



(၁) ရှားစောင်းလက်ပပ်



(၂) ဒိန်ချဉ်




(၄) ပဲမှုန့်


Crd

Unicode

မဲညစ်နေတဲ့ ချိုင်းကြား၊ ပေါင်ခြံ၊ တံတောင်ဆစ်တွေကို အမြန်ဆုံး ဖြူဝင်းသွားစေမယ့် နည်းလမ်းများ

မဲညစ်နေတဲ့ ချိုင်းကြား၊ ပေါင်ခြံ၊ တံတောင်ဆစ်တွေကို အမြန်ဆုံး ဖြူဝင်းသွားစေမယ့် နည်းလမ်းများ
ပျိုမေတို့ အနေနဲ့အတိုတွေ၊ လက်ပြတ်တွေ ဝတ်တဲ့အခါ ချိုင်းသားတွေ၊ ပေါင်ခြံတွေ မဲနေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျော့နည်းနေတတ် ပါတယ်။

ခုဖော်ပြပေးမှာကတော့ ငွေကုန်ကြေးကျ လည်း သက်သာတဲ့ အပြင် လွယ်ကူ ရိုးရှင်းပြီး အိမ်မှာတင် ကိုယ်တိုင် လုပ်လို့ ရတဲ့ နည်းလမ်း လေးတွေဖြစ်တာကြောင့် အားလုံးနဲ့ အဆင်ပြေမှာပါ။

(၁) ရှားစောင်းလက်ပပ်

လတ်ဆတ်တဲ့ ရှား စောင်းလက်ပတ် အနှစ်ကို ယူပြီး မည်းနေတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း နဲ့ ပေါင် ခြံ တွေအ ပြင် တခြား မဲနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တွေ အားလုံးကို လိမ်းပေးနိုင် ပါတယ်။

လိမ်း ပေး ပြီး တဲ့ အခါမှာ တော့ မိ နစ် ၂၀ လောက် ထား ပြီး ရေ နွေး လေး နဲ့ ပြန် လည် ဆေး ကြော ပေး လိုက်ရုံ ပါပဲ ။ ထူးခြားတဲ့ အာနိသင်ကို ချက်ချင်းတွေ့မြင်ရမှာပါ။

(၂) ဒိန်ချဉ်

ဒိန်ချဉ် အသန့်ကို ယူပြီး မည်းနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောပေးလိုက် ရုံပါပဲ။

(၃) စနွင်းမှုန့်နဲ့ လိမ္မော်ရည်

လိမ္မော်ရည်နဲ့ စနွင်းမှုန့် အနည်းငယ်ကို ရောမွှေလိုက်ပါ။ ရလာတဲ့ အနှစ်ကို မည်းနေတဲ့ အစိတ်အပိုင်းတွေမှာ လိမ်းပြီး မိနစ် ၂၀ ခန့်ထားပြီးမှ ရေနွေးဖြင့် ဆေးကြောပေးပါ။ နေ့စဉ် ပုံမှန် ပြုလုပ်ပေး သွားရင် သိသာထင်ရှားတဲ့ ရလဒ်ကို ရက်ပိုင်း အတွင်းမှာ တွေ့ရမှာ ဖြစ်ပါတယ်။

(၄) ပဲမှုန့်

ပဲမှုန့်ကို ရေအနည်းငယ် ရောပြီး ခပ်ပျစ်ပျစ် ဖျော်လိုက်ပါ။ ရလာတဲ့ အနှစ်ကို မည်းနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ လိမ်းပြီး နာရီဝက် အကြာမှာ ရေနွေးလေးနဲ့ ဆေးကြောပေး လိုက်ပါ။ နေ့စဉ်ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် သိသာထင်ရှားတဲ့ ရလဒ်ကို အမြန်ဆုံး ရရှိမှာ ဖြစ်ပါတယ်။

Crd