ဖေဖေ၊မေမေတို့နဲ့အတူ ကစားကွင်းမှာကစားနေရလို့ပျော်ရွှင်နေတဲ့ ဂျူနီယာမြင့်မြတ်လေး

ရုပ်ရှင်သရုပ်ဆောင် မင်းသားချောလေး မြင့်မြတ်ကတော့ မာန်မာနကင်းပြီး ခင်မင်ဖော်ရွေတာကြောင့် လူကြီးလူငယ်မရွေး ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။

အကယ်ဒမီသရုပ်ဆောင် မင်းသားတစ်ဦးဖြစ်တဲ့ မြင့်မြတ်ကတော့ ကျရာဇာတ်ရုပ်တိုင်း အပီအပြင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ ယခုမှာ ချစ်စရာကောင်းတဲ့သားလေးကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားပါတယ်။

သားလေးဖြစ်သူ မြတ်သူဟာလည်း သိပ်ကိုချစ်စရာကောင်းလွန်းပြီး တစ်အိမ်လုံးရဲ့ အသည်းကျော်လေး ဖြစ်နေရတာပါ။ သားလေးဟာ တစ်အိမ်လုံးရဲ့အချစ်တော်လေးဖြစ်နေတာပါ။ မြတ်သူလေးဟာ မကြာခင်မှာ အသက်တစ်နှစ်ပြည့်တော့မှာပဲဖြစ်ပြီး လမ်းလျှောက်ကျင့်နေပြီပဲဖြစ်ပါတယ်။ မြင့်မြတ်ကတော့ သားလေးကို အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်နေတာလည်း ဖြစ်ပါတယ်။

အခုတစ်ခေါက်မှာလည်း ဖေဖေ၊မေမေနဲ့အတူ ကစားကွင်းမှာ ကစားနေတဲ့မိသားစုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။

ားလေးကတော့ ဖေဖေ၊ မေမေတို့နဲ့ အပြင်ထွက်လည်ရတဲ့ အတွက် အရမ်းကို ပျော်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မြင့်မြတ်တို့ရဲ့ မိသားစုပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Photo – Myat Wai Tun

“Myanmarload’