Month: February 2019

ဇနီးဖြစ်သူရဲ့ တစ်ချိန်က ရုပ်ရှင်ဇာတ်ကားကြီးကို မလွတ်တမ်း ကြည့်ရှုအားပေးခဲ့တဲ့ နန္ဒာလှိုင့်ရဲ့ခင်ပွန်း –

သရုပ်ဆောင် အကယ်ဒမီ မင်းသမီးချော နန္ဒာလှိုင်ကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာ ရပ်တည်အောင်မြင်ခဲ့ပြီး မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးများစွာ ရိုက်ကူးခဲ့တဲ့ နန္ဒလှိုင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုနဲ့အတူ အေးချမ်းစွာ နေထိုင်နေတာ ဖြစ်ပါတယ်။ နန္ဒာလှိုင်က အရမ်းကို ချစ်စရာကောင်းတဲ့ သမီးချောလေး သုံးယောက်ကိုလည်း ပိုင်ဆိုင်ထားရပါတယ်။ န န္ဒာလှိုင်က သူမကို အမြဲအလေးထားပြီး အချိန်ပြည့်ဂရုစိုက်တတ်တဲ့ ခင်ပွန်းကို ရရှိထားတာကြောင့် သူမက အိမ်ထောင်ရေးကံကောင်းသူ ဖြစ်ပါတယ်။ အခုလည်း နန္ဒာလှိုင့်ရဲ့ခင်ပွန်းက ဇနီးဖြစ်သူရဲ့ တစ်ချိန်က ရုပ်ရှင်ဇာတ်ကားကြီးကို TV ကနေ မလွတ်တမ်း ကြည့်ရှုအားပေးခဲ့ပါတယ်။ “ကိုးဆယ်ဆ သာလိမ့်မည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရန်အောင်နဲ့ နန္ဒာလှိုင်တို့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုများစွာ …

အကယ်ဒမီဒေါ်မြင့်မြင့်ခင်ရဲ့မြေး ဝတ်မှုံသန့်နဲ့ ရွှေကြိုမောင်မယ်အတွဲအဖြစ် မြင်တွေ့ရမယ့် ကိုကိုဦးရဲ့ သားချောလေးသီဟအောင်

ပရိသတ်ကြီးရေ.. ကိုကိုဦးလို့ ဆိုလိုက်တာနဲ့ ပီပြင်တဲ့ဗီလိန်အိုင်တင်တွေနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုတွေကိုရရှိထားပြီး ဇာတ်ကားတော်တော်များများပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင် ကိုကိုဦးကို ပရိသတ်တွေ သဘောကျကြမှာပါနော်..။ ဇာတ်ပို့သရုပ်ဆောင်ကိုကိုဦးကတော့ သားချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး သူ့ရဲ့သားချောလေး သီဟအောင်ကလည်း ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါပြီး ပရိသတ်တွေရဲ့အားပေးဝန်းရံမှုတွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အားပေးချစ်ခင်မှုတွေကို ရရှိနေပြီ ဖြစ်ပါတယ်နော်..။ သရုပ်ဆောင်ကိုကိုဦးရဲ့ သားချောလေး သီဟအောင်ကတော့ အကယ်ဒမီရွှေကြိုအဖြစ် မပါဝင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် လက်ရှိမှာတော့ ရွှေကြိုမောင်မယ်အဖြစ် ပါဝင်ခွင့်ရဖို့ ရွေးချယ်ခံလိုက်ရပြီ ဖြစ်ပါတယ်နော်..။ သီဟအောင်ဟာ လာမယ့်မတ်လမှာ ကျင်းပပြုလုပ်တော့မယ့် မြန်မာရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးမှာ ရွှေကြိုမောင်အဖြစ် ပါဝင်ခွင့်ရသွားပြီဖြစ်ပြီး အကယ်ဒမီများရှင်ဒေါ်မြင့်မြင့်ခင်ရဲ့ချစ်စရာကောင်းတဲ့ မြေးမလေး ဝတ်မှုံသန့်နဲ့အတူ ရွှေကြိုမောင်မယ်အဖြစ် တွဲဖက်ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်တော်လေး ဖြစ်လာနေတဲ့ သီဟအောင်ကိုတော့ မကြာခင်မှာ …

ညီအကိုအရင်းပမာ ချစ်ခင်ကြတဲ့ ပရိသတ်အချစ်တော် စွမ်းနှင့် ဖိုးချစ်

မြန်မာ့သဘင်လောကမှာ အောင်မြင်မှုများစွာပိုင်ဆိုင်ထားပြီး ထိပ်တန်းနေရာတွေမှာ နေရာယူထားတဲ့ မြို့ရွှေမန်းသား ဖိုးချစ်နဲ့ စွမ်းဇာနည်တို့ကိုတော့ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ မြန်မာ့ရိုးရာ သဘင်ပညာကို ထိန်းသိမ်းနေတဲ့ သဘင်ညီအကိုတွေဖြစ်သလို အပြင်လောကမှာလည်း တစ်ဦးပေါ်တစ်ဦး လေးစားမှုတွေနဲ့ အပြန်အလှန်ချစ်မြတ်နိုးကြသူတွေလည်းဖြစ်ပါတယ်။ တစ်ယောက်ဆီတိုင်းမှာ ကိုယ်ပိုင်ဟန်ကိုယ်ပိုင် ကကွက်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး မြန်မာ့သဘင်ပညာရဲ့ ရှေ့ဆောင်လမ်းပြတွေလည်းဖြစ်ပါတယ်။ စွမ်းဇာနည်၊ မြို့ရွှေမန်းသား ဖိုးချစ်နဲ့ ဟန်ဇာမိုးဝင်းတို့ကတော့ မကြာခဏဆိုသလို အတူတူ တွဲကပြလေ့ရှိပြီး မတူညီတဲ့ ကိုယ်ပိုင်ဟန်လေးတွေကြောင့် ပရိသတ်တခဲနက်အားပေးခဲ့ကြတာတွေ့ရပါတယ်။ မကြာသေးမီကလည်း စွမ်းဇာနည်ကတော့ အကိုတစ်ယောက်လို ချစ်ခင်ရတဲ့ မြို့ရွှေမန်းသား ဖိုးချစ်ဆီသွားရောက်ခဲ့တာတွေ့ရပါတယ်။ တစ်ယောက်ပေါ်တစ်ယောက် ညီအကိုအရင်းလို ချစ်မြတ်နုးိပြီး တစ်ဦးရဲ့ လိုအပ်ချက်လေးတွေကို တစ်ဦက အတက်နိုင်ဆုံးပြင်ဆင်လုပ်ဆောင်ပေးတက်တဲ့ ဖိုးချစ်နဲ့ စွမ်းဇာနည်တို့ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။ p HOTOS – KO CHAT …

အမှိုက်သိမ်းဝန်ထမ်း အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်ပါမောက္ခကို ရာထူးမှ ဆိုင်းငံ့

လက်တလော တရုတ်နိုင်ငံ လူမှုကွန်ယက်မှာ ဝေဖန်မှုများပြားနေတဲ့ သတင်းတစ်ပုဒ်ကတော့ တက္ကသိုလ်ပညာတတ် ပါမောက္ခတစ်ဦးက သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးကို ရိုက်နှက်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ဖြစ်စဉ်အသေးစိပ်ကတော့ အမှိုက်သိမ်းတဲ့ အမျိုးသမီးဟာ ပါမောက္ခဂီ ကားသွားမယ့်လမ်းကို ပိတ်ထားရာက စတင်ခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့အဆိုအရ ပြီးခဲ့တဲ့အပတ် ဂီဟာ သန့်ရှင်းရေးအမျိုးသမီးရဲ့ ကားက သူကားသွားမယ့်လမ်းကြောင်းကို ပိတ်ထားတယ်ဆိုပြီး ပြဿနာရှာခဲ့ပါတယ်။ ၎င်းနောက် သန့်ရှင်းရေး အမျိုးသမီးကို သွေးထွက်သံယို ဖြစ်သည်အထိ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တဲ့အတွက် တရားစွဲဆိုခံခဲ့ပါတယ်။ ဂီကို လောလောဆယ် ထောင်ဒဏ် 10 ရက် ချမှတ်ထားပြီး၊ နစ်နာခဲ့တဲ့ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးကို ယွမ် 500 ဒဏ်ငွေပေးဆောင်စေခဲ့တယ်လို့ သိရပါတယ်။ ဂီဟာ လူသိရှင်ကြား တောင်းပန်ခဲ့ပြီး သုံးရက်အကြာမှာ ဆေးရုံတက်နေတဲ့ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးဆီ လူနာသွားမေးခဲ့သလို၊ …

မီးရထားပေါ်မှာ ဆေးအကြီးကြီးထိုးခံလိုက်ရသူတွေရဲ့ ရုပ်ပျက်ဆင်းပျက်ပုံလေးများ

ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ မီးရထားစီးနေရင်း ကြုံတွေ့ခဲ့ရတဲ့ ဟာသပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ဒီပုံလေးတွေကို ကြည့်လိုက်မယ်ဆိုရင် တစ်ကယ့်ကို ဟာသဉာဏ်ရွှင်ပြီး လူတိုင်းကိုဆေးလိုက်ထိုးတတ်တဲ့သူတွေရဲ့ ရိုကချက်အလန်းစားလေးတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ လက်ရာဘယ်လောက်တောင် မြောက်သွားလဲဆိုတာကတော့ ကိုယ်တိုင်သာကြည်ြ့ပီး ရယ်မောလိုက်ကြပါအုန်း ပရိသတ်ကြီးရေ.. ကျွန်တော်တို့တွေဟာ ဘက်စ်ကားပဲစီးစီး မီးရထားပဲစီးစီး တစ်ခါတလေ အရမ်းပင်ပန်းလွန်းတဲ့အခါ ကိုယ်အိပ်ရာမှာလိုမျိုး လက်လွတ်စပယါ အိပ်မောကျသွားတဲ့သူတွေလည်းရှိပါတယ်။ ဒါ့အပြင် မီးရထားပေါ်မှာမှ သူများထက် ထူးပီး ထူးထူးဆန်းဆန်းတွေလုပ်ပြတတ်တဲ့ သူတွေ၇ှိတာကိုလည်း ဒီပုံလေးတွေကို ကြည့်ရင်သိနိုင်ပါတယ်။ ပရိသတ်ကြီးလည်း ဒီပုံထဲကလိုမျိုး ကားပေါ်မှာပဲ ဖြစ်ဖြစ် ရထားပေါ်မှာပဲ ဖြစ်ဖြစ် လက်လွတ်စပယ်အိပ်နေရင်းနဲ့ ဆေးထိုးခံရတာမျိုး မဖြစ်ပါစေနဲ့အုန်းနော်… ပရိသတ်ကြီးအတွက် တစ်ခါတလေမှာ ခုလိုရယ်စရာ မောစရာလေးတွေကို ရှာဖွေပြီး ပြန်လည်ဖော်ပြပေးအုန်းမှာ မို့လို့ စောင့်မျှော်ဖတ်ရှုပေးကြပါအုန်းနော်. တစ်နေ့တာလုံးမှာ ပျော်ရွှင်စရာအတိနဲ့ …

အဖွားဖြစ်သူရဲ့ နာရေးကို မသွားနိုင်လို့ ဝမ်းနည်းနေတဲ့ ပိုင်တံခွန်

သရုပ်ဆောင် ပိုင်တံခွန်ဟာ အဖွားဖြစ်သူရဲ့ နောက်ဆုံးခရီးကို မမီလိုက်တဲ့ စိတ်မကောင်းဖြစ်လို့နေသလို အလုပ်တွေကြောင့် အဖွားရဲ့ နားရေးကို မသွားနိုင်တဲ့အတွက် ဝမ်းနည်းလို့နေပါတယ်။ အဖွားရဲ့ သတင်းကို ကြားပြီး သူ့အနေနဲ့ အရမ်းကို စိတ်မကောင်းဖြစ်နေသလို အခုချိန်မှာ သူ့ရဲ့ မိခင် ဘယ်လိုများ ခံစားနေရမလဲဆိုတာ တွေ့ပြီး စိတ်ပူလို့ နေပါတယ်။ “1:30 ရင်ထဲမှာ ဆို့နစ်အောင်ခံစားရပါတယ် ဖွားဖွား ခုချိန်အမေ့ ရင်ထဲမှာလည်း ပူလောင်နေမှာပါ။ မပြီးပြတ်သေးတဲ့အလုပ်တွေကြောင့် အဖွားနာရေး သားပြန်လာချင်လဲ အရောက်မလာနိုင်ခဲ့တာ အမျိုးတွေအားလုံးကို နားလည်စေချင်ပါတယ်”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂၈)ရက်နေ့က ရေးသားထားပါတယ်။ ပိုင်တံခွန်ရဲ့ အဖွားဟာ ဒီနေ့မှာ ကွယ်လွန်သွားခဲ့တာပါ။ အဖွားနဲ့ အတူ ရိုက်ထားတဲ့ ပုံလေးတွေကို တင်ပြီး ပိုင်တံခွန်တစ်ယောက် စိတ်မကောင်းဖြစ်လို့ နေပါတယ်။ အဖွားအတွက် …

ကျိုက်ထီးရိုးဘုရားမှာ စတိုင်အပြည်နဲ့လန်းနေကြတဲ့ မေဦးနဲ့ဝတ်မှုန်ရွှေရည်တို့ရဲ့ Video ဖိုင်လေး

ကစ်ကစ်လို့ချစ်စနိုးခေါ်ရတဲ့ ဝတ်မှုန်ရွှေရည် ကတော့ ပရိသတ်လက်ခံအားပေးပြီးသား နာမည်ကြီးအနုပညာရှင် မင်းသမီးချောလေး ဘဲ ဖြစ်ပါတယ် ။ သူမရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် အကယ်ဒမီ နှစ်ခုကို ထိုက်ထိုက်တန်တန်ဆွတ်ခူး ထားသူလေး လဲဖြစ်ပါတယ် ။ သူမရဲ့ မျက်နှာလေးက ဖြူဖြူစင်စင်နဲ့အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားလို့ မြင်ရသူတိုင်း ရင်အေးစေတဲ့အလှပိုင်ရှင်လေးဘဲ ဖြစ်ပါတယ် ။ လူကောင်သေးသေးလေးနဲ့ ကျစ်လစ်သေးသွယ်လှတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လေးဖြစ်ပေမယ့်လည်း သူမရဲ့ ဆွဲဆောင်မှုရှိတဲ့အလှတွေကတော့ အများနဲ့မတူပဲတကယ့်ကိုထူးခြားလှပါတယ်။လက်တလောလူမှုကွန်ယက်မှာလည်း လင်းလက်တောက်ပတဲ့ ရဲရဲနီအမိုက်စားဖက်ရှင်လေးနဲ့ သူမရဲ့ပုံရိပ်လေးတွေဟာလည်း အရမ်းကိုလူပြောများနေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော် ရွှေကစ်လေးတစ်ယောက်ကတော့ မိတ်ကပ်မေဦးနဲ့အတူ ကျိုက်ထီးရိုးဘုရားကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မေဦးနဲ့အတူ ရင်ပြင်ကိုသွားတဲ့လမ်းတစ်လျှောက်ဈေးဆိုင်တန်းတွေမှာ ပျော်ပျော်ရွှင်ရွှင် စားသောက်နေတဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပါ။ ပရိသတ်ကြီးလည်း ရွှေကစ်လေးနဲ့မေဦးတို့ရဲ့ ဗီဒီယိုလေးကိုကြည့်ရှုအားပေးကြပါဦးနော်။ Source – Wyutt Hmone …

အသံသွင်းစတူဒီယိုကို သီချင်းတွေပြန်ဆိုဖို့ ညအခါမှာ သွားခဲ့တဲ့ Selena Gomez

Selena ဟာဆိုရင်ပြီးခဲ့တဲ့ တစ်ပတ်လောက်တုန်းက သူမရဲ့ သူငယ်ချင်းမင်္ဂလာဆောင်ကို သွားရောက်ပျော်ရွှင်ခဲ့ပါတယ်။ သူမဟာလဲ အဲ့အပတ်ရှေ့တုန်းက သူမရဲ့သူငယ်ချင်းတွေနဲ့အတူ ခရီးထွက်ခဲ့ပါသေးတယ်။ သူမကိုညယ်ချိန်ကြည့်ကြည့် ချစ်စရာကောင်းနေတာကို ပရိသတ်ကြီးလဲသိမှာပါ။ သူမဟာအရင်အရင်တွေကထက်ခုချိန်မှာ ပြုံးပျော်ရွှင်နေပြီပဲဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေကလဲ ပြန်လည်ကောင်းမွန်လာပြီဆိုတော့ ခန္ဓာကိုယ်ဟာလဲလှပလာပါတယ်။ JB နဲ့သူမတို့ဟာ အချိန်အတော်အကြာထိ အဆင်မပြေခဲ့ကာ သူမလဲ တော်တော်လေးကို စိတ်တွေမကောင်း စိတ်ဆင်းရဲခဲ့ရပါတယ်။ ဒါပေမဲ့ခုချိန်မှာတော့ JB လဲ လက်ထပ်ပြီးပြီဖြစ်ကာ သူမလဲသူမလမ်းသူမဆက်လျှောက်နေပြီပဲဖြစ်ပါတယ်။ အင်္ဂါနေ့ညက Los Angeles မြို့ပေါ်က သူမရဲ့ အပြုံးကို ကြည့်ရင်သိသာပါတယ်။ အဲ့နေ့ကသူမဟာ အရင်လိုသီချင်းတွေပြန်ဆိုဖို့အတွက် အသံသွင်းစတူဒီယိုကို သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။ သူမဟာ ပြုံးပျော်ရွှင်စွာပါပဲ….ထွက်ရှိလို့လာခဲ့ပါတယ်။ အသက်၂၆နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်မလေး Selena ဟာအအေးဒဏ်ကိုခံနိုင်ဖို့အတွက် နွေးနွေးထွေးထွေး ဝတ်လို့လာပါတယ်။ သူမဟာ ပြီးခဲ့တဲ့ သူမသူငယ်ချင်းမင်္ဂလာဆောင်မှာလဲ လှပစွာ ဝတ်ဆင်လို့လာခဲ့ပါတယ်။ …

မရယ်ပဲ မနေနိုင်အောင် အမူအရာအရာမျိုးမျုးိနဲ့ သရုပ်ဆောင်ထားတဲ့ ဖြူဖြူထွေးရဲ့ Tik Tok ဗီဒီယို

ဖြူဖြူထွေးလို့ ဆိုလိုက်တာနဲ့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်ပုံရိပ်လေးတွေအပြင် ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်လာတဲ့ အနုပညာရှင် ကောင်မလေးတစ်ဦးကို ပရိသတ်ကြီး မြင်ယောင်နေမိမှာပါပဲနော်..။ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ ဖြူဖြူထွေးကတော့ Botany မေဂျာနောက်ဆုံးနှစ်ကို ဖြေဆိုအောင်မြင်ထားပြီး ကြော်ငြာတွေနဲ့ ဇာတ်ကားတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်နော်..။ ရယ်စရာဟာသလေးတွေနဲ့ ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်စေတဲ့ ဖြူဖြူထွေးလေးကတော့ အခုတစ်ခါမှာလည်း အမူအရာအမျိုးမျိုးနဲ့ သရုပ်ဆောင်ထားတဲ့ သူမရဲ့ အခွီTik Tok ဗီဒီယိုလေးကိုလည်း မျှဝေထားပါသေးတယ်..။ Tik Tok ဗီဒီယိုဖိုင်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိတဲ့ ဖြူဖြူထွေးလေးကတော့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရယ်မောစေဖို့အတွက် ရိုက်ကူးထားတဲ့ သူမရဲ့ Tik Tok ဗီဒီယိုလေးကိုလည်း ပရိသတ်တွေ သဘောကျနေကြတာ တွေ့ရပါတယ်နော်..။ အသက်(၂၀)ပြည့်သွားခဲ့ပြီဖြစ်တဲ့ ဖြူဖြူထွေးကတော့ အနုပညာလမ်းကြောင်းပေါ်မှာ …

ဝေလျှံရဲ့ သားအမြွှာလေးနှစ်ယောက်နဲ့ ပျော်ပျော်ပါးပါး ရေကူးရင်း ဆော့ကစားနေတဲ့ ထွန်းထွန်း

အဆိုတော် ၊ သရုပ်ဆောင် ထွန်းထွန်းကတော့ နာမည်ကြီးအနုပညာရှင်တစ်ဦးဖြစ်ပြီး အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူ ဖြစ်ပါတယ်။ လက်ရှိမှာ ထွန်းထွန်းက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီး မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ “ကြာတော့သည်လည်း မောင့်စကား” ဆိုတဲ့ ဇာတ်ကားကြီးက လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့ပါတယ်။ မတ်လထဲမှာလည်း ထွန်းထွန်းရဲ့ဇာတ်ကားသစ်ကြီးက ရုံတင်ဖို့ ရှိနေပါသေးတယ်။ ယောက်ျားပီသပြီး တောင့်တင်းကျစ်လစ်တဲ့ ကြွက်သွားတွေကို ပိုင်ဆိုင်ထားတဲ့ ထွန်းထွန်းက အားကစားပုံမှန်လုပ်ပြီး မကြာခဏ GYM သွားလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ထွန်းထွန်းက အဆိုတော် ဝေလျှံတို့ မိသားစုနဲ့အတူ ရေကူးကန်မှာ အပန်းဖြေ အနားယူနေတာ တွေ့ရပါတယ်။ ထွန်းထွန်းက ချစ်စရာကောင်းတဲ့ ဝေလျှံရဲ့သားအမြွှာလေးနှစ်ယောက်နဲ့အတူ တစ်ပျော်တစ်ပါးကြီး ရေကူးရင်း ဆော့ကစားခဲ့တာ ဖြစ်ပါတယ်။ ကလေးတွေကို ချစ်တတ်တဲ့ ထွန်းထွန်းတစ်ယောက် …