အခက်ခဲဆုံးရိုက်ကူးခဲ့ရတဲ့ ကမ္ဘာမှာတပုံထဲသာ ရှိနိုင်တဲ့ ဓာတ်ပုံများ

ဓာတ်ပုံရိုက်တဲ့ပညာဟာ ကတော့တကယ့်ကို ပညာသားပါတဲ့ အနုပညာတခုလို့ပဲ ပြောရမှာပါ။ ကောင်းမွန်ပြီး ပြီးပြည့်စုံတဲ့ ပုံကောင်းတပုံထွက်ဖို့အတွက် အများကြီးလေ့လာရပြီး လွယ်လွယ်ကူကူနဲ့တော့ မရနိုင်ပါဘူး။

ဓာတ်ပုံကို ကြည့်လိုက့်ရတဲ့ သူတွေအတွက်သာ လွယ်ပေမယ့်လည်း တကယ်တမ်းဓာတ်ပုံ တပုံဖြစ်လာဖို့ဖန်တီးဖို့ကတော့ ပညာတွေလေ့လာမှုတွေ ပတ်ဝန်းကျင်တွေ အများကြီးလိုပြီး အခက်ခဲတွေအများကြီး ရှိပါတယ်။ ဒါကြောင့် အခုတခါပြောချင်လွန်းလို့ပေ့ခ်ျက ဖော်ပြပေးချင်တာကတော့ အခက်ခဲဆုံးရိုက်ကူးခဲ့ရတဲ့ ပညာသားပါလွန်းတဲ့ ဓါတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.ဒီပုံလေးကတော့ ချစ်သူစုံတွဲတွေအတွက် တကယ့်ကို အားကျတဲ့စရာကောင်းပြီး ရိုက်ချင်စရာကောင်းလွန်းတဲ့ ဓာတ်ပုံတပုံ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဓာတ်ပုံလေးရဖို့ ဘယ်လောက်ခက်ခဲလည်းဆိုတာကို တွေးမိကြမှာပါ။

၂.ခရုနှစ်ကောင်ပုံကို ကြည့်လိုက်ပါက ဖန်တီးပြီးလုပ်ထားတဲ့ ပုံလို့ထင်ကောင်းထင်မိမှာပါ။ ဒါပေမယ့်လည်း တကယ့်ကို ခက်ခက်ခဲခဲနဲ့ အမိအရရိုက်ကူးထားတဲ့ ပုံတပုံဖြစ်ပါတယ်။ ခရုတွေကလည်း တကယ့်ကိုလူတွေအတိုင်းပါပဲ။

၃.ဒီငှက်တကောင် ငါးတွေအများကြီးကို ပါးစပ်မှာကိုက်ထားတဲ့ ပုံလေးကိုတော့ ကြည့်လိုက်ရတဲ့သူတွေအနေနဲ့ လွယ်လွယ်လေးကြည့်လိုက်လို့ ရပါတယ်။ ဒါပေမယ့်လည်း ဒီပုံလေးရဖို့ကို ပုံပေါင်းရာချီပြီး ရိုက်ခဲ့ရတာ ဖြစ်ပါတယ်။

၎.ဒီပုံကလည်း တကယ့်ကိုချီးကျူးစရာကောင်းတဲ့ ရိုက်ချက်ပါပဲ။ သတို့သမီးဝတ်စုံဝတ်ထားနဲ့ အမျိုးသမီးကို ရေတက်လာတဲ့လိုင်းနဲ့ဝတ်စုံနဲ့ ကွက်တိမဖြစ်မချင်း အထပ်ထပ်အခါခါရိုက်ခဲ့ရတာ ဖြစ်ပါတယ်။

၅.ဒီလိုမျိုး အရောင်တွေစုံလင်လှပနေတဲ့ ငှက်တကောင် အတောင်ဖြန့်လိုက်ပြီး ကင်မရာကိုကြည့်နေတဲ့ ဓာတ်ပုံရဖို့ကတော့ တော်တော့်ကို မလွယ်လှပါဘူး။ ငှက်တွေက ပို့စ်မှမပေးတတ်ကြတာပဲ။

၆.ဒီပုံလေးကလည်း တကယ့်ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတခုပါပဲ။ ခရုလေးနဲ့ ပိုးဖလံကောင်လေးတကောင်ပါတဲ့ အနုပညာဆန်လွန်းတဲ့ ပုံကတော့ ကမ္ဘာမှာတပုံလောက်ပဲ ရှိမယ်ထင်ပါတယ်။

၇.ဂျက်လေယာဉ်နဲ့ ဘရာဇီးလ်နိုင်ငံက အထင်ကရရုပ်ထုကြီးနဲ့ ပုံစံတူသလိုမျိုး ကွက်တိရိုက်လိုက်နိုင်တဲ့ ပုံလေးကတော့ တကယ့်ကို လေးစားစရာပါပဲ။ ဒီဓာတ်ပုံလေးကတော့ ဆုတွေလည်းအများကြီး ရရှိခဲ့ပါသေးတယ်။