Version အသစ်နဲ့ ဖန်တီးထားတဲ့ “Hero” သီချင်းဗီဒီယိုကို ထုတ်ပြလိုက်တဲ့ နေရွှေသွေးအောင်

Cover song တွေကို အလန်းစားရိုက်ကူးပြီး ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရယူထားနိုင်တဲ့ အဆိုတော် နေရွှေသွေးအောင်ကတော့ သူကြိုက်နှစ်သက်ရတဲ့ အဆိုတော်ကြီး Enrique Iglesias ရဲ့သီချင်းတွေကို အမိုက်စားပြန်လည်သီဆိုလေ့ရှိသူတစ်ဦးပါ။ လတ်တလောမှာတော့ နေရွှေသွေးအောင်က အဆိုတော်ကြီး Enrique Iglesiasရဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့ ‘Hero’ သီချင်းကို Cover ပြန်လည်သီဆိုထားပြီး မင်းသမီးချောလေး ရွှေမှုံရတီနဲ့ အမိုက်စားရိုက်ကူးထားတဲ့ Remix Version အသစ်နဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ Version အသစ်နဲ့ ဖန်တီးထားတဲ့ “Hero” သီချင်းဗီဒီယိုကတော့ မူရင်းVersion ထက်တောင် ပိုမိုက်နေပါသေးတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကိုမိုက်တဲ့ Version အသစ်နဲ့ ဖန်တီးထားတဲ့ “Hero” သီချင်းဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေရွှေသွေးအောင်ကတော့ ‘Hero (Remix) by Nay Shwe Thway Aung , PAST12 & MRNA #Hero #Remix #နေရွှေသွေးအောင် #ဖိုးလပြည့်” ဆိုပြီး သူ့ရဲ့သီချင်းဗီဒီယိုလေးကို ဝေမျှပေးထားတာပါ။

Hero သီချင်းကို Remix လုပ်ထားတဲ့ နေရွှေသွေးအောင်ရဲ့ဗီဒီယို

ပရိသတ်တွေ အရမ်းကို စိတ်ဝင်စားနေကြတဲ့ နေရွှေသွေးအောင်ရဲ့သီချင်းဗီဒီယိုလေးကတော့ အရမ်းကို ကြည့်လို့ကောင်းပြီး ရသမျိုးစုံ ပေးစွမ်းနိုင်တာမို့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်နေရသလိုပါပဲနော်။ ဒီသီချင်းဗီဒီယိုလေးထဲမှာတော့ နေအောင်၊ နေရွှေသွေးအောင်နဲ့ ရွှေမှုံရတီတို့ကပဲ အဓိကသရုပ်ဆောင်သွားတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ထိမိနေအောင် ရိုက်ကူးထားတဲ့ နေရွှေသွေးအောင်ရဲ့သီချင်းဗီဒီယိုလေးကို သဘောကျတယ်ဆိုရင် မမေ့ပါနဲ့နော်။

Myint Myat
Source;Nay Shwe Thway Aung’s Facebook