Month: January 1970

မြန်မာစကားမပီတဲ့ အဝင်းကြောင့် ရယ်စရာအလွဲတွေဖြစ်ခဲ့တဲ့အကြောင်း ပြောလာတဲ့ မအေးသောင်း….

နန်းဆန်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မမအေးသောင်းကတော့ ပုရိသတွေရဲ့ရင်ထဲက နှလုံးသားလေးတစ်ခုဆိုရင်လည်း မမှားပါဘူး။ လတ်တလောမှာတော့ မအေးသောင်းက နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ အဆိုတော် သရုပ်ဆောင် အဝင်း(မိုရီဆာကီဝင်း) နဲ့ ပထမဦးဆုံး တွေ့ဆုံမှုမှာတင် ရယ်စရာအလွဲလေးတစ်ခုနဲ့ ဆုံတွေ့ခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ စကားမပီတဲ့ အဝင်းလေးနဲ့ ပျော်ပျော်နေတတ်တဲ့ မမအေးသောင်းတို့ရဲ့ပထမဦးဆုံး တွေ့ဆုံမှုလေးကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါ။မိုမိုလေးချစ်ပရိသတ်တွေအတွက် အဝင်းနဲ့ဆုံတုန်း အလွဲလေးတစ်ခု ဖြစ်ခဲ့တဲ့ အကြောင်း အမှတ်တရပြောပြလာတဲ့ မအေးသောင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။မအေးသောင်းကတော့ “ကဲ ကဲ ကဲ ပထမဆုံး အဝင်းနဲ့ဆုံတဲ့နေ့ပေါ့လေ။ သူကမေးတယ် အဝင်း-“အမ ဆောရီးနော် အမ အသက်ဘယ်လောက်ရှိပြီလဲ “တဲ့ အသောင်း – ” အော် ရတယ် မောင်လေး အမက ၃၅ ပြည့်တော့မယ် …