ေျခစြယ္ငုပ္ျခင္းကို အလြယ္တကူ ေျဖရွင္းေပးႏိုင္မယ့္ သဘာဝနည္းလမ္းမ်ား

ေျခစြယ္ငုပ္ျခင္းကို အလြယ္တကူ ေျဖရွင္းေပးႏိုင္မယ့္ သဘာဝနည္းလမ္းမ်ား

ေျခစြယ္ငုပ္ျခင္းဟာ ခံရခက္တဲ့ နာက်င္မႈ ေဝဒနာတမ်ိဳး ျဖစ္ၿပီး ေျခသည္း ပုံမွန္ မညႇပ္တာ၊ ညႇပ္တဲ့အခါ ပုံစံ မက်တာနဲ႔ တင္းက်ပ္ လြန္းတဲ့ ဖိနပ္နဲ႔ ေျခအိတ္ေတြ ဝတ္ဆင္တဲ့ အခါ မ်ိဳးမွာ ျဖစ္တတ္ ပါတယ္။

ေျခစြယ္ ငုပ္တာကေန တဆင့္ ပိုးဝင္တာ မ်ိဳးနဲ႔ ျပည္တည္တာ မ်ိဳးေတြ မျဖစ္ေပၚေသးဘူး ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ သဘာဝ ပစၥည္းေတြ အကူအညီနဲ႔ ေပ်ာက္ကင္း သက္သာေအာင္ ျပဳလုပ္ႏိုင္ ပါတယ္။

(၁) မုန႔္ဖုတ္ဆိုဒါ

မုန႔္ဖုတ္ဆိုဒါဟာ သဘာဝ ပိုးသတ္ေဆး တမ်ိဳးျဖစ္ၿပီး ေျခစြယ္ငုပ္ရာကေန တဆင့္ ပိုးဝင္ျခင္းကို ကာကြယ္ ေပးႏိုင္ ပါတယ္။ မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၂ ဇြန္းခန႔္ကို ေရအနည္းငယ္နဲ႔ ေရာကာ ခပ္ပ်စ္ပ်စ္ အေနအထား ရေအာင္ ေဖ်ာ္စပ္ၿပီး ေျခစြယ္ငုပ္ေနတဲ့ ေနရာေပၚကို တေန႔ ၂ ႀကိမ္ခန႔္ လိမ္းေပး႐ုံနဲ႔ သက္သာ ေပ်ာက္ကင္းေစ ပါတယ္။

(၂) အုန္းဆီ

အုန္းဆီမွာ ပါဝင္တဲ့ Lauric အက္ဆစ္နဲ႔ Caprylic အက္ဆစ္ဓာတ္တို႔ဟာ ေျခစြယ္ငုပ္ျခင္းကို ျဖစ္ေပၚေစတဲ့ ေရာဂါပိုးမႊားေတြနဲ႔ မႈိေတြကို ေသေစႏိုင္ၿပီး နာက်င္ ေရာင္ရမ္းျခင္း ကိုပါ သက္သာေစႏိုင္တာေၾကာင့္ ေျခစြယ္ငုပ္ေနတဲ့ ေနရာေပၚကို အုန္းဆီ တေန႔ ၃ ႀကိမ္ခန႔္ လိမ္းေပးျခင္း အားျဖင့္ သက္သာလာေစ ပါတယ္။

(၃) နႏြင္း

မီးဖိုေခ်ာင္မွာ အလြယ္တကူ ရွိတဲ့ နႏြင္းဟာ ဆိုရင္ ေျခစြယ္ငုပ္တဲ့ အခါ ျဖစ္ေပၚတဲ့ နာက်င္ ေရာင္ရမ္းၿပီး တင္းက်ပ္က်ပ္ ျဖစ္ေနတာေတြကို သက္သာေစႏိုင္ ပါတယ္။ သန႔္စင္တဲ့ နႏြင္း လက္ဖက္ရည္ဇြန္း ၁ ဇြန္းခန႔္ကို ေရနဲ႔ ခပ္ပ်စ္ပ်စ္ အေနအထား ရေအာင္ ေရာစပ္ကာ တေန႔ ၂ ႀကိမ္ခန႔္ လိမ္းေပးႏိုင္ပါတယ္။

(၄) ပန္းသီး ရွာလကာရည္

ပန္းသီး ရွာလကာရည္ဟာ ေျခစြယ္ငုပ္ျခင္း ေၾကာင့္ နာက်င္ ေရာင္ရမ္းျခင္းကို အလ်င္ျမန္ဆုံး သက္သာေပ်ာက္ကင္း ေစႏိုင္တဲ့ သဘာဝပစၥည္း တမ်ိဳးပါ။ ပန္းသီး ရွာလကာရည္ အနည္းငယ္ကို ဂြမ္းစေပၚ သုတ္လိမ္းၿပီး ေျခစြယ္ငုပ္ေနတဲ့ ေနရာေပၚကို တေန႔ ၂ ႀကိမ္ခန႔္ လိမ္းက်ံေပးႏိုင္ ပါတယ္။

(၅) ဆား

ေျခစြယ္ငုပ္ျခင္း ေၾကာင့္ ျဖစ္ေပၚတဲ့ ေရာင္ရမ္း နာက်င္မႈေတြကို သက္သာေစဖို႔ အတြက္ ေရေႏြးထဲ ဆားထည့္ၿပီး ၁၅ မိနစ္ခန႔္ ေျခေထာက္ကို စိမ္ေပးျခင္း အားျဖင့္ သိသိသာသာ သက္သာေစ ပါတယ္။

Crd

Unicode

ခြေစွယ်ငုပ်ခြင်းကို အလွယ်တကူ ဖြေရှင်းပေးနိုင်မယ့် သဘာဝနည်းလမ်းများ

ခြေစွယ်ငုပ်ခြင်းဟာ ခံရခက်တဲ့ နာကျင်မှု ဝေဒနာတမျိုး ဖြစ်ပြီး ခြေသည်း ပုံမှန် မညှပ်တာ၊ ညှပ်တဲ့အခါ ပုံစံ မကျတာနဲ့ တင်းကျပ် လွန်းတဲ့ ဖိနပ်နဲ့ ခြေအိတ်တွေ ဝတ်ဆင်တဲ့ အခါ မျိုးမှာ ဖြစ်တတ် ပါတယ်။ ခြေစွယ် ငုပ်တာကနေ တဆင့် ပိုးဝင်တာ မျိုးနဲ့ ပြည်တည်တာ မျိုးတွေ မဖြစ်ပေါ်သေးဘူး ဆိုရင်တော့ အခုဖော်ပြပေးမယ့် သဘာဝ ပစ္စည်းတွေ အကူအညီနဲ့ ပျောက်ကင်း သက်သာအောင် ပြုလုပ်နိုင် ပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါဟာ သဘာဝ ပိုးသတ်ဆေး တမျိုးဖြစ်ပြီး ခြေစွယ်ငုပ်ရာကနေ တဆင့် ပိုးဝင်ခြင်းကို ကာကွယ် ပေးနိုင် ပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို ရေအနည်းငယ်နဲ့ ရောကာ ခပ်ပျစ်ပျစ် အနေအထား ရအောင် ဖျော်စပ်ပြီး ခြေစွယ်ငုပ်နေတဲ့ နေရာပေါ်ကို တနေ့ ၂ ကြိမ်ခန့် လိမ်းပေးရုံနဲ့ သက်သာ ပျောက်ကင်းစေ ပါတယ်။

(၂) အုန်းဆီ

အုန်းဆီမှာ ပါဝင်တဲ့ Lauric အက်ဆစ်နဲ့ Caprylic အက်ဆစ်ဓာတ်တို့ဟာ ခြေစွယ်ငုပ်ခြင်းကို ဖြစ်ပေါ်စေတဲ့ ရောဂါပိုးမွှားတွေနဲ့ မှိုတွေကို သေစေနိုင်ပြီး နာကျင် ရောင်ရမ်းခြင်း ကိုပါ သက်သာစေနိုင်တာကြောင့် ခြေစွယ်ငုပ်နေတဲ့ နေရာပေါ်ကို အုန်းဆီ တနေ့ ၃ ကြိမ်ခန့် လိမ်းပေးခြင်း အားဖြင့် သက်သာလာစေ ပါတယ်။

(၃) နနွင်း

မီးဖိုချောင်မှာ အလွယ်တကူ ရှိတဲ့ နနွင်းဟာ ဆိုရင် ခြေစွယ်ငုပ်တဲ့ အခါ ဖြစ်ပေါ်တဲ့ နာကျင် ရောင်ရမ်းပြီး တင်းကျပ်ကျပ် ဖြစ်နေတာတွေကို သက်သာစေနိုင် ပါတယ်။ သန့်စင်တဲ့ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ကို ရေနဲ့ ခပ်ပျစ်ပျစ် အနေအထား ရအောင် ရောစပ်ကာ တနေ့ ၂ ကြိမ်ခန့် လိမ်းပေးနိုင်ပါတယ်။

(၄) ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည်ဟာ ခြေစွယ်ငုပ်ခြင်း ကြောင့် နာကျင် ရောင်ရမ်းခြင်းကို အလျင်မြန်ဆုံး သက်သာပျောက်ကင်း စေနိုင်တဲ့ သဘာဝပစ္စည်း တမျိုးပါ။ ပန်းသီး ရှာလကာရည် အနည်းငယ်ကို ဂွမ်းစပေါ် သုတ်လိမ်းပြီး ခြေစွယ်ငုပ်နေတဲ့ နေရာပေါ်ကို တနေ့ ၂ ကြိမ်ခန့် လိမ်းကျံပေးနိုင် ပါတယ်။

(၅) ဆား

ခြေစွယ်ငုပ်ခြင်း ကြောင့် ဖြစ်ပေါ်တဲ့ ရောင်ရမ်း နာကျင်မှုတွေကို သက်သာစေဖို့ အတွက် ရေနွေးထဲ ဆားထည့်ပြီး ၁၅ မိနစ်ခန့် ခြေထောက်ကို စိမ်ပေးခြင်း အားဖြင့် သိသိသာသာ သက်သာစေ ပါတယ်။

Crd