နေပြည်တော်မှာ မီးရှို့သတ်ခံလိုက်ရတဲ့ ဒေါ်ခင်ထွေးဝင်းသန်း(ခ) မီးငယ်(ခ) TAMMY အမှုမှ စိတ်ဝင်စားဖွယ်များ

နေပြည်တော်မှာ မီးရှို့သတ်ခံလိုက်ရတဲ့ ဒေါ်ခင်ထွေးဝင်းသန်း(ခ) မီးငယ်(ခ) TAMMY အမှုမှ စိတ်ဝင်စားဖွယ်များ By ရန်ကုန်ခေတ်သစ် နေပြည်တော် ၀င်ဒါမီယာလို့ခေါ်တဲ့ ဥတ္တရသီရိမြို့နယ် ရတနာသိဒ္ဓိရပ်ကွက်၊ ရာဇသင်္ဂဟအိမ်ရာ (၂) ၊ ကျွန်းချောင်း(၂) လမ်းရှိ နေအိမ်ခြံဝင်းတခုမှာ အောက်တိုဘာလ ၂၈ ရက်နေ့က ကုမ္ဗဏီပိုင်ရှင် အသက် ၄၉ နှစ်အရွယ် ဒေါ်ခင်ထွေးဝင်းသန်း(ခ) မမီးငယ် ကို ရေချိုးခန်းအတွင်းမှာ ဒူးအထက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံး ပက်လက် အနေအထား မီးလောင်ကျွမ်းလျက်နဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ အစိုးရအုပ်ချုပ်ရေးအခြေစိုက်ရာလည်းဖြစ် မြန်မာနိုင်ငံရဲ့ မြို့တော်လည်းဖြစ်တဲ့ နေပြည်တော်မှာ အခုလို ရက်စက်တဲ့ လူသတ်မှုဟာ ပြည်သူလူထုအတွင်းမှာ စိတ်ဝင်စားဖွယ်ရာဖြစ်ခဲ့တယ်။ >အောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ ပြစ်ကျူးလွန်သူလို့ ရဲက ထုတ်ဖော်ပြောဆိုတဲ့ ဒရိုင်ဘာဟောင်း မျိုးကျော်သက်ဟာ ရဲတပ်ဖွဲ့ထံမှာ …

(စိန် အလုံးပေါင်း ၅၄၄၈ လုံး၊ ရွှေချပ် တန်ချိန် ၆၀) ဒေါ်လာ ၈ ဘီလျှံကျော် တန်ဘိုး ရှိ တဲ့ ရွှေချပ်တွေ နဲ့ ပတ်ပတ်လည် ဝက်အူစုတ်ထားတဲ့ ရွှေတိဂုံဘုရားအကြောင်း

ကမ္ဘာက သုတေသီတွေ ပြုစုထားတဲ့ စာတမ်းတွေအရ ရွှေတိဂုံစေတီတော်ကို ရွှေတုံး ရွှေပြားများ မရေတွက်နိုင်တဲ့ ကျောက်မျက်ရတနာများနဲ့ တည်ထားတယ်လို့ဆိုပါတယ်။ရွှေတိဂုံစေတီတော်ရဲ့ လုံးပတ်ကို အခေါက်ရွေ တန်ချိန် ၆၀ ကို ရွှေချပ်အထူတွေသွန်းပြီး ၀က်အူနဲ့ စုတ် ထားတာပါ။ ( ၂၀၁၃ ) ဧပြီလစာရင်းအရ ၃၂၆ ပေ မြင့်တဲ့ ရွှေတိဂုံစေတီတော်ရဲ့ လုံးပတ်ကို ရွှေချိန် ရွှေချပ် တန် ၆၀ ( ၈ ဘီလျှံ ဒေါ်လာကျော် လက်ရှိတန်ဘိုးရှိတဲ့ ရွှေချပ်တွေ ) နဲ့ ပတ်ပတ်လည် ၀က်အူစုတ် ထားတာပါတဲ့ …။ပင်မ စေတီတော်ရဲ့ အောက်ပိုင်းကို ရွှေပြား ၈၆၈၈ ချပ်နဲ့ တည်ထားပြီး အလယ်ပိုင်းမှာတော့ ၁၃၁၅၃ ချပ် အထက်ပိုင်း မှာတော့ …

ထောပတ်သီးအစေ့ကို အလှအပအတွက် အသုံးပြုနိုင်တဲ့ နည်းလမ်း (၄) မျိုး

ထောပတ်သီးကြိုက်သူတွေအတွက် နောက်ဆိုရင် ထောပတ်သီးစားတဲ့အခါ အထဲမှာပါတဲ့ အစေ့ကို လွှင့်မပစ်ဖို့ အကြံပြုချင်ပါတယ်။ aထာပတ်သီးအစေ့ကို အလှအပအတွက် သုံးလို့ရပါတယ်။ ထောပတ်သီးရဲ့ အစေ့ဟာ အလှအပအတွက် အရမ်းကို အသုံးဝင်ပါတယ်။ အရင်ဆုံး ထောပတ်သီးအစေ့ရဲ့ အပေါ်ယံမှာရှိနေတဲ့ အညိုရောင်အလွှာ(အခွံ) ကို ခွာလိုက်ပါ။ ရေနွေးနွေးလေးနဲ့ ဆေးပါ။ ပြီးရင်တော့ (၂)ရက် (၃)ရက်လောက် အခြောက်ခံထားပါ။ အဆင်ပြေတဲ့ နည်းကို သုံးပြီး ထောပတ်သီးအစေ့ကို သန့်စင်လို့ရပါတယ်။ ထောပတ်သီးအစေ့ကို သန့်စင်ပြီးရလာတဲ့ ထောပတ်သီး အစေ့ကို အပိုင်းလေးတွေ ပိုင်းပါ။ ပြီးရင်တော့ မွှေစက် (Blender)ထဲမှာ ထည့်မွှေပြီး အမှုန့်လေးတွေ ဖြစ်အောင် လုပ်ပါ။ (၁) ချေးချွတ်ဖို့သုံးမယ် (scrub) လုပ်မယ် Scrub အနေနဲ့ သုံးမယ်ဆိုရင်တော့ ထောပတ်သီးအမှုန့်ကို ကော်ဖီအမှုန့်တွေနဲ့ ရောပါ။ …

ရနွေး (ရေကြက်အေး) နဲ့ ရေခဲရေ ဘယ်ဟာက ကျန်းမာရေးအတွက် ပိုကောင်းတာလဲ

လူ့ခန္ဒာကိုယ်ဟာ ရေဓာတ် 50ရာနှုန်းကနေ 60ရာနှုန်းထိပါဝင် ဖွဲ့စည်းထားပါတယ်။ရေဟာ လူသားတို့ကျနိးမာရေးအတွက် အသက်သွေးကြောဖြစ်ပါတယ်။ ရေကိုနေ့စဉ်လုံလောက်စွာ သောက်သုံးဖို့ လိုအပ်တာ ကျွန်ုပ်တို့ သိရှိကြပေမယ့် ရေကြက်အေးနဲ့ရေခဲရေဘယ်ဟာကို ပိုမိုသောက်သုံးသင့်မှန်း သိကြသူနည်းပါးပါတယ်။ရေခဲရေနဲ့ ရေကြက်အေးရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ရေခဲရေ -အပူချိန်45’F ကနေ 70’F အထိ အေးစက်နေသောရေကိုဆိုလိုပါတယ်။နွေရာသီမှာ ရေခဲရေသောက်တာလောက် လန်းဆန်းစေတာမရှိဘူးဆိုပေမယ့် ရေခဲရေဟာ ကျန်းမာရေးအတွက် ဆိုးကျိုးများကြောင်းတွေ့ရှိထားပါတယ်။ (1)အစာမကြေဖြစ်ခြင်း ရေခဲရေဟာ သွေးကြောများကိုကျုံ့စေပါတယ်။ အစာချေစနစ်ကို နှောင့်နှေးစေပါတယ်။ရေခဲရေသောက်သူများဟာ အစာမကြေခြင်းနဲ့ဝမ်းချူပအခြင်းကို ခံစားရပါတယ်။ (2)စွမ်းအင်အကုန်မြန်ခြင်း ရေခဲရေသောက်သောအခါ ခန္ဒာကိုယ်မှ ပုံမှန်အပူချိန်ရရှိစေဖို့ စွမ်းအင်ပိုမိုအသုံးပြုရပါတယ်၊ဒါကြောင့် တအားပင်ပန်းပူအိုက်နေတာမျိုးမဟုတ်ရင်ရေခဲရေကိုမသောက်သင့်ပါဘူး။ (4)ချွဲပိုထွက်ခြင်း ရေခဲရေကြောင့် ချွဲပိုထစေကြောင်းတွေ့ရှိချက်များစွာရှိပါတယ်။ဒါ့အပြင် ကိုယ်ခံအားကိုကျစေပြီး အသက်ရှူလမ်းကြောင်းရောဂါများကို ဖြစ်ပေါ်စေတတ်ပါတယ်။ ရေနွေး /ရေကြက်အေး 80’Fကနေ106’F အထိရှိသောရေကိုဆိုလိုခြင်းဖြစ်ပြီး ထိုမျှလောက် …

သားဦး သားနှောင်း မယူကောင်း ယူကောင်း

သားဦး သားနှောင်း မယူကောင်း ယူကောင်း (လက်ထပ်မင်္ဂလာပြုမယ့် မြန်မာ အမျိုးကောင်း သားသမီးများအတွက် အရမ်းကောင်းတဲ့ ဆောင်းပါးလေးပါ) ”ဦးဇော်ရှိသလားဗျို့” အော်ဟစ် အသံပေး၍ ဝင်ရောက်လာသူမှာ မောင်သန့်ဇင်ထွန်းဖြစ်သည်။ ”သြော်… မောင်သန့် ဇင်ထွန်း ပါလား။ အိမ်ကို အလည်မလာတာတောင် အတော်ကြာသွားပြီနော်။ ဒါနဲ့စီးပွားရေး လုပ်ငန်းရော အဆင်ပြေ ရဲ့လား။ ”ဟုတ်ကဲ့။ စီးပွားရေးလုပ်ငန်းကတော့ အဆင် ပြေပါတယ်။ ဒါပေမဲ့ အဆင်မပြေတာ လေးတစ်ခု ရှိနေလို့။” မောင်သန့်ဇင်ထွန်းက ရယ်၍ပြောသည်။ ”မင်း ဒါပေမဲ့က ဘာလဲဟ၊ ပြောပြစမ်းပါအုံး။ ”ဒီလိုဦးဇော်ရေ၊ ကျွန်တော်နဲ့ မိန်းကလေးတစ်ယောက် လူငယ်တွေသဘာဝ မေတ္တာမျှနေတယ်။ အဲဒါဒုက္ခ အကြီးအကျယ်တွေ့နေတယ် ဆိုပါတော့ဗျာ။ ”ဘယ်လိုဒုက္ခမျိုးရောက်နေတာလဲကွ။ ”ကျွန်တော့် မိသားစုထဲမှာ ကျွန်တော်ကအငယ် ဆုံးမ ဟုတ်လား။ အဲ..ကျွန်တော့်ချစ်သူ …

ယောကျာ်းတိုင်း သိမှတ်ထားသင့်သော အသုံးအများဆုံး မိန်းမတို့  မာယာ (၄၀)

မိန်းမမာယာဆိုသည်မှာ ​မိန်းမမာယာ သဲကိုးဖြာလို့ တင်စားသမုတ်ကြကုန်၏။ အမှန်စင်စစ်အားဖြင့် သဲကိုးဖြာ မကပေ။ စာရှိအဆို ကျမ်းရင်းလာတွင် မာယာအပါး (၄၀) ရှိပေသည်။ ယခုခေတ်အခါသမယတွင် သတ်မှတ်ကြလျှင် မိန်းမမာယာကား အပါး (၄၀) မှပင် ကချေမည် မဟုတ်ပေ။ သို့သော် ရှိရင်းစွဲ မိန်းမမာယာတွေကိုတော့ ခေတ်လူငယ် သတို့သားတို့ သိမှတ်ဖို့ရာ တင်ပြပါမည်။ ဤအချက်အလက်များနှင့် တိုက်ဆိုင်မှုရှိနေသော မိန်းကလေးများကလည်း မိန်းမသားပီသစွာ မာယာများကို ထိန်းသိမ်းစောင့်ထိန်းရာ၏။ ထုတ်ဖော်ပြသရန် မသင့်ပေ။ မိမိ၏ အမူအကျင့်ထဲတွင် ပါဝင်နေသည့် အချက်အလက်များကိုလည်း ရှောင်ရှားနိုင်ကြပါစေကုန်လို့ ဆုတောင်းရင်းသား တင်ပြလိုက်ရပါတော့သည်။ မိန်းမမာယာ အပါး (၄၀) တကယ်မှန်ကန်တဲ့အချက်တွေလို့ မဆိုလိုပါဘူး။ မှန်တာတွေက များနေတော့ ပြောရတာ အခက်သားပဲ။ ကုဏာလဇာတ် ဘာသာပြန်နှင့် ဆရာကြီးသုခမှတ်စုတို့ကနေ ထုတ်နုတ်ထားတာပါ။ …

ပရိသတ် မျက်ရည်လည်ခဲ့ရသည့် ဗြိတိန်ရေငုပ်သမားများနှင့် တောဝက်လူငယ်လေးများ ပြန်လည်တွေ့ဆုံပွဲ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ကျောက်ဂူထဲ ပိတ်မိစဉ် ပထမဆုံးတွေ့ရှိခဲ့သူ ဗြိတိန်ရေ ငုပ်သမား ၂ ဦးနဲ့ အခြား ကယ်ဆယ်ရေးရေငုပ်သမား ၃ ဦးတို့ကို ဂူတွင်းပိတ်ခဲ့တဲ့ ထိုင်းလူငယ်တွေက ဗြိတိန်နိုင်ငံ နိုင်ငံ့သားကောင်းဆု ပေးအပ်ပွဲ အခမ်းအနားမှာ တက်ရောက်ဆုချီးမြှင့်ခွင့်ရရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဘော်လုံးသင်းရဲ့ ဖိတ်ကြားချက်အရ အင်္ဂလန်နိုင်ငံကို သွားရောက်ခဲ့တဲ့ တောဝက်လူငယ်ဘောလုံးအသင်းသား ၁၃ ဦးဟာ ဘောလုံးပွဲ ကြည့်ရှုအားပေးခွင့်နဲ့ ဘောလုံးကွင်းထဲမှာ အစမ်းလေ့ကျင့်ခွင့်ရခဲ့သလို သူတို့ကို ကယ်တင်ခဲ့တဲ့ ရေငုပ်သမား ၅ ဦးအား Pride of Britain Awards 2018 အခမ်းအနားမှာ ဆုချီးမြှင့်ခွင့်ရခဲ့တာပါ။ဗြိတိန်နိုင်ငံက လူမှုထူးချွန်သူတွေ၊ နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူတွေကို ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ ၃၀ ရက်က လန်ဒန်မြို့ Grosvenor House မှာ ကျင်းပခဲ့ပါတယ်။ အသက်ငယ်ရွယ်တဲ့ …

ဆန်ဆေးရည်ကို အသုံးပြုပြီး (၂)လအတွင်း မျက်နှာအသားအရေကြည်လာစေမယ့် လျှိုဝှက်ချက်

ဆန်ဆေးရည်ကို အသုံးပြုပြီး (၂)လအတွင်း မျက်နှာအသားအရေကြည်လာစေမယ့် လျှိုဝှက်ချက် မြန်မာလူမျိုးတွေနဲ့ ဆန်ဆေးရည်နဲ့က ရင်းနှီးပြီးသားဖြစ်နေမှာပါ။ ဆန်ဆေးရည်က အိုးတွေမှာ ဆီမပြောင်တာရှိရင် ခဏစိမ်ထားလိုက်ရုံနဲ့ ဆီတွေပြောင်သွားစေနိုင်တယ်။ ဆန်ဆေးရည်နဲ့ အစွမ်းက တစ်ခုတည်းမဟုတ်ပါဘူးနော် ၊ မျက်နှာအသားအရေအတွက်ပါ အသုံးပြုလို့ရပါတယ်။ ဘယ်လိုတွေတောင် အကျိုးရှိလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။ ဆန်ဆေးရည် ဆန်ဆေးရည်မှာ Ferulic Acid နဲ့ Anitioxident ဓာတ်တို့ပါတာကြောင့် ရောင်ရမ်းတာတွေကို သက်သာစေနိုင်တယ်။ နောက်ပြီး မျက်နှာအသားအရေကို နူးညံ့စေနိုင်တဲ့ vitamin B1 , C နဲ့ E ဓာတ်တွေပါတယ်။ ဒီဓာတ်တွေကြောင့် ချွေးပေါက်တွေကိုတောင် ကျဉ်းသွားစေနိုင်ပါတယ်။ ပြုလုပ်ပုံ StyleCraze– ဆန်ကို ပထမ (၂)ရေလောက် ဆေးပေးပြီးမှ နောက်ဆုံး ဆန်ဆေးရည်ကိုသာယူပါမယ်။ အကြောင်းကတော့ ပထမ (၂)ရေဆေးလိုက်တာက …

ယုံယုံကြည်ကြည် ရွတ်ပါ တကယ့်ကိုအကျိုးထူးမဲ့ ဂါထာတော်

ဈေး​ရောင်းမ​ကောင်းခြင်း အလိုလို​နေရင်းလုပ်​ငန်းများ အဆင်​မ​ပြေခြင်း အတိုက်​အခိုက်​များရှိခြင်းအတွက်​ ပြုလုပ်​သင့်​ပါတယ်​။မိမိ​မွေး​နေ့မှစပါ။ ဆိုင်​/အလုပ်​ရုံးခန်းရှိ ဘုရား​ကျောင်း​ဆောင်​တွင်​ အဖြူ​ရောင်​ပန်းများ​ ဝေ​နေ​အောင်​ ပူ​ဇော်​ပါ။ အ​မွှေးတိုင်​ အလင်းတိုင်​များ ပူ​ဇော်​ပါ။ ဂါထာ​တော်​ကို ၂၇​ ခေါက်​ တိတိ ရွတ်​ဖတ်​ ပူ​ဇော်​ပါ။ ရွတ်​ဖတ်​လျင်​ စိတ်​ကို ဂါထာတွင်​သာ အာရုံ စူးစိုက်​ ရွတ်​ပါ။ ရွတ်​ဖတ်​ပြီးလျင်​ ဆိုင်​​စောင့်​နတ်​ မြို့​စောင့်​နတ်​ လမ်း​စောင့်​နတ်​များအား​ မေတ္တာပို့ အမျှ​ဝေပါ။ည​နေပိုင်းတွင်​ ခွေး ကြောင်​ ငှက်​ စ​သော တိရစ္ဆာန်​​လေးများကို အစာ​ကျွေးပါ။ တနင်္ဂ​နွေ​နေ့ ည​နေတိုင်း ဘုရားတစ်​ဆူမှာ တံမြက်​စည်း လှည်းပါ။ ဤနည်းအားဖြင့်​ ပိတ်​​နေ​သော ကံများ ပွင့်​လာ၍ အခက်​အခဲများ တစ်​စတစ်​စ ​ပြေ​လျော့ လာပါလိမ့်​မည်​။ အရပ်​​ လေးမျက်​နှာမှ ရစရာ ရှိ​သော​ ငွေများ …

ရွ့ ပြောင်းအခြေချသူတွေထဲမှာ လူရမ်းကားများပါဝင်တာကြောင့် စစ်သား ၁၅၀၀၀ အထိ နယ်စပ်မှာတပ်စွဲထားမည်ဟု ထရမ့်ဆို

အာဖဂန်တွင် တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့တစ်ဖွဲ့စာနှင့် ညီမျှသော စစ်သား ၁၅၀၀၀ အထိကို မက္ကဆီကိုနယ်စပ်တွင် တပ်စွဲသွားမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖလော်ရီဒါတွင် အောက်တိုဘာ ၃၁ ရက်၌ မဲဆွယ်စည်းရုံးမှုတွင် ရွှေ့ပြောင်းအခြေချ ဆန့်ကျင်သည့် လေလုံးထွားမှုကို ထပ်မံတိုးမြှင့်ခဲ့သည်။ ထိုနောက်တွဲလူနေယာဉ်များတွင် လူဆိုးအများအပြား လိုက်ပါလာကြောင်း၊ ၎င်းတို့သည် နတ်မိမယ်များ မဟုတ်ကြကြောင်း ဆင်းရဲသော ဗဟိုအမေရိကနိုင်ငံများမှ ထွက်ပြေး၍ အမေရိကန်၌ ခိုလှုံ ခွင့်ရရှိရန် ထွက်ခွာလာသည့် ရွှေ့ပြောင်းအခြေချများ အား ရည်ညွှန်း၍ ထရန့်က ပြောကြားခဲ့သည်။ ရွှေ့ပြောင်းအခြေချများနှင့်ပတ်သက်၍ ၎င်း၏ သဘောထားကွဲလွဲစေသော လေလုံးထွားမှုများသည် အစွန်းရောက်မှုကို မီးထိုးပေးနေသည်ဟု စွပ်စွဲမှုများကို လျစ်လျူရှုလျက် ထရန့်က နိုဝင်ဘာ ၃ ရက်တွင် ကျင်းပ မည့် သက်တမ်းလတ် ရွေးကောက်ပွဲမတိုင်မီ …