Month: May 1921

တမြို့လုံးမှာတစ်ယောက်ထဲနေရတဲ့ သနားစရာ အမေရိကန်အဖွားအို

ဟုတ်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့တရားဝင်မြို့လေးတစ်မြို့ဖြစ်တဲ့ Monowi ဆိုတဲ့မြို့ငယ်လေးပါ။ တစ်ဦးတည်းသော မြို့သားအဖြစ်နေထိုင်နေသူကတော့ အသက် ၇၀ အရွယ် Elsie Eiler ဆိုတဲ့ အဘွားအိုအမျိုးသမီးပါပဲ။ဒါဆို မြို့ပေါ်က တခြားသူတွေကဘယ်ကိုရောက်ကုန်ကြလဲ ? အဖွားရဲ့မိသားစုဆွေမျိုးတွေကရော ဘယ်မှာလဲ ? အမျိုးသမီးတစ်ဦးတည်းနေထိုင်မြို့ကို ဘယ်လိုစီမံအုပ်ချုပ်နေသလဲ ?အဖွားဟာ ဒီမြို့လေးရဲ့မြို့တော်ဝန်လည်းဖြစ်ပါတယ်။ ဘားလေးတစ်ခုဖွင့်ထားပြီး အဖျော်ယမကာစပ်သူအဖြစ် လည်းလုပ်ကိုင်သလို တစ်ချိန်တည်းမှာပဲ မြို့ရဲ့စာကြည့်တိုက်မှူးအဖြစ်လည်း အဖွားကလုပ်ကိုင်နေသူပါပဲ။1902 ခုနှစ်က တည်ထောင်ခဲ့တဲ့ ဒီ လယ်ယာစိုက်ပျိုးရာမြို့ကလေးဟာ ၁၉၃၀ ဝန်းကျင်က လူဦးရေ ၁၅၀ မျှသာ နေထိုင်ခဲ့ရာနေရာပါ။ လူငယ်တွေကတော့ ဘဝအတွက် ရေကြည်ရာမြက်နုရာ ရှာဖွေဖို့ရွှေ့ပြောင်းထွက်ခွာသွားခဲ့ကြတာပါပဲ။အဖွားရဲ့ ခင်ပွန်းသည်ဟာလည်း ၂၀၀၄ မှာ ဆုံးပါးသွားခဲ့သလို သူရဲ့သားသမီးတွေဟာလည်း အဖိုးမဆုံးခင်ကတည်းက တခြားအရပ်ဒေသတွေဆီရွှေ့ပြောင်းနေထိုင်နေခဲ့တာကြောင့် အဖွားဟာ လူသူမရှိတော့တဲ့ မြို့ကလေးမှာ တစ်ကိုယ်တည်းထီးထီးကျန်ရစ်နေခဲ့တာပါ။မြို့တော်ဝန်တစ်ယောက်အနေနဲ့ …