Month: January 2019

ကမ္ဘာ့အလှဆုံးမိန်းမများအဖြစ် တင်စားခံရတဲ့ လူကြိုက်အများဆုံးမင်းသမီးချောများ

#10 Emma Watson Emma Watson ဟာ April 15 ,1990 ခုနှစ် ပြင်သစ်နိုင်ငံ Paris မြို့မှာမွေးဖွားခဲ့ပြီး ယခုဆိုရင်တော့ အသက်(၂၈)နှစ် ရှိပါပြီ။ Harry potterဇာတ်ကားထဲကဇာတ်ကောင်မင်းသမီးလေးကိုရင်းနှီကြမယ်ထင်ပါတယ်။ဒီHarrypotterဇာတ်လမ်းကပဲသူမဟောလီဝုဒ်အနုပညာ ကြယ်ပွင့် တစ်ပွင့် အဖြစ် မြင့်တင့်ပေးခဲ့တာဖြစ်ပါတယ်။ #9 Gal Gadot မင်းသမီးGalGadotဟာအစ္စရေးနိုင်ငံသူဖြစ်ပြီးApril30,1985ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။GalGadotဟာအသစ်ပြန်ထပ်ရိုက်ကူးထားတဲ့Wonder Womenဇာတ်ကောင်နေရာကနေ လူသိများလာတာဖြစ်ပါတယ်။ #8 Priyanka Chopra အိန္ဒိယနွယ်ဖွားPriyankaChopraဟာMissWorld2000Winnerဆုရှင်ဖြစ်ပြီးကျော်ကြားတဲ့အိန္ဒိယရုပ်ရှင်မင်းသမီးလည်းဖြစ်ပါတယ်။သူမဟာ Time Magazine ရဲ့ ဩဇာအရွိဆုံးလူ အယောက်(100)စာရင်းမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ Priyanka ကတော့ လွန်ခဲ့တဲ့ ဒီဇင်ဘာလ လောက်ကမှ သူမထက် (၁၁) နှစ်ငယ်တဲ့ သူမရဲ့ ချစ်သူ အဆိုတော် Nick Jonus နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ #7 Beyounce …

သမိုင်းထဲက မြန်မာမံမီ (သို့) အမေရိကန်ရောက် မင်းသားသီဟသူ၏ ရုပ်အလောင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်၏ အကူအညီကို နိုင်ငံတော် အစိုးရက လက်ခံပြီး၊ ကြိုးပမ်းခဲ့ရာတွင် အမေရိကန်ပညာသည်များကိုလည်း အသုံးပြု ခဲ့ရလေ သည်။ ထိုပညာသည်အဖွဲ့တွင် ရှေးဟောင်းပစ္စည်း ရှာဖွေတူးဖော်ရေးဆိုင်ရာ ပါရဂူကြီး တစ်ဦးလည်း ပါဝင်ခဲ့သည်။ ယင်းပါရဂူကြီးသည် ၁၉၅၀ ပြည်နှစ်နှင့် ၁၉၅၃ ခုနှစ်များအကြားတွင် ရှေးဒလမြို့ဟောင်း၊တွံတေး တောကြီးတန်းဌက်အော်စန်းတောထဲတွင် ရှေးဟောင်း သုတေသနများ ပြုလုပ်ခဲ့သည်။ ရှေးဒလမြို့ဟောင်းနေရာ ကို တိုင်းထွာရန်ထက် ပညာရှိအမတ်ကြီး ရာဇသင်္ကြန်၏ သချိုင်းဂူကို ရှာဖွေရန် အားသန်ခဲ့သည်။ ယင်းသို့ သုတေသန ပြုစဉ် ထူးခြားသည့် ရှာဖွေတွေ့ရှိချက်တစ်ခု ပြုလုပ်ခဲ့သည်။ ပါရဂူကြီး သည် ပုဂံအိမ်ရှေ့မင်းသား သီဟသူ၏ အလောင်းကို ရာဝင် စဥ့်အိုးကြီးထဲတွင် မပုပ်မသိုးအောင် ဆေးရည်ဆီစိမ်ထားသည်ကိုတွေ့လိုက်ရသည်။ သို့နှင့် ပါရဂူကြီး …

တပည့်တွေရဲ့ သိတတ်မူကြောင့် မျက်ရည်မဆည်နိုင်အောင်ဖြစ်ခဲ့ရတဲ့ ဆရာ

ဘရားဇီးနိုင်ငံက ကျောင်းတစ်ကျောင်းမှာ တာဝန်ထမ်းဆောင်တဲ့ လူရွယ်ဆရာတစ်ဦးဟာ လတော်တော်များများ လစာမရတဲ့အတွက်ကြောင့်၊ အပြင်မှာလည်း နေစရာ မငှားနိုင်တော့လို့ သူဟာ စာသင်ခန်းရဲ့ကြမ်းပြင်မှာ အိပ်စက်ခဲ့ရပါတယ်။ အဆိုပါဆရာဟာ အစားထိုးဆရာတစ်ဦး ဖြစ်ခြင်းကြောင့် စာချုပ်သက်တမ်းတစ်ခုနဲ့ တာဝန်ထမ်းဆောင်ရတဲ့ ဆရာဖြစ်ပြီး၊ ဒေသခံအစိုးရက သူ့ကို စတင်ခန့်ထားတဲ့လကနေစပြီး လစာပေးချေခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့်လည်း ဆရာဘရူနိုရာဖယ်ပိုင်ဗာလည်း အလွန်ခက်ခဲ့တဲ့ရပ်တည်ခြင်းတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ နောက်ဆုံးတော့ အပြင်မှာလည်း အိမ်မငှားနိုင်တော့လို့ ကျောင်းစာသင်ခန်းမှာပဲ အိပ်စက်ခွင့်ပြုဖို့ ကျောင်းတာဝန်ရှိသူတွေထံမှာ တောင်းဆိုခဲ့ရာ အဆင်ပြေခဲ့ပါတယ်။ ဒါလည်း သူ့ ဝမ်းရေးကို ဖြစ်သလိုဖြေရှင်းနေခဲ့ရတာပါ။ ဒီအဖြစ်အပျက်ကို သိရှိပြီးနောက်မှာတော့ အဲဒီအတန်းထဲမှာ တက်ရောက်နေကြတဲ့ တပည့်တွေဟာ အသက်(၂၈)နှစ်အရွယ် ဆရာဘရူနိုအတွက် ငွေကြေးတွေ ကြိတ်ပြီးစုဆောင်းခဲ့ကြပါတယ်။ သူတို့ဟာ ဆရာ့လစာရဲ့ (၃)ပုံပုံ (၂)ပုံအထိ စုဆောင်းနိုင်ခဲ့ကြပြီး၊ အဲဒီငွေကြေးလေးတွေနဲ့ …

“ကိုးဆယ်ဆသာလိမ့်မယ်”ရုပ်ရှင်ကားကြီးထဲမှ “ထန်းရွက်ပုတီး”ဇာတ်ဝင်တေးကို သီဆိုပေးထားတဲ့ မေသက်ထားဆွေ

ငယ်ငယ်ကတည်းက အနုပညာပိုးပါလွန်းတဲ့ အဆိုတော်မလေး မေသက်ထားဆွေ ဟာဆိုရင် ကလေး အဆိုအကအပြိုင်ပွဲတွေကနေ ဝင်ရောက်ယှဉ်ပြိုင်ပေးရင်း ပရိသတ်တွေ လူသိများပြားပြီး အားပေးချစ်ခင်လာခဲ့ရတဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အရမ်းကို အဆိုကောင်းလွန်းတဲ့ သူမကတော့ သံစဉ်မျိုးစုံကို သီဆိုပြသပေးနိုင်ခဲ့တဲ့ အဆိုရှင်ကောင်းတစ်ယောက်ပါ။ စူးနစ်စိမ့်ဝင်တဲ့ အသံချိုချိုလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့ရတဲ့ သူမကတော့ ယခုဆိုရင် အရမ်းကို အောင်မြင်ကျော်ကြား လူကြိုက်များနေခဲ့ရတဲ့ အဆိုရှင်လေးတစ်ယောက်အဖြစ် ရပ်တည်နေနိုင်ခဲ့ပါပြီ။ သီချင်းသီဆိုပြသပေးတဲ့နေရာမှာ အရမ်းကို ကုသိုလ်ကံထူးလွန်းတဲ့ မေသက်ထားဆွေကတော့ “ကိုးဆယ်ဆသာလိမ့်မယ်” ရုပ်ရှင်ကားကြီးထဲမှ ဇာတ်ဝင်တေးလေးတစ်ပုဒ်ဖြစ်တဲ့ “ထန်းရွက်ပုတီး” သီချင်းကို အိမ်နေရင်း အပီအပြင် သီဆိုပြသပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ အိမ်နေရင်းနဲ့တောင် ဆွဲဆောင်မှုရှိတဲ့ သာယာနာဖွယ် အသံလေးနဲ့ အကောင်းမွန်ဆုံးဖြစ်အောင် သီဆိုပေးထားခဲ့တဲ့ မေသက်ထားဆွေရဲ့ video file လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ …

ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦး စတင်ဆောက်လုပ်နေ

စစ်ကိုင်း၊ ဇန်နဝါရီ ၃၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီကြီးမှာ ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦး စတင်ဆောက်လုပ်နေပါတယ်။ ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး ထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦးကိုတော့ ကောင်းမှုတော်စေတီတော်ကြီးရင်ပြင်တော်အရှေ့တောင်ထောင့် ကြေးစည်းတော် ၊မောင်းတော် အနီးမှာ ယခုလ ၂၇ ရက်နေ့က စတင်ဆောက်လုပ်တယ်လို့ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ဒုတိယဥက္ကဌ ဦးနီတင်က ‘ဒီ စည်တော်ကြီးထားဖို့ မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ညောင်ရမ်းခေတ်က စည်တော်တွေထားတဲ့ ပုံစံ အဆောက်အဦး ဒီဇိုင်းဆွဲပေးတယ်။ အပေါ်က ဘုံပြဿဒ်ငါးဆောင်နဲ့ အောက်က လှေကားနဲ့နှစ်ဆင့်တက်ပေါ့၊ နှစ်ဆင့်တက်အပေါ်မှာ စည်တော်ကြီးထားမယ့်နေရာရှိမယ်။ အဲအပေါ်မှာ ဘုံပြဿဒ် ငါးဆောင်တင်ပြီး ညောင်ရမ်းခေတ်ပုံစံအတိုင်း တည်ထားမှာ ဖြစ်တယ်’ လို့ ပြောပါတယ်။ ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦးကို တပေါင်းလပြည့် မတိုင်မီ အပြီးဆောက်လုပ်သွားမှာဖြစ်ပြီး ကုန်ကျငွေ အနေနဲ့ …

ဂျပန်က တိုရှီဘာကုမ္ပဏီရှေ့ မှာ ဖိနပ်တိုက်နေတဲ့ အသက် ၆၀ ကျော်အဖွားကြီးနဲ့ မြန်မာလူငယ်လေး

ဂျပန်က တိုရှီဘာ ကုမ္ပဏီရှေ့ မှာဖိနပ်တရံကို ယန်း ၅၀၀ နဲ့  ဖိနပ်တိုက်နေတဲ့ အသက် ၆၀ ကျော်အဖွားကြီး.. တိုရှီဘာ ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့မြန်မာလူငယ်လေးက ဂျပန်ရဲ့ ဆောင်းတွင်းမှာအမယ်ကြီး ဖိနပ်ထိုင်တိုက်နေတာမြင်လို့  သနားပြီး ကော်ဖီပူပူနဲ့ ဟမ်ဘာဂါ တခု သွားပေးမိတယ်.. အဖွားကြီးက ပြန်ပြောတယ်တဲ့..ငါ့ကို တကယ်သနားရင် နင့်ဖိနပ်ချွတ်ပေးပါတဲ့သူတောင်းစားစိတ်ဓါတ်တော့ မသွင်းပေးပါနဲ့ တဲ့။ ဒီနေ့ နင်ပေးတာ လက်ခံလိုက်ရင်နောက်နေ့ ကျ ငါက နင့်ကို မျှော်မိတော့မယ်။ နင်မပေးနိုင်တဲ့နေ့ ကျ ငါဘယ်လို လုပ်မလဲတဲ့သူများပေးစာကမ်းစာ စားချင်တဲ့စိတ်က သူတောင်းစိတ်ဓါတ်ပါတဲ့..အဲ့တော့ နင်ပေးတဲ့ မုန့် နဲ့ ကော်ဖီ။ ငါမယူနိုင်ဘူးတဲ့..လေ လေးစားဖို့ ကောင်းတဲ့ ဂျပန်လူမျိုးတို့ ရဲ့  စိတ်ဓါတ်တွေထဲက တခုပါပဲ။ …

လတ်တလောနာမည်ကြီးနေတဲ့ ပုံတူပန်းချီဆွဲပေးခဲ့တဲ့ကိစ္စကို ပြန်လည်ဖြေရှင်းလိုက်တဲ့ ဟန်တီ

ချိုသာတဲ့အပြုံးလေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားထားနိုင်တဲ့ ချစ်စရာကောင်မလေး ဟန်တီကတော့ အလှမယ်တစ်ဦးရဲ့ကောင်းခြင်းတွေနဲ့ ပြည့်စုံနေသူလေးမို့ တလောကပဲ Miss Myanmar World 2018 Winner ဖြစ်ခဲ့တာပါ။ လတ်တလောမှာတော့ ဟန်တီက အေးနေဝင်းကို ပုံတူပန်းချီ ဆွဲပေးခဲ့တယ်ဆိုတဲ့ ကိစ္စက လူမှုကွန်ယက်ပေါ်မှာ တော်တော်လေး နာမည်ကြီးနေတာကြောင့် ပရိသတ်တွေက စိတ်ဝင်တစားရှိနေကြတာပဲ ဖြစ်ပါတယ်။ အဆိုပါအကြောင်းအရာနဲ့ပတ်သတ်ပြီးတော့ ဟန်တီက သူမရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျကနေ ပြန်လည်ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။ ပရိသတ်တွေအတွက် လတ်တလော နာမည်ကြီးနေတဲ့ အေးနေဝင်းကို ပုံတူပန်းချီဆွဲပေးခဲ့တဲ့အကြောင်းကို ပြန်လည်ဖြေရှင်းခဲ့တဲ့ အလှမယ်ဟန်တီရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ မနေ့ညကတော့ အေးနေဝင်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ညီမလေး ဟန်သီက ကိုယ်တိုင် ရေးဆွဲပေးထားတဲ့ပန်ချီကားလေးကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာခဲ့တာပါ။ ဟန်တီကတော့ “လူတိုင်းကို ရိုးသားပွင့်လင်းစွာ ခင်မင်တတ်သော ဟန်တီနှင့်မေမေတို့ကြောင့် ယခုအခါတွင် ပရိသတ်များ ကြားအထင်အမြင်လွဲမှားနေသော …

တရုတ်ထုတ်ကွန်ဒုံးများမှာ အလွန်သေးဟု ဇင်ဘာဘွေကျန်းမာရေးဝန်ကြီး ဝေဖန်ခဲ့၍ . . .တရုတ်နိုင်ငံသားများ မခံမရပ်နိုင်ဖြစ်နေ. . .

ဇင်ဘာဘွေကျန်းမာရေးဝန်ကြီး David Parirenyatwa က တရုတ်နိုင်ငံထုတ် ကွန်ဒုံးများမှာ ဇင်ဘာဘွေ အမျိုးသားတွေ အသုံးပြုလို့မရအောင် သေးငယ်လွန်းကြောင်း ခနဲ့ခဲ့တဲ့သတင်းဟာ အတော်လေး ရေပန်းစားခဲ့ပါတယ်။ ဒီလှောင်ပြောင်မှုနဲ့အတူ ဝေဖန်သူတွေကလည်း အမျိုးမျိုး ခနဲ့ခဲ့ကြပါတယ်။ (၂၀၁၈) မတ်လတုန်းက ဇင်ဘာဘွေ ကျန်းမာရေးဝန်ကြီးက ဝေဖန်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ တရုတ်နိုင်ငံ ကွန်ဒုံးထုတ်လုပ်မှုက ဆက်တိုက်ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဝေဖန်သူတစ်ချို့ကလည်း တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့နိုင်ငံတွင်း အသုံးပြုတဲ့ ကွန်ဒုံးတွေကို နိုင်ငံတကာစံချိန်မီတယ်ထင်ပြီး ပြည်ပကို တင်ပို့နေတာလို့ ဆိုနေပါတယ်။ ကျန်းမာရေးဝန်ကြီးရဲ့စကားဟာ တရုတ်အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါတွေဟာ သေးငယ်လွန်းတယ်လို့ သွယ်ဝိုက်လှောင်ပြောင်သလို ဖြစ်စေခဲ့ပြီး တရုတ်မီဒီယာတစ်ချို့က တုန့်ပြန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဥရောပသတင်းစာတွေကတော့ “အနာပေါ် တုတ်ကျမှတော့ နာမှာပေါ့ “လို့ လှောင်ပြန်ခဲ့ပြန်ပါတယ်။ ဇင်ဘာဘွေကျန်းမာရေး ဝန်ကြီး David …

မခံချင်စိတ်ကြောင့် ဆက်စီ ပုံတွေရိုက်ပြီးတင်ဖြစ်တာပါဆိုတဲ့ မိုးမြင့်သဇင်

အရင်တုန်းက အနုပညာလောကထဲကို သရုပ်ဆောင်တစ်ယောက်အဖြစ်စတင်ဝင်ရောက်ခဲ့တဲ့ မိုးမြင့်သဇင်ဟာ ယခုချိန်မှာတော့ Photo မော်ဒယ်အဖြစ်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ကြော်ငြာတွေပိုမိုရိုက်ကူးဖြစ်တာနဲ့ပတ်သက်ပြီး “အရင်တုန်းက သရုပ်ဆောင်လုပ်ခဲ့တာဆိုတော့ သရုပ်ဆောင်ပေါ့။ ဖေ့စ်ဘွတ်တောင် မသုံးတတ်ဘူး၊ မသုံးဖြစ်ဘူး။ အခုကျတော့ ဗီဒီယိုဈေးကွက်ကလဲ မကောင်းတော့၊ ပြီးဒီဘက်မှာကလဲ အွန်လိုင်းရှော့ပင်းက သူတို့ပစ္စည်လေးတွေရိုက်တယ်။ ဒီဘက်ကဟာလေးတွေက ကိုယ့်အတွက်ပိုပြီး Chance ပိုများနေတဲ့အတွက် ပိုပြီးရိုက်ဖြစ်တာပါ” ဆိုလို့ ဆိုသွားပါတယ်။ သရုပ်ဆောင်လုပ်ခဲ့စဉ်က ရိုးရိုးယဉ်ယဉ်လေးဝတ်စားကာ လှပခဲ့သူဖြစ်ပြီး Photo model ဖြစ်လာပြီးနောက် ဆက်စီ ပုံစံတွေဝတ်စားကာ ဖက်ရှင်ပြောင်းသွားရတာနဲ့ပတ်သက်ပြီး “ပုံမှန်ကအငြိမ်ပဲနေတာ၊ အပြင်မှာလည်း အငြိမ်ပဲ။ တစ်ခါတစ်လေကျရင် နဲနဲဆန်းသွားအောင် သူတို့ကလုပ်ခိုင်းတယ်။ ရိုက်ခါနီးမှ သူတို့ကအဲ့လိုတွေလုပ်ခိုင်းတော့ ကိုယ်ကလည်းလုပ်လိုက်မိတာပေါ့။ အဲ့တော့ပရိသတ်တွေအတွက်က အမြင်ဆန်းသွားတယ်။ တစ်ချို့ဆိုပြောင်းလဲသွားပြီလို့ပြောတယ်။ အမှန်တော့ မပြောင်းလဲပါဘူး၊ အရင်အတိုင်းပါပဲ” ဆိုပြီး ပြောသွားပါတယ်။ တစ်ချို့ ဆက်စီ …

ချိန်ခွင်လျှာကြီးကို အင်္ကျီထဲထည့်ချုပ်ထားတယ်ဆိုတဲ့ ဖြူဖြူကျော်သိန်းရဲ့ဖက်ရှင်

အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ ဖြူဖြူကျော်သိန်းဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အောင်မြင်မှုတွေကိုသာ ရရှိပိုင်ဆိုင်နိုင်ခဲ့သူ တစ်ဦးပါ။ ဖြူဖြူကျော်သိန်းရဲ့ သီချင်းတွေကလဲ ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားပြီး အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆန်းပြားလှတဲ့ သူမရဲ့ ဖက်ရှင်အဆန်းတွေကြောင့် ပရိသတ်တွေရဲ့ သတိထားမိခြင်းကို ခံထားရသူတစ်ဦးဆိုလဲ မမှားပါဘူး။ ဖက်ရှင်အဆန်းတွေကိုသာ ဝတ်ဆင်တတ်တဲ့ ဖြူဖြူကျော်သိန်းက ဇန်နဝါရီလ ၂၇ ရက်နေ့က ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ We Rock for Justice ပွဲမှာ လှပဆန်းပြားတဲ့ ရွှေရောင်ဝတ်စုံလေးနဲ့ အကောင်းဆုံး ဖျော်ဖြေတင်ဆက်ပေးခဲ့ပါတယ်။ ထို We Rock for Justice ပွဲမှ အမှတ်တရများကို ဖြူဖြူကျော်သိန်းက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ “We Rock for Justice ပွဲမှာ …