“ကေလးမ႐ိွေတာ့အိပ္ေရးဝဝအိပ္လို႔ရတယ္ဆိုတဲ့ ေရဗကၠာဝင္း

ခ်န္ပီယံဆိုတဲ့ ၂၀၀၀ျပည့္ႏွစ္ေတြတုန္းက Hip Hop ႀကိဳက္တဲ့လူငယ္ေတြၾကားမွာ Featuring

အဆုိေကာင္းတယ္ဆိုၿပီးအသိမွတ္ျပဳခံထား႐ံုမကပဲ အဲ့ဒီကာလကShowေခြေတြမွာ သူမပါရင္ပြဲမစည္ဘူးရယ္ လို႔ျဖစ္ခဲ့ရတဲ့

ေရဗကၠာဝင္းကေတာ့ သူမခံယူထားတဲ့ အိမ္ေထာင္တစ္ခုမွာ ကေလး႐ိွျခင္းမ႐ိွျခင္းရဲ႕ကြာျခားပံုေတြကို 8 Days

နဲ႔အင္တာဗ်ဴးတစ္ခုမွာေျပာျပသြားခဲ့ပါတယ္။ အဲ့ဒီလိုေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးသိေအာင္

ျပန္ေျပာျပလိုက္ပါတယ္ေနာ္။

အိမ္ေထာင္ေရးမွာဘယ္ဟာအေရးႀကီးဆံုးလဲဆိုတဲ့ေမးခြန္းကို

“ခ်စ္ျခင္းေမတၱာအျပန္အလွန္နားလည္မႈနဲ႔ယံုၾကည္မႈေတြလိုအပ္တယ္လို႔ခံစားရပါတယ္။”လို႔ေျပာၿပီး အိမ္ေထာင္တစ္ခုမွာ

ကေလး႐ွိမွျပည့္စံုတယ္ထင္မိလားဆိုတဲ့ေမးခြန္းကိုလည္း “သားသမီး႐ိွတာေကာင္းပါတယ္။

မ႐ိွတာလည္းေကာင္းပါတယ္။အားလံုးမွာအဆိုးအေကာင္းဒြန္တြဲၿပီးေနတာျဖစ္တဲ့အတြက္ကိုယ့္ဘဝကိုယ္ေရာင့္ရဲၿပီး

ေက်နပ္ေနတာေကာင္းမယ္လို႔ပဲထင္ပါတယ္ ။လို႔ေျပာၾကားသြားခဲ့ပါတယ္။ကေလးမရိွတာေကာင္းတယ္ဆိုတဲ့အေပၚမွာ

“ႀကိဳက္တဲ့အခ်ိန္ခရီးသြားလို႔ရတယ္ ၊ အိပ္ေရးဝဝအိပ္လို႔ရတယ္။

ကေလးအေမသူငယ္ခ်င္းအားလံုးညည္းေနၿပီေပါ့ေနာ္ ။ အဲ့တာဆိုေတာ့ ဒါကေတာ့ သူတို႔သားသမီးေတြအတြက္ရင္းႏွီးျမွပ္ႏွံတာေပါ့ေနာ္

ေကာင္းပါတယ္ ။ အစ္မတို႔တကယ္လို႔ ကေလး ႐ိွခဲ့လည္း ဒီလိုပဲလုပ္ရမွာပဲေပါ့ေနာ္။ဒါေပမယ့္အဲ့ဒီအခ်ိန္မွာေတာ့ကိုယ္ေတြက

အိပ္ေရးဝဝအိပ္ႏိုင္တဲ့ခါက်ေတာ့ သူငယ္ခ်င္းေတြကေျပာၾကတယ္ အိပ္ေရးဝဝအိပ္ႏိုင္တယ္ေနာ္ သူတို႔ဆိုညဘက္အိပ္ေရးမဝဘူး

ဘယ္လိုဘယ္ညာေပါ့ေလအဲ့ဒီလိုမ်ိဳးေပါ့။ၿပီးသြားရင္ကေလးမ႐ိွတဲ့အခါက်ေတာ့ကေလးအတြက္ကုန္က်စရိတ္ဆိုတာမ႐ိွေတာ့ကိုယ့္အတြ

က္ပိုၿပီးေတာ့ ပိုက္ဆံပိုသံုးႏိုင္တယ္လို႔လည္းထင္ပါတယ္။

ၿပီးသြားရင္ကေလးမရိွေတာ့ပိုၿပီးေတာ့ လြတ္လပ္တယ္။ၿပီးရင္စိတ္ေနသေဘာထားကအစေလ ဟို

ကေလးအေမျဖစ္သြားတဲ့သူငယ္ခ်င္းေတြက်သူတို႔ကဘယ္ေလာက္ပဲငယ္ခ်င္ေန သူတို႔ေ႐ွ႕မွာ

ကေလးကတျဖည္းျဖည္းႀကီးလာသူတို႔ကျမင္ေနၾကတာေပါ့ ။

အစ္မတို႔က်ေတာ့ကေလးလည္းမ႐ိွဘူးကိုယ့္မ်က္စိေရွ႕မွာ ႀကီးလာတဲ့ဟာမေတြ႔ရဘူး ။အၿမဲတမ္း ဘယ္လိုေျပာရမလဲဆိုေတာ့

တက္ႂကြလန္းဆန္းၿပီးေတာ့ ကေလးပဲျပန္လုပ္ေနၾကတာဆိုေတာ့ အဲ့ဒီလိုအခ်က္ေတြကြာသြားမယ္လို႔ထင္ပါတယ္။ မိန္းခေလးေတြက

အမ်ိဳးသမီးေတြကမ်ားေသာအားျဖင့္ေတာ့အရင္ကတည္းက မိခင္စိတ္႐ိွၾကတယ္လို႔ထင္တယ္ ။အဲဒီေတာ့ တရိစာၦန္ေလးေတြကိ္ုခ်စ္တယ္

။ကေလးေလးေတြကိ္ုလည္းခ်စ္တယ္ ။ ၿပီးက်ရင္ အားနည္းတဲ့သူေတြကိုကူညီခ်င္တဲ့ဆႏၵမ်ိဳးေတြရိွၾကတယ္။ အဲ့ဒီလိုဂရုစိုက္တတ္တယ္

သနားတတ္တယ္။အဲ့တာေတြက မိခင္စိတ္ေတြလို႔ပဲထင္ပါတယ္”လို႔ေျပာျပထားပါတယ္။ ကုိယ္တိုင္က ကေလးမယူေသးတာလား

မရေသးတာလားဆိုတဲ့ေမးခြန္းကိုေတာ့ “ေၾသာ္ အဲ့ဒီလိုမဟုတ္ပါဘူးမယူေသးတာလဲမဟုတ္သလိုမရေသးတာလဲမဟုတ္ပါဘူး

ဘုရားျပင္ဆင္ေပးတဲ့အတိုင္းေနရမွာပါ (ရယ္လ်က္)ေျပာျပသြားခဲ့ပါတယ္။

crd..nanmalgyi

Unicode

ချန်ပီယံဆိုတဲ့ ၂၀၀၀ပြည့်နှစ်တွေတုန်းက Hip Hop ကြိုက်တဲ့လူငယ်တွေကြားမှာ Featuring

အဆိုကောင်းတယ်ဆိုပြီးအသိမှတ်ပြုခံထားရုံမကပဲ အဲ့ဒီကာလကShowခွေတွေမှာ သူမပါရင်ပွဲမစည်ဘူးရယ် လို့ဖြစ်ခဲ့ရတဲ့

ရေဗက္ကာဝင်းကတော့ သူမခံယူထားတဲ့ အိမ်ထောင်တစ်ခုမှာ ကလေးရှိခြင်းမရှိခြင်းရဲ့ကွာခြားပုံတွေကို 8 Days

နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားခဲ့ပါတယ်။ အဲ့ဒီလိုပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်

ပြန်ပြောပြလိုက်ပါတယ်နော်။

အိမ်ထောင်ရေးမှာဘယ်ဟာအရေးကြီးဆုံးလဲဆိုတဲ့မေးခွန်းကို

“ချစ်ခြင်းမေတ္တာအပြန်အလှန်နားလည်မှုနဲ့ယုံကြည်မှုတွေလိုအပ်တယ်လို့ခံစားရပါတယ်။”လို့ပြောပြီး အိမ်ထောင်တစ်ခုမှာ

ကလေးရှိမှပြည့်စုံတယ်ထင်မိလားဆိုတဲ့မေးခွန်းကိုလည်း “သားသမီးရှိတာကောင်းပါတယ်။

မရှိတာလည်းကောင်းပါတယ်။အားလုံးမှာအဆိုးအကောင်းဒွန်တွဲပြီးနေတာဖြစ်တဲ့အတွက်ကိုယ့်ဘဝကိုယ်ရောင့်ရဲပြီး

ကျေနပ်နေတာကောင်းမယ်လို့ပဲထင်ပါတယ် ။လို့ပြောကြားသွားခဲ့ပါတယ်။ကလေးမရှိတာကောင်းတယ်ဆိုတဲ့အပေါ်မှာ

“ကြိုက်တဲ့အချိန်ခရီးသွားလို့ရတယ် ၊ အိပ်ရေးဝဝအိပ်လို့ရတယ်။

ကလေးအမေသူငယ်ချင်းအားလုံးညည်းနေပြီပေါ့နော် ။ အဲ့တာဆိုတော့ ဒါကတော့

သူတို့သားသမီးတွေအတွက်ရင်းနှီးမြှပ်နှံတာပေါ့နော် ကောင်းပါတယ် ။ အစ်မတို့တကယ်လို့ ကလေး ရှိခဲ့လည်း

ဒီလိုပဲလုပ်ရမှာပဲပေါ့နော်။ဒါပေမယ့်အဲ့ဒီအချိန်မှာတော့ကိုယ်တွေက အိပ်ရေးဝဝအိပ်နိုင်တဲ့ခါကျတော့

သူငယ်ချင်းတွေကပြောကြတယ် အိပ်ရေးဝဝအိပ်နိုင်တယ်နော် သူတို့ဆိုညဘက်အိပ်ရေးမဝဘူး

ဘယ်လိုဘယ်ညာပေါ့လေအဲ့ဒီလိုမျိုးပေါ့။ပြီးသွားရင်ကလေးမရှိတဲ့အခါကျတော့ကလေးအတွက်ကုန်ကျစရိတ်ဆိုတာမရှိတော့ကိုယ့်

အတွက်ပိုပြီးတော့ ပိုက်ဆံပိုသုံးနိုင်တယ်လို့လည်းထင်ပါတယ်။

ပြီးသွားရင်ကလေးမရှိတော့ပိုပြီးတော့ လွတ်လပ်တယ်။ပြီးရင်စိတ်နေသဘောထားကအစလေ ဟို

ကလေးကတဖြည်းဖြည်းကြီးလာသူတို့ကမြင်နေကြတာပေါ့ ။

အစ်မတို့ကျတော့ကလေးလည်းမရှိဘူးကိုယ့်မျက်စိရှေ့မှာ ကြီးလာတဲ့ဟာမတွေ့ရဘူး ။အမြဲတမ်း ဘယ်လိုပြောရမလဲဆိုတော့

တက်ကြွလန်းဆန်းပြီးတော့ ကလေးပဲပြန်လုပ်နေကြတာဆိုတော့ အဲ့ဒီလိုအချက်တွေကွာသွားမယ်လို့ထင်ပါတယ်။ မိန်းခလေးတွေက

အမျိုးသမီးတွေကများသောအားဖြင့်တော့အရင်ကတည်းက မိခင်စိတ်ရှိကြတယ်လို့ထင်တယ် ။အဲဒီတော့

တရိစ္ဆာန်လေးတွေကိုချစ်တယ် ။ကလေးလေးတွေကိုလည်းချစ်တယ် ။ ပြီးကျရင်

အားနည်းတဲ့သူတွေကိုကူညီချင်တဲ့ဆန္ဒမျိုးတွေရှိကြတယ်။ အဲ့ဒီလိုဂရုစိုက်တတ်တယ် သနားတတ်တယ်။အဲ့တာတွေက

မိခင်စိတ်တွေလို့ပဲထင်ပါတယ်”လို့ပြောပြထားပါတယ်။ ကိုယ်တိုင်က ကလေးမယူသေးတာလား

မရသေးတာလားဆိုတဲ့မေးခွန်းကိုတော့ “သြော် အဲ့ဒီလိုမဟုတ်ပါဘူးမယူသေးတာလဲမဟုတ်သလိုမရသေးတာလဲမဟုတ်ပါဘူး

ဘုရားပြင်ဆင်ပေးတဲ့အတိုင်းနေရမှာပါ (ရယ်လျက်)ပြောပြသွားခဲ့ပါတယ်။

crd..nanmalgyi