Month: November 2018
ရုပ်ရှင်ပိုစတာနဲ့တင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေရရှိနေတဲ့ “ကိုယ်စောင့်နတ်”ရုပ်ရှင်ကားကြီး
“ကိုယ်စောင့်နတ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုပ်ရှင်မပြသခင်မှာတင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို တခဲနက်ရရှိနေပါပြီ။ “ကိုယ်စောင့်နတ်” ရုပ်ရှင်ကားကြီးကတော့ သူရဲ့ ပိုစတာဓါတ်ပုံကြောင့် ပရိသတ်တွေကြားမှာ လူပြောများနေတာဖြစ်ပါတယ်။ ပိုစတာဓါတ်ပုံကြောင့် ပရိသတ်တွေကြားမှာ Boy Love ဇာတ်ကားလားလို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ “ကိုယ်စောင့်နတ်”ရုပ်ရှင်ဇာတ်ကားမှာတော့ ကျော်သူ ၊ရန်အောင်၊ ရဲအောင် ၊ထွန်းထွန်း ၊လွှမ်းပိုင်၊ ထူးအောင်၊ ဆန်းထွဋ် အောင်ရဲထွေး ၊သုတဇော်၊ မျိုးဇော်နဲ့ ခင်ဝင့်ဝါတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး နာမည်ကျော် အနုပညာရှင်များစွာလည်း ပါဝင်ထားကြပါတယ်။ “ကိုယ်စောင့်နတ်” ရုပ်ရှင်ကားကတော့ အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပြီး မြင်နေကြမဟုတ်တဲ့ ရိုက်ချက်တွေနဲ့ ကြည့်ရမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။ “ကိုယ်စောင့်နတ်”ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ပရိသတ်တွေရော မင်းသား (၇)ယောက် ၊ကိုယ်စောင့်နတ် (၁)ယောက်နဲ့ ကျောင်းသူလေး (၁) …
မိုလ်ဘိုင်းဖုန်း ၀ယ်တော့မယ်ဆိုရင် သိထားဖို့ ဖုန်းမဝယ်ခင် တစ်ခါလောက်ဖတ်သွားပါ ..
ဒီတခါတော့ ဖုန်းဝယ်တော့မယ်ဆိုရင် ဖုန်းဆိုင်မှာပဲ Original စစ် မစစ်၊ ဖုန်းရဲ့ Quality အရည်သွေး ကောင်း မကောင်း မိမိကိုယ်တိုင် စစ်ဆေးနိုင်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကိမျှဝေလိုက်ပါတယ်။ -မိမိဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity – IMEI) ဂဏန်း ၁၅ လုံး …
ရုရှားတင့်ကားများ ယူကရိန်းနယ်စပ်အနီး ၁၁ မိုင်အကွာသို့ရောက်ရှိလာပြီဟု ယူကရိန်းသမ္မတဆို
ရုရှားတင့်ကားများသည် ယူကရိန်းနယ်စပ်အနီးသို့ရောက်ရှိလာနေပြီဖြစ်ကြောင်း နိုဝင်ဘာလ ၃၀ ရက်တွင် ယူက ရိန်းသမ္မတပိုရိုရှန်ကိုက ဆိုလိုက်ကြောင်း သိရသည်။ ၎င်းမှာ သမ္မတပိုရိုရှန်ကိုက ရုရှားသည် မိမိနိုင်ငံကိုကျူးကျော်ဝင်ရောက်ရန်အဆင်သင့်ဖြစ်နေပြီဟုဆိုပြီးရက် အနည်းငယ်အကြာတွင်ဖြစ်သည်။ ရုရှားတင့်ကားများသည် ယူကရိန်းနယ်စပ်အနီး ၁၁ အကွာသို့ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းနေရာ၌ လက်နက်ခဲယမ်းများနှင့်ဒုံးကျည်များကိုပါထားရှိသည့်အတွက် ယူကရိန်းက မိမိတို့နိုင်ငံကိုကာကွယ်ရန် ပြင်ဆင်သင့်ပြီဟု ဆိုလိုက်ခြင်းဖြစ်သည်။ သမ္မတပိုရိုရှန်ကိုက“တစ်ကမ္ဘာလုံးတောင် ပူတင်ကိုမယုံကြည်နိုင်ဘူးဆိုရင် ယူက ရိန်းလည်း သူနဲ့အဆင်ပြေမှာမဟုတ်ပါဘူး”ဟု ဆိုခဲ့သည်။ယူကရိန်းတွင် စစ်အုပ်ချုပ်ရေးအမိန့်ကြေညာထားပြီး စစ်တပ်ကိုပါတပ်လှန့်ထားသော်လည်း အတိုက်အခံများက ပိုရိုရှန်ကိုသည် တတိယကမ္ဘာစစ်ဖြစ်နိုင်သည့်အ ခြေအနေကိုအသုံးချကာ လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များကိုစည်းရုံးလိုခြင်းသာဖြစ်သည်ဟု ဆိုနေကြသည်။ ရုရှားနှင့်ယူကရိန်းကြားတွင်ရေကြောင်းပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကလည်း G20 အ စည်းအဝေးတစ်စိတ်တစ်ပိုင်းအဖြစ် ပူတင်နှင့်တွေ့ဆုံရန်အစီအစဉ်ကိုဖျက်သိမ်းလိုက်သည့်အတွက် တင်းမာမှုများမြင့်တက် နေသည်ဟု သိရသည်။ (AP,30.11.18) အေးယုနိုင် Unicode ရုရှားတင့်ကားများသည် ယူကရိန်းနယ်စပ်အနီး ၁၁ မိုင်အကွာသို့ရောက်ရှိလာပြီဟု …
နေခြည်ဦးရဲ့အောင်မြင်မှုကို အသိအမှတ်ပြုပြီး ဂုဏ်ပြုပေးခဲ့ကြတဲ့ သူမချစ်ရတဲ့သူနှစ်ယောက်
BeautyBloggerတစ်ဦးလည်းဖြစ်သလိုတက်သစ်စသရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့နေခြည်ဦးကအောင်မြင်မှုတွေတစ်ချီကြီးရရှိထားသူဖြစ်ပါတယ်။ကိုယ်ပိုင်အရည်အချင်းတွေနဲ့ကြိုးစားအားထုတ်ပြီးနာမည်ကြီးလာတဲ့သူမကလက်ရှိမှာပရိသတ်တွေကြားရေပန်းစားနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် နေခြည်ဦးက ကိုယ်ပိုင် Brandတစ်ခုကိုတည်ထောင်ပြီး ပထမဆုံး Product အသစ်လေးနဲ့တစ်ခုကို စတင်ထုတ်လုပ်လိုက်ပါတယ်။ နေခြည်ဦးရဲ့ ” You Social Media Bff 2019 Planner ” ဆိုတဲ့ စာအုပ်လေးက မကြာသေးခင်ကမှ ပရိသတ်တွေနဲ့ စတင်မိတ်ဆက်ထားတာဖြစ်ပြီး Pre Order နဲ့တင် အောင်မြင်မှုတွေ ရရှိနေတာဖြစ်ပါတယ် ။ Pre Order ကာလမှာတင် အော်ဒါအပြည့်နဲ့အောင်မြင်နေတဲ့နေခြည်ဦးရဲ့Productလေးနဲ့ပတ်သက်ပြီးသူမရဲ့ဖခင်ကသမီးလေးအတွက်အမှတ်တရလက်ဆောင်လေးနဲ့ ဂုဏ်ပြုပေးလိုက်ပါတယ်။ သူမတို့မိသားစု ပိုင်ဆိုင်တဲ့ ” စိမ်းလဲ့တင် အပန်းဖြေဥယျာဉ်” မှာ ဖခင်ဖြစ်သူက သူမရဲ့ Product လေးကို နေခြည့်ပုံလေးနဲ့အတင် ကြော်ငြာဘုတ်နှစ်ခုထောင်ပေးထားပြီး သမီးလေးကိုအသိအမှတ်ပြုကာ ချီးကျူးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နေခြည်ဦးက “၂၀၁၉ တစ်နှစ်ပတ်လုံးအတွက် ၂၀၁၈ …
အင်းစိန်ထောင်အတွင်းမှ ပရလောကသားများ အပိုင်း (၉)
တွဲဖက်ထောင်မှ ညဥ့်သန်းခေါင်ယံ တောက်ခေါက်သံ လျှို့ဝှက်နက်နဲတဲ့ ပရလောကအကြောင်းကိုအလောင်းအစားပြုလုပ်ရာကနေ ဆန်းကြယ် တဲ့ကုသိုလ် ကံကြမ္မာဆိုးကြောင့် စမ်းချောင်းသားခမျာ အင်းစိန်ထောင်မကြီးရဲ့ဘေးက တွဲဖက်ထောင် (၂) တိုက် အနောက်ဘက်ခြမ်းမှာ အထီးကျန်စွာရောက်ရှိနေပါတယ်။ ထပ်ပြီးကံဆိုးသွားတာက (၂) တိုက် အနောက်ဘက်ခြမ်း ၁၀ ခန်းတွဲမှာ နိုင်ငံရေး အကျဉ်းသားဆိုလို့ သူတစ်ယောက်တည်းသာရှိပြီး တခြားအကျဉ်းသားသုံးယောက်ကတော့ ဒေါ်လာငွေမှောင်ခိုမှုနဲ့ အချုပ်ကျနေတဲ့သူတွေဖြစ်ပါတယ်။ သူက နိုင်ငံရေးအကျဉ်းသားဖြစ်နေတော့ သတင်းပြန့်မှာစိုးလို့ စီးပွားရေး ၅ ညတွေနဲ့ ကပ်မထားဘဲ ဟိုဘက်အစွန်၊ ဒီဘက်အစွန် အခန်းတွေမှာ နေရာချထားလိုက်တယ်။ ဒီတော့ စကားပြောဖော်လည်း မရှိတော့ဘူး။ ကိုယ့် ဘာသာကိုယ် အခန်းထဲမှာ လမ်းလျှောက်လိုက်၊ အိပ်လိုက်နဲ့ အချိန်ဖြုန်းတီးနေရတယ်။ အားအားရှိ အိပ်နေရတော့ ညဘက်တွေဆိုရင်လည်း တစ်ခါတစ်ရံအိပ်ရေး အ၀လွန်ပြီးမျက်လုံးကြောင်နေလေ့ရှိတယ်။ တစ်ညတော့ ညသန်းခေါင်ယံ အထိ …
ဗုဒ္ဓဘာသာ မဖြစ်ခင် ဘာသာမဲ့ဘဝ ၁၀ နှစ်တိတိဖြစ်ခဲ့တယ်ဆိုတဲ့ အောင်လ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် အဆိုတော် အောင်လက မကြာခင်မှာ တကိုယ်တော် အခွေထွက်မှာ ဖြစ်ပြီး သာသနာ့ဘောင်ဝင်ကာ ဘုန်းကြီးဝတ်မယ်လို့ ဆိုပါတယ်။ “ဒီဇင်ဘာ ၁ ရက်နေ့ ကျနော့်အခွေ ထွက်ပြီးတာနဲ့ ကျနော်ဘုန်းကြီး ဝတ်တော့မယ်”လို့ အောင်လက ပြောပါတယ်။ အောင်လက”အသုံးတော်ခံ” Album ကို ထွက်ဖို့ကြိုးစားနေတာ ကြာပြီဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှာ ထွက်မှာ ဖြစ်ပါတယ်။ တေးစီးရီး ထွက်မယ့်နေ့နဲ့ ဘုန်းကြီးဝတ်မယ့်နေ့က တရက်တည်းဖြစ်တဲ့ အကြောင်းနဲ့ ဘုန်းကြီးဝတ်ဖြစ်တဲ့အကြောင်း အောင်လက အခုလိုပဲ ဆိုပါတယ်။ “အခွေလည်း ထွက်ပြီဆိုတော့ ကျနော် ခေါင်းတအား ပေါ့သွားတဲ့နေ့ကျရင် ဝတ်မှာပေါ့။ အဓိက ကျနော် တခါမှ ပဉ္ဇင်း မတက်ရသေးဘူး။ ပြီးတော့ …
ကွယ်လွန်သူ သား၏မျက်နှာနှင့် အစားထိုးခွဲစိတ်ကုသမှုခံယူထားသူနှင့် တွေ့ဆုံခဲ့သည့်မိခင် မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရ
မျက်နှာတစ်ခုလုံးနီးပါး ပျက်စီးယိုယွင်းနေခဲ့သူအတွက် ကွယ်လွန်သွားပြီဖြစ်တဲ့ သားရဲ့မျက်နှာကို အစားထိုးကုသနိုင် ဖို့ရာ လှူဒါန်းပေးခဲ့သူ မိခင် ဆယ်လီဖစ်ရှာက အစားထိုးကုသမှုခံယူထားသူနဲ့ ပြန်လည်တွေ့ဆုံခွင့်ရခဲ့ပြီး သားဖြစ်သူကို အရှင်လတ်လတ်ပြန်မြင်တွေ့လိုက်ရသလို ခံစားခဲ့ရတာကြောင့် ၀မ်းသာပီတိစိတ်နဲ့ သားဖြစ်သူကို လွမ်းဆွတ်တမ်းတစိတ် တွေ ရောထွေးသွားခဲ့ပြီး မျက်ရည်မဆည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ မျက်နှာအစားထိုးကုသမှုလိုအပ်နေခဲ့သူက မြောက် ကယ်လီဖိုးနီးယားပြည်နယ်၊ ယူဘာမြို့က အသက် ၂၄နှစ်အရွယ် ကင်မရွန်းအန်ဒါဝုဒ်ဆိုသူဖြစ်ပြီး စိတ်ကျရောဂါခံစားခဲ့ရ ရာကနေ ကိုယ့်ကိုယ်ကို သေနတ်နဲ့ပစ်ကာ သတ်သေဖို့ လုပ်မိခဲ့ရာကနေ မျက်နှာတစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့ရတာ ဖြစ်ပါတယ်။ စိတ်ကျရာကနေ တစ်နေကုန် အရက်သောက်စားမူးယစ်နေခဲ့ပြီးတဲ့နောက် သေနတ်နဲ့ မေးစေ့မှာ ထောက်ကာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အသက်မသေခဲ့ပေမယ့်လည်း နဖူး၊ မျက်လုံးတွေနဲ့ လျှာတွေကလွဲရင် မျက်နှာတစ်ပြင်လုံးနီးပါး ပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။ ဆရာဝန်တွေက ကင်မရွန်းရဲ့အသက်ကိုကယ်တင်ပေးနိုင်ခဲ့ပေမယ့် မျက်နှာပျက်စီးမှု ကြောင့် နေ့စဉ်ဘ၀မှာ …
ပူတင်သည် ယူကရိန်းနိုင်ငံတစ်ခုလုံးကို သိမ်းပိုက်ရန် နည်းလမ်းရှာနေသူဖြစ်သည်ဟု သမ္မတပိုရိုရှန်ကို စွပ်စွဲ
ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်သည် မိမိ၏ ယူကရိန်းနိုင်ငံတစ်ခုလုံးကို ကျူးကျော်သိမ်းပိုက်ရန် နည်းလမ်းရှာဖွေနေသူဖြစ်သည်ဟု ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုက ဂျာမန်မီဒီယာတစ်ခုနှင့် ပြုလုပ်သော အင်တာဗျူးတွင် စွပ်စွဲပြောကြားလိုက်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။ ရုရှားနိုင်ငံသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကရိုင်းမီးယားကျွန်းဆွယ်ဒေသအနီး အာဇော့ဗ်ပင်လယ်ပြင်တွင်းသို့ တရားမဝင်ဝင်ရောက်လာသည်ဟုဆိုသော ယူကရိန်း ရေတပ်သင်္ဘောသုံးစင်းကို ပစ်ခတ်ဖမ်းဆီးခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ယူကရိန်းသို့ ရောက်ရှိလာသော ဂျာမန် Bild သတင်းစာနှင့်တွေ့ဆုံရာတွင် သမ္မတ ပိုရိုရှန်ကိုက အထက်ပါအတိုင်းပူတင်သည် ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းယူနိုင်မည့် နည်းလမ်းရှာနေသူဖြစ်သည်ဟု စွပ်စွဲပြောဆိုလိုက်ခြင်းဖြစ်သည်။ ကရိုင်းမီးယားဒေသထဲသို့ ယူကရိန်း ရေတပ်သင်္ဘောသုံးစင်းသည် တရားမဝင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟူသော ရုရှား၏ စွပ်စွဲချက်ကိုလည်း ၎င်းကပယ်ချလိုက်သည်။ “ပူတင်ရဲ့ အလိမ်အညာတွေကို မယုံနဲ့”ဟု ဂျာမနီနိုင်ငံတွင် စောင်ရေအများဆုံး Bild သတင်းစာသို့ ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က …
ချစ်ဇနီးလေးရဲ့ အမိုက်စားပုံလေးတွေကို ရိုက်ကာ အမှတ်တရတင်လိုက်တဲ့ ရွှေထူး
တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲလေးက အခုဆိုရင်တော့ ပျားရည်စမ်းခရီးစဉ်လေးမှာ လွတ်လပ်ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။ အတိုက်အခိုက်၊ အနှောင့်အယှက်တွေကို ခဏဘေးဖယ်ပြီး လွတ်လပ်မှုအရသာကို အပြည့်အဝခံစားနေကြတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ခရီးလမ်းလေးက သာယာဖြောင့်ဖြူးစွာနဲ့ ရှေ့ဆက်နေကြတာလည်း ဖြစ်ပါတယ်။ ရွှေရွှေတို့စုံတွဲလေးကတော့ ဥရောပဘက်ကို ပျားရည်ဆမ်းခရီးလေးထွက်ရင်း ကြည်နူးပျော်ရွှင်နေကြတာ တွေ့ရပါတယ်။ ချစ်သူဘဝကတည်းက Romantic ဆန်တဲ့အချစ်တွေနဲ့ အားကျချင်စရာကောင်းလောက်အောင် ချစ်တတ်ကြတဲ့ သူတို့နှစ်ဦးက အခုဇနီးမောင်နှံဘဝမှာလည်း ပိုပြီး ရင်ခုန်ချင်စရာကောင်းတဲ့ အချစ်တွေနဲ့ အရမ်းတွေ ရိုနေတာလည်းဖြစ်ပါတယ်။ ရွှေမှုန်လေးကတော့ အခုချိန်ထိကို ရွှေထူးအပေါ် ကလေးတစ်ယောက်လိုအမြဲ နွဲ့ဆိုးဆိုးကာ အချွဲပိုနေတာလည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း ရွှေထူးဟာ ချစ်ဇနီးလေးရဲ့ ပုံလေးတွေကို ရိုက်ကာ အမှတ်တရ ဖော်ပြထားတာတွေ့ရပါတယ်။ရွှေမှုန်လေးကို ရွှေထူးတို့ ချစ်ချက်ကတော့ အားကျစရာကောင်းချက်ပဲနော်..။ရွှေရွှေဇနီးမောင်နှံကတော့ အခုချိန်ထိကို ဟန်းနီးမွန်း ခရီးလေးမှာ သာယာ …