” အဆင္မေျပမႈေတြကို ဘယ္လိုျဖတ္ေက်ာ္မလဲ “

ဘဝမွာအဆင္မေျပမႈေတြ ၾကံဳရတိုင္းၾကံဳရတိုင္းကို္ယ့္ထက္ဆိုးတဲ့သူေတြ ကိုယ့္ထက္အဆင္မေျပတဲ့သူေတြကို ၾကည့္ၿပီး စိတ္ေျဖ အားတင္းထားတတ္ရမယ္ ၊

တစ္ခါတေလမ်ားအဆင္ေျပလာျပန္ေတာ့လည္း မာန္မာနမျဖစ္ရေအာင္ကိုယ့္ထက္ပိုၿပီး အဆင္ေျပေနတဲ့သူေတြကို ၾကည့္ၿပီးႏွိမ့္ခ်ေနတတ္ရမယ္ ၊

တကယ္တမ္းေတာ့ ဘဝဆိုတာ ဘယ္လိုပုံစံမ်ိဳးနဲ႔ပဲက်က်ေနတတ္ဖို႔က အဓိကက်ပါတယ္ ၊
ဆင္းရဲသားဘဝကလည္း ဆင္းရဲသားဘဝနဲ႔ ေပ်ာ္ေအာင္ ေနတတ္ရမယ္၊
ခ်မ္းသာတဲ့ဘဝကလည္း ခ်မ္းသာတ့ဲဘဝကို ေပ်ာ္ေအာင္ ေနတတ္ရမယ္၊

ကံကံ၏အက်ိဳးက ဘယ္လိုပုံစံမ်ိဳးနဲ႔ပဲေပးေပး ရလာတ့ဲအက်ိဳးကို ေက်နပ္ေအာင္ ေနတတ္ဖို႔လိုတယ္၊
တစ္ခ်ိဳ႕ဆိုရင္ ကိုယ့္မွာမရွိတဲ့အရာႀကီးကို အရမ္းလိုခ်င္ရတာ အရမ္းစိတ္ပင္ပန္းလြန္းပါတယ္ ၊

အဲလိုအခ်ိန္မ်ိဳးက်ရင္ ရွိတာေလးနဲ႔ အဆင္ေျပေအာင္ေနတတ္ဖို႔
ႀကိဳးစားဖို႔ လိုပါတယ္ ၊

ဘာလို႔လည္းဆိုေတာ့ ကံတရားက (ကိုယ္ျပဳလုပ္ခဲ့တ့ဲကံ)ဒီေလာက္ပဲ အက်ိဳးေပးနိုင္တာမို႔ပါ ၊
သတိထားရမွာက အတိတ္ကံက ကို္ယ္ဘာေတြလုပ္ခဲ့တယ္ ဆိုတာ မသိနိုင္ဘူးေလ ၊
ဒါေပမယ့္ ကိုယ္က ပစၥဳပၸန္ကံေတြေကာင္းေအာင္ လုပ္ထားဖို႔ေတာ့ လိုပါလိမ့္မယ္ ၊

တကယ္လက္ေတြ႔ လူ႔ဘဝမွာ တကယ္စိတ္ေအးခ်မ္းခ်င္တယ္ ဆိုရင္ေတာ့ မရနိုင္တာကို အတင္းမလိုခ်င္န႔ဲမျဖစ္နိုင္ေသးတာကိုလည္း အရမ္းမေမွ်ာ္လင့္ပါနဲ႔
မလုပ္နိုင္ေသးတာကိုလည္း စိတ္မပူပန္ပါနဲ႔ ၊

အခ်ိန္အခါ က်ေရာက္လာတ့ဲအခါ သူ႔အလိုလို ျဖစ္သြားမွာပါ ၊လူတုိင္းလူတိုင္းကေတာ့ အဆင္ေျပတ့ဲဘဝ သာယာၿငိမ္းခ်မ္း တဲ့ဘဝ ခ်မ္းသာတဲ့ဘဝေတြကို လိုခ်င္ၾကတာပဲေလ ၊
ကိုယ္လိုခ်င္တ့ဲဘဝကို တကယ္ရလားဆိုေတာ့လည္း မရပါဘူး ၊

တစ္ခ်ဳိ႕ေတြကအဆင္ေျပေနတဲ့ သူတစ္ပါးဘဝေတြကို ၾကည့္ၿပီး အကုန္ျပည့္စုံ ေနၿပီလို႔ ထင္ေနၾကတယ္ စိတ္ခ်မ္းသာလိုက္တာလို႔ ထင္ေနၾက တယ္ ၊အဲလိုလည္းမထင္လိုက္န႔ဲ သူတို႔လည္း ေနာက္ထပ္ေနာက္ထပ္လိုခ်င္တဲ့အရာေတြလည္း ရွိေနဦးမွာပဲ လိုအပ္ခ်က္ေတြလည္း ရွိတာပဲ ၊ဘယ္သူမွ ေတာ္ၿပီ ျပည့္စုံၿပီ မလိုခ်င္ေတာ့ဘူးဆိုတာ မရွိပါဘူး၊ရတယ္ဆိုရင္ ေနာက္ထပ္လိုခ်င္ေလေလပါပဲ ၊တစ္ခါတစ္ခါ ဘဝက မလိုခ်င္တာေတြ ရတတ္သလိုလိုခ်င္တာလည္း မရတတ္ဘူး ၊

အဆင္ေျပေနတုန္းက ပူပင္မႈနည္းတယ္ စိတ္ဆင္းရဲမႈနည္းတယ္၊အဆင္မေျပေတာ့ ပူပန္မႈေတြမ်ားလာတယ္ စိတ္ဆင္းရဲမႈ မ်ားလာတယ္ ၊ဒါပါပဲ အဲဒီအခိုက္အတန္႔ သေဘာတရားေလးကို
နားလည္သေဘာေပါက္ဖို႔ပဲ လိုတာပါ ၊

အဆင္မေျပတ့ဲဘဝဆိုတာအခ်ိန္အၾကာႀကီး ကန္႔သတ္မထား ပါဘူး ၊
ဆိုလိုတာကေတာ့လူတစ္ေယာက္ဟာ အၿမဲတမ္း အဆင္မေျပတတ္သလို
အၿမဲတမ္းလည္း အဆင္ေျပမေနတတ္ပါဘူး ၊က္ိုယ့္အလွည့္ အခ်ိန္အခါ မက်ေရာက္ေသးတာပဲ ရိွတာပါ ၊

အခုလက္ရွိ အဆင္မေျပေသးတာဟာ အဆင္ေျပလာဖို႔အတြက္ အေျခအေနေကာင္းတစ္ခု ဖန္တီးေပးေနတာပဲလို႔ ခံယူထားဖို႔ လည္း အဓိကက်ပါတယ္ ၊ဘယ္အရာမွ ေနရာတစ္ခုတည္းမွာ
အၿမဲထာဝရ တည္တ့ံေနတယ္ဆိုတာ မရွိပါဘူး ၊

ဒါေၾကာင့္ ငါတို႔တစ္ေတြဟာ က်န္ရိွေနေသးတဲ့ ဘဝရဲ႕လက္က်န္ အခ်ိန္ေတြကို ဘယ္ လိုပုံစံမ်ိဳးန႔ဲပဲက်က် ဘယ္လိုပဲ ခက္ခဲခက္ခဲဘယ္လိုပဲဲၾကမ္းတမ္းၾကမ္းတမ္း ရရွိလာတ့ဲဘဝကို
အေကာင္းဆုံးျဖစ္ေအာင္ ေက်နပ္ေအာင္ လက္ရွိဘဝထက္ ပိုၿပီးမဆိုး႐ြားသြားေအာင္ စိတ္ထားတတ္ေအာင္ ကံကံ၏အက်ိဳးကို ဆင္ျခင္သုံးသပ္တတ္ေအာင္ ေနတတ္ဖို႔ စားတတ္ဖို႔ သြားတတ္ဖို႔ေျပာတတ္ဖို႔ လုပ္ကိုင္တတ္ဖို႔စဉ္းစားေတြးေတာတတ္ဖို႔ လိုပါတယ္။

အဓိကအခ်ဳပ္အေနနဲ႔ေျပာရရင္ဘယ္လိုအေျခအေနမ်ိဳးကိုပဲေရာက္ေနေရာက္ေန ဘဝကိုရိုးရိုးသားသားနဲ႔ ျဖတ္သန္းပါေက်ာ္ျဖတ္ပါ ၊ဘဝကအဆင္မေျပဘူးဆိုၿပီး
မရိုးသားတဲ့ျဖတ္လမ္းနည္းေတြကိုဘယ္ေတာ့မွ မလုပ္မိေစန႔ဲ၊

ျဖတ္လမ္းနည္းဆိုတာေရရွည္မွာတည္တံ့ခိုင္ၿမဲဖို႔မေသခ်ာပါဘူး ၊
ကိုယ့္ရဲ႕ယုံၾကည္ခ်က္တစ္ခုကို ပန္းတိုင္တစ္ခုအျဖစ္ထားၿပီးလမ္းေလွွွ်ာက္ပါ၊

အဆင္မေျပမႈေတြရဲ႕ေနာက္ကြယ္မွာရိုးရိုးသားသားနဲ႔ယံုၾကည္ခ်က္အျပည့္ထားၿပီး
ၾကိဳးစားေနသေ႐ြ႕အဆင္ေျပျခင္းေတြဟာငါတုိ႔အတြက္ လက္ကမ္းၿပီး ႀကိဳဆိုေနပါလိမ့္မယ္….။
စာဖတ္ပရိသတ္ဓမၼမိတ္ေဆြေတြအားလုံးဘဝလမ္းခရီးအဆင္ေျပေခ်ာေမြ႔ သာယာၾကပါေစ.။

Credit:မ်ိဳးဆက္သစ္အရွင္(ဖိုေလးလုံး) FB မွ
# Unicode Version # ျဖင့္ ဖတ္ပါ #

ဘဝမှာအဆင်မပြေမှုတွေ ကြုံရတိုင်းကြုံရတိုင်းကိုယ့်ထက်ဆိုးတဲ့သူတွေ ကိုယ့်ထက်အဆင်မပြေတဲ့သူတွေကို ကြည့်ပြီး စိတ်ဖြေ အားတင်းထားတတ်ရမယ် ၊

တစ်ခါတလေများအဆင်ပြေလာပြန်တော့လည်း မာန်မာနမဖြစ်ရအောင်ကိုယ့်ထက်ပိုပြီး အဆင်ပြေနေတဲ့သူတွေကို ကြည့်ပြီးနှိမ့်ချနေတတ်ရမယ် ၊

တကယ်တမ်းတော့ ဘဝဆိုတာ ဘယ်လိုပုံစံမျိုးနဲ့ပဲကျကျနေတတ်ဖို့က အဓိကကျပါတယ် ၊
ဆင်းရဲသားဘဝကလည်း ဆင်းရဲသားဘဝနဲ့ ပျော်အောင် နေတတ်ရမယ်၊
ချမ်းသာတဲ့ဘဝကလည်း ချမ်းသာတဲ့ဘဝကို ပျော်အောင် နေတတ်ရမယ်၊

ကံကံ၏အကျိုးက ဘယ်လိုပုံစံမျိုးနဲ့ပဲပေးပေး ရလာတဲ့အကျိုးကို ကျေနပ်အောင် နေတတ်ဖို့လိုတယ်၊
တစ်ချို့ဆိုရင် ကိုယ့်မှာမရှိတဲ့အရာကြီးကို အရမ်းလိုချင်ရတာ အရမ်းစိတ်ပင်ပန်းလွန်းပါတယ် ၊

အဲလိုအချိန်မျိုးကျရင် ရှိတာလေးနဲ့ အဆင်ပြေအောင်နေတတ်ဖို့
ကြိုးစားဖို့ လိုပါတယ် ၊

ဘာလို့လည်းဆိုတော့ ကံတရားက (ကိုယ်ပြုလုပ်ခဲ့တဲ့ကံ)ဒီလောက်ပဲ အကျိုးပေးနိုင်တာမို့ပါ ၊
သတိထားရမှာက အတိတ်ကံက ကိုယ်ဘာတွေလုပ်ခဲ့တယ် ဆိုတာ မသိနိုင်ဘူးလေ ၊
ဒါပေမယ့် ကိုယ်က ပစ္စုပ္ပန်ကံတွေကောင်းအောင် လုပ်ထားဖို့တော့ လိုပါလိမ့်မယ် ၊

တကယ်လက်တွေ့ လူ့ဘဝမှာ တကယ်စိတ်အေးချမ်းချင်တယ် ဆိုရင်တော့ မရနိုင်တာကို အတင်းမလိုချင်နဲ့မဖြစ်နိုင်သေးတာကိုလည်း အရမ်းမမျှော်လင့်ပါနဲ့
မလုပ်နိုင်သေးတာကိုလည်း စိတ်မပူပန်ပါနဲ့ ၊

အချိန်အခါ ကျရောက်လာတဲ့အခါ သူ့အလိုလို ဖြစ်သွားမှာပါ ၊လူတိုင်းလူတိုင်းကတော့ အဆင်ပြေတဲ့ဘဝ သာယာငြိမ်းချမ်း တဲ့ဘဝ ချမ်းသာတဲ့ဘဝတွေကို လိုချင်ကြတာပဲလေ ၊
ကိုယ်လိုချင်တဲ့ဘဝကို တကယ်ရလားဆိုတော့လည်း မရပါဘူး ၊

တစ်ချို့တွေကအဆင်ပြေနေတဲ့ သူတစ်ပါးဘဝတွေကို ကြည့်ပြီး အကုန်ပြည့်စုံ နေပြီလို့ ထင်နေကြတယ် စိတ်ချမ်းသာလိုက်တာလို့ ထင်နေကြ တယ် ၊အဲလိုလည်းမထင်လိုက်နဲ့ သူတို့လည်း နောက်ထပ်နောက်ထပ်လိုချင်တဲ့အရာတွေလည်း ရှိနေဦးမှာပဲ လိုအပ်ချက်တွေလည်း ရှိတာပဲ ၊ဘယ်သူမှ တော်ပြီ ပြည့်စုံပြီ မလိုချင်တော့ဘူးဆိုတာ မရှိပါဘူး၊ရတယ်ဆိုရင် နောက်ထပ်လိုချင်လေလေပါပဲ ၊တစ်ခါတစ်ခါ ဘဝက မလိုချင်တာတွေ ရတတ်သလိုလိုချင်တာလည်း မရတတ်ဘူး ၊

အဆင်ပြေနေတုန်းက ပူပင်မှုနည်းတယ် စိတ်ဆင်းရဲမှုနည်းတယ်၊အဆင်မပြေတော့ ပူပန်မှုတွေများလာတယ် စိတ်ဆင်းရဲမှု များလာတယ် ၊ဒါပါပဲ အဲဒီအခိုက်အတန့် သဘောတရားလေးကို
နားလည်သဘောပေါက်ဖို့ပဲ လိုတာပါ ၊

အဆင်မပြေတဲ့ဘဝဆိုတာအချိန်အကြာကြီး ကန့်သတ်မထား ပါဘူး ၊
ဆိုလိုတာကတော့လူတစ်ယောက်ဟာ အမြဲတမ်း အဆင်မပြေတတ်သလို
အမြဲတမ်းလည်း အဆင်ပြေမနေတတ်ပါဘူး ၊ကိုယ့်အလှည့် အချိန်အခါ မကျရောက်သေးတာပဲ ရှိတာပါ ၊

အခုလက်ရှိ အဆင်မပြေသေးတာဟာ အဆင်ပြေလာဖို့အတွက် အခြေအနေကောင်းတစ်ခု ဖန်တီးပေးနေတာပဲလို့ ခံယူထားဖို့ လည်း အဓိကကျပါတယ် ၊ဘယ်အရာမှ နေရာတစ်ခုတည်းမှာ
အမြဲထာဝရ တည်တံ့နေတယ်ဆိုတာ မရှိပါဘူး ၊

ဒါကြောင့် ငါတို့တစ်တွေဟာ ကျန်ရှိနေသေးတဲ့ ဘဝရဲ့လက်ကျန် အချိန်တွေကို ဘယ် လိုပုံစံမျိုးနဲ့ပဲကျကျ ဘယ်လိုပဲ ခက်ခဲခက်ခဲဘယ်လိုပဲကြမ်းတမ်းကြမ်းတမ်း ရရှိလာတဲ့ဘဝကို
အကောင်းဆုံးဖြစ်အောင် ကျေနပ်အောင် လက်ရှိဘဝထက် ပိုပြီးမဆိုးရွားသွားအောင် စိတ်ထားတတ်အောင် ကံကံ၏အကျိုးကို ဆင်ခြင်သုံးသပ်တတ်အောင် နေတတ်ဖို့ စားတတ်ဖို့ သွားတတ်ဖို့ပြောတတ်ဖို့ လုပ်ကိုင်တတ်ဖို့စဉ်းစားတွေးတောတတ်ဖို့ လိုပါတယ်။

အဓိကအချုပ်အနေနဲ့ပြောရရင်ဘယ်လိုအခြေအနေမျိုးကိုပဲရောက်နေရောက်နေ ဘဝကိုရိုးရိုးသားသားနဲ့ ဖြတ်သန်းပါကျော်ဖြတ်ပါ ၊ဘဝကအဆင်မပြေဘူးဆိုပြီး
မရိုးသားတဲ့ဖြတ်လမ်းနည်းတွေကိုဘယ်တော့မှ မလုပ်မိစေနဲ့၊

ဖြတ်လမ်းနည်းဆိုတာရေရှည်မှာတည်တံ့ခိုင်မြဲဖို့မသေချာပါဘူး ၊
ကိုယ့်ရဲ့ယုံကြည်ချက်တစ်ခုကို ပန်းတိုင်တစ်ခုအဖြစ်ထားပြီးလမ်းလျှောက်ပါ၊

အဆင်မပြေမှုတွေရဲ့နောက်ကွယ်မှာရိုးရိုးသားသားနဲ့ယုံကြည်ချက်အပြည့်ထားပြီး
ကြိုးစားနေသရွေ့အဆင်ပြေခြင်းတွေဟာငါတို့အတွက် လက်ကမ်းပြီး ကြိုဆိုနေပါလိမ့်မယ်….။
စာဖတ်ပရိသတ်ဓမ္မမိတ်ဆွေတွေအားလုံးဘဝလမ်းခရီးအဆင်ပြေချောမွေ့ သာယာကြပါစေ.။

Credit:မျိုးဆက်သစ်အရှင်(ဖိုလေးလုံး) FB မှ