Month: May 2019

ကောင်မလေးတယောက် အခြေအနေမဟန် စားသောက်ဆိုင် တဆိုင်ဆိုင်ကလို့တော့ ထင်ပါတယ်

ကောင်မလေးတယောက် အခြေအနေမဟန် စားသောက်ဆိုင် တဆိုင်ဆိုင်ကလို့တော့ ထင်ပါတယ် ————————————- 31.5.2019 ည (10:30)pm ခန့် မော်လမြိုင်မြို့ ဖက်ခင်းလမ်း ရွှေအိမ်စံ စားသောက်ဆိုင်ရှေ့ ကောင်မလေးတယောက် မိုးထဲရေထဲ အမူးလွန်သည်ဟု ယူဆရပြီး လမ်းလယ်ကောင်မှာ ပလပ်ကျွတ်နေပါ တယ်။ ကားတွေလဲ ပိတ် လမ်းတွေလဲ ပိတ်နေပါတယ်။အဝတ်အစားထည့်တဲ့ ကော်ပုံး မိန်းကလေးအသုံးအဆောင် ပစ္စည်းများ အပြင် ရွှေ ငွေ နာရီတွေ ဝတ်ဆင်ထားတာလဲ တွေ့ရပါတယ်။ မိန်းက လေး တယောက် လမ်းလယ်မှာ လဲနေပြီး ကားတွေလဲ ပိတ်နေတယ် ဆိုပြီး ဖုန်းဆက်အကူအညီတောင်းလို့ မော်လမြိုင်လူမှုကယ်ဆယ်ရေး အဖွဲ့မှ ကူညီရန် သွားရောက်ခဲ့ပေမဲ့ လဲနေတာ မဟုတ်ပဲ အမူးလွန်ပြီး ပလပ်ကျွတ် သောင်းကျန်နေတဲ့ အနေအထားတွေ့ရတဲ့ အတွက် ကိုင်တွယ်ရ …

တရားထိုင်ခြင်း၏ အံ့အားသင့်ဖွယ် အကျိုးကျေးဇူးများ

တရားထိုင်ခြင်းအလေ့အထဟာ ယခုအချိန်မှာ လူသိများထင်ရှားလာနေပြီဖြစ်ပါတယ်။ အောင်မြင်ချမ်းသာသူ ဘီလျံနာလုပ်ငန်းရှင်တစ်ချို့ကလည်း တရားရှုမှတ်ခြင်းဟာ အောင်မြင်မှုကိုအထောက်အကူဖြစ်စေတဲ့ လျို့ဝှက်ချက်တစ်ခုအဖြစ် ရည်ညွှန်းကြပါတယ်။ စစ်တမ်းကောက်ယူမှုတွေအရ အမေရိကန်ပြည်ထောင်စုက လူဦးရေရဲ့ (၈)ရာခိုင်နှုန်း၊ (၁၈)သန်းဟာ တရားထိုင်လေ့ရှိတယ်လို့ သိရပါတယ်။ တရားထိုင်ခြင်းဟာ စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေခြင်း၊ မှတ်ဉာဏ်စွမ်းအားတိုးစေခြင်းနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်လို့လည်း သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ တရားထိုင်ခြင်းနဲ့ အကျိုးသက်ရောက်မှုတွေကို သုတေသနပြုလေ့လာမှုတွေ များစွာရှိသလို လူတွေ တရားထိုင်တဲ့အခါမှာ ဘယ်လိုဖြစ်ပျက်ပြောင်းလဲမှုတွေ ဦးနှောက်အတွင်းမှာ ဖြစ်ပေါ်လာသလဲဆိုတာကိုလည်း လေ့လာခဲ့ကြပါတယ်။ တရားထိုင်တဲ့အလေ့အကျင့်ဟာ ဦးနှောက်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲစေတယ်လို့ ဆိုပါတယ်။သီတင်းရှစ်ပတ်ကြာ တရားထိုင်ခဲ့သူတွေကို လေ့လာခဲ့ရာမှာ လေ့လာသင်ယူမှုမှတ်ဉာဏ်လုပ်ငန်းစဉ်တွေ၊ စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်းတွေနဲ့ ရှုမြင်သုံးသပ်ပုံတွေနဲ့ သက်ဆိုင်တဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းတွေကို အားကောင်းလာတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလို ဦးနှောက်အတွင်း ပြောင်းလဲမှုတွေကြောင့် တရားထိုင်တဲ့သူတွေမှာ ခံစားမှုကို …

နာတာရှည် ညအိပ်မပျော်တဲ့အခါ သင့်ကိုယ်ခန္ဒာထဲမှာ ဘယ်လိုပြောင်းလဲလာမလဲ

လူတိုင်းလိုလိုဟာ ဘ၀မှာ တစ်ခါတော့ ညအိပ်မပျော်ခြင်းကို ခံစားရတတ်ပါတယ်။ညအိပ်မပျော်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိပါတယ်။ ကမ္ဘာ့လူပေါင်းသန်း၆၀လောက်ဟာ နာတာရှည်ညအိပ်မပျော်ခြင်းကို ခံစားနေရတယ်လို့ဆိုပါတယ်။ညအိပ်မပျော်ခြင်းဟာ ရက်အနည်းငယ်ကနေ နှစ်ရှည်လများအထိ ကြာမြင့်တတ်ပါတယ်။ ရေရှည်ညအိပ်မပျော်တဲ့အခါ ဘာတွေခံစားရမလဲ (1)အက်ဆီးဒန့်များကို ဖြစ်စေခြင်း အိပ်ရေးမ၀သောကြောင့် စွမ်းအင်နည်းပါးပြီး နုံးခွေလာတတ်ပါတယ်။ထိုအခါ ကားတိုက်မှုများဖြစ်ပေါ်စေတာ သိကြမယ်ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုတွင်အိပ်ငိုက်ခြင်းကြောင့် ဖြစိသော ကားတိုက်မှုပေါင်း ၁သိန်းကျော်နဲ့ သေဆုံး မှုပေါင်း ၇ထောင်ကျော် ရှိပါတယ်။ (2)ဥာဏစွမ်းရည်လျော့ကျခြင်း -တွေးခေါ်ခြင်း၊သင်ယူခြင်းနဲ့ဆောင်ရွက်ခြင်းတို့အတွက် အိပ်ရေးဝဖို့ လိုအပ်ပါတယ်။အိပိရေးပျက်ပေါင်းများပါက အာရုံမစိုက်နိုင်ခြင်း၊တက်ကြွမှုမရှိခြင်း၊နဲ့ လုပ်ငန်းခွင်ပြဿနာများ ကြုံတွေ့ရတတ်ပါတယ်။ (3)ရောဂါဆိုးများ ဖြစ်ပေါ်စေခြင်း -လေ့လာချက်များအရ ညအိပ်မပျော်သူ ၉၀ရာနှုန်းဟာ အောက်ပါ ရောဂါများကို ခံစားရတယ်လို့ဆိုပါတယ် -ဆီးချိုရောဂါ -နှလုံးတုန်ခြင်း -သွေးတိုးခြင်း -နှလုံးအားနည်းသောရောဂါ -လေဖြတ်ခြင်း (4)စိတ်ပိုင်းဆိုင်ရာရောဂါများ -အိပိရေးပျက်ခြင်းကြောင့် စိတ်ကျရောဂါရရှိစေပါတယ်။တစ်ရက်ကို အိပ်ချိန်၆နာရီထက် နည်းပါးပါက …

ညဘက်အိပ်မရအောင် သွားကိုက်ဝေဒနာခံစားနေရသူတွေ အတွက် ” မာလကာရွက်နှင့် သွားပိုးပေါက် “

ကလေး၊ လူကြီး မည်သည့်အရွယ်မဆို သွားကိုက်တတ်ကြပါတယ်။ ကိုက်ပြီ ဆိုရင်လဲ ညနက်သန်းခေါင် ဖြစ်တတ်ကြတာမို့ ဆေးခန်းသွားဖို့ကလည်း မဖြစ်နိုင်ပြန်။ အလွန်ခံရခက်တဲ့ ဝေဒနာတမျိုးပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့ သင့်ပတ်ဝန်းကျင်မှာ မာလကာပင် တပင်လောက်ရှိရုံနဲ့ အဆင်ပြေသွားမှာပါ။ မာလကာရွက် ခပ်ရင့်ရင့် ၁၀ ရွက်လောက်ခူးလိုက်ပါ။ ရေစင်အောင်ဆေးပြီး အိုတလုံးထဲ ထည့် ရေကို မတ်ခွက်နဲ့ တခွက်လောက်လောက်ထည့်ပြီး ပွက်ပွက် ဆူအောင်ပြုတ်လိုက်ပါ။ အဖန်ရေ ရလာပြီဆိုရင် ချနိုင်ပါပြီး။ ခွက်ထဲသို့ အရည်စစ်ထည့်ပါ။ ပြီးရင် အအေးခံထားပါ။ ခပ်နွေးနွေးလေးရလောက်ရင် အာလုတ်ကျင်းပေးပါ။ သွားမကိုက်ရင်တောင် ကိုယ့်မှာ သွားပိုးပေါက်ရှိတယ်ဆိုရင် မကြာမကြာကြိုတင်ပြီး မာလကာရွက်ရည် နဲ့ အာလုတ်ကျင်းပေးခြင်းအားဖြင့် သွားကိုက်သွားနာ ကင်းဝေးပါလိမ့်မယ်။ (ဆားမထည့်လဲ အဆင်ပြေပါတယ်။) ခုပဲ အိမ်မှာ မာလကာပင်လေး စိုက်ကြည့်ရအောင်လားး ။ …

ဆရာကြီးရိုက်လို့ ငိုနေတဲ့ ချစ်စရာကလေးလေးဆိုပြီး အမူအရာတွေအပြည့်နဲ့ ခြိမ့်ကေကိုရဲ့ ဗီဒီယို

ဆရာကြီးရိုက်လို့ ငိုနေတဲ့ ချစ်စရာကလေးလေးဆိုပြီး အမူအရာတွေအပြည့်နဲ့ ခြိမ့်ကေကိုရဲ့ ဗီဒီယို ပရိသတ်ကြီးရေ.. ခြိမ့်ကေကိုကတော့ အနုပညာလောကမှာ အားပေးဝန်းရံနေကြတဲ့ ပရိသတ်တွေအခိုင်အမာနဲ့ အနုပညာလမ်းကြောင်းမှာ အဆိုတော် တစ်ဦးအဖြစ် ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ ပရိသတ်ကြီးရေ.. Banana ဆိုပြီး Myanmar Idol အစီအစဉ်ကနေ ပရိသတ်တွေကြား ရေပန်းစားလာတဲ့ အဆိုတော်ခြိမ့်ကေကိုကတော့ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ တဖြည်းဖြည်းနဲ့ အောင်မြင်မှုတွေ ရရှိလာတာတွေ့ရပါတယ်..။ ခြိမ့်ကေကိုဟာ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေအတွက်အမြဲမျှဝေလေ့ရှိသလို Tik Tok ဗီဒီယိုလေးတွေကိုလည်း မကြာခဏရိုက်ကူးလေ့ရှိပြီး ပရိသတ်တွေကိုလည်း ရယ်မောပျော်ရွှင်အောင် လုပ်တတ်တာလည်း တွေ့ရပါတယ်..။ အခုတစ်ခါမှာလည်း ဆရာကြီးရိုက်လို့ ငိုနေတဲ့ကလေးလေးတစ်ယောက်အဖြစ် အမူအရာတွေအပြည့်နဲ့ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့ Tik Tok ဗီဒီယိုလေးကိုလည်း ထပ်မံမျှဝေပေးလိုက်ပြန်ပါတယ်နော်..။ ဆရာကြီးရိုက်လို့ ငိုနေသော ချစ်စရာကလေးလေး.. ဆိုပြီး …

အဆိုတော်မဖြစ်ခင်ခက်ခဲကြမ်းတမ်းတဲ့ဘဝအကြောင်းပြောပြတဲ့ Oasix

Oasix ဆိုတာနဲ့ လူငယ်ပရိသတ်တွေရဲ့နားထဲမှာ “ဘယ်တော့မှနောက်ထပ် ထပ်မရှုပ်တော့ပါ မင်းတစ်ယောက်ထဲပဲအမြဲတမ်းချစ်တော့မလို့…”ဆိုတဲ့ နဒီနဲ့အတူတွဲဆိုထားတဲ့သီချင်းလေးကိုကြားယောင်လာကြမှာ သေချာပါတယ်။ လူငယ်ပရိသတ်တွေရဲ့အားပေးမှုအခိုင်အမာရရှိထားတဲ့အဆိုတော် Oasix ရဲ့ ဘဝခရီးလမ်းဟာ အဆိုတော်ဖြစ်ဖို့အတွက်ရေကန်အသင့်ကြာအသင့်ဖြစ်ခဲ့တာတော့မဟုတ်ပါဘူး။ တောအထပ်ထပ်တောင်အစွယ်စွယ်ဆိုသလို ဒုက္ခသုက္ခပေါင်းများစွာထဲကနေ ဝါသနာပါရာကိုရုန်းကန်ကြိုးစားခဲ့ရတယ်လို့ဆိုရမှာပါ။ Oasix Popular Journal နဲ့ အင်တာဗျူးမှာ ခက်ခဲကြမ်းတမ်းခဲ့တဲ့ ဘဝခရီးလမ်းအကြောင်းကိုပြောပြသွားခဲ့ပါတယ်။ အထက်တန်းကျောင်းလောက်ကတည်းက မိသားစုပြဿနာတွေ အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရကြောင်း Oasix က “ကျွန်တော့်အဖေက ခရိုင်တရားသူကြီးလုပ်တယ်။ ကျွန်တော်ကိုးတန်းမှာသူက လေဖြတ်သွားတယ်။ ကိုယ်တစ်ခြမ်းလှုပ်မရတာ။ စကားတွေဘာတွေပြောမရတော့တာ။ ကျွန်တော်က ကျောင်းမှာ ဆယ်တန်းအထိစာအရမ်းလုပ်တာ။ ဆယ်တန်းပြီးတော့ သူတို့ဖြစ်စေချင်တဲ့အတိုင်းဖြစ်မလာဘူး။ ကျွန်တော့်ဖားသားကလည်း ကိုးတန်းမှာအဲ့လိုဖြစ်သွားတယ်ဆိုတော့ ပြဿနာပေါင်းစုံက စုရောက်လာတဲ့အချိန်မှာ ကျွန်တော်က ဒီလိုင်းကိုရွေးသွားတော့ အိမ်က ကျွန်တော့်ကိုတင်းတာပေါ့ အရင်က မိဘတွေက သိတဲ့အတိုင်း စာမှစာပဲသူတို့က”လို့ ပြောပြထားပါတယ်။ အခုအချိန်မှာတော့ ဒီအလုပ်ကိုမိသားစုကလက်ခံသွားပြီဆိုတဲ့အကြောင်းလည်း Oasix …

ကမ္ဘာကျော် ဟိုက်ပါ ရေတံခွန်နှင့် ရွှေမြန်မာတို့ရဲ့ စည်းကမ်းမဲ့မှုများ

က မ္ဘာကျော် ဟိုက်ပါ ရေတံခွန်နှင့် ရွှေမြန်မာတို့ရဲ့ စည်းကမ်းမဲ့မှုများ ကဲ စ လာပါပြီဗျာ။ နေရာဒေသ တခုခု နာမည် မကြီးလိုက်နဲ့ ကြီးတာနဲ့ သွားရောက် လည်ပတ်တဲ့သူတွေ စည်ကား ကျတာကတော့ ထုံးစံလိုပါပဲခင်ဗျာ။ ဒါပေမယ့် ကျွန်တော်တိုီ့ ရွှေမြန်မာပြည်ကြီးရဲ့ ထူခြားချက်က သဘာဝ အလှတွေ ဖြစ်တဲ့ ရေကန်၊ ရေတံခွန်၊ တောင် စတဲ့ နေရာအသစ် တခုတွေ့ပြီဆို တာနဲ့ ဘာမှ အဆင်သင့် မဖြစ်သေးခင် လူတွေ အလုံးအရင်းနဲ့ သွားကြတော့တာပါပဲ။ စားသောက် စ ရာေ နရာ၊ ရေသန့် ရရှိမှု၊ အပေါ့အလေး သွားရန် အဆင်ပြေမှု၊ ခရီးလမ်း လုံခြုံစိတ်ချရမှု၊ ဆက်သွယ်ရေး ကောင်းမွန်စွာ …

ရာသီခွင်အရ အလိုက်ဖက်ဆုံး စုံတွဲ ၅တွဲ ..ကဲ.. သင်တို့ အတွဲရော ပါနေပြီလား?ကြည့်လိုက်ရအောင်

Zodiac Sign လို့ခေါ်တဲ့ ရာသီခွင်တွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို အတိုင်းအတာတစ်ခုထိ လွှမ်းမိုးထားတယ်လို့ တစ်ချို့တွေက ယုံကြည်ကြပါတယ်။ ကျွန်တော်တို့ နေ့စဉ်ဘဝဆိုရာမှာ ကျွန်တော်တို့ရဲ့ အချစ်ရေးလည်း အပါအဝင်ပေါ့။ ရာသီခွင်အရ အလိုက်ဖက်ဆုံးလို့ ဆိုတဲ့ ရာသီခွင်အတွဲတွေလည်း ရှိနေပါတယ်။ ဘယ်ရာသီခွင်တွေလဲ ကြည့်ကြရအောင်နော်…. ၁။ Libra and Leo Leo (သိဟ်) ရာသီဟာ မီးကို ကိုယ်စားပြုပါတယ်။ တက်ကြွရဲရင့်ပြီး ယုံကြည်မှု ရှိတဲ့သူတွေပါ။ ဦးဆောင်သူတွေဖြစ်ဖို့ မွေးဖွားလာသူတွေပေါ့။ Libra (တူ) ရာသီဖွားတွေကတော့ ငြိမ်းချမ်းမှုကို မြတ်နိုးသူတွေပါ။ ပေါင်းသင်းဆက်ဆံရေးနဲ့ အများတကာနဲ့ အလုပ်တွဲလုပ်ရတာ အဆင်ပြေကောင်းမွန်သူတွေဖြစ်ပြီး မျှတတဲ့ စိတ်ထားကို ပိုင်ဆိုင်တဲ့သူပါ။ ဒါကြောင့် Libra နဲ့ Leo ကို ပြီးပြည့်စုံတဲ့ စုံတွဲဖြစ်စေတာပေါ့။ …

ရိုးရှင်းပြီး ဖြူစင်တဲ့သူတစ်ယောက်ဖြစ်အောင်နေတယ်ဆိုတဲ့ ခင်လှိုင့်သမီးလေး သဇင်ထူးမြင့်

ရုပ်ရှင်သရုပ်ဆောင် ခင်လှိုင့်ရဲ့သမီးချောလေး သဇင်ထူးမြင့်ကတော့ ၂၀၁၈ ခုနှစ်၊ အကယ်ဒမီပေးပွဲမှာ ပရိသတ်တွေနဲ့ စတင်ပြီး ရင်းနှီးမှုရရှိလာခဲ့တာ ဖြစ်ပါတယ်။ အပျိုပေါက်လေးအရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ သဇင်ထူးမြင့်လေးက အရမ်းကို ငယ်ရွယ်နုပျိုပြီး လှသွေးကြွယ်နေသူလေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း သဇင်ထူးမြင့်လေးကဆယ်ကျော်သက်အရွယ် ယောက်ျားလေးပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။အကယ်ဒမီပေးပွဲကြီး ပြီးဆုံးသွားတဲ့နောက်မှာတော့ သဇင်ထူးမြင့်က သီချင်းဗီဒီယိုလေးတွေနဲ့ ကြော်ငြာလေးတွေ လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။ မိဘစကားကို နားထောင်ပြီး အရမ်းကိုလိမ္မာတဲ့ သမီးလေး သဇင်ထူးမြင့်က မကြာသေးခင်ကလည်း “Star Academy” ရဲ့ “29th Convocation Ceremony” ပွဲမှာ ဘွဲ့တစ်ခုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း သဇင်ထူးမြင့်က သူမခံယူထားတဲ့ စိတ်သဘောထားလေးကို ပြောပြလာခဲ့ပါတယ်။သဇင်ထူးမြင့်က ” ရိုးရှင်းပြီး ဖြူစင်တဲ့သူတစ်ယောက်ဖြစ်အောင်နေတယ်…..ကိုယ့်ကိုပိုင်ဆိုင်မယ့်သူက ကံကောင်းတယ်ဆိုတာမျိုးပဲ ကြားချင်တယ် ” …

ညီမလေး မမျိုးသန္တာ ညီမလေးစိတ်နဲ့ ညီမလေးအမေ အိပ်ယာထဲလဲနေ၍ အမြန်ပြန်လာပါ

(၃၁၊ ၅၊ ၂၀၁၉) ApannPyay One To One ကလေးလူနာကူညီရေး စာမျက်နှာမှ ပုံပါ ညီမငယ် သမီးမမျိုးသန္တာ မိခင်ဖြစ်သူသည် သမီးစိတ်ဖြင့် အိပ်ယာထဲ လဲနေကြာင်း ရောက်တဲ့အရပ်ကနေပြန်လာစေကြောင်း တင်ပြထားမှုကို ပြန်လည်မျှပေးလိုက်ပါသည်။ သမီးမမျိုးသန္တာအမြန်ပြန်လာပါ အမေသမီးစိတ်နဲ့အိပ်ရာထဲ လဲနေပါပြီ မမျိုးသန္တာက ၂၉.၅.၂၀၁၉ရက်က အိမ်ကရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။သူမရဲ့လက်ကိုင်ဖုန်းနံပါတ် 09769500422 ကိုဆက်သွယ်တော့လဲ စက်ပိတ်ထားပါ တယ်။သမီးရဲ့စိတ်ကြောင့်အမေဖြစ်သူကလဲ အိပ်ရာထဲလဲ နေလို့ တွေ့ရှိသူများအောက်ပါဖုန်းနံပါတ်ကိုဆက်သွယ်ပေး ပါရန် အကူအညီတောင်းလာလို့တင်ပေးလိုက်ပါတယ်။ဖျား ယောင်းသွေးဆောင်ထားပါကလဲ တရားဥပဒေအရအရေးယူ သွားပါမည်။ဆက်သွယ်ရန် – ဒေါ်ကြူကြူ ’09’401566859 Unicode ဖြင့်ဖတ်ရန် One To One ကလေးလူနာကူညီရေး စာမျက်နှာမှ ပုံပါ ညီမငယ် သမီးမမျိုးသန္တာ မိခင်ဖြစ်သူသည် သမီးစိတ်ဖြင့် အိပ်ယာထဲ လဲနေကြာင်း …