တစ်ပတ်လုံးကိုနေ့တိုင်း စွံပလွံသီး ၃ လုံးစားခြင်းဖြင့် သင့်ကျန်းမာရေးအတွက်ရရှိလာမည့် အကျိုးကျေးဇူးများ

စွံပလွံသီးတွေက စူပါအစားအစာထဲမှာတော့မပါဝင်ပေမဲ့ သိပ်ကိုနီးစပ်မှုရှိတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ သူတို့မှာကောင်းကျိုးတွေအများကြီးရှိပါတယ်။ ဒါကြောင့်လဲ ကျွန်တော်တို့အနေနဲ့သူတို့ကိုစားဖို့လိုအပ်တာဖြစ်ပါတယ်။ ပီးတော့ သူတို့ရဲ့ချိုတဲ့အရသာကလဲလူကိုဆွဲဆောင်ထားပါသေးတယ်။ ဒီလိုအသီးကိုတစ်ပတ်လုံးစားမယ်ဆိုရင် သင့်ခန္ဓာကိုယ်ကသင့်ကိုကျေးဇူးတင်ပါလိမ့်မယ်။

၁။အရိုးကျန်းမာရေးတွေတိုးတက်လာပါလိမ့်မယ်။

မြောက်ပိုင်းဒါကိုတာပြည်နယ်တက္ကသိုလ်မှ ဖရော်ဖက်ဆာဖြစ်သူ ဂျူလီဂါးဒင်းရောဘင်ဆင်ရဲ့အဆိုအရ စွံပလွံသီးမှာ ဘိုရွန်လို့ခေါ်တဲ့ ကျန်းမာတဲ့အရိုးကိုပြုလုပ်ပေးတဲ့အရာတွေပါဝင်နေပါတယ်တဲ့။ နောက်ထပ်လေ့လာချက်အရဆိုရင်တော့ သစ်သီးခြောက်တွေမှာပါဝင်တဲ့ ဖော့စ်ဖရပ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ် နဲ့ မက်ဂနီဆီယမ် စတဲ့သတ္တုဓာတ်တွေပါဝင်တယ်လို့သိရပါတယ်။ အဲ့သတ္တုဓာတ်တွေဟာ အရိုးကိုသန်မာစေပီး အရိုးအကြောရောဂါတွေကိုလဲကာကွယ်ပေးတယ်လို့သိရပါတယ်။

၂။အစာချေစနစ်ပိုမိုကောင်းမွန်လာမယ်။

စွံပလွံသီးဟာအမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပီး ကျွန်တော်တို့ရဲ့ အစာချေစနစ်ဟာလဲ အစာချေဖို့အတွက်ဆိုရင် အမျှင်ဓာတ်လုံလောက်စွာရှိနေမှဖြစ်မှာပါ။
အမျှင်ဓာတ်စားသုံးခြင်းဟာ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်။ အာဟာရဆိုင်ရာ ဗြိတိသျှဂျာနယ်တစ်ခုမှာရေးသားထားတဲ့လေ့လာချက်အရဆိုရင် စွံပလွံသီးကိုပုံမှန်စားသုံးတဲ့သူတွေဟာ မစားသုံးတဲ့သူတွေထက် ပိုကောင်းတဲ့အစာချေစနစ်ရှိတယ်လို့သိရပါတယ်။

၃။စိတ်ပင်ပန်းမှုတွေနဲ့ စိတ်ဓာတ်ကျမှုတွေကိုကာကွယ်ပေးတယ်။

စွံပလွံသီးမှာ ဦးနှောက်ကြွက်သားတွေအတွက်ကောင်းတဲ့ ဗီတာမင်ဘီ ၆ ပါဝင်ပါတယ်။ အဲ့အပြင် ဗီတာမင်ဘီ ၆ ဟာ စိတ်ကျရောဂါနဲ့ စိတ်ပင်ပန်းမှုတွေကိုလဲကာကွယ်ပေးပါတယ်။

၎။သိသိသာသာ အင်အားတိုးစေပါတယ်။

စွံပလွံသီးမှာ သတ္တုဓာတ်တွေမျိုးစုံပါဝင်တဲ့အတွက် သင့်ကိုသိသိသာသာအင်အားတိုးစေတဲ့အစားအစာဆိုရင်မမှားပါဘူး။ အဲ့အပြင် သူ့မှာပါဝင်တဲ့သကြားဓာတ်က သင်ပင်ပန်းနွမ်းနယ်နေတဲ့အခါမျိုးမှာ အင်အားကိုလျင်မြန်စွာပြည့်စေပါတယ်။

၅။နှလုံးရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။

လေ့လာမှုတွေအရ စွံပလွံသီးဟာ Triglyceride level နဲ့ oxidative stress ဆိုတဲ့ နှလုံးရောဂါအတွက်အန္တရာယ်ရှိတဲ့ဟာတွေကို လျှော့ချပေးပါတယ်။ အဲ့အပြင် သူတို့ဟာ ပိုတက်ဆီယမ်ကြွယ်ဝမှုကြောင့် သွေးဖိအားကိုလဲလျော့ကျစေပီး အခြားသောနှလုံးရောဂါတွေကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။

၆။အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

စွံပလွံသီးတွေဟာ အစာချေစနစ်ကိုကောင်းမွန်စေပီး အူတွေမှာရှိတဲ့အန္တရာယ်များတဲ့ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အတွက်ကြောင့် အူမကြီးကင်ဆာဖြစ်ပွားမှုကိုလဲကာကွယ်ပေးနိုင်ပါတယ်။

၇။ရာသီအလိုက်ဖြစ်ပွားတဲ့အလက်ဂျစ်ရောဂါတွေကိုသက်သာစေတယ်။

SAR လို့ခေါ်တဲ့ ရာသီလိုက်အလက်ဂျစ်ရောဂါဟာ ယူအက်စ်မှာ လူပေါင်း ၃၀ မီလီယံကိုပါကူးစက်စေခဲ့ပါတယ်။ ဒါမဲ့ ကံကောင်းတာတစ်ခုက စွံပလွံသီးကအဲ့ဒီ့ရောဂါအပေါ်မှာ ကောင်းမွန်တဲ့ထိရောက်မှုရှိနေတဲ့ဆေးစွမ်းတစ်လက်ဖြစ်နေတာပါ။

Writer -Min Thu (Daily Hot News)