ေယာက်္ားေလးလုံးဝ မေမြးလုိ႔၊ ကေလးမိခင္ေတြ စိတ္ညစ္ေနရေသာ ရြာကေလး

လမ္းမႀကီးတစ္ခုသာ အလယ္ကပိုင္းထားတဲ့ ရြာသိမ္ရြာငယ္ေလးမွာ ေယာက္်ားေလး လုံးဝ ေမြးဖြားျခင္းမရွိတဲ့အတြက္ မိခင္ေလာင္းေတြ၊ မိခင္ေတြ အေတာ္ေလး စိတ္ညစ္ေနရတယ္လုိ႔ ေျပာပါတယ္။ တိတိက်က် ဆုိရရင္ အဲဒီရြာကေလးမွာ ေယာက္်ားေလးမေမြးတာ ဆယ္စုႏွစ္တစ္ခုနီးပါး ၾကာေနပါၿပီ။

ရြာကေလးနာမည္ကေတာ့ Miejsce Odrzanskie ျဖစ္ၿပီး ရြာသူရြာသား (၃၀၀)ေလာက္ ေနထိုိင္ၾကပါတယ္။ ေဒသခံမိခင္ေတြကေတာ့ လြန္ခဲ့တဲ့ (၂၀၁၀)ကတည္းက အခုအခ်ိန္ထိ ဘာလုိ႔ ေယာက္်ားေလး တစ္ေယာက္မွ မေမြးတာလဲဆိုတာ အခုထက္ထိ အေျဖမရွာႏုိင္ေသးပါဘူး။

တုိက္ဆုိင္မႈလုိ႔ ဆုိရေအာင္ကလည္း တစ္ႏွစ္ႏွစ္ႏွစ္ေလာက္ ဆုိရင္ အေၾကာင္းမဟုတ္ေပမယ့္ အခုဟာက ဆယ္ႏွစ္တင္းတင္း ျပည့္ေတာ့မွာမုိ႔ အေတာ္ေလးကုိ စိတ္ဝင္စားစရာ ကိစၥျဖစ္ေနပါတယ္။ ေနာက္ဆုံးေမြးခဲ့တဲ့ ေကာင္ေလးကေတာ့ (၂၀၁၀)ခုႏွစ္မွာ ျဖစ္ပါတယ္။

ေကာင္တီၿမိဳ႕ေတာ္ဝန္ Rajmun Frischko က တကယ္လုိ႔ ဒီရြာေလးမွာ အခုအခ်ိန္အေတာအတြင္း ေယာက္်ားေလးေမြးတဲ့ မိဘမ်ိဳးရွိရင္ သူက ေကာင္းေကာင္း ဆုလာဘ္ေတြ ေပးမယ္လုိ႔ေတာင္ ကမ္းလွမ္းထားပါတယ္။ ဘယ္ေလာက္အထိ ခ်ီးျမင္းဦးမလဲဆုိရင္-

ေမြးလာတဲ့ကေလးကို လမ္းနာမည္ေပးဖုိ႔နဲ႔၊ ဒါမွမဟုတ္ ဝက္သစ္ခ်သစ္ပင္ႀကီးတစ္ပင္ကို သူ႕နာမည္ေပးဖုိ႔အထိ ၿမိဳ႕ေတာ္ဝန္ Rajmun က လွ်ာထားေနပါတယ္။ ဆယ္စုႏွစ္ေလာက္အတြင္းမွာ ေမြားခဲ့တဲ့ မိန္းကေလးအေရအတြက္ဟာ (၁၂)ေယာက္ျဖစ္ၿပီး၊ က်ား တစ္ေယာက္မွ မေမြးခဲ့တာ အေတာ္ခံျပင္းစရာပါ။

Miejsce Odrzanskie ရြာေလးမွာ အိမ္ေျခ (၉၂)အိမ္သာ ရွိၿပီး၊ ယခုေလာေလာဆယ္မွာေတာ့ ေကာင္ေလးေတြ ရွားပါးေနလုိ႔ အရံမီးသတ္တပ္ဖြဲ႕ကို ေကာင္မေလးေတြနဲ႔ ဖြဲ႕စည္းထားရသည္အထိ ျဖစ္ေနပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ ကယ္လ္စီယမ္ပုိစားျခင္းက ေယာက္်ားေလး ရႏုိင္တယ္လုိ႔ ဆုိပါတယ္။

လင္းေဇာ္ကို (D Nae Thit & D Nae Khit)

source : Mirror

ယူနီကုဒ်ဖြင့်ဖတ်ရန်-

လမ်းမကြီးတစ်ခုသာ အလယ်ကပိုင်းထားတဲ့ ရွာသိမ်ရွာငယ်လေးမှာ ယောက်ျားလေး လုံးဝ မွေးဖွားခြင်းမရှိတဲ့အတွက် မိခင်လောင်းတွေ၊ မိခင်တွေ အတော်လေး စိတ်ညစ်နေရတယ်လို့ ပြောပါတယ်။ တိတိကျကျ ဆိုရရင် အဲဒီရွာကလေးမှာ ယောက်ျားလေးမမွေးတာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာနေပါပြီ။

ရွာကလေးနာမည်ကတော့ Miejsce Odrzanskie ဖြစ်ပြီး ရွာသူရွာသား (၃၀၀)လောက် နေထိိုင်ကြပါတယ်။ ဒေသခံမိခင်တွေကတော့ လွန်ခဲ့တဲ့ (၂၀၁၀)ကတည်းက အခုအချိန်ထိ ဘာလို့ ယောက်ျားလေး တစ်ယောက်မှ မမွေးတာလဲဆိုတာ အခုထက်ထိ အဖြေမရှာနိုင်သေးပါဘူး။

တိုက်ဆိုင်မှုလို့ ဆိုရအောင်ကလည်း တစ်နှစ်နှစ်နှစ်လောက် ဆိုရင် အကြောင်းမဟုတ်ပေမယ့် အခုဟာက ဆယ်နှစ်တင်းတင်း ပြည့်တော့မှာမို့ အတော်လေးကို စိတ်ဝင်စားစရာ ကိစ္စဖြစ်နေပါတယ်။ နောက်ဆုံးမွေးခဲ့တဲ့ ကောင်လေးကတော့ (၂၀၁၀)ခုနှစ်မှာ ဖြစ်ပါတယ်။

ကောင်တီမြို့တော်ဝန် Rajmun Frischko က တကယ်လို့ ဒီရွာလေးမှာ အခုအချိန်အတောအတွင်း ယောက်ျားလေးမွေးတဲ့ မိဘမျိုးရှိရင် သူက ကောင်းကောင်း ဆုလာဘ်တွေ ပေးမယ်လို့တောင် ကမ်းလှမ်းထားပါတယ်။ ဘယ်လောက်အထိ ချီးမြင်းဦးမလဲဆိုရင်-

မွေးလာတဲ့ကလေးကို လမ်းနာမည်ပေးဖို့နဲ့၊ ဒါမှမဟုတ် ဝက်သစ်ချသစ်ပင်ကြီးတစ်ပင်ကို သူ့နာမည်ပေးဖို့အထိ မြို့တော်ဝန် Rajmun က လျှာထားနေပါတယ်။ ဆယ်စုနှစ်လောက်အတွင်းမှာ မွေားခဲ့တဲ့ မိန်းကလေးအရေအတွက်ဟာ (၁၂)ယောက်ဖြစ်ပြီး၊ ကျား တစ်ယောက်မှ မမွေးခဲ့တာ အတော်ခံပြင်းစရာပါ။

Miejsce Odrzanskie ရွာလေးမှာ အိမ်ခြေ (၉၂)အိမ်သာ ရှိပြီး၊ ယခုလောလောဆယ်မှာတော့ ကောင်လေးတွေ ရှားပါးနေလို့ အရံမီးသတ်တပ်ဖွဲ့ကို ကောင်မလေးတွေနဲ့ ဖွဲ့စည်းထားရသည်အထိ ဖြစ်နေပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ကယ်လ်စီယမ်ပိုစားခြင်းက ယောက်ျားလေး ရနိုင်တယ်လို့ ဆိုပါတယ်။

လင်းဇော်ကို (D Nae Thit & D Nae Khit)

source : Mirror