ေခြးေတြကို အဆိတ္ေကၽြး သတ္တာထက္ မသတ္ဘဲ မ်ိဳးတုန္းဖို႔နည္းကို ပိုျပီးေတာ့အားေပးတယ္ဆိုတဲ့ သႏၱာလႈိင္

သူကေတာ့ေအာင္ျမင္ေနတဲ့ စူပါေမာ္ဒယ္ေတြထဲကတစ္ေယာက္အပါအ၀င္ တစ္ေယာက္ပဲျဖစ္ပါတယ္။ ကိုယ့္ႏိုင္ငံအေျခအေနနဲ႔ ေငြေၾကးအေျမာက္အျမားသံုးၿပီးမလုပ္နိုင္တဲ့ ေခြးေလးေတြကို မသတ္ဘဲ မ်ိဳးတုန္းဖို႔နည္းကို ျပည္ပအဖြဲ႕အစည္းေတြ အကူအညီေပးခ်ိန္မွာ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ဖို႔ အေရးႀကီးပါတယ္ဆိုတာကို သူရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာေဖာ္ျပေပးထားတာျဖစ္ပါတယ္။

“လမ္းေဘးေခြးေလ ေခြးလြင့္ ပေပ်ာက္ေရး အတြက္ ဒီ project ေလးကို အျခားႏိုင္ငံက ေစတနာရွိတဲ့ အဖြဲ႕အစည္းေတြက လာၿပီး လုပ္ေဆာင္ေနပါတယ္။ ေခြးေတြကို အဆိတ္ေကၽြးျပီး သတ္ခ်င္သူမ်ားကိုလဲ ကိုယ္ယံုၾကည္ရာ ကိုယ္လုပ္ပါလို႔ အားေပးပါတယ္။

ဘာလို႔လဲဆိုေတာ့ ဒီေဆာင္းပါးရဲ႕ ရည္ရြယ္ခ်က္ပန္းတိုင္က လမ္းေဘးေခြးေတြ ပေပ်ာက္ဖို႔ပါ သတ္ျဖတ္ၿပီး ဖယ္ရွားတာကို အားေပးရင္ လမ္းေဘးေခြးေတြကို အဆိတ္ေကၽြးၿပီး သတ္တဲ့ အဖြဲကို အားေပးလို႔ရပါတယ္” ဆိုျပီးေတာ့ ေခြးေလးေတြကို သက္တာမ်ိဳးမလုပ္ဘဲ မ်ိဳးတံုးေအာင္လုပ္တာက ေခြးရူးျပန္ေရာကို ပိုျပီးေတာ့ ထိေရာက္ေအာင္ကာကြယ္နိုင္မယ္ထင္တယ္လို႕လူမႈကြန္ရက္မွာ ေရးသားေဖာ္ျပထားျပီးေတာ့

“ကၽြန္မက ေခြးေတြကို အဆိတ္ေကၽြး သတ္တာကို အားမေပးတဲ့ အတြက္ မသတ္ပဲ မ်ိဳးတုန္းဖို႔နည္းနဲ႔ ေျဖရွင္းတဲ့ project ကို အားေပးလို႕ ဒီpost ေလး ရွယ္လိုက္တာပါ။ လမ္းေဘး ေခြးေၾကာက္သူမ်ားလဲ မိုက္႐ိုင္းေသာ ေကာ္မင့္မ်ားႏွင့္ မိမိအဆင့္အတန္းကို ေဖၚျပမယ့္အစား မ်ိဳးဆက္ျပဳတ္ဖို႔ အတူတူပူးေပါင္းၿပီး တတ္ႏိုင္တဲ့ဘက္က ကူညီျခင္းဟာ ပိုၿပီးထိေရာက္ပါလိမ့္မယ္လို႔ ေျပာခ်င္ပါတယ္”လို႕လည္း ဆက္ျပီးေတာ့ေဖာ္ျပထားပါေသးတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ ေခြးေလးေတြကို မ်ိဳးတုန္းဖို႔နည္းကို ပိုျပီးေတာ့အားေပးတယ္ဆိုတဲ့ သႏၱာလႈိင္ အတြက္ မွတ္ခ်က္ေလးေရးေပးခဲ့ပါဦး။

Source : Thandar Hlaing

Crd

Unicode

ခွေးတွေကို အဆိတ်ကျွေး သတ်တာထက် မသတ်ဘဲ မျိုးတုန်းဖို့နည်းကို ပိုပြီးတော့အားပေးတယ်ဆိုတဲ့ သန္တာလှိုင်

သူကတော့အောင်မြင်နေတဲ့ စူပါမော်ဒယ်တွေထဲကတစ်ယောက်အပါအဝင် တစ်ယောက်ပဲဖြစ်ပါတယ်။ ကိုယ့်နိုင်ငံအခြေအနေနဲ့ ငွေကြေးအမြောက်အမြားသုံးပြီးမလုပ်နိုင်တဲ့ ခွေးလေးတွေကို မသတ်ဘဲ မျိုးတုန်းဖို့နည်းကို ပြည်ပအဖွဲ့အစည်းတွေ အကူအညီပေးချိန်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်ဆိုတာကို သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပေးထားတာဖြစ်ပါတယ်။

“လမ်းဘေးခွေးလေ ခွေးလွင့် ပပျောက်ရေး အတွက် ဒီ project လေးကို အခြားနိုင်ငံက စေတနာရှိတဲ့ အဖွဲ့အစည်းတွေက လာပြီး လုပ်ဆောင်နေပါတယ်။ ခွေးတွေကို အဆိတ်ကျွေးပြီး သတ်ချင်သူများကိုလဲ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ပါလို့ အားပေးပါတယ်။

ဘာလို့လဲဆိုတော့ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ပန်းတိုင်က လမ်းဘေးခွေးတွေ ပပျောက်ဖို့ပါ သတ်ဖြတ်ပြီး ဖယ်ရှားတာကို အားပေးရင် လမ်းဘေးခွေးတွေကို အဆိတ်ကျွေးပြီး သတ်တဲ့ အဖွဲကို အားပေးလို့ရပါတယ်” ဆိုပြီးတော့ ခွေးလေးတွေကို သက်တာမျိုးမလုပ်ဘဲ မျိုးတုံးအောင်လုပ်တာက ခွေးရူးပြန်ရောကို ပိုပြီးတော့ ထိရောက်အောင်ကာကွယ်နိုင်မယ်ထင်တယ်လို့လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပြီးတော့

“ကျွန်မက ခွေးတွေကို အဆိတ်ကျွေး သတ်တာကို အားမပေးတဲ့ အတွက် မသတ်ပဲ မျိုးတုန်းဖို့နည်းနဲ့ ဖြေရှင်းတဲ့ project ကို အားပေးလို့ ဒီpost လေး ရှယ်လိုက်တာပါ။ လမ်းဘေး ခွေးကြောက်သူများလဲ မိုက်ရိုင်းသော ကော်မင့်များနှင့် မိမိအဆင့်အတန်းကို ဖေါ်ပြမယ့်အစား မျိုးဆက်ပြုတ်ဖို့ အတူတူပူးပေါင်းပြီး တတ်နိုင်တဲ့ဘက်က ကူညီခြင်းဟာ ပိုပြီးထိရောက်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်”လို့လည်း ဆက်ပြီးတော့ဖော်ပြထားပါသေးတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ခွေးလေးတွေကို မျိုးတုန်းဖို့နည်းကို ပိုပြီးတော့အားပေးတယ်ဆိုတဲ့ သန္တာလှိုင် အတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။

Source : Thandar Hlaing

Crd