“ကလေးတွေကို စိတ်ပူရတဲ့ဒဏ်ကို မခံနိုင်လို့ နောက်ထပ်ကလေးမယူတော့ပါဘူးလို့ ဖွင့်ဟလိုက်တဲ့ ပြေတီဦး”





Crd

Unicode

ဦးတီလို့ ချစ်စနိုးခေါ်တဲ့ ပြေတီဦးကတော့ ပရိသတ်တွေကြားမှာရေပန်စားနေတဲ့မင်းသားတစ်ယောက်လို့ဆိုရမှာပါ။ သူကတော့ သာယာချမ်းမြေ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်ကလေးတွေကိုစိတ်ပူရတဲ့ဒဏ်ကို မိဘတစ်ယောက်အနေနဲ့ မခံနိုင်ဘူးဆိုတာကို Sunday Journay မီဒီယာတွေကိုပြောပြခဲ့တာဖြစ်ပါတယ်။

“ကလေးတွေစိတ်ပူရတဲ့ဒဏ်ကိုမခံနိုင်လို့ နောက်ထပ်ကလေးမယူတော့ဘူးကလေးနှစ်ယောက်လုံးကဆေးရုံတက်ရဘူးတယ်။ အဲလိုအချိန်ဆိုမိဘတစ်ယောက်အနေနဲ့မခံစားနိုင်ဘူး။ နှစ်ယောက်ရပြီဆိုတော့ရပြီပေါ့နော်နောက်ထပ်မယူတော့ဘူး။ သုသုလေးကအဖေလည်းမတူဘူးအမေလည်းမတူဘူး အကို့အစ်မကိုသွားတူတာ။ ဆံပင်ကစတူတယ် ဖိုးတီလေးက ဖအေလိုပဲ မျက်နှာပြောင်တယ်” ဆိုပြီးတော့ ကလေးတွေနေမကောင်းရင် စိတ်ပူရတာပင်ပန်းလို့ နောက်ထပ်ရင်သွေးလေးကို မယူတော့ဘူးဆိုတာကို ပြောပြထားပြီးတော့

“သူတို့နှစ်ယောက်လုံးက လုံးဝမတူဘူး စိတ်နေစိတ်ထားကြိုက်တဲ့အကြိုက်မတူကြဘူး။ သုသုကစကားအများကြီးမပြောဘူး အေးအေးဆေးဆေးဘဲနေတယ် ရင်ထဲမှာရှိတာကို သိပ်ပြီးတော့ ထုတ်မပြောပြတတ်ဘူး။ ဖိုးတီလေးကအဲလိုမဟုတ်ဘူး သူက ပွင့်ပွင့်လင်းလင်း ဖအေ ခရီးကပြန်လာရင် ” ဖေဖေသားသားအတွက်ဘာဝယ်လာလဲ”အဲလိုနေတယ် ။ သုသုကအဲလိုမဟုတ်ဘူး တစ်ယောက်ထဲဆိုပုံဆွဲနေမယ် ရုပ်ရှင်ကြည့်မယ် စာအုပ်ဖတ်မယ် အဲလိုငြိမ်ငြိမ်စိမ်စိမ်နေတတ်တဲ့ပုံစံမျိုးပေါ့”ဆိုပြီးတော့လည်းသားနဲ့ သမီးလေးတွေရဲ့ ကွဲပြားတဲ့ အမူအကျင့်လေးတွေကို ပြောပြခဲ့ပါသေးတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ နောက်ထပ်ကလေးမယူတော့ပါဘူးလို့ ဖွင့်ဟလိုက်တဲ့ ပြေတီဦးအတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။

Crd