EDM ဆိုတာ လေဟာပြင်မှာလုပ်တဲ့ Night Club ပါပဲဆိုတဲ့ ဂျီလတ်

Rock သီချင်းတွေ သီချင်းအေးအေးလေးတွေကို အကောင်းဆုံး သီဆိုပြီး ပရိသတ်တွေရဲ့ ရင်ထဲက နေရာတစ်နေရာကို ရယူထားနိုင်တဲ့ တေးသံရှင် ဂျီလတ်ကတော့ Music Concert တွေ နည်းပါးလာရတဲ့ အကြောင်းအရင်းတွေထဲမှာ EDM ပွဲတွေက အဓိကမဟုတ်ဘဲ EDMပွဲတိုတာက လေဟာပြင်မှာ လုပ်တဲ့ Night Clubလိုပဲလို့ မီဒီယာတွေရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဂျီလတ်က “ရှိုးပွဲတွေနည်းတဲ့ အကြောင်းက အများကြီးပဲ EDM တစ်ခုထဲကြောင့်မဟုတ်ဘူး။ Generation ရှိတယ် နောက် Generation ကEDMကို ပိုအာရုံကျတဲ့ Generation တွေလည်းဖြစ်လာတာ။ နောက်ပြီးတော့ EDMမှာ သူတစ်ခုတည်း ရပ်တည်တာမဟုတ်ဘဲနဲ့ အခြားသော အရာတွေလည်း ပါတာပေါ့။ သူက ဘာနဲ့တူလည်းဆိုတော့ Night Club ကြီးကို လေဟာပြင်မှာ လုပ်လိုက်တဲ့ သဘောပဲပေါ့ အဲ့တော့ Night Clubတွေအားလုံးကို ဒီကွင်းထဲမှာ စုပေးလိုက်တဲ့ သဘောလို့ အစ်ကိုကတော့ မြင်တယ်။

သူ့ Taste ကအဲ့ Taste ပေါ့နော်။ နောက်ပြီး Concert တွေနည်းသွားတဲ့ အကြောင်းကတော့ အများကြီးရှိတယ်။ Free show တွေ များလာတာလည်းရှိတယ်။ မလိုလားအပ်တဲ့ ကိစ္စတွေကို Artistတွေရဲ့ အမှားတွေလည်း ရှိတယ်ပေါ့။ သဘောတစ်ခုက အစ်ကိုတို့ ငယ်ငယ်တုန်းက Stage Showတွေ တအားခေတ်စားတယ်။ အဲ့လိုခေတ်စားတဲ့အကြောင်းက Artist တွေကို အဲ့ Stage Show မှာပဲ မြင်ရလို့ တစ်ခြားမှာ မမြင်ရဘူး လမ်းမှာလည်း မတွေ့ရဘူး။ ဘယ်မှာမှ မတွေ့ရဘူး။ ဒီ Showမှာပဲ တွေ့ရတာ အခုကတော့ အဲ့လိုမဟုတ်ဘူး Artist တွေကို နေ့တိုင်း Facebookထဲမှာ တွေ့နေရတယ်။

ဒီကြားထဲမှာ တစ်ချို့Artist တွေကလည်း ၂ရက်တစ်ခါလောက် Live တွေဆိုပြတာမျိုးတွေ လုပ်တာတို့ သူတို့အမြဲတမ်း ပရိသတ်ကို အဲ့နည်းနဲ့ ထိတွေ့တဲ့အခါကျတော့ ဒီလိုမျိုး Ticket ပေးပြီး ထိတွေ့ရတဲ့ အထိအတွေ့ ပျက်သွားတဲ့ သဘောမျိုးလည်း ပါတယ်။ ဒါလည်း အကြောင်းတစ်ချက်ပေါ့ ဒါကြောင့်ဖြစ်နေတာလို့ ပြောတာတော့ မဟုတ်ဘူး။ နောက်ပြီးတော့ ခုဏလို Free Showတွေပေါ့ များလာတယ် ဒီလိုတွေ ဖြစ်လာတဲ့ အခါကျတော့ ရှင်းရှင်းလေးပဲ EDM ကိုသွားပြီး ကြည့်ကြတယ်ဆိုတော့ EDMက Artistကို သူတို့ အဲ့လိုမဆက်ဆံရဘူး။ EDMက Artist ကို အစ်ကိုကြီး လုပ်ပါဦး ကျွန်တော့်နာမည်လေး ခေါ်ပေးပါဦးလို့ Facebookကနေ သွားပြီးတော့ ပြောလို့မရဘူးပေါ့။ အဲ့တော့ သူတို့ ပိုက်ဆံပေးပြီး ကြည့်ရတယ် ဒီသဘောပဲပေါ့ ရှားပါးတာက အရေးကြီးပါတယ်။

အစ်ကိုတို့ ခေတ်က တောင်းဆိုရင် ဘာမှပြောလို့မရဘူးလေ။ အစ်ကိုတို့ ငယ်ငယ်တုန်းက Rock တွေပေါ့ ကိုညီထွဋ်တို့ ကိုလေးတို့နဲ့ ကြီးပြင်းလာပေမယ့်လည်း အစ်ကိုတို့ သီချင်းဆိုတဲ့ အချိန်မှာ အနဂ္ဂတို့နဲ့ အတူတူဆိုကြတာပါ သူတို့တွေ Hip Hop တွေအလုံးလိုက် အရင်းလိုက်ပေါ်လာကြတာပါ။ ခေတ်က Hip Hop ကိုတောင်းဆိုတဲ့ အချိန်ကို ရောက်သွားရင် Hip Hop ဖြစ်သွားတာပေါ့ အခု EDMတွေ K popတွေ ဖြစ်နေတာပေါ့။ ဒီလိုပဲ ခေတ်ဆိုတာကတော့ ဘယ်လိုမှ ကျော်ဖြတ်လို့ မရနိုင်ဘူးပေါ့ သူ့အတိုင်းပဲ သွားနေမှာပဲ။ ဆိုတော့ EDMကလည်း သူ့အရှိန်နဲ့သူသွားမှာပဲ လုပ်စရာရှိတာတွေလည်း ဆက်လုပ်ပေါ့။ တကယ်တော့ EDM တွေပေါ်လာလို့ ဒီဘက်က Concert တွေမရှိတော့တာတော့မဟုတ်ဘူး နည်းသွားတာမဟုတ်ဘူး။ အစ်ကို ခုဏပြောသလိုပေါ့ Concert တွေနည်းသွားရတဲ့ အကြောင်းက သူ့ဟာနဲ့သူရှိပြီးသားလေ။”လို့ ပြောသွားခဲ့ပါတယ်။