မနက်စောစောမှာ သံဃာတော်အပါး(၂၄၀)ကျော်အတွက် ဆွမ်းနဲ့အချိုပွဲတွေဖွယ်ဖွယ်ရာရာလှူဒါန်းခဲ့တဲ့ လူမင်းတို့မိသားစု

လူမင်းကတော့ ရုပ်ရှင်သရုပ်ဆောင်အဖြစ်ရော ဒါရိုက်တာတစ်ဦးအဖြစ်ပါ အနုပညာလောကမှာ မသိသူမရှိလောက်အောင် နာမည်ရအောင်မြင်နေသူ ဖြစ်ပါတယ်။ ပရိသတ်တွေကို မတူညီတဲ့ဇာတ်ရုပ်မျိုးစုံနဲ့ ရသတွေပေးစွမ်းနိုင်တဲ့ လူမင်းက တကယ့်ကိုထူးချွန်ပြီး အရည်အချင်းရှိတဲ့ အနုပညာရှင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် လူမင်းက စိတ်သဘောထားကောင်းပြီး အလှူအတန်းနဲ့ပတ်သက်ရင်လည်း အမှန်တကယ်ရက်ရောတတ်သူလို့ ဆိုနိုင်ပါတယ်။

အခုလည်း လူမင်းက သူချစ်ရတဲ့ဇနီး၊ သား၊သမီးတွေနဲ့အတူ မိသားစုစုံစုံလင်လင်နဲ့ မနက်အစောကြီးထပြီး အလှူပြုနေတာ တွေ့ရပါတယ်။ ဘုရားတရားကိုင်းရှိုင်းတဲ့ လူမင်းကတော့ သား၊သမီးတွေကိုပါ ယဉ်ကျေးလိမ္မာပြီး အလှူပြုတတ်အောင် သင်ကြားပေးထားတာ ဖြစ်ပါတယ်။ လူမင်းတို့မိသားစုလေးက ကျောင်း (၁၈) ကျောင်းက သံဃာတော်စုစုပေါင်း အပါး (၂၄၀) ကျော်အတွက် ဆွမ်းလောင်းလှူပြီး အလှူပြုခဲ့တာ ဖြစ်ပါတယ်။

လူမင်းတို့မိသားစုက သံဃာတော်အရှင်သူမြတ်တွေအတွက် ဆွမ်းနဲ့ခဲဖွယ်တွေအပြင် အခြားအချိုပွဲတွေကိုလည်း စုံစုံလင်လင် ပြင်ဆင်ပြီး ဆပ်ကပ်လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။

လူမင်းက ” မိခင်ကြီးဒေါ်သန်းသန်း”ခင်စပယ်ဦး”မိသားစုအပတ်စဉ်သောကြာနေ့အာရုံဆွမ်းအလှူ ထပ်တူကုသိုလ်ရကြပါစေ အမျှ အမျှ အမျှ (နယူးဖိုးဝရုပ်ရှင်) ကိုဖိုးဝ+မမူမိသားစုမှသာကူပြင်အချိုပွဲပါဝင်လှူဒါန်း ” ဆိုပြီး ပုံလေးတွေကို တင်ပေးထားပါတယ်။

ကဲ ချစ်ပရိသတ်တွေအတွက် လူမင်းတို့မိသားစုရဲ့အလှူပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Ayarwady Lu Min;

“Myanmarload’