Food

ခေါင်းစဉ် က ” လိုရင် ယူသွား ပါ…လှူချင် လှူ သွားပါ “

အခုရက် ပိုင်း မန္တလေးက ကျုံးဘေးမှာ Food Box တွေခေတ်စားနေပြီး လှူတဲ့သူတွေရော ဝင်ရောက်စားသုံးသူတွေပါ ပျော်ပျော်ပါးပါး မြင်တွေ့နေခဲ့ပါတယ်။ လှူချင်သူတွေ လှူနိုင်ပြီး လိုအပ်နေသူတွေ ဝင်ရောက်စားသုံးနိုင်တဲ့ Food Box ဆိုတာကို မန္တလေးက one to one ကလေးလူနာကူညီရေး အသင်းမှာ အရေးပါလှတဲ့ စေတနာရှင် ပရဟိတသမားကြီး ကိုဝမ်းဆိုသူမှ စတင်ပြုလုပ်ခဲ့ချင်းဖြစ်တယ်လို့ သိရပါတယ်။ ထိုမှတဆင့် လူပြောများလာပြီး မော်လမြိုင် လူမှုကူညီရေး အသင်းက ကိုဇင်မိုးကလည်း သူရဲ့ လူမှုကွန်ယက်အကောင့်ကနေပြီး မနက်ဖြန် မော်လမြိုင်ကမ်းနားလမ်းမှာ Food Box တွေ စမြင်ရတော့မှာပါ ဆိုပြီး တင်ပြထားတာကို တွေ့ရပါတယ်။ ဝမ်းသာစရာ သတင်းတစ်ခုအဖြစ် ApannPyay ချစ်ပရိသတ်ကြီး အတွက် တင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။ နောက်ရက်နောက်ရက်တွေကနေ ထာဝရအဖြစ် …

မြောင်းဖုံးအပေါက်မှာ တစ်နေတဲ့ ကြွက်ကြီးကို ကယ်တင်ခဲ့တဲ့ မီးသတ်သမားများ

ဧရာမကြွက်ကြီးတစ်ကောင်ဟာ မြောင်းဖုံးတစ်ခုရဲ့ အပေါက်ငယ်လေးတစ်ခုမှာ တစ်စို့နေတဲ့အတွက် ဒေသခံလူတစ်ယောက်က ကြွက်ကိုကယ်ဆယ်ဖို့ မီးသတ်သမားတွေကို ခေါ်ပေးခဲ့ကြောင်း သိရပါတယ်။ ကြွက်ကြီးဟာ သာမန်ကြွက်ထက် ပိုဝနေလို့ အခုလို အပေါက်ငယ်လေးမှာ တစ်စို့နေရတာပါ။ ဒီအဖြစ်အပျက်ဟာ ဂျာမဏီနိုင်ငံ၊ Bensheim မှာ ဖြစ်ခဲ့တာပါ။ ကြွက်ကို ကယ်ဆယ်ဖို့အတွက် မီးသတ်သမား (၆)ဦးအထိ ရောက်လာခဲ့ပြီး၊ ကြွက်ရဲ့ ကိုယ်အလေးချိန်ဟာ တစ်ပေါင်ခွဲတောင် ရှိနေတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရပါတယ်။ အဲဒီကြွက်ကြီးဟာ အပေါက်မှာ တစ်နေတော့ သူ့ကို ကယ်ဖို့ တစာစာ အသံပြုတောင်းဆိုခဲ့ပြီး၊ အနီးအနားက လူတွေက မနေနိုင်လို့ မီးသတ်ကို ခေါ်ခဲ့ပါတယ်။ အဆိုပါကြွက်ကြီးဟာ ဆောင်းတွင်းမှာ စုဆောင်းထားသမျှကို နင်းကန်စားသောက်ထားတဲ့အတွက် အတော်လေးကို ဝဖီးနေပြီး၊ မီးသတ်သမားတွေ ရောက်လာတော့ သူ့ခမျာ ကြောက်လွန်းလို့ ရုန်းကန်နေပေမယ့်၊ လွတ်အောင်ပြေးဖို့ …

ဖအေနဲ့အစ်ကိုအရင်းတွေရဲ့ အကြိမ်(၂၀၀)ကျော်အဓမ္မကျင့်ခြင်းကိုခံခဲ့ရတဲ့ ကောင်မလေး

အသက်(၁၈)နှစ်သာရှိသေးတဲ့ မသန်စွမ်း ကောင်မလေးတစ်ယောက်ဟာ ဖအေအရင်းနဲ့ အစ်ကိုအရင်းတွေရဲ့ ယုတ်မာမှုကို အကြိမ်ပေါင်းများစွာ ခံခဲ့ရကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ခဲ့တာပါ။ အဆိုပါ ကလေးမလေး မသန်စွမ်းဖြစ်နေတာကို အဖေနဲ့အစ်ကိုတွေ၊ မောင်တွေက အခွင့်ကောင်း ယူခဲ့တာ ဖြစ်ပါတယ်။ ကလေးမလေးရဲ့နာမည်ကိုတော့ AG လို့သာ ဖော်ပြထားပြီး၊ အင်ဒိုနီးရှားနိုင်ငံ၊ Sukoharjo ပူးတွဲခရိုင်၊ Tanggamus Regency မှာ နေထိုင်ပါတယ်။ ပြစ်မှုကျူးလွန်သူမှာ အဖေအရင်းအပါအဝင်၊ အစ်ကိုမောင် (၂)ဦးတို့ဖြစ်ပြီး၊ နာမည်တွေကိုတော့ အတိုကောက်ပုံစံနဲ့သာ ဖော်ပြထားပါတယ်။ ဖခင်ဖြစ်သူမှာ JM (၄၅)နှစ်နဲ့၊ အစ်ကို SA (၂၄)နှစ်၊ မောင်လေး YF (၁၅)နှစ်တို့ ဖြစ်ပါတယ်။ ကလေးမလေးကို မတော်မတရား ကျင့်ကြံနေတာကို အိမ်နီးနားချင်းတစ်ဦးက စတင်သိရှိခဲ့ပြီး၊ ရဲကို တိုင်ကြားခဲ့ရာမှာ …

စားချင်စဖွယ် အရမ်းအရသာရှိတဲ့ ပြည်ပလာချက်နည်း

ပြည်ပလာတာ စားဖူးပြီလား ? အခြားမြို့တွေနဲ့ မတူပဲ အရသာကောင်းလွန်းလို့ ပြည်သူ/သားတွေ နှစ်ခြိုက်စွာစားသုံးကြပါတယ်။ ပဲမှုန့်နဲ့ချက်ထားတဲ့ ပလာတာအရည်ကို အီကြာကွေး၊ စမူဆာ၊ နံပြား၊ ပလာတာဖတ်တို့နှင့် ကြိုက်နှစ်သက်သလို တွဲဖက်စားသုံးကြပြီး ပလာတာပူပူလေးကို သံပုရာသီးညှစ် ငရုတ်သီးစိမ်းလေးညှပ်ထည့်ပြီး ပါးပါးလှီးထားတဲ့ ကြက်သွန်နီလေး ထည့်စားတတ်ကြပါတယ်။ ပလာတာအရည်ထဲမှာ အာလူးအလုံးလေးများနှင့် ကြက်သားကို ဆီပြန်ချက်ပြီး ထည့်ထားလို့ အရသာလိုက်ဖက်ညီစွာ အကြိုက်တွေ့စေပါတယ်။ နံနက်စာ၊ ညနေစာအဖြစ် စားသုံးကြပြီး ညစာအဖြစ် ထမင်းနှင့် စားသုံးကြသူများရှိသလို ပလာတာအရည်တွင် ထည့်ချက်သော ကြက်ရိုး၊ ကြက်ခြေထောက်ကို သတ်သတ်ထပ်မှာကာ အပြီဆွဲကြသူများလည်း အများအပြား ရှိကြ၏ ပြည်မြို့ရှိ ဟိုတယ်များမှလည်း နံနက်စာအဖြစ် ဧည့်ခံကျွေးမွေးရာတွင် ပြည်ပလာတာ စားချင်သူများအတွက် ဂျိုင့်ကြီး၊ ဂျိုင့်ငယ်အသွယ်သွယ်ဖြင့် လာရောက်ဝယ်ယူကြသူများစွာ နေ့စဉ်ရှိကြပါသည်။ တစ်ပွဲကို ၅၀ဝိ/ …

ရှမ်းပြည်နယ်ရဲ့ နာမည်ကျော် လူကြိုက်များတဲ့ ရှမ်းခေါက်ဆွဲ ပြုလုပ်နည်း

ရှမ်းပြည်နယ်က မြန်မာနိုင်ငံမှာ ဆွဲဆောင်မှုရှိပြီး အထင်ကရ စေတီပုထိုးတွေပေါများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ထင်ရှားပြီး လူကြိုက်များတဲ့ အစားအစာတွေနဲ့လည်း နာမည်ကျော်ပါတယ်။ဒီတခါမှာတော့ ရှမ်းတိုင်းရင်းသားများရဲ့ အစားအစာတစ်ခုဖြစ်တဲ့ ရှမ်းခေါက်ဆွဲ ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။ ပါဝင်ပစ္စည်း ကြက်သား (သို့) ၀က်သား( တောက်တောက်စဉ်း) – ၁၀ ကျပ်သား ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ) ဂျင်း – အနည်းငယ် (နုတ်နုတ်စဉ်း) ခရမ်းချဉ်သီး – ၄လုံး (ပါးပါးလှီးပါ) ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း ပဲငပိ – စားပွဲတင်ဇွန်း ၂ဇွန်း သကြား – စားပွဲတင်ဇွန်း ၁ဇွန်း အရောင်တင်မှုန့် အနည်းငယ် မြေပဲလှော် ( မညက်တစ်ညက်ထောင်းပါ) ကြက်သွန်ဖြူအနည်းငယ် …

လူတွေမသိသေးတဲ့ အာလူးရဲ့အသုံးဝင်ပုံများ

ကျွန်တော်တို့တွေအာလူးကိုနည်းမျိုးစုံနဲ့ချက်ပြုတ်စားသောက်ကြလေ့ရှိတာတော့အမှန်ပါပဲ။ ဒါပေမယ့် အာလူးဟာ စားလို့ရရုံတင်မကပဲ အခြားအစွမ်းသတ္တိတွေရှိနေသေးတာကိုတော့ လူတော်တော်များများမသိကြသေးပါဘူး။ အခုကျွန်တော်တို့ အာလုံးရဲ့ အသုံးဝင်ပုံတွေကိုပြောပြသွားတော့မှာပါ။ ၁- သံချေးချွတ်နိုင်ခြင်း ဓါးတွေ ကတ်ကြေးတွေ သံကြေးစွန်းနေတဲ့အခါမျိုးမှာ အာလုံးကိုသုံးပြီး သံကြေးတွေချွတ်နိုင်ပါတယ်။ အာလူးကြီးတစ်ဝက်ဝက်ပါ။ ထို့နောက် ဘေပင်ပေါင်ဒါ နဲ့ ဆားကို ဆပ်ပြာရည်အနည်းငယ်နဲ့ရောထားပါ။ ဒီပျော်ရည်ထဲကို အာလူးခြမ်းကို နှစ်ပြီး သံကြေးတက်နေတဲ့နေရာတွေကိုပွတ်တိုက်ပါ။ ရေဆေးလိုက်တဲ့အခါမှာ သံကြေးတွေပြောင်စင်သွားတာကိုတွေ့ရပါလိမ့်မယ်။ ၂- အပူလောင်ခြင်းကိုကုသပေးနိုင်ခြင်း ဟင်းချက်ရင်းလက်အပူထိသွားတဲ့အခါမျိုးမှာလည်း အာလူးသုံးပြီးတော့ အပူလောင်ဒဏ်ရာကို သက်သာအောင်ပြုလုပ်ပေးနိုင်ပါတယ်။ အာလူးကို အဝိုင်းလေးတွေလှီးပြီးတော့ ရေစင်အောင်ဆေးကာ အပူလောင်သွားတဲ့နေရာကို ၁၀ မိနစ် ၁၅ မိနစ်ခန့်ကပ်ထားပေးပါ။ ပြန်ခွာလိုက်တဲ့အခါ သိသိသာသာ ဒဏ်ရာသက်သာသွားတာကိုမြင်ရပါလိမ့်မယ်။ ၃- အစွန်းချွတ်နိုင်ခြင်း အစားအသောက် အစွန်းအထင်းတွေပေနေတဲ့အခါမျိုးမှာ အာလူးကို အသုံးပြုနိုင်ပါတယ်။ အာလုံးတစ်လုံးကိုတောက်တောက်စင်းပြီး ရေထဲမှာ ၁၀ မိနစ် …

လိပ်တွေနဲ့အတူ ရေချိုးပြီး၊ သင်းခွေချပ်တွေကို အစာအဖြစ်စားကြတဲ့ အမေဇုံလူရိုင်းမျိုးနွယ်စု

(Zawgyiဖြင့် ဖတ်ရန်) အမေဇုံတောနက်ကြီးထဲမှာ ရှေးယခင်ကတည်းကနေ အခုအချိန်ထိ မူလအစဉ်အလာ ရိုးရာမပျက် နေထိုင်ကြသေးတဲ့ လူရိုင်းမျိုးနွယ်တွေ ဒါဇင်နဲ့ချီပြီး ရှိနေပါသေးတယ်။ တစ်ချို့သောလူရိုင်းတွေဟာ အခုအချိန်ထိ အသားစားနေကြဆဲ ဖြစ်ပြီး၊ တစ်ချို့သော လူရိုင်းတွေကတော့ သူတို့ဘာသာ ပြောင်းလဲကျင့်သုံးလာတဲ့ လူနေမှုဓလေ့တွေနဲ့ နေထိုင်ကြပါတယ်။ အခုဖော်ပြမယ့် အမေဇုံလူရိုင်းမျိုးနွယ်စုကတော့ Awá လို့အမည်ရတဲ့ လူရိုင်းမျိုးနွယ်စုဖြစ်ပြီး၊ ဘရားဇီးအမေဇုံတောနက်ကြီးထဲ အဝင်အပါဖြစ်တဲ့ Maranhão တောနက်ကြီးထဲမှာ နေထိုင်ကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သတ္တုတူးဖော်ခြင်း၊ ရွှေတူးဖော်လုပ်ငန်းများကြောင့် နေထိုင်ရာ နယ်ပယ်ဒေသ ကျဉ်းမြောင်းလာနေပါပြီ။ Awá လူမျိုးဟာ (၈၀)ဝန်းကျင်သာရှိတော့ပြီး အခြားလူယဉ်ကျေး မျိုးနွယ်စုတွေနဲ့ အဆက်အသွယ်လုံးဝမရှိဘဲ သူတို့ဘာသာ သူတို့ဓလေ့ရိုးရာနဲ့အတူ နေထိုင်ကြပါတယ်။ သူတို့တစ်တွေဟာ စုပေါင်းအမဲလိုက်ကြသူတွေဖြစ်ပြီး သင်းခွေချပ်ဟာ သူတို့အတွက်တော့ အလွန်ထူးမြတ် သင့်တော်တဲ့အစားအစာ ဖြစ်ပါတယ်။ ဒါပေမယ့် …

ဗော်ကာ (Vodka) မပေးလို့ ကိုယ့်တပ်ကို အမြောက်နဲ့ထုတဲ့ အရာရှိ

(Zawgyiဖြင့် ဖတ်ရန်) ဒုတိယကမ္ဘာစစ်ကာလမှ တပ်နီတော်စစ်သားတွေကို ရာရှင်အဖြစ် တစ်ရက်ကို ဗော်ဒ်ကာ ၁၀၀ ဂရမ်သာ ထုတ်ပေးပါတယ်။၁၀၀ ဂရမ်ဆိုတာ ရုရှားနိုင်ငံသားတွေအတွက်ကတော့ အာစွတ်ရုံလောက်ပဲ ရှိတာကိုး။ အရိုးခိုက်အောင်ချမ်းလွန်းလှတဲ့ နှင်းထုကြီးအောက်မှာ စတာလင်ဂရက်မြို့တော်ကြီး နာဇီလက်အောက်မကျရောက်ရေးအတွက် ခုခံနေရတဲ့ တပ်နီတော်စစ်သားတွေအတွက် ရိက္ခာထက် ဗော်ဒ်ကာ က ပိုအရေးပါပါတယ် ဗော်ဒ်ကာ မရှိပဲ ရပ်တည်ဖို့မလွယ်လှဘူးလေ။ ဌာနချုပ်က ပို့ပေးနေတဲ့ ဗော်ဒ်ကာပုလင်းတွေနဲ့ရိက္ခာထုပ်တွေဟာလည်း ဂျာမန်တို့ရဲ့ လေကြောင်းကြားဖြတ်မှုကြောင့် လေထဲမှာပဲပျက်စီးသွားသလို ဗော်လ်ဂါမြစ်လယ်ခေါင်မှာ မျောပါသွားတာကြောင့် စတာလင်ဂရက်မြို့ထဲ ဖွဲ့စည်းပုံပြည့်မီအောင် ရောက်မလာနိုင်ခဲ့ဘူး။ အချမ်းဒဏ်ကိုမခံနိုင်တော့တဲ့ စစ်သားတွေဟာ စစ်မတိုက်ရဘဲ အချမ်းဒဏ်နဲ့ သေဆုံးလာချိန်မှာ ၁၂၂ မမ အမြောက်တပ်ခွဲရဲ့ ဗိုလ် အီဗန်ဗျက်ချီကို ဟာ “ကျွန်တော့်လူတွေ ဒီနေရာမှာ ကြံကြံခိုင်ပြီးတိုက်နေတာကြာပြီ ဘယ်သူမှ နောက်မဆုတ်ဘူး ထွက်မပြေးဘူး …

ဖားကန့်​က ကျောက်တူးသမားတွေကို အမောပြေစေခဲ့တဲ့ ကောင်းပြည့်နဲ့ သန္တာဗိုတို့ရဲ့ မွန်မြတ်တဲ့အလှူ

(Zawgyiဖြင့် ဖတ်ရန်) နှစ်တွေ၊ လတွေကိုကျော်ဖြတ်ပြီး နှစ်ယောက်အတူ ခိုင်မာတဲ့အချစ်ရေးကို ဖန်တီးထားကြတဲ့ ကောင်းပြည့်နဲ့ သန္တာဗိုတို့ချစ်သူနှစ်ဦးကတော့ တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေများစွာနဲ့ ရှေ့ဆက်နေကြတာပါ။ အမြဲလိုလို အတူတွဲတွေ့ရလေ့ရှိတဲ့ သူတို့ချစ်သူနှစ်ဦးကတော့ လတ်တလောမှာ သီချင်းဆိုဖို့အတွက် ဖားကန့်သို့ ရောက်ရှိနေကြတာပဲ ဖြစ်ပါတယ်။ အလှူအတန်းဆိုလည်း လက်မနှေးတဲ့ ကောင်းပြည့်နဲ့ သန္တာဗိုတို့နှစ်ဦးကတော့ ဖားကန့်ရောက်တုန်း ကျောက်တူးသမားတွေကို အမောပြေ အအေးတွေလှူခဲ့ကြတာပါ။ ချစ်ပရိသတ်တွေအတွက် ဖားကန့်က ကျောက်တူးသမားတွေကို အအေးလှူခဲ့တဲ့ ကောင်းပြည့်နဲ့ သန္တာဗိုတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ကျောက်တူးရင်း ပင်ပန်းနေကြတော့ အအေးဘူးလေးက အမောပြေတာပေါ့နော်။ သန္တာဗိုကလည်း ပျော်လို့ ရွှင်လို့ ကျောက်တူးသမားတွေရဲ့ အမောတွေကို ခဏတာပြေပျောက်စေခဲ့တဲ့ ကောင်းပြည့် အဆိုတော် စစ်သွေးကလည်း ကောင်းပြည့်တို့ချစ်သူနှစ်ဦးနဲ့အတူ အလှူမှာ ပါဝင်ခဲ့ပါသေးတယ်။ အနုပညာကို ချစ်​မြတ်​နိုးကြတဲ့ ​ကောင်းပြည့်​နဲ့ သန္တာဗိုတို့ချစ်​သူနှစ်​ဦးက​တော့ …

ဧရာမကျောက်ဆောင်ကြီးအောက်တွင် ထိတ်လန့်ခြောက်ခြား ကြောက်မက်ဖွယ် တည်ရှိနေသည့် မြို့ငယ်

(Zawgyiဖြင့် ဖတ်ရန်) စပိန်နိုင်ငံရှိ ဆန်တီနယ်ဒီလက်စ်ဘို ဒီဂက်စ်မြိုတွင် မြို့ခံပေါင်း ၃၀၀၀ ခန့်ရှိပြီး ၎င်းတို့သည် ကျောက်ဆောင်ကြီးအောက်တွင်မကြောက်မရွံ့နေထိုင်နေကြသည်။ နွေရာသီတွင်အပူဒဏ်ကို ခံနိုင်ရန်နှင့် ဆောင်းရာသီတွင် အအေးဒဏ်ကို အံတုနိုင်ရန်အတွက် ၎င်းတို့က ကျောက်ဆောင်ကြီးအောက်တွင် မြိုကို တည်လိုက်ခြင်းဖြစ်သည်။ ကျောက်ဆောင်ကြီးအောက်တွင် အိမ်များဆောက်လိုက်သဖြင့် ၎င်းတို့သည် အိမ်ဆောက်ရာတွင်မျက်နှာစာကိုသာဆောက်ရန်လိုတော့သည်။ ယင်းနေရာတွင် လူများနေလာကြသည်မှာသမိုင်းမတိုင်မီကတည်းကပင်ဖြစ်သည်ဟု အများက ယုံကြည်ကြသည်။ ထိုမြို့ကို အလယ်ခေတ် အာရေဗျဒေသခံများလက်ထဲမှ သိမ်းယူနိုင်ရန်ကက်သလစ်ခေါင်းဆောင်များက ခုနစ်ကြိမ်တိုင်တိုင်ကြိုးစားခဲ့ရသည်။ စပိန်ရှိဒေသအများစုကို အထက်ပါ အာရေဗျများက ရာစုနှစ်များစွာ သိမ်းပိုက်ခဲ့သည်။ ခုနစ်ကြိမ်မြောက်တွင်မှ ထိုနေရာကို ကက်သလစ်တို့ သိမ်းယူနိုင်ခဲ့သည်။ ယင်းနေရာသည် အီဘာရီယာတွင် မွတ်စလင်တို့၏ နောက်ဆုံးခြေကုပ်ဖြစ်သည်။ ကျောက်တုံးကြီးအောက်တွင်ရှိသဖြင့် သဘာဝအလျောက် အေးစိမ့်နေသည့်အတွက် ဒေသခံများက ယင်းနေရာတွင် ဒေသထွက် ကုန်စိမ်းမျိုးစုံ သိုလှောင်လာခဲ့ကြသည်။ Setenil ဆိုသည်မှာ …