ဓာတ္ပုံေဟာင္းေလးကေနတဆင့္ မေမ့နိုင္စရာ အမွတ္တရေတြကို ေျပာျပလာတဲ့ မို႔မို႔ျမင့္ေအာင္

မို႔မို႔ျမင့္ေအာင္က အသက္၁၆ ႏွစ္ေက်ာ္အရြယ္က ရိုက္ခဲ့တဲ့ အလွဓာတ္ပုံေလးကေန မေမ့နိုင္စရာ အမွတ္တရေလး ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒီ ဓာတ္ပုံေလးေတြကေနတဆင့္ သူမရဲ့ အႏုပညာ ေျခလွမ္းအစပ်ိဳးခဲ့တဲ့ အမွတ္တရေတြအေၾကာင္း ေျပာျပလာပါတယ္။

Photo: မို႔မို႔ျမင့္ေအာင္

သ႐ုပ္ေဆာင္ အကယ္ဒမီမ်ားရွင္ မို႔မို႔ျမင့္ေအာင္ဟာ အႏုပညာအလုပ္ေတြကို အသက္ ၁၆ ႏွစ္ေက်ာ္အရြယ္ကတည္းက လုပ္ခဲ့တဲ့ အမွတ္တရေတြကို ေျပာျပလာပါတယ္။ အဲဒီအခ်ိန္က သူမကို မင္းသားႀကီး ဦးျမင့္ေအာင္ရဲ့ သမီး အျဖစ္သာ ပရိသတ္ေတြ သိၾကတယ္လို႔ ဆိုပါတယ္။

‘’ ခ်စ္ခင္ေလးစားတန္ဖိုးထားရပါေသာပရိသတ္ႀကီးႏွင့္ WE LOVE MMMAခ်စ္သူတို႔ရွင့္။ မို႔ရဲ့ငယ္ဘဝက [မင္းသမီးမျဖစ္ေသးခင္]၁၆-၁၇ ႏွစ္ အရြယ္က ပိုစတာပုံေလးတင္ေပးလိုက္ပါတယ္ အဲ့ဒီပိုစတာေလး အေၾကာင္းေျပာျပမယ္ေနာ္ သိၿပီးသူေတြကသိၾကမွာပါ။

ေႏွာင္း ကေလးေတြ သိေအာင္ေျပာျပပါ့မယ္။မဂၢဇင္း cover ေတြရိုက္ fashion show ေတြတက္ တဲ့အခ်ိန္ဘဲရွိပါေသးတယ္။ ႐ုပ္ရွင္လဲမရိုက္ရေသးဘူး။ သီခ်င္းလဲမဆိုေသးဘူး။ ဒါေပမဲ့မင္းသားႀကီး ျမင့္ေအာင္သမီး မို႔မို႔ျမင့္ေအာင္ ပရိသတ္က လွတယ္လို႔အသိအမွတ္ျပဳခံရပါတယ္’’ လို႔ သူကဆိုပါတယ္။

Photo: Mo Myint Aung

အဲဒီေနာက္ ဂ်ပန္နိုင္ငံသား ဓာတ္ပုံဆရာ နဲ႔ ဆုံၿပီး အလွဓာတ္ပုံေတြရိုက္ခြင့္ရခဲ့တယ္လို႔ ဆိုပါတယ္။အဲဒီအခ်ိန္က မို႔မို႔ျမင့္ေအာင္ရဲ့ ဓာတ္ပုံေတြကို နိုင္ငံျခားက colour separation နဲ႔ ထုတ္တဲ့ ပိုစတာေတြျဖစ္ခဲ့တာေၾကာင့္ ျမန္မာနိုင္ငံမွာ အေရာင္းရဆုံး ပိုစတာေတြလည္း ျဖစ္ခဲ့ဖူးတယ္ဆိုၿပီးေတာ့ ဇြန္လ ၈ ရက္ေန႔ မနက္ ၁၂ နာရီ ၁၅ မိနစ္က သူ႔ရဲ့ ေဖ့စ္ဘြတ္ ေပ့ခ်္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

‘’တစ္ရက္မွာ JAPANESE PHOTOGRAPHER တစ္ေယာက္ နဲ႔စကားျပန္တစ္ေယာက္ေရာက္လာ ၿပီးအလွဓါတ္ပုံရိုက္ခ်င္လို႔ခြင့္လာေတာင္းတယ္။ [ျမန္မာျပည္ဓါတ္ပုံအသင္း သူငယ္ခ်င္း ဓါတ္ပုံဆရာေတြေရာ coverေတြေရာ တစ္ခ်ိန္လုံးရိုက္ေနေတာ့]ရိုက္ေပးလိုက္တာေပါ့။ ၂ႏွစ္ေလာက္ေနေတာ့ျမန္မာျပည္ထဲကို ဘန္ေကာက္နယ္စပ္ကတဆင့္ဝင္လာပါေလေရာ။ကိုယ့္ပုံေတာင္သူမ်ားလာေပးမွစေတြ႕ဘူးေတာ့တာဘဲ။

အဲ့ဒီအခ်ိန္တုံးက ျမန္မာ ျပည္မွာပထမဦးဆုံး နိုင္ငံျခားကcolour separation ထုတ္တဲ့ပိုစတာပါဘဲ။ နယ္စပ္မွာ အေရာင္းရဆုံးပိုစတာေပါ့။ေအာင္ျမင္ေတာ့လဲျမန္မာျပည္ရဲ့စာေပစစ္ ေဆးေရးက ေခၚေတာင္းအစစ္ခံရတယ္။ ေတာ္ေသးတာေပါ့ ကိုယ္က ဘာေငြေၾကးမွ ဘာလက္ေဆာင္မွ လက္မခံခဲ့ေတာ့ရွင္းတာေပါ့ေလ’’ လို႔ သူကဆိုပါတယ္။

Photo: မို႔မို႔ျမင့္ေအာင္

ဒါေၾကာင့္ သူမရဲ့ ဓာတ္ပုံေဟာင္းေလးေတြကို လာေပးၾကတဲ့ မိတ္ေဆြကိုလည္း အကယ္ဒမီမ်ားရွင္ မို႔မို႔ျမင့္ေအာင္က ဝမ္းသာအားရစြာနဲ႔ ေက်းဇူးတင္စကား ဆိုလာပါတယ္။

‘’ပိုစတာ မ်က္ႏွာက ဘာမာယာမွမရွိေသးတဲ့ innocent မ်က္ႏွာေပး ပါ။ We Weေလးေတြခ်စ္ၾကမယ္ထင္ပါ့ ။ဒီပိုစတာေလးကမို႔လက္ထဲမွာမရွိေတာ့ဘူး။ ႏွစ္ေပါင္းမ်ားစြာသိမ္း ဆည္းထားၿပီးမွ လက္ေဆာင္ေပးတဲ့ေရွြပုပၸါးဦးအုံးခိုင္ကိုေက်းဇူးတင္သလို ပုံေလးကိုျပန္လည္မြန္းမံေပး တဲ့ ဓါတ္ပုံပညာရွင္ ကိုထင္လင္းကိုလည္းေက်းဇူးတင္ပါတယ္’’ လို႔ သူကဆိုပါတယ္။

Photo: မို႔မို႔ျမင့္ေအာင္

မို႔မို႔ျမင့္ေအာင္(Moht Moht Myint Aung)ဟာ ၁၉၈၀ ခုႏွစ္က ‘’မြန္းတည့္ခ်ိန္’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကေန အႏုပညာေလာကထဲကို စတင္ဝင္ေရာက္ခဲ့သူျဖစ္ပါတယ္။ သူမ ရဲ့ အႏုပညာသက္တမ္းကေတာ့ ၃၉ ႏွစ္ရွိပါၿပီ။ အဲဒီေနာက္ အႏုပညာ မွတ္တိုင္ ျဖစ္ခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကေတာ့ ၁၉၈၅ ခုႏွစ္က ‘’ႏွလုံးသားၿမိဳ႕ေတာ္’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ပို႔ ဆု အျဖစ္ ပထမဆုံးအကယ္ဒမီဆုကို ရရွိခဲ့ပါတယ္။

အဲဒီေနာက္ ၁၉၈၉ ခုႏွစ္မွာ ‘’ခပ္စိမ္းစိမ္း ေနပါမယ္’’ ႐ုပ္ရွင္ကား၊ ၁၉၉၁ ခုႏွစ္မွာ ‘’ သမီးႏွင့္ အေမမ်ား’’ ဆိုတဲ့ ႐ုပ္ရွင္ကား၊ ၁၉၉၆ ခုႏွစ္မွာ ‘’မသုဓမၼစာရီ’’ ဆိုတဲ့ ႐ုပ္ရွင္ကား၊ ၂၀၀၈ ခုႏွစ္မွာေတာ့ ‘’ျမင္းမိုရ္ထက္က သရဖူ’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ရရွိပိုင္ဆိုင္ခဲ့သူျဖစ္ပါတယ္။

Crd

[Unicode Version]

မို့မို့မြင့်အောင်က အသက်၁၆ နှစ်ကျော်အရွယ်က ရိုက်ခဲ့တဲ့ အလှဓာတ်ပုံလေးကနေ မမေ့နိုင်စရာ အမှတ်တရလေး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ဓာတ်ပုံလေးတွေကနေတဆင့် သူမရဲ့ အနုပညာ ခြေလှမ်းအစပျိုးခဲ့တဲ့ အမှတ်တရတွေအကြောင်း ပြောပြလာပါတယ်။

သရုပ်ဆောင် အကယ်ဒမီများရှင် မို့မို့မြင့်အောင်ဟာ အနုပညာအလုပ်တွေကို အသက် ၁၆ နှစ်ကျော်အရွယ်ကတည်းက လုပ်ခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ အဲဒီအချိန်က သူမကို မင်းသားကြီး ဦးမြင့်အောင်ရဲ့ သမီး အဖြစ်သာ ပရိသတ်တွေ သိကြတယ်လို့ ဆိုပါတယ်။

‘’ ချစ်ခင်လေးစားတန်ဖိုးထားရပါသောပရိသတ်ကြီးနှင့် WE LOVE MMMAချစ်သူတို့ရှင့်။ မို့ရဲ့ငယ်ဘဝက [မင်းသမီးမဖြစ်သေးခင်]၁၆-၁၇ နှစ် အရွယ်က ပိုစတာပုံလေးတင်ပေးလိုက်ပါတယ် အဲ့ဒီပိုစတာလေး အကြောင်းပြောပြမယ်နော် သိပြီးသူတွေကသိကြမှာပါ။

နှောင်း ကလေးတွေ သိအောင်ပြောပြပါ့မယ်။မဂ္ဂဇင်း cover တွေရိုက် fashion show တွေတက် တဲ့အချိန်ဘဲရှိပါသေးတယ်။ ရုပ်ရှင်လဲမရိုက်ရသေးဘူး။ သီချင်းလဲမဆိုသေးဘူး။ ဒါပေမဲ့မင်းသားကြီး မြင့်အောင်သမီး မို့မို့မြင့်အောင် ပရိသတ်က လှတယ်လို့အသိအမှတ်ပြုခံရပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ဂျပန်နိုင်ငံသား ဓာတ်ပုံဆရာ နဲ့ ဆုံပြီး အလှဓာတ်ပုံတွေရိုက်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။အဲဒီအချိန်က မို့မို့မြင့်အောင်ရဲ့ ဓာတ်ပုံတွေကို နိုင်ငံခြားက colour separation နဲ့ ထုတ်တဲ့ ပိုစတာတွေဖြစ်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ အရောင်းရဆုံး ပိုစတာတွေလည်း ဖြစ်ခဲ့ဖူးတယ်ဆိုပြီးတော့ ဇွန်လ ၈ ရက်နေ့ မနက် ၁၂ နာရီ ၁၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

‘’တစ်ရက်မှာ JAPANESE PHOTOGRAPHER တစ်ယောက် နဲ့စကားပြန်တစ်ယောက်ရောက်လာ ပြီးအလှဓါတ်ပုံရိုက်ချင်လို့ခွင့်လာတောင်းတယ်။ [မြန်မာပြည်ဓါတ်ပုံအသင်း သူငယ်ချင်း ဓါတ်ပုံဆရာတွေရော coverတွေရော တစ်ချိန်လုံးရိုက်နေတော့]ရိုက်ပေးလိုက်တာပေါ့။ ၂နှစ်လောက်နေတော့မြန်မာပြည်ထဲကို ဘန်ကောက်နယ်စပ်ကတဆင့်ဝင်လာပါလေရော။ကိုယ့်ပုံတောင်သူများလာပေးမှစတွေ့ဘူးတော့တာဘဲ။

အဲ့ဒီအချိန်တုံးက မြန်မာ ပြည်မှာပထမဦးဆုံး နိုင်ငံခြားကcolour separation ထုတ်တဲ့ပိုစတာပါဘဲ။ နယ်စပ်မှာ အရောင်းရဆုံးပိုစတာပေါ့။အောင်မြင်တော့လဲမြန်မာပြည်ရဲ့စာပေစစ် ဆေးရေးက ခေါ်တောင်းအစစ်ခံရတယ်။ တော်သေးတာပေါ့ ကိုယ်က ဘာငွေကြေးမှ ဘာလက်ဆောင်မှ လက်မခံခဲ့တော့ရှင်းတာပေါ့လေ’’ လို့ သူကဆိုပါတယ်။

ဒါကြောင့် သူမရဲ့ ဓာတ်ပုံဟောင်းလေးတွေကို လာပေးကြတဲ့ မိတ်ဆွေကိုလည်း အကယ်ဒမီများရှင် မို့မို့မြင့်အောင်က ဝမ်းသာအားရစွာနဲ့ ကျေးဇူးတင်စကား ဆိုလာပါတယ်။

‘’ပိုစတာ မျက်နှာက ဘာမာယာမှမရှိသေးတဲ့ innocent မျက်နှာပေး ပါ။ We Weလေးတွေချစ်ကြမယ်ထင်ပါ့ ။ဒီပိုစတာလေးကမို့လက်ထဲမှာမရှိတော့ဘူး။ နှစ်ပေါင်းများစွာသိမ်း ဆည်းထားပြီးမှ လက်ဆောင်ပေးတဲ့ရှေွပုပ္ပါးဦးအုံးခိုင်ကိုကျေးဇူးတင်သလို ပုံလေးကိုပြန်လည်မွန်းမံပေး တဲ့ ဓါတ်ပုံပညာရှင် ကိုထင်လင်းကိုလည်းကျေးဇူးတင်ပါတယ်’’ လို့ သူကဆိုပါတယ်။

မို့မို့မြင့်အောင်(Moht Moht Myint Aung)ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

Crd