












1. လေ့ကျင့်ခန်းလုပ်ပါ



Crd

Unicode

နှာခေါင်း ပိတ်ခြင်းကို 15 မိနစ်တည်းနဲ့ သက်သာစေမယ့် နည်းလမ်းများ

အမြဲတမ်း နှာခေါင်း ပိတ်နေတဲ့သူတွေက နေရထိုင်ရခက်လို့ နှာခေါင်း ပိတ်တာကို မြန်မြန်ပျောက်ချင်ကြပါတယ် ။

6. မျက်ခုံးနှစ်ခုကြားကို နှိပ်နယ်ပေးပါ

မျက်ခုံးနှစ်ခုကြားကို ညင်ညင်သာသာ နှိပ်နယ်ပေးရင် ဦးခေါင်းခွံနဲ့ နှာခေါင်းပေါက် ဆက်သွယ်ထားတဲ့ လေလမ်းကြောင်း ရောင်ရမ်းတာကို ကာကွယ်ပြီး ဖြစ်စေပါတယ် ။

5. နှာခေါင်းတစ်လျှောက် နှိပ်နယ်ပေးပါ

နှာခေါင်းတစ်လျှောက်ကို တစ်မိနစ် ၊ နှစ်မိနစ်ကြာအောင် ညင်ညင်သာသာ နှိပ်နယ်ပေးရင် နှာခေါင်းအတွင်းက လေလမ်းကြောင်း ပွင့်သွားပြီး အသက်ရှူရတာ ကောင်းလာမှာပါ ။

4. နှာခေါင်းနဲ့ နှုတ်ခမ်းကြားက နေရာကို နှိပ်နယ်ပေးပါ

အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြားကို နှစ်မိနစ်ကြာ နှိပ်နယ်ပေးရင် နှာခေါင်းအတွင်းက ရောင်ရမ်းတာတွေ မဖြစ်တော့ပါဘူး ။

3. လေစိုထိုင်းမှု ထိန်းစက်ကို အသုံးပြုပါ

လေစိုထိုင်းမှုက 40% ထက် နည်းတဲ့အခါ နှာခေါင်းထဲက နှာရည်တွေက ခြောက်သွားပြီး အသက်ရှူရတာ အဆင်ပြေသွားမှာပါ ။ နှာရည်တွေကများပြီး လေစိုထိုင်းဆက နည်းနေမယ်ဆိုရင် ကြောက်စရာကောင်းတဲ့ ဘက်တီးရီးယားတွေ ရှင်သန်နိုင်မှာပါ ။ အသင့်တော်ဆုံး စိုထိုင်းဓာတ်က 40 ရာခိုင်နှုန်းကနေ 60 ရာခိုင်နှုန်း အထိပဲ ဖြစ်ပါတယ် ။

2. နှာခေါင်းကို နွေးနွေးထွေးထွေး ထားပါ

အနွေးဓာတ်ပေးထားတဲ့ လက်ကိုင်ပဝါနဲ့ပဲ ဖြစ်ဖြစ် ၊ ရေနွေးထဲ ထည့်စိမ်ထားတဲ့လက်ကိုင်ပဝါနဲ့ပဲဖြစ်ဖြစ် အနွေးဓာတ်ပါတဲ့ လက်ကိုင်ပဝါနဲ့သာ နှာချေပါ ။ တော်သင့်ရုံ နွေးတဲ့ ရေနွေးလောက်ဆိုရင် အဆင်ပြေပါပြီ ။ နှာခေါင်းကို နွေးနွေးထွေးထွေး ထားရင် နှာခေါင်းပိတ်တာ သက်သာသွားမှာပါ ။

1. လေ့ကျင့်ခန်းလုပ်ပါ

fitness, home, technology and diet concept – smiling teenage girl doing push-ups and looking at tablet pc computer at home

နှလုံးခုန်နှုန်းက ပုံမှန်ပဲဆိုရင် ၊ ခန္ဓာကိုယ်ကလည်း နွေးနေတယ်ဆိုရင် နှာခေါင်းပိတ်နေတာ မြန်မြန် သက်သာသွားမှာပါ ။ 15 မိနစ်ကြာအောင် လေ့ကျင့်ခန်း လုပ်ပေးလိုက်ရင် သွေးပူလာပြီး နှာခေါင်းပိတ်နေတာ အဆင်ပြေသွားမှာပါ ။

crd