဲ့ အနာဂါတ်မျိုးဆက်တွေကိုပါ ဆက်ပြီး နစ်မွန်းနေတာကို မမြင်ချင်တော့ဘူးဆိုသူတိုင်း ကြည့်ကို ကြည့်ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Sy Gowthamraj ကရိုက်ကူးထားတာပါ။တကယ့်ကို အရသာရှိပြီး အနှစ်သာရ ရှိတဲ့ ဇာတ်ကားကို ဖန်တီးပေးခဲ့တာမို့ ဒီဒါရိုက်တာကိုတော့ ကျေးဇူးတင်သင့်ပါတယ်။ဒီဇာတ်ကားမှာတော့ သရုပ်ဆောင် တွေ အဖြစ် Jyothika၊Aruldoos၊ Hareesh Peradi၊ Poornima Jayaram…အစရှိတဲ့ …

ပရိသတ်တွေကို မတူညီတဲ့ ရသတွေပေးစွမ်းမယ့် ” နှင်းဆီ” ဇာတ်လမ်းတွဲ

ဆရာမကြီးမစန္ဒာရဲ့ အောင်မြင်ကျော်ကြားသည့်ဝတ္ထု ဖြစ်တဲ့❝ နှင်းဆီ ❞ဇာတ်လမ်းတွဲကို MRTV-4 Channel မှာ ဒီနေ့ည ၇နာရီမှာ ပြသတော့မှာပဲဖြစ်ပါတယ်။ နှင်းဆီဇာတ်လမ်းတွဲမှာ သရုပ်ဆောင် ရဲအောင်၊ စည်သူဝင်း ၊ ရှင်မွေလ ၊ ခေးဆက်သွင် ၊ ဝေလာရီ နဲ့ အနုပညာရှင်များစွာတို့က ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ နှင်းဆီ ဇာတ်လမ်းတွဲလေးက ပရိသတ်တွေကို မတူညီတဲ့ ရသတွေပေးစွမ်းမယ့် ဇာတ်လမ်းတွဲလေးပါ။ ဦးချမ်းသာ၊ တင်မောင်ကျော်၊ နှင်း၊ ဇော်၊ မော် စတဲ့ ဇာတ်ကောင်တွေက နှင်းဆီ ဇာတ်လမ်းတွဲ ကြည့်တဲ့ ပရိသတ်တွေကို ဘယ်လို ရသတွေပေးစွမ်းနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဦးချမ်းသာ ရဲ့ သားနဲ့ သမီး က ဇော်နဲ့ မော်။ ဇော်နဲ့မော် အသက် ၁၆ …

ထိတ်ထိတ်ကြဲ အနုပညာရှင်တွေပါဝင်တဲ့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယို

ထိတ်ထိတ်ကြဲ အနုပညာရှင်တွေ အကုန်စုပြီး ရိုက်ကူးထားတဲ့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇာတ်ကားစရိုက်ကတည်းက ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကို အပြည့်အဝရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီး ရဲ့နမူနာဗီဒီယိုကတော့ လူမှုကွန်ယက်မှာ တရားဝင် ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ထိတ်ထိတ်ကြဲ အနုပညာရှင်တွေပေါင်းပြီး မွှေထားတဲ့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ နမူနာဗီဒီယိုကြည့်တာနဲ့တင် အရမ်းကို ရယ်နေရပါပြီနော်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ပါးစပ်မပိတ်အောင် ရယ်နေရတဲ့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့နမူနာဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဒါရိုက်တာ ရာဇဝင်ကို ပုံဖော်ဖန်တီးထားတဲ့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ပရိသတ်အချစ်တော် အနုပညာရှင်တွေဖြစ်ကြတဲ့ ရန်အောင်၊ လူမင်း၊ အိန္ဒြာကျော်ဇင်၊ မင်းမော်ကွန်း၊ ရဲရင့်အောင်၊ ထူးအောင်၊ ခင်လှိုင်၊ ယဉ်လက်၊ ရွှေအိမ်စည်၊ Bella၊ ကိုပေါက်၊ K ညီ၊ Joker ၊ …

Baby’s Day Out ရုပ်ရှင်ကားရဲ့လူသိနည်းသောအချက်များ

၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Baby’s Day Out ရုပ်ရှင်ကို မသိသူ မရှိသလောက် ဖြစ်မှာပါ။ ဒါပေမယ့် Baby’s Day Out ထဲက မြို့အနှံ့လျှောက်သွားနေတဲ့ ကလေးလေးက ဘယ်သူလဲ? ဘယ်လိုရိုက်ကူးခဲ့လဲ စတဲ့ စိတ်ဝင်စားစရာ အချက်တွေကိုတော့ လူသိနည်းပါလိမ့်မယ်။ ဒါ့ကြောင့် ပြောချင်လွန်းလို့က Baby’s Day Out ဇာတ်ကားရဲ့ လူသိနည်းတဲ့ အချက်တွေကို စုစည်းဖော်ပြပေးပါရစေ။ ၁. အဓိကဇာတ်ကောင် ကလေးလေး Baby Bink အတွက် အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ Adam Robert နှင့် Jacob Joseph Worton တို့နှစ်ယောက်လုံးနဲ့ ရိုက်ကူးခဲ့တာပါ။ ၂. စတန့်ကွက်တွေအတွက် အစားထိုး သရုပ်ဆောင်ခဲ့သူကတော့ Austin Power ကားတွေမှာ …

နေတိုးကို ကန္နားစီးတစ်ယောက်အဖြစ် ပီပီပြင်ပြင် တွေ့ရမယ့် “အထက်တန်းစား” ရုပ်ရှင် Trailerထွက်ရှိလာပါပြီ

ဒီကနှစ် (၂၀၁၉) ခုနှစ်ကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေကို ရသမျိုးစုံပေးနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အပြိုင်အဆိုင် ရုံတင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း တစ်ကားပြီးတစ်ကား ရုံတင်ပြသနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နေတိုးကို ကြိုက်နှစ်သက်အားပေးကြတဲ့ ပရိသတ်တွေအတွက် နေတိုးရဲ့ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နေတိုးရဲ့ နောက်ထပ် အကယ်ဒမီမှတ်တိုင်တစ်ခုဖြစ်တဲ့ “အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ “အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Offical Trailer က ထွက်ရှိလာပါပြီ။ “အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးက ကန္နားစီး နတ်ဆရာ တစ်ယောက်ရဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ဘဝ၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာ ယုံကြည်ကိုးကွယ်မှုများဖြစ်တဲ့ ဓာတ် ၊နတ် ၊သိုက် ၊ပယောဂ နှင့် အကြားမြင်စတဲ့ လျှို့ဝှက်ဆန်းကျယ်မှုတွေနဲ့ အကယ်ဒမီနေတိုးရဲ့ဘဝမှာ …

“ငွေစက္ကူ(၇)ရွက်” ဇာတ်ကားထဲက ပြဿနာတွေ အားလုံးကို စတင်ခဲ့တဲ့ ငွေပုံကြီး

ညစဉ်ညတိုင်း ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုနေရတဲ့ “ငွေစက္ကူ(၇)ရွက်” ဇာတ်လမ်းတွဲကြီးက စိတ်ဝင်စားစရာ မြှပ်ကွက်တွေနဲ့ ပရိသတ်တွေကို စွဲဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အားလုံးစိတ်ဝင်စားနေကြတဲ့ ငွေစက္ကူ(၇)ရွက်ရဲ့ ဇာတ်လမ်းအစက ဘယ်သူကစလဲဆိုတာ အဖြေပေါ်တော့မှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲရဲ့ အဓိကအပိုင်းကို ဒီကနေ့ည ပြသမယ့် အပိုင်း(၁၇) မှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ “ငွေစက္ကူ(၇)ရွက်” ဇာတ်လမ်းတွဲကို ဒါရိုက်တာ သည်ခေတ်နေက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အကယ်ဒမီဇင်ဝိုင်း၊ အကယ်ဒမီရဲအောင်၊ ဟိန်းထက်၊ နန်းစန္ဒာလှထွန်းနဲ့ မြနှင်းရည်လွင်တို့က သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဒါရိုက်တာ သည်ခေတ်နေက အားလုံးစိတ်ဝင်စားနေကြတဲ့ “ငွေစက္ကူ(၇)ရွက်” ဇာတ်လမ်းတွဲထဲက ငွေပုံကြီးကို အမှတ်တရအနေနဲ့ ချပြခဲ့ပါတယ်။ ဒီကနေ့ ပြသမယ့် “ငွေစက္ကူ(၇)ရွက်” အပိုင်း (၁၇) မှာတော့ ကိုယ်ဝန်ကြီးနဲ့ ဝေနှင်းဖြူတစ်ယောက် ဘယ်လိုများဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစွာ …

နာမည်ကြီးသရုပ်ဆောင်တွေ အပြိုင်အဆိုင်သရုပ်ဆောင်ထားတဲ့ “ဂျင်ပါတီ” ရုပ်ရှင် TEASER

အခု (၂၀၁၉)ခုနှစ်ကတော့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ခံစားမှုရသမျိုးစုံကို ပေးစွမ်းနိုင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရုံတင်ပြသမှာပဲ ဖြစ်ပါတယ်၊ အခု သြဂုတ်လအတွင်းမှာလည်း ပရိသတ်တွေစောင့်မျှော်နေတဲ့ ဒိတ်ဒိတ်ကြဲ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ခံစားမှုအသစ်တွေပေးမယ့် “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာလို့ သိရပါတယ်။ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ရန်အောင် ၊ လူမင်း ၊ အိန္ဒြာကျော်ဇင် ၊ မင်းမော်ကွန်း ၊ ရဲရင့်အောင် ၊ ထူးအောင် ၊ ခင်လှိုင် ၊ ယဉ်လက် ၊ ရွှေအိမ်စည် ၊ Bella ၊ ကိုပေါက် ၊ K ညီ ၊ Joker ၊ …

ပရိသတ်တွေကြား ရေပန်းစားနေတဲ့ “ငွေစက္ကူ(၇)ရွက်” ဇာတ်ဝင်တေးသီချင်း

အခုတလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ “ငွေစက္ကူ(၇)ရွက်” ဇာတ်လမ်းတွဲက မြုပ်ကွက်အမျိုးမျိုးနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ငွေစက္ကူ(၇) ရွက်ကြောင့် ဘယ်လိုမျိုး အပြောင်းအလဲတွေ၊ အသက်နဲ့ရင်းရတဲ့ အလောင်းအထပ်တွေ ဖြစ်ခဲ့ရလဲဆိုတာကို ပရိသတ်တွေက စိတ်ဝင်တစားနဲ့ စောင့်မျှော်ကြည့်ရှုနေရတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ “ငွေစက္ကူ(၇)ရွက်” ဇာတ်လမ်းတွဲအပြင် ထိုဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ ဇာတ်ဝင်တေးသီချင်းကလည်း အခုတလောမှာ လူကြိုက်များပြီး တော်တော်လေး ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ “ငွေစက္ကူ(၇)ရွက်” သီချင်းကို လူငယ်ဂီတအဖွဲ့ဖြစ်တဲ့ Eternal Gosh အဖွဲ့က ဖန်တီးသီဆိုထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် Eternal Gosh အဖွဲ့ရဲ့ “ငွေစက္ကူ(၇)ရွက်” Theme Song လေးကို မျှဝေပေးလိုက်ပါတယ်နော်။ Eternal Gosh – ငွေစက္ကူ(၇)ရွက်https://youtu.be/uGm2TOq3gsY သီချင်းလေးက ဇာတ်လမ်းနဲ့ …