” မနက်ခင်း အရုဏ်တက်မှာ ကိုယ့်သံသရာအတွက်ကောင်းတဲ့ ဆွမ်းခံလိုက်တာကို (၁၇) နှစ်ကျော် ရှိပြီဆိုတဲ့ မနော။”
လိုငက်ဖြစ်ကြတယ်။မနက်ခင်း အရုဏ်တက်မှာ
Unicode
တေးသံရှင်မနောကတော့ နယ်ပရိသတ်တွေ သည်းသည်းလှုပ်အားပေးခံရတဲ့
တေးသံရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့သီချင်းတွေကို ကလေးကအစလူကြီးအဆုံး
ပါးစပ်ဖျားမှစွဲကျန်စေတဲ့ မြန်မာတေးသံရှင်တစ်ဦးပဲ ဖြစ်ပါတယ်။
အလှူပွဲတွေမှာလည်း သူ့ရဲ့ သီချင်းတွေကို တော်တော်များများ အသုံးပြုလေ့ရှိတာပဲ
ဖြစ်ပါတယ်။ နယ်ဘက်တင်မဟုတ်ဘဲ ရန်ကုန်ပရိသတ်တော်တော်များများလည်း
အားပေးကြတာတွေ့ရပါတယ်။ သီချင်းအသစ်ထွက်လိုက်တိုင်း ပရိသတ်တွေက
တခဲနက်အားပေးကြတာပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ သူ့ရဲ့ နေ့စဉ်လုပ်လေ့ရှိတဲ့
တော်ရုံအနုပညာရှင်တွေမလုပ်နိုင်တဲ့ ကုသိုလ်လေးတစ်ခုကိုပြောပြခဲ့ပါတယ်။”
ကျွန်တော် (၁၇) နှစ်ကျော်ပြီပေါ့ ဆွမ်းခံလိုက်လာတာ ကြာပြီ။
ပွဲရှိတဲ့ရက်တွေဆိုမလိုက်ဖြစ်ဘူး။အလုပ်အားတဲ့သူကများရင်တော့
ဆယ်ယောက်လောက် လိုက်ပေမယ့် အလုပ်မအားကြရင်တော့
သုံး၊လေးယောက်လောက်ပဲ လိုငက်ဖြစ်ကြတယ်။မနက်ခင်း အရုဏ်တက်မှာ
ကိုယ့်သံသရာအတွက်ကောင်းတာလုပ်ခွင့်ရလို့
ကြည်နူးမိပါတယ်။သူများတွေကသူတို့အတွက်
အထွဋ်အမြတ်ထားတဲ့အရာလေးတွေကိုလှူဒါန်းတယ်ဆိုတော့
ကျွန်တော်တို့ကရဟန်းတွေအတွက်ပံ့ပိုးပြီးကူညီဆောင်ရွက်ပေးတာပေါ့။
မိုးတွင်းဘက်တွေဆို သံ ဃာတန်းတွေကမိုးတွေဆိုပြီးတော့သံဃာတော်တွေအတွက်
ဖျားမှာနာမှာတော်တော်စိုးရိမ်ရတယ်။
မိုးတွေအရမ်းရွာပြီးဘယ်လိုမှလိုက်မရတဲ့နေ့တွေကျရင် ဈေးကနေပြီး
စားသောက်ဖွယ်ရာတွေဝယ်ပြီးသွားလှူ တယ်။ အာ့ကျချက်ပြုတ်စားကြတာပေါ့”
လို့ပြောပြခဲ့ပါတယ်။ ပရိသတ်ကြီးလည်း မနောရဲ့နေ့စဉ်ကုသိုလ်လေးကို
သာဓုခေါ်သွားပါဦးနော်။