Ex ရဲ႕ခ်စ္သူအသစ္ အမ်ိဳးသမီးကို ကားနဲ႔မိမိရရဝင္တိုက္ၿပီး Selfie ဆြဲခဲ့တဲ့ အမ်ိဳးသမီး

အမ်ိဳးသမီး တစ္ေယာက္ဟာ သူမရဲ႕အဆက္ေဟာင္းနဲ႔ အတူတြဲလာတဲ့ အမ်ိဳးသမီးကို ကားနဲ႔ မိမိရရဝင္တိုက္ၿပီး၊ ဆယ္လ္ဖီေတြ ႐ိုက္ကူးခဲ့တယ္လို႔ သိရပါတယ္။ CCTV ကို ျပန္လည္စစ္ေဆးတဲ့အခါမွာေတာ့ အဆိုပါအမ်ိဳးသမီးဟာ ကားနဲ႔ တမင္ဝင္တိုက္ခဲ့တာကို ေပၚလြင္ခဲ့ပါတယ္။

တကယ္ေတာ့ သူမဟာ Ex ကိုပါ ကားနဲ႔ ဝင္ေအာင္းခဲ့တာျဖစ္ေပမယ့္ Ex က အလ်င္အျမန္ ေရွာင္တိမ္းႏိုင္ခဲ့ပါတယ္။ ကားနဲ႔ အတိုက္ခံရသူ အမ်ိဳးသမီးအမည္မွာ Christina Benson ျဖစ္ၿပီး၊ ျပစ္မႈက်ဴးလြန္သူအမည္မွာ Courtnay Danielle Lawrence (၂၂)ႏွစ္ ျဖစ္ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့အပတ္က ေျမာက္ကယ္႐ိုလိုင္းနား၊ Wilmington မွာ ျဖစ္ခဲ့တာပါ။ Benson ဟာ ကားနဲ႔တိုက္ခံလိုက္ရတဲ့ အရွိန္ေၾကာင့္ အေပၚကို ေျမာက္တက္သြားခဲ့ေပမယ့္၊ အလြန္စိုးရိမ္ရတဲ့ အေျခအေနေတာ့ မဟုတ္ပါဘူး။ သူမဟာ ပြန္းပဲ့ဒဏ္ရာေတြေတာ့ ရရွိခဲ့ပါတယ္။

Lawrence ကေတာ့ လုပ္ရပ္တစ္ခုကို ေအာင္ျမင္စြာ လုပ္ႏိုင္ခဲ့လို႔၊ အနည္းငယ္ပ်က္စီးေနတဲ့ သူမရဲ႕ကားေရွ႕မွာ ဆယ္ဖ္ဖီဓာတ္ပုံေတြ ႐ိုက္ကူးခဲ့ၿပီး၊ ေအာင္ပြဲခံခဲ့ပါတယ္။ ဒါေပမယ့္ တိုင္ခ်က္ဖြင့္ခံခဲ့ရတာေၾကာင့္ သူမကို ရဲက ဖမ္းဆီးဖို႔ ႀကိဳစားေနပါတယ္။ သတင္းေပးသူကိုလည္း ေပါင္(၅၀၀၀) ေပးမွာပါတဲ့။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

Ex ရဲ့ချစ်သူအသစ် အမျိုးသမီးကို ကားနဲ့မိမိရရဝင်တိုက်ပြီး Selfie ဆွဲခဲ့တဲ့ အမျိုးသမီး

အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့အဆက်ဟောင်းနဲ့ အတူတွဲလာတဲ့ အမျိုးသမီးကို ကားနဲ့ မိမိရရဝင်တိုက်ပြီး၊ ဆယ်လ်ဖီတွေ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ CCTV ကို ပြန်လည်စစ်ဆေးတဲ့အခါမှာတော့ အဆိုပါအမျိုးသမီးဟာ ကားနဲ့ တမင်ဝင်တိုက်ခဲ့တာကို ပေါ်လွင်ခဲ့ပါတယ်။

တကယ်တော့ သူမဟာ Ex ကိုပါ ကားနဲ့ ဝင်အောင်းခဲ့တာဖြစ်ပေမယ့် Ex က အလျင်အမြန် ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ ကားနဲ့ အတိုက်ခံရသူ အမျိုးသမီးအမည်မှာ Christina Benson ဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သူအမည်မှာ Courtnay Danielle Lawrence (၂၂)နှစ် ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့အပတ်က မြောက်ကယ်ရိုလိုင်းနား၊ Wilmington မှာ ဖြစ်ခဲ့တာပါ။ Benson ဟာ ကားနဲ့တိုက်ခံလိုက်ရတဲ့ အရှိန်ကြောင့် အပေါ်ကို မြောက်တက်သွားခဲ့ပေမယ့်၊ အလွန်စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ သူမဟာ ပွန်းပဲ့ဒဏ်ရာတွေတော့ ရရှိခဲ့ပါတယ်။

Lawrence ကတော့ လုပ်ရပ်တစ်ခုကို အောင်မြင်စွာ လုပ်နိုင်ခဲ့လို့၊ အနည်းငယ်ပျက်စီးနေတဲ့ သူမရဲ့ကားရှေ့မှာ ဆယ်ဖ်ဖီဓာတ်ပုံတွေ ရိုက်ကူးခဲ့ပြီး၊ အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမယ့် တိုင်ချက်ဖွင့်ခံခဲ့ရတာကြောင့် သူမကို ရဲက ဖမ်းဆီးဖို့ ကြိုစားနေပါတယ်။ သတင်းပေးသူကိုလည်း ပေါင်(၅၀၀၀) ပေးမှာပါတဲ့။

share from : burmese.asia