ရင်နဲ့လွယ်ပြီးမွေးထားတဲ့ သားသမီးတွေရဲ့ မွေးနေ့လေးကို ပျော်ပျော်ပါးပါးကျင်းပပေးခဲ့တဲ့ မေမေခိုင်နှင်းဝေ

ပရိသတ်ကြီးရေ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ စိတ်စေတနာဖြူစင်တဲ့ မင်းသမီးလေးဖြစ်ပါတယ်။

ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ဆောင်တတ်တဲ့ ခိုင်နှင်းဝေရဲ့စိတ်ထားလေးကို ပရိသတ်တွေက ချီးကျူးပြီးလေးစားနေကြတာဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ အကူအညီလိုအပ်နေတဲ့သူမှန်သမျှကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး လှူဒါန်းနေကာ အားပေးစကားတွေနဲ့ဖေးမကူညီနေတာဖြစ်ပါတယ်။ခိုင်နှင်းဝေက နွေးထွေးတဲ့ရင်ခွင်တစ်စုံလိုအပ်နေတဲ့ ကလေးလေးတွေကိုလည်း ရင်နဲ့လွယ်မွေးကာ ကလေးလေးတွေရဲ့ကိစ္စအ၀၀မှန်သမျှကို မိဘမေတ္တာနဲ့သေချာပြုစုစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်နော်။

အခုဆိုရင်တော့ ခိုင်နှင်းဝေက သူမရဲ့ချစ်စရာသားနဲ့သမီးတွေရဲ့ မွေးနေ့လေးကို ကိတ်မုန့်လေးခွဲပေးပြီး မွေးနေ့သီချင်းလေးဆိုကာ ကျင်းပပေးခဲ့ပါတယ်နော်။

လူမမယ်ကလေးလေးတွေရဲ့ အနာဂတ်ဟာ မေမေခိုင်နှင်းဝေရဲ့လက်ထဲမှာ တောက်ပနေကာ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းတဲ့ ခိုင်နှင်းဝေနဲ့ကလေးတွေရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Khine Hnin Wai

“Myanmarload’