ချစ်စရာကောင်းတဲ့ တူမလေးကို တစိမ့်စိမ့်ကြည့်ပြီး အချစ်တွေပိုနေတဲ့ တီတီခြူးလေး

ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ခြူးလေးက ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်ရတဲ့ ပရိသတ်တွေရဲ့အသည်းကျော်လေး ဖြစ်ပါတယ်။

ခြူးလေးက သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းသူလေးမို့ မျက်နှာလေးမြင်လိုက်တာနဲ့ အားလုံးကဝိုင်းချစ်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ခြူးလေးက ချစ်နွေဆိုတဲ့ဇာတ်ရုပ်လေးနဲ့ ကြည့်ရှုသူပရိသတ်တွေကြား ရေပန်းစားလို့နေတာ ဖြစ်ပါတယ်။

ကလေးလေးတွေကို ချစ်တတ်တဲ့ ခြူးလေးက အခုလည်း သူမဘဝထဲကို ဝင်ရောက်လာတဲ့ တူမလေးကြောင့် ပျော်ရွှင်နေတာ တွေ့ရပါတယ်။ ဒီကလေးလေးက တစ်ဦးတည်းသော မောင်လေးရဲ့ ဒုတိယသမီးလေးဖြစ်သလို သူမအတွက်လည်း ဒုတိယမြောက် တူမလေးပဲ ဖြစ်ပါတယ်။ တူမလေးကလည်း တကယ့်ကိုချစ်စရာလေးမို့ တီတီခြူးလေးက တစိမ့်စိမ့်ကြည့်ပြီး အချစ်တွေပိုနေရတာ ဖြစ်ပါတယ်။

ခြူးလေးက ”တစ်ဦးတည်းသော မောင်လေးက မွေးတဲ့ သမီးလေး တီတီလေး ရဲ့ သမီးလေး….တီတီ့ ဘဝထဲရောက်လာတာ ဒုတိယမြောက်နေ့ ရှိသွားပါပြီ စကားမစပ် …. ချစ်နွေ လေး ဒီနေ့ သရုပ်ဆောင်တာ ဘယ်လိုနေလဲဟင် ???” ဆိုပြီး တူမလေးနဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ခြူးလေးတို့တူအရီးနှစ်ယောက်ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Chue Chue;

“Myanmarload’