ခ်စ္သူသက္တမ္း၉ ႏွစ္႐ွိေနၿပီဆုိတဲ့ မိတ္ကပ္ ခင္စန္းဝင္း

ျမန္မာႏိုင္ငံ ရဲ႕ ေအာင္ျမင္တဲ့ မိတ္ကပ္ပညာရွင္တစ္ဦးျဖစ္သလို ေနာက္ပိုင္းမွာ ႐ုပ္ရွင္ပါ ႐ိုက္လာရတဲ့ ႏိုင္ငံေက်ာ္ မိတ္ကပ္ပညာရွင္ ခင္စန္းဝင္းကေတာ့ သူရဲ႕ ရည္းစားျဖစ္သူနဲ႔ တြဲလာတာ ၉ ႏွစ္ေက်ာ္ေနၿပီလို႔ Cele yat kwat ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။ မိတ္ကပ္ခင္စန္းဝင္းအေနနဲ႔ သူရဲ႕ ခ်စ္သူက မိန္းမမယူေသးသေ႐ြ႕ေတာ့ ေအးေဆးပါပဲလို႔လည္း ေျပာသြားခဲ့ပါတယ္။

အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး မိတ္ကပ္ ခင္စန္းဝင္းက “သာယာတယ္လဲမဟုတ္ပါဘူး မႀကီးတို႔ကအသက္ႀကီးၿပီဆိုေတာ့ မႀကီးတို႔ဘက္ကေတာ့ တည္တည္ၿငိမ္ၿငိမ္ေအးေအးေဆးေဆးေပါ့ေလ။ သူမိန္းမမယူေသးသေ႐ြ႕ကေတာ့ ေအးေဆးေပါ့ေလ။ ေအးေဆးပါ။ သူကေအးပါတယ္။ မေတြ႕လိုက္ၾကဘူးထင္တယ္။”လို႔ေျပာသြားခဲ့ပါတယ္။

အရင္တုန္းက ရည္းစားပဲလားလို႔ေမးျမန္းရာ “ျမန္မာမိန္းကေလးဆိုေတာ့ တစ္ဦးတစ္ေယာက္ထဲကိုသက္ဆုံးတိုင္ခ်စ္ရတယ္ေလ။”လို႔ ေျပာသြားခဲ့ပါတယ္။၉ႏွစ္အထိၾကာေအာင္ လက္တြဲထားႏိုင္တာဘာေၾကာင့္လဲလို႔ ေမးျမန္းရာမွာေတာ့ “အဓိကကေတာ့ တစ္ေယာက္အေပၚတစ္ေယာက္ ေမတၱာအေျခခံဖို႔ေပါ့ေနာ္ ေနာက္တစ္ခုက မႀကီးကလဲသူဘယ္သူပါဆိုၿပီးေတာ့ ပြင့္ပြင့္လင္းလင္းတစ္ခါမွမေျပာဘူး ထုတ္ေဖာ္မေျပာဘူး။ သူကိုယ္တိုင္လဲေအးေအးေဆးေဆးေနတယ္။ အဓိကကေတာ့ စိတ္ေနစိတ္ထားေပါ့။

သူ႔သေဘာထားေလးကို မႀကီးႀကိဳက္တယ္။ မႀကီးစိတ္ေနစိတ္ထားသေဘာထားကို သူႀကိဳက္တယ္။ ေလာကႀကီးမွာ ခ်စ္ျခင္းေမတၱာအျပင္ကို လူမႈဆက္ဆံေရး တစ္ေယာက္နဲ႔တစ္ေယာက္ Relation ကအရမ္းအေရးႀကီးတယ္။ မႀကီးတို႔ၾကားထဲမွာအဲ့တာကေတာ့အရမ္းအေရးႀကီးတယ္ တစ္ေယာက္နဲ႔တစ္ေယာက္သံေယာဇဥ္ အရမ္းရွိၾကတယ္ အဲ့တာေၾကာင့္လဲခိုင္ၿမဲတာေပါ့။”လို႔ ေျပာသြားခဲ့ပါတယ္။

ပရိတ္သတ္ေတြကို ဘာေျပာခ်င္လဲလို႔ေမးျမန္းရာ “မႀကီးကိုခ်စ္ခင္စြာအားေပးၾကတဲ့ သူမ်ားအားလုံးေက်းဇူးအမ်ားႀကီးတင္ပါတယ္။ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၾကပါေစ။”လို႔ေျပာသြားခဲ့ပါတယ္။

Crd

Unicode ဖြင့်ဖတ်ရန်

ချစ်သူ သက်တမ်း၉ နှစ်ရှိနေပြီဆိုတဲ့ မိတ်ကပ် ခင်စန်းဝင်း

မြန်မာနိုင်ငံ ရဲ့ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်သလို နောက်ပိုင်းမှာ ရုပ်ရှင်ပါ ရိုက်လာရတဲ့ နိုင်ငံကျော် မိတ်ကပ်ပညာရှင် ခင်စန်းဝင်းကတော့ သူရဲ့ ရည်းစားဖြစ်သူနဲ့ တွဲလာတာ ၉ နှစ်ကျော်နေပြီလို့ Cele yat kwat ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ မိတ်ကပ်ခင်စန်းဝင်းအနေနဲ့ သူရဲ့ ချစ်သူက မိန်းမမယူသေးသရွေ့တော့ အေးဆေးပါပဲလို့လည်း ပြောသွားခဲ့ပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး မိတ်ကပ် ခင်စန်းဝင်းက “သာယာတယ်လဲမဟုတ်ပါဘူး မကြီးတို့ကအသက်ကြီးပြီဆိုတော့ မကြီးတို့ဘက်ကတော့ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးပေါ့လေ။ သူမိန်းမမယူသေးသရွေ့ကတော့ အေးဆေးပေါ့လေ။ အေးဆေးပါ။ သူကအေးပါတယ်။ မတွေ့လိုက်ကြဘူးထင်တယ်။”လို့ပြောသွားခဲ့ပါတယ်။

အရင်တုန်းက ရည်းစားပဲလားလို့မေးမြန်းရာ “မြန်မာမိန်းကလေးဆိုတော့ တစ်ဦးတစ်ယောက်ထဲကိုသက်ဆုံးတိုင်ချစ်ရတယ်လေ။”လို့ ပြောသွားခဲ့ပါတယ်။၉နှစ်အထိကြာအောင် လက်တွဲထားနိုင်တာဘာကြောင့်လဲလို့ မေးမြန်းရာမှာတော့ “အဓိကကတော့ တစ်ယောက်အပေါ်တစ်ယောက် မေတ္တာအခြေခံဖို့ပေါ့နော် နောက်တစ်ခုက မကြီးကလဲသူဘယ်သူပါဆိုပြီးတော့ ပွင့်ပွင့်လင်းလင်းတစ်ခါမှမပြောဘူး ထုတ်ဖော်မပြောဘူး။ သူကိုယ်တိုင်လဲအေးအေးဆေးဆေးနေတယ်။ အဓိကကတော့ စိတ်နေစိတ်ထားပေါ့။

သူ့သဘောထားလေးကို မကြီးကြိုက်တယ်။ မကြီးစိတ်နေစိတ်ထားသဘောထားကို သူကြိုက်တယ်။ လောကကြီးမှာ ချစ်ခြင်းမေတ္တာအပြင်ကို လူမှုဆက်ဆံရေး တစ်ယောက်နဲ့တစ်ယောက် Relation ကအရမ်းအရေးကြီးတယ်။ မကြီးတို့ကြားထဲမှာအဲ့တာကတော့အရမ်းအရေးကြီးတယ် တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ် အရမ်းရှိကြတယ် အဲ့တာကြောင့်လဲခိုင်မြဲတာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

ပရိတ်သတ်တွေကို ဘာပြောချင်လဲလို့မေးမြန်းရာ “မကြီးကိုချစ်ခင်စွာအားပေးကြတဲ့ သူများအားလုံးကျေးဇူးအများကြီးတင်ပါတယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။”လို့ပြောသွားခဲ့ပါတယ်။

Crd