.ခွဲစိပ်မွေးဖွားပေးပြီးတဲ့နောက် မိခင်ဝမ်းဗိုက်ထဲမှာ ဖုန်းမေ့ကျန်ခဲ့တဲ့ ဆရာဝန်

. .ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို ခွဲစိပ်ပြီးကလေးမွေးဖွားပြီးတဲ့နောက် ဆရာဝန်က သူ့ရဲ့လက်ကိုင်ဖုန်းကို ကိုယ်ဝန်ဆောင်မိခင်ရဲ့ဗိုက်ထဲထည့်မိလိုက်ပြီးပြန်မထုတ်လိုက်မိတဲ့ ဖြစ်ရပ်တစ်ခု ဂျော်ဒန်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာနန်မာမွတ်အဗ္ဗဒူကာရင်ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ အန်မန်မြို့မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ ဧပြီလအတွင်းက သူ့ရဲ့ကလေးငယ်ကိုခွဲစိပ်မွေးဖွားဖို့အတွက် တက်ရောက်ခဲ့ပါတယ်။ ခွဲစိပ်မွေးဖွားသူတို့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ပြီးသွားတဲ့အချိန်မှာ ကလေးငယ်ကိုလည်း ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ခဲ့ပါတယ်။ ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်လာတဲ့ အချိန်ရောက်မှသာ သူ့ဗိုက်ထဲက ဖုန်းသံတုန်ခါမှု ဖြစ်လာပြီး သူမရဲ့မိသားစုတွေကပါ သတိထားမိခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ အစာအိမ်ထဲက ဆိုးရွားတဲ့နာကျင်မှုကို ခံစားခဲ့ရပါတယ်။ ဝေဒနာပြင်းထန်စွာခံစားခဲ့ရပြီးတဲ့နောက်ပိုင်း ပြည်သူ့ဆေးရုံမှာ ဓါတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ ဝမ်းဗိုက်ထဲမှာ ပြင်ပက အရာဝတ္ထုတစ်မျိုးရောက်နေတာကို ဆရာဝန်တွေက အတည်ပြုပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ဆရာဝန်တွေက ချက်ခြင်းခွဲစိပ်မှုပြုလုပ်ကာ ဗိုက်ထဲရောက်နေတဲ့ဖုန်းကို ထုတ်ပေးခဲ့ရတယ်လို့ ကာယကံရှင်ဖြစ်တဲ့သူမက ပြောပြခဲ့ပါတယ်။ Credit:Planet Myanmar #Unicode …

.လူသားတွေတူးဖော်ဖန်တီးခဲ့တဲ့ ကမ္ဘာ့ အကြီးမားဆုံး တွင်းပေါက်ကြီးများ

. .၁. Diavik စိန်တွင်း ဒီစိန်တွင်းကတော့ ကနေဒါအပြင်ဘက်မှာတည်ရှိတာဖြစ်ပြီးတော့ အလွန်ကြီးမားတဲ့တွင်းတစ်တွင်းပဲဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ စတင်တူးဖော်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း စိန်အရင်းအမြစ်တစ်ခုလည်းဖြစ်ပါတယ်။ မိုင်းတွင်းစတင်တူးဖော်ခဲ့တဲ့ အချိန်ကစပြီးတော့ အခုချိန်ထိ စိန်ပေါင်း ၁၀၀ မီလျံကာရက်ကျော်ထွက်ရှိခဲ့တဲ့ တွင်းတစ်တွင်းပါ။ ၂. Berkeley ကြေးနီတွင်း မွန်တားနားအပြင်းဘက် Butte မှာရှိတဲ့ ကြေးနီတွင်းကတော့ အက်ဆစ်တွေနဲ့ပြည့်နေတဲ့တွင်းတစ်တွင်းပါ။ ၁၉၅၅ ခုနှစ်က စတင်တူးဖော်ခဲ့တာဖြစ်ပြီး ၁၉၈၂ ခုနှစ်မှာတော့ ဒီတွင်းကို ပိတ်ခဲ့ရပါတယ်။ ဘားကလေးတွင်းဟာ အကျယ်ပေ ၉၀၀ ရှိပြီးတော့ အနက် ပေ ၁၇၀၀ နီးပါးရှိပါတယ်။ ဒီတွင်းကနေထုတ်ယူခဲ့တဲ့ ကြေးနီတန်ချိန်ပေါင်းဟာဆိုရင် ၇၀၀ မီလျံနီးပါးခန့်ရှိခဲ့ပါတယ်။ ၃. Mir မိုင်းတွင်း ကမ္ဘာ့ ဒုတိယ အကြီးဆုံး စိန်တွင်းတစ်ခုဖြစ်ပြီးတော့ ရုရှားနိုင်ငံ ဆီးဗားယားအရှေ့ဘက် …

.နေပြည်တော်မှ ကြောက်မက်ဖွယ်ရာ ဒုတိယမြောက် လူသတ် မီးရှို့ သဲလွန်စဖျောက်မှုကြီး နှင့် သေဆုံးသူ မိန်းကလေး၏ ဘဝ ဇာတ်ကြောင်

. .၂၉. ၁၀.၂၀၁၈ လူတွေတော်တော်ကြောက်ဖို့ ကောင်းလာပြီ …မိန်းကလေးတစ်ယောက်ကို ရက်ရက်စက်စက် လုပ်ရက်လိုက်ကြတာ။ ဒါပါနဲ့ဆို နေပြည်တော်မှာလူသတ် မီးရှို့ သဲလွန်စဖျောက်တာ ၂ ကြိမ်ရှိခဲ့ပြီ. . .ပထမအမှုလည်း ခုထိမပေါ်သေးဘူး. . . . ” ဒေါ်ခင်ထွေးဝင်းသန်း အကြောင်းသိရသမျှ …” 1997လောက်မှာ Hotelကြီးတစ်ခုရဲ့ အလွန်လှပသွက်လက်ထက်မြက်သော sales managerအဖြစ်နဲ့မြင်ဖူးခဲ့တယ် အားကျငေးမောခဲ့ ဖူးတယ် ၂၀၀၂ခုနှစ်ဝန်းကျင်လောက်ကျတော့ ဗိုလ်ချုပ်ဈေးဘေးက FMI Centerထဲမှာ Fashion accessoriesဆိုင်လေးဖွင့်တာတွေ့ တယ်ဘီးကုတ် ကလစ် ခါးပတ် ပိုက်ဆံအိတ် ရင်ထိုး လေးတွေ ရေမွှေးပုလင်းပိစိ ဆပ်ပြာခဲလေးတွေကအစလိုချင်စရာ Fancy ပစ္စည်းလေးတွေအစုံ . . . . BKKကနေ သွားဝယ်ပြီး ရောင်းတယ်အဲဒီ ကာလက …

.လက်စတာပိုင်ရှင် ရဟတ်ယာဉ် ဘာကြောင့် ပျက်ကျရသလဲ

. .အောက်တိုဘာလ ၂၇ ရက်နေ့က လက်စတာမြို့ လက်စတာအသင်း အိမ်ကွင်းမှာ ကစားတဲ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲအပြီး လက်စတာ အသင်းပိုင်ရှင် ထိုင်းနိုင်ငံသား ဗီချိုင်း စီဝတ်တနာ ပရာဖာ ပါတဲ့ ရဟတ်ယာဉ် ပျက်ကျတဲ့ အချိန်မှာ ရဟတ်ယာဉ် အမြီးပိုင်း ပန်ကာ အလုပ်လုပ်ပုံ မရတဲ့အတွက် လည်ထွက်ပြီး ပျက်ကျသွားပုံရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ BBC Burmese လက်စတာအသင်းကတော့ ရဲနဲ့ အရေးပေါ်ဌာန တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အသေးစိတ်ကို မကြာခင် ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ အဲဒီ ရဟတ်ယာဉ်ဟာ ဒေသစံတော်ချိန် ည ၈နာရီခွဲ အချိန်မှာ ပျက်ကျခဲ့တာ ဖြစ်ပြီး လက်စတာ အသင်းပိုင်ရှင် ထိုင်းနိုင်ငံသား ဗီချိုင်း စီဝတ်တနာ ပရာဖာ …

.နေအိမ်​အတွင်းအဲယားကွန်းမှတစ်ဆင့် မီး​လောင်​မှုဖြစ်​ပွား

. .​နေအိမ်​အတွင်းအဲယားကွန်း(safe guard)အပူလွန်​ကဲရာမှ မီး​လောင်​မှုဖြစ်​ပွား ပဲခူး ​အောက်​တိုဘာ ၂၉ အောက်​တိုဘာလ ၂၉ ရက်​​နေ့ မွန်းလွဲ (၁း၁၅) အချိန်​ခန့်​က ပဲခူးမြို့ စိန်​ထွန်းရပ်​ကွက်​ လက်​ဝဲသုန္ဒရလမ်းသွယ်​ရှိ​”ထိပ်​တန်း”​ရေခဲမုန့်​ လုပ်​ငန်းလုပ်​ကိုင်​သည့်​​နေအိမ်​​နောက်​ဖက်​မှ မီး​လောင်​မှုဖြစ်​ပွားခဲ့​ကြောင်းသိရသည်​။ ဖြစ်​စဉ်​မှာ အဆိုပါ​နေအိမ်​​နောက်​ဖက်​​ရှိ အဲယားကွန်း(safe guard)အပူလွန်​ကဲရာမှ အခန်းနံရံသို့မီးကူးစက်​​လောင်​ကျွမ်းခြင်းဖြစ်​ပြီး မီး​လောင်​မှု​ကြောင့်​ ​ပေ ၄၀×၃၀ ​ပေ ပတ်​လည်​ အုတ်​ညှပ်​၊သွပ်​မိုး၊ပျဉ်​ကာ၊ပျဉ်​ခင်း (၂)ထပ်​​နေအိမ်​​ဆောင်​ ​လောင်​ကျွမ်းကာ ဆုံးရှုံးမှုတန်​ဖိုး ကျပ်​ ငါးသိန်းငါး​သောင်းခန့်​ ဖြစ်​​ကြောင်းသိရသည်​။ အခင်းဖြစ်​​ပွား​သောနေရာသို့ ပဲခူးနယ်​​မြေမီးသတ်​စခန်း(၁)နှင့်​(၃)မှ မီးငြှိမ်းသတ်​ယာဉ်​(၄)စီး၊မီးသတ်​​ရေယာဉ်​(၂)စီးနှင့်​တာဝန်​သိပြည်​သူများ ဝိုင်းဝန်းငြိမ်းသတ်​​​ပေးကြသည်​။ အဆိုပါ မီး​လောင်​မှု​ကြောင့်​ မီး​ပေါ့ဆသူ ​နေအိမ်​ပိုင်​ရှင်​ ဦးသန်း​ဇော်​ထူး(ဘ)ဦးခင်​သန်းအား ပဲခူးမြို့မ အမှတ်​(၁)ရဲစခန်းမှ (ပ ၂၁၈၉/၂၀၁၈) ပြစ်​မှုဆိုင်​ရာပုဒ်​မ (၂၈၅) ဖြင့်​အ​ရေးယူ​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်း အဆိုပါစခန်းမှ သိရသည်​။ သတင်း-ဓာတ်​ပုံ ဟိန်းထက်​(ပြန်​ဆက်​) …

.သားလေးရဲ့ ၁၂ နှစ်ပြည့် မွေးနေ့အတွက် မိခင်တစ်ယောက် ရဲ့ ရင်တွင်းခံစားချက်များ နဲ့အတူမွေးနေ့ဆုတောင်း ပေးလိုက်တဲ့ စိုးမြတ်နန္ဒာ

. .နိုင်ငံကျော် သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်နန္ဒာ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။စိုးမြတ်နန္ဒာက သားလေးနဲ့ အတူ အလုပ်တွေကြိုးစားလုပ်ရင်း ဘ၀ကို အေးချမ်းစွာဖြတ်သန်းနေသူပါ။ လတ်တလောမှာလည်း သူမတို့ ညီအစ်မ လေးယောက် က မင်းသမီး ပိုးထည်တိုက်ကို ဖွင့်ထားတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးကတော့ စိုးမြတ်နန္ဒာ ရဲ့ သားလေး မြတ်သောမောင် ရဲ့ အသက် (၁၂) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။ ပရိသတ် ကြီးအတွက် စိုးမြတ်နန္ဒာက သားလေးအတွက် မွေးနေ့ဆုတောင်းပေးထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ စိုးမြတ်နန္ဒာက သားလေးမွေးနေ့အတွက် ပြောထားတာလေးက ” ၁၂ နှစ် မွေးနေ့ ကို ပိုင်ဆိုင်ပြီဖြစ်တဲ့ တစ်ဦးတည်းသောသား… သို့ ” လွန်ခဲ့တဲ့ ၁၂ နှစ်က …

.လမ်းခွဲချင်တဲ့ချစ်သူကို တစ်ကိုယ်လုံးမှာဆင်ထားတဲ့အဝတ်အစားတွေ အကုန်ပြန်ပေးဖို့တောင်းလိုက်တဲ့ ပိုပိုရဲ့ဗီဒီယို

. .ပရိသတ်တွေရဲ့ အချစ်တော်လေးပိုပိုကတော့ ယခုမှာ ပရိသတ်တွေတခဲနက်အားပေးမှုကို ရရှိနေတဲ့အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်တွေအသည်းစွဲအားပေးချစ်ခင်ရတဲ့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုပိုကတော့ ပရိသတ်တွေနှလုံးသားထဲကို အဆွေးသီချင်းလေးတွေနဲ့ ရောက်ရှိလာတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ ပိုပိုတစ်ယောက် ချစ်သူကောင်လေးက လမ်းခွဲမယ်လို့ ပြောလာတဲ့အပေါ် အလန်းစား TIK TOKဗီဒီယိုလေး တုန့်ပြန်ခဲ့ပါတယ်။ပိုပိုရဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြုံလေးတွေနဲ့ တုန်ပြန့်ထားတဲ့ အလန်းစား TIK TOKဗီဒီယိုလေးဟာ ပရိသတ်တွေကို ရယ်မောပျော်ရွင်စေခဲ့ပါတယ်။ ချစ်ပရိသတ်တွေလဲ ချစ်သူကလမ်းခွဲမယ်ဆိုရင် ပိုပိုရဲ့ TIK TOKဗီဒီယိုလေးအတိုင်း လိုက်လုပ်လို့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် ပရိသတ်အချစ်တော်ပိုပိုရဲ့ ချစ်သူကောင်လေးက လမ်းခွဲမယ်လို့ပြောတဲ့အပေါ် အပြုံးလေးတွေနဲ့တုန့်ပြန်လိုက်တဲ့TIK TOKဗီဒီယိုလေး ကို ဖော်ပြပေးလိုက်ပြီး အဆိုပါ TIK TOKဗီဒီယိုလေး ကို အောက်မှာကြည့်နိုင်ပါတယ်။ Unicode ပရိသတ်တွေရဲ့ အချစ်တော်လေးပိုပိုကတော့ ယခုမှာ …

.ချစ်သူရှိနေပြီဆိုတာ မိဘတွေကို ဘယ်လို ဖွင့်ပြောရမလဲ

. .မိဘရင်ခွင်ကလွဲရင် ဘာမှမသိတတ်ခဲ့တဲ့ သူတစ်ယောက်၊ အခုတော့ သင့်တော်တဲ့အချစ်တစ်ခုကို ရှာတွေ့ခဲ့ပြီ။ဒါပေမယ့် အချစ်က ချစ်နေရုံနဲ့မပြီးဘူးလေ။လူနှစ်ယောက်ပေါင်းစည်းဖို့ အသိုင်းအ၀ိုင်းနှစ်ဖက် တံတားခင်းပေးရသလို မိဘတွေ ရဲ့ ကောင်းချီးပေးမှုကိုလည်း ခံယူချင်သေးတယ်။ဒါဆိုရင် မိဘတွေကို ဘယ်လိုအသိပေးမလဲ။ကလေးလေးတစ်ယောက်လို ခုချိန်ထိ မြင်နေသေးတဲ့ အဖေအမေရဲ့ ကြင်နာ နွေးထွေးမှုတွေကို နားလည်အောင် ဘယ်လိုရှင်းပြရမလဲ။ကလေးတစ်ယောက်လိုပဲ ယူဆနေခဲ့ပြီး ဘ၀ခရီး လမ်းကို ကိုယ်တိုင်လျှောက်ဖို့ အတောင်စုံပြီဆိုတာ သိရင် စိတ်ချလက်ချနဲ့ ပျံသန်းခွင့်ပြုနိုင်ပါ့မလား။ မိဘတွေရဲ့ ကောင်း ချီးပေးခံရဖို့ အကောင်းဆုံးဖြစ်မယ့် နည်းလမ်းလေးတွေကို auntymay မှ စုစည်းဖော်ပြပေးလိုက်ပါတယ်။ အဖေနဲ့အမေဘယ်သူ့ကိုအရင်ပြောမလဲနှစ်ယောက်လုံးကို တပြိုင်နက်တည်းအသိပေးလိုက်တာက သူတို့အတွက် အကြပ်အတည်းဖြစ်စေသလို အခြေအနေကို ထိန်းချုပ်ဖို့ ခက်ခဲသွားနိုင်ပါတယ်။သမီးမိန်းကလေးအများစုကတော့ အမေ့ကို အရင်ပြောပြတတ်ကြပါတယ်။အမေကနေ တဆင့်အဖေ့ကို ဖျောင်းဖျပေးနိုင်ရင် အဖေနဲ့အမေနှစ်ယောက်လုံးရှေ့မှာ အခြေအနေကို အကောင်းဆုံးဖန်းတီးနိုင်မှာပါ။ အချိန်က …

.ပုသိမ်မြို့ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူဖို့ ရွှေဆိုင်းတင်ဒါခေါ်တဲ့ကိစ္စ မြန်မာ့ရိုးရာရွှေဆိုင်းပညာရှင်များအကြားဝေဖန်မှုရှိနေဟုဆို

. .ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ဖို့ ဂေါပကအဖွဲ့ရဲ့ရွှေဆိုင်းများ တင်ဒါခေါ်ယူခြင်းနဲ့ပတ်သက်ပြီး မြန်မာ့ရိုးရာလက်မှုရွှေဆိုင်းလုပ်ငန်းရှင်တွေကြား ဝေဖန်မှုတွေရှိနေပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့လဲ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဆီတင်ပြ မေတ္တာရပ်ခံ အကူအညီတောင်းသွားမယ်လို့ဆိုပါတယ်။ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ဖို့ ရွှေမုဋ္ဌောဘုရားဂေါပကအဖွဲ့က တင်ဒါခေါ်ယူတဲ့နေရာမှာ စက်ရွှေဆိုင်းတင်ဒါခေါ်ယူခြင်း ဆိုပြီးခေါ်ယူခဲ့တာကြောင့် ခုလိုဝေဖန်ပြောဆိုနေကြတာဖြစ်တယ်လို့ဆိုပါတယ်။ “ဧရာဝတီတိုင်းဝန်ကြီးချုပ်ဆီတင်ပြအကူအညီတောင်းသွားမယ်ပေါ့ဗျာ၊ ကျွန်တော်တို့က မေတ္တာရပ်ခံတာပါ၊ ရွှေတိဂုံဘုရားဂေါပကကတောင် မျက်ပါးရပ်ရွှေဆိုင်းတွေကို တင်ဒါခေါ်ယူနေချိန်မှာ ရွှေမုဋ္ဌောဂေါပကက စက်ရွှေဆိုင်းတင်ခေါ်ယူခြင်း ဆိုပြီးလုပ်လာတယ်၊ ဒါဟာ မဖြစ်သင့်တာပါ” လို့ မန္တလေးမြို့ မျက်ပါးရပ်က မြန်မာ့ရိုးရာလက်မှုရွှေဆိုင်းပညာရှင် အောင်တံခွန်ရွှေဆိုင်းလုပ်ငန်းပိုင်ရှင်ဦးဇော်မင်းအောင်ကဆိုပါတယ်။”စက်ရွှေဆိုင်းဆိုတာ မြန်မာပြည်မှာတရားဝင်မှတ်ပုံတင်ထားတာ တစ်ခုနှစ်ခုထက်မပိုပါဘူး၊ ကျွန်တော်တို့လူရာပေါင်းများစွာရှိတဲ့ ဒီ(မြန်မာ့ ရိုးရာလက်ရွှေဆိုင်း)လုပ်ငန်းကို ပစ်ပယ်ပြီးတော့ကာ တစ်ဦးနှစ်ဦးရှိတဲ့စက်ရွှေဆိုင်းကိုရွေးပြီး တင်ဒါခေါ်တယ်ဆိုတာကိုဝေဖန်တာပါ” လို့လဲ ဦးဇော်မင်းအောင်က ပြောပါသေးတယ်။ ရွှေဆိုင်းလုပ်ငန်းရှင်နောက်ထပ်တစ်ဦးဖြစ်တဲ့ ဦးမောင်စုကလည်း ဒီလို စက်ရွှေဆိုင်းတွေကိုပဲ တင်ဒါခေါ်ယူနေရင် မြန်မာ့ရိုးရာလက်မှုလုပ် ငန်းတစ်ခု ပျောက်ကွယ်သွားနိုင်သလို ဒီလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းကြသူတွေလည်း …

.အိမ်နီးနားချင်း ကြောင်မလေးကို ချစ်မိသွားပြီး ကြောင်မလေး ဆီ ၂နှစ်ဆက်တိုက် နေ့စဉ် လာလည်တဲ့ ကြောင်ထီးလေး

. .Sophie လေးဟာ အမွှေးဖွာဖွာလေးနဲ့ အရမ်းကို လှတဲ့ ကြောင်မလေး ဖြစ်ပါတယ် သူမ ကို ကြိတ်ပြီး crush နေရတဲ့ ကြောင်ထီးလေး Scottie ဟာ သူမအချစ်ကို ရဖို့အတွက် ၂နှစ်ကြာအောင် ပိုးပန်းခဲ့ရပါတယ်တဲ့ “Sophie လေးကို သိုင်းကြိုးလေး ဝတ်ပြီး လမ်းလျှောက်ထွက်တဲ့နေ့ လေးကပေါ့ Scottie လေးဟာ Sophie လေး လမ်းလျှောက်ပြီဆိုတာနဲ့ Sophie လေး ရဲ့ မလှမ်းမကမ်းကနေ ပြီး ခိုးခိုးကြည့်နေခဲ့တာ” လို့  Sophie ပိုင်ရှင် က Love Meow ကို ပြောခဲ့ပါတယ်။ “Scottie ဟာ Sophie ကို အဝေးကနေ အမြဲစောင့်ကြည့်နေပြီး မျက်စိအောက်ကနေတောင် လုံးဝ အပျောက်မခံခဲ့ပါဘူး …