Global News

ဇနီးအသတ်ခံရပြီးနောက် ဆွေမျိုးသားချင်းမရှိလို့ ဈာပနလိုက်ပို့ကြဖို့ တောင်းဆိုခဲ့သော အဖိုး

အသက်ကြီးလင်မယာစုံတွဲနှစ်ယောက် အတူတူ နေထိုင်နေရင်းကနေ ရုတ်တရက် အသတ်ခံလိုက်ရတဲ့အခါမှာ ကျန်ခဲ့တဲ့သူက ဆောက်တည်ရာရဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ဒီထပ်ဆိုးတာက နှစ်ယောက်တည်းနေပြီး ဆွေမျိုးသားချင်းမရှိတဲ့ ဘ၀ဖြစ်နေတဲ့အတွက် နာရေးလိုက်ပို့ဖို့ကို လူမရှိမတာပါ။ (၆၁)နှစ်နဲ့ (၆၃)နှစ်အရွယ် အဖိုးအဖွား စုံတွဲဟာ အိမ်ထောင်သက် (၂၂)နှစ်ကြာတဲ့အထိ ဘ၀လေးက အေးအေးချမ်းချမ်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို ဈေးဝယ်ထွက်နေတဲ့ မာဂီရက်ဂတ်ဆိုတဲ့ အဖွားတစ်ယောက် (၂၂)ယောက်အသတ်ခံရတဲ့ စင်တာထဲ သေနတ်ဝင်ပစ်မှုမှာ ဆုံးပါးသွားခဲ့တာပါ။ ဒီအချိန်မှာ အန်တိုနီယိုတစ်ယောက် ဘာလုပ်ရမှန်းမသိတော့ပါဘူး။ အဖော်လည်း မရှိတဲ့အတွက် သူ့မိန်းမရဲ့ နောက်ဆုံးဈာပနကိုလိုက်ပို့ဖို့ကို အိမ်နီးနာချင်းတွေကို အကူအညီတောင်းခဲ့ပါတယ်။ သွားလေသူမိန်းမအတွက် နောက်ဆုံးခရီးလေးကို ဖြောင့်ဖြူးအေးချမ်းစေချင်တဲ့ဆန္ဒရှိတဲ့အဖိုးရဲ့ ဆန္ဒကို အိမ်နီးနားချင်းတွေကလည်း ကူညီခဲ့ကြသလို အကုန်လုံးက သူနေထိုင်တဲ့ အယ်ပါဆိုမြို့လေးဟာ အခုအချိန်မှာ သူ့ရဲ့ တစ်မိသားစုလုံးဖြစ်ပြီး၊ လိုအပ်တဲ့အကူအညီတွေပေးဖို့ကို အသင့်ရှိနေခဲ့ကြပါတယ်။ …

အမေကိုသတ်ပြီး အာမခံငွေနဲ့ အချုပ်ကျနေတဲ့ချစ်သူလေးကို ကယ်ဖို့ကြိုးစားခဲ့တဲ့ ကောင်မလေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ BuengKum ရပ်ကွက်မှာ နေထိုင်တဲ့ အသက်(၂၅)နှစ်အရွယ် Kanchana Srisung အမည်ရ ကောင်မလေးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့သြဂုတ်လ (၁၀)ရက် စနေနေ့က ဖမ်းဆီးခဲ့ပါတယ်။ သူမဟာ မိခင်ရဲ့ အသက်အာမခံငွေတွေကို ထုတ်ယူဖို့ ကြိုးစားခဲ့လို့ပါ။ ဒါတင်မကသေးဘဲ Kanchana ဟာ လူသတ်သမားငှားပြီ၊ မိခင်ကို သတ်ခိုင်းခဲ့ပါသေးတယ်။ မိခင်သေသွားရင် သူမက အာမခံပိုက်ဆံတွေနဲ့ အချုပ်ကျနေတဲ့ ချစ်သူအမျိုးသားကို ကယ်ဖို့ဖြစ်ပါတယ်။ အဲဒီအမျိုးသားကလည်း အာမခံကြေး ပေးသွင်းရုံနဲ့ အချုပ်က လွတ်နိုင်တဲ့ အခြေအနေပါ။ Kanchana ဟာ ကြေးစားလူသတ်သမား (၂)ယောက်ကို ပိုက်ဆံပေးငှားရမ်းခဲ့ပါတယ်။ အဲဒီလူနှစ်ယောက်သာ မိခင်ကို အောင်အောင်မြင်မြင် သတ်နိုင်ခဲ့တယ်ဆိုရင် သူမက မိခင်ရဲ့ တစ်သက်တာအာမခံငွေတွေကို ထုတ်ယူမှာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူအမည်မှာ Ueamduean …

ကြောင်ကလေး ရေနစ်နေတာမြင်တော့ ဝှီးချဲပေါ်က ခက်ခက်ခဲခဲဆင်းပြီး ကယ်ခဲ့တဲ့ သူ

ပီးခဲ့တဲ့ သြဂုတ်လ (၁၁)ရက်နေ့က Abu Fathiyyaturahma Menk Abdun Mujtahid အမည်ရ အမျိုးသားဟာ သူ ကြောင်ကလေးကို ခက်ခက်ခဲခဲ ကယ်တင်ခဲ့ပုံ ဗွီဒီယိုမှတ်တမ်းကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ Abu ဟာ အများမြင်တဲ့အတိုင်း သူကိုယ်တိုင်က မသန်စွမ်းတစ်ယောက်ပါ။ သူဟာ ခြေထောက်အောက်ပိုင်း ပြတ်တောက်နေသူဖြစ်ပြီး၊ ဝှီးချဲကို မဖြစ်မနေ အသုံးပြုနေရသူပါ။ သူဟာ ကြောင်ကလေးတစ်ကောင် ရေမြောင်းထဲနစ်နေတာ မြင်တော့ ဝှီးချဲပေါ်က ခက်ခက်ခဲခဲဆင်းပြီး၊ မရရအောင် ကယ်တယ်ခဲ့တာ ဖြစ်ပါတယ်။ Abu ဟာ မသန်စွမ်း အားကစားသမားတစ်ဦးဖြစ်ပြီး၊ သူနဲ့ သူငယ်ချင်းတွေဟာ အားကစားလေ့ကျင့်ဖို့ လေ့ကျင့်ရုံကို သွားရောက်စဉ်မှာ ကယ်သူမဲ့နေတဲ့ ကြောင်ကလေးကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ Abu ရဲ့ လှုပ်ရှားမှုတွေကို သူငယ်ချင်းတွေက ဗွီဒီယိုမှတ်တမ်း …

အတင်း အလုပ်ခိုင်းခံရတဲ့ အသက် ၇၀ အရွယ် ဆင်အိုကြီး ဘုံးဘုံးလဲ

သီရိလင်္ကာနိုင်ငံက ‘တီကီရီ’ (Tikiiri) လို့ အမည်ပေးထားတဲ့ ဆင်မကြီးဟာ အသက် ၇၀ ရှိနေပြီး အိုမင်းမစွမ်းတဲ့ ဆင်အိုကြီးတစ်ကောင် ဖြစ်နေပါပြီ။ ဒါပေမယ့် သီရိလင်္ကာနိုင်ငံရဲ့ ဘာသာရေး ပွဲတော်တစ်ခုဖြစ်တဲ့ Perahera Festival ပွဲတော်ကာလမှာ အခြားဆင်အကောင် ၆၀ နဲ့အတူ ‘တီကီရီ’ ကို အလုပ်လုပ်ဖို့ ပိုင်ရှင် ဆင်ဦးစီးက အတင်းအကြပ်စေခိုင်းခဲ့ပါတယ်။ ပွဲတော်ကာလ ၁၀ ရက်မှာ ဆင်တွေအားလုံးကို အလှအပ တန်ဆာဆင်ပြီး လမ်းမြန်မြန်မလျှောက်နိုင်အောင် ခြေထောက်တွေမှာ လေးလံတဲ့ ခြေကျင်းကြီးတွေ တပ်ဆင်ထားပြီး ခရီးအဝေးကြီး လျှောက်ကြရပါတယ်၊ အဲဒီအထဲမှာ ‘တီကီရီ’ လဲ တစ်ကောင် အပါအဝင်ဖြစ်ခဲ့ပါတယ်။ ပွဲတော်ကာလ ၁၀ ရက် ကျော်လွန်တဲ့အခါမှာတော့ ‘တီကီရီ’ ဟာ ဘုံးဘုံးလဲပြီး အခုဆိုရင် သူ့ရဲ့နောက်ဆုံးအချိန်တွေကို …

( သြဂုတ် – ၁၆၊ ၂၀၁၉ ) ကမ္ဘာကြီးပူနွေးလာမှုအတွက် စိုးရိမ်မှု့မြင့်တက်နေစဉ် အင်ဒိုနီးရှားမြို့တော်အား ပြောင်းရွှေ့ရန် သမ္မတ၀ီဒိုဒို ကတိပြု။နိုင်ငံ့စီးပွားရေး မြှင့်တင်ရန် ဂျာကာတာမြို့တော်အား ကာလီမန်တန်ကျွန်းပေါ်သို့ ပြောင်းရွှေ့မည်။ အိမ်နီးချင်းနိုင်ငံများထက် တိုးတက်ဖွံ့ဖြို့မှု အလျှင်မြန်ဆုံးနှင့် သာလွန် ကောင်းမွန်ရစေရမည်ဟု ပြောဆို

((( abs-cbn., 16 2019 , “Indonesian leader pledges to move capital city, boost economy.” ကို Htay Oung , Oung Marine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) ကမ္ဘာကြီးတဖြည်းဖြည်းပူနွေးလာသည့်အတွက် စိုးရိမ်မှု့မြင့်တက်နေစဉ် အရှေ့တောင်အာရှ၏ အကြီးမားဆုံး စီးပွားရေးကဏ္ဍပေါ်ထွန်းလာစေရန် အစီအစဉ်များနှင့်အတူ နိုင်ငံ့မြို့တော်အား ပြောင်းရွှေ့မည်ဖြစ်ကြောင်း သောကြာနေ့၌ သမ္မတ ဂျိုကိုဝီဒိုဒိုက ကတိပြုသည်ဟု abs-cbn က ယနေ့ရေးသားသည်။ နိုင်ငံတကာအဆင့်တွင် ပင်လယ်ရေမျက်နှာအောက် လျှင်မြန်စွာနိမ့်ကျဆုံးမြို့တော်တစ်ခုဖြစ်သော အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ နာဖျားမှု ကပ်ဆိုက်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ယာဉ်ကျောပိတ်ဆို့ခြင်း၊ ငလျှင်နှင့် ရေကြီးရေလျှံ ဘေးအန္တရာယ်ခြိမ်းခြောက်ခြင်းများ ရင်ဆိုင်နေရလျှက်ရှိသည်။ ထိုအတွက် နိုင်ငံရေးအဓိကတည်ရှိရာ မြို့တော် ဂျာကာတာကို …

နက်ရှိုင်းလှတဲ့ မေတ္တာတရားနဲ့ ကြက်ကလေးကို ပြုစုစောင့်ရှောက်ထားတဲ့ မျောက်ကလေး

သံယောဇဉ် မေတ္တာတရားဆိုတာဟာ အင်မတန်ဆန်းကြယ်လှသလို အသွားအပြန်ရှိတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ လူလူချင်းချစ်တာ ခင်တာ ဒါမှမဟုတ် လူတွေက တိရိစ္ဆာန်လေးတွေအပေါ်မှာ ချစ်ခင်နှစ်သက် မေတ္တာထားတာတွေက တွေ့နေကြပေမယ့် မျောက်မလေးတစ်ကောင်က ကြက်ကလေးတစ်ကောင်ကို မေတ္တထားပြီး ပြုစုစောင့်ရှောက်ထားတာက တော့ ကြားသိရသူတွေအတွက် အနည်းငယ်ထူးဆန်းကောင်း ထူးဆန်းနေနိုင်ပါတယ်။ ဒီဖြစ်ရပ်လေးကတော့ အစ္စရေးနိုင်ငံက တိရစ္ဆာန် ဥယျာဉ်တစ်ခုအတွင်းမှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီး မျောက်မလေးတစ်ကောင်က ကြက်ကလေးတစ်ကောင်ကို မွေးစားထားပြီး ပြုစုစောင့်ရှောက်ပေးခဲ့တာပဲဖြစ်ပါတယ်။ မျောက်မလေးအနေနဲ့ဆိုရင်လည်း ကြက်ကလေးကို သူ့ရဲ့ သားသမီးအရင်းချာလို ပြုစုစောင့်ရှောက်ပေးခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကြားက မေတ္တာတရားတွေက ထူးဆန်းလှပါတယ်။ မျောက်မလေးအနေနဲ့ဆိုရင်လည်း ကြက်ကလေးရဲ့ အမွှေးတွေကို ပွတ်ပေးသပ်ပေးတာတွေ ပြုလုပ်ပေးတတ်ပြီး အဲ့လိုလုပ်ပေးတဲ့အခါတိုင်း ကြက်ကလေးကလည်း ပျော်ရွှင်နေတဲ့ ပုံစံနဲ့ မျောက်မကြီးကို ပြန်လည် တုံ့ပြန်တတ်တာတွေ့ရပါတယ်။ သူတို့နှစ်ဦးရဲ့ တစ်ယောက်အပေါ်တစ်ယောက် ကြင်နာမှုတွေဟာ တိရိစ္ဆာန်ကို အလည်လာရောက်သူတွေအတွက် ထူးဆန်းစရာတစ်ခုဖြစ်ခဲ့ပြီး ဗီဒီယိုရိုက်ကာ …

ရွေးကောက်ပွဲကတိအတိုင်း မတည်တဲ့ မြို့တော်ဝန်ကို လူထုကဖမ်းပြီး မိန်းမလိုဝတ်ခိုင်း

ကမ္ဘာကျော် စာရေးဆရာတစ်ယောက်က ( အမည်မမှတ်မိတော့) ပြောဖူးပါတယ်။ နိုင်ငံရေးသမားဆိုတာ မြစ်ချောင်းမရှိတဲ့ အရပ်ဒေသတောင် တံတားဆောက်ပေးမယ်လို့ ပြောပြီး မဲဆွယ်တတ်ကြပါတယ်တဲ့။ အထူးသဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေရဲ့နှစ်အလိုက်ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ရင်း သူ့ထက်ငါ အပြိုင်အဆိုင် မဲဆွယ်မှုတွေ လုပ်ကြရပါတယ်။ ဒီအခါ သူအနေနဲ့ ပြည်သူတွေ မဲပေးလို့ နိုင်ခဲ့ရင် မြန်မာနိုင်ငံမှာ ပြောသလို ရက် ၁၀၀ အတွင်း မြန်မာ့စီးပွားရေးကို ဂျက်လေယာဉ်ကြီးလို တက်သွားစေမယ် ဆိုတာမျိုးတွေ ပြောပြီး မဲဆွယ်ကြပါတယ်။ ဒါကို မဲဆွယ်ပွဲ ကတိကဝတ်လို့ ခေါ်ပါတယ်။ ဒါကို ကြည့်ပြီး ပြည်သူတွေက မဲပေးရွေးချယ်ကြတာပါ။မက္ကဆီကိုနိုင်ငံက ဂျေဗီယာ ဆီဘက်စတီယန်ဂျင်မီနက်ဆန်တစ် က သူသာ ပြည်သူတွေ မဲပေးလို့ နိုင်ခဲ့ရင် ရေပေးဝေရေးစနစ်ကို ကောင်းမွန်အောင် …

အပြည့်အစုံမခွဲစိတ်ရသေးတဲ့ လိင်ပြောင်း အမျိုးသမီးသန့်စင်ခန်းသုံးလို့ အဖမ်းခံလိုက်ရ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ထဲ အဝင်အပါဖြစ်တဲ့ Quezon မြို့က ဈေးဝယ်စင်တာရဲ့ အများသုံးသန့်စင်ခန်းမှာ လိင်ပြောင်းအမျိုးသမီးနဲ့ သန့်ရှင်းရေးဝန်းထမ်းတို့ ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။ လိင်ပြောင်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ Gretchen Custodio Diez ကို သန့်ရှင်းရေးဝန်ထမ်းက ပြဿနာ ရှာခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ သြဂုတ်လ (၁၃)ရက်က ဖြစ်ခဲ့တာပါ။ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးနဲ့ စကားများခဲ့ရာ၊ အခင်းအဖြစ်အပျက်ကို ဗွီဒီယိုမှတ်တမ်း ရယူခဲ့ပါတယ်။ သန့်ရှင်းရေးဝန်ထမ်း Chair Ganal က Gretchen မှာ လိင်ခွဲစိတ်ရခြင်းမရှိသေးလို့ အမျိုးသမီးအိမ်သာကို အသုံးမပြုသင့်ဘူးဆိုပြီး ပြဿနာစခဲ့တာပါ။ Gretchen ကို Chair က ရိုက်နှက်ဖို့အထိ ကြိုးစားခဲ့သလို၊ ဖုန်းကိုလည်း လုယူဖို့ကြိုးစားခဲ့ပါသတဲ့။ အဲဒီနောက် ရဲစခန်းကို သတင်းပေးတိုင်ကြားခဲ့ပါတယ်။ ရဲတွေ အမြန်ရောက်လာပြီး၊ Gretchen ကို လက်ထိပ်ခတ်ကာ …

ငှက်အုပ်စုအုပ်စုနဲ့ဝင်တိုက်မိပြီး ရုရှားခရီးသည်တင်လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရ

Zawgyicodeဖြင့်ဖတ်ရန် ရုရှားခရီးသည်တင် လေယာဉ်တစ်စီးနဲ့ ငှက်အုပ်စုဝင်တိုက်မိရာမှ မော်စကိုမြို့အနီး ပြောင်းဖူးခင်းထဲသို့ လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရပြီး ကလေးငယ် ၁၉ ဦး အပါအဝင် ၇၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ် ။ယမန်နေ့ (သြဂုတ် ၁၅ ရက်) က Ural လေကြောင်းလိုင်းမှ Airbus 321 လေယာဉ်ဟာ ခရိုင်မီးယားဒေသ ဆင်မ်ဖာရိုပိုလ်သို့ လေကြောင်းခရီးစဉ် ပျံသန်းရန်အတွက် မော်စကိုမြို့ အရှေ့တောင်ဘက်ရှိ Zhukovsky လေဆိပ်မှ ထွက်ခွာလာခဲ့ပြီး မကြာမီမှာပင် စင်ရော်အုပ်စုနဲ့ တိုက်မိခဲ့ပြီးနောက် အင်ဂျင်များရပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် လေယာဉ်မှူးတွေက လေယာဉ်ကို အတတ်နိုင်ဆုံး ထိန်းသိမ်းကာ ပြောင်းဖူးခင်းထဲသို့ အရေးပေါ်ဆင်းသက်ခဲ့ပါတယ်။ လေယာဉ်ကို အရေးပေါ်အခြေအနေဖြင့် အကောင်းဆုံး ဆင်းသက်ခဲ့တဲ့ လေယာဉ်မှူးတွေကို လူ့အသက်များ ကယ်တင်ခဲ့မှုအတွက် ရုရှားသမ္မတနန်းတော်က …

တစ်ရက်ကို ကျပ်နှစ်ထောင်ပဲသုံးပြီး ၁၆ နှစ်အကြာမှာ အိမ်သုံးလုံး ပိုင်ဆိုင်ခဲ့သူ

ကိုယ်ပိုင်နေအိမ်လေး တစ်လုံးလောက် ဝယ်နိုင်ဖို့ဆိုတာ လူအတော်များများရဲ့ အိပ်မက်ဖြစ်ပါတယ်။ ဒါပေမယ့် ငွေကြေး စီမံခန့်ခွဲမှု မတတ်၍သော်၎င်း၊ အခြားအကြောင်းအရာမျိုးစုံတို့နဲ့ ဒီအိပ်မက်လေးဟာ အိပ်မက်အဖြစ်မှာပဲ ရပ်တန့်နေတဲ့သူတွေသာများပြီး အကောင်အထည်ပေါ်အောင် တစ်ကယ်လုပ်သွားနိုင်တဲ့လူက နည်းပါတယ်။ ဂျပန်နိုင်ငံက အမျိုးသမီးတစ်ဦးကတော့ ၁၆ နှစ်တိုင်တိုင် တစ်ရက်မှာ ဂျပန်ယန်း ၁၅၃ (ကျပ် ၂,၁၆၂) သာ သုံးပြီး စုဆောင်းခဲ့ရာမှ သူ့အသက် ၃၄ နှစ်မှာ အရောက်မှာတော့ အိမ်တစ်လုံးသာမကပဲ တန်ဖိုးကြီးအိမ် ၃ လုံးဝယ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ဘာအလုပ်မှ လုပ်စရာမလိုတော့ပဲ အသက်ငယ်ငယ်လေးနဲ့ အငြိမ်းစားသူဌေးမလေး ဖြစ်နေပါပြီ။(ဒီသတင်းလေးကို ဖတ်ရတော့ ယခင်အစိုးရလက်ထက်က တစ်ရက်ကို ကျပ်နှစ်ထောင်(၂,၀၀၀) ကျပ်နဲ့ လောက်အောင်သုံး ဆိုတဲ့ နိုင်ငံတော်အကြီးအကဲ ဖြစ်ခဲ့သူရဲ့ စကားကို ပြန်အမှတ်ရစေပါတယ်) သူမအသက် ၁၈ …