ချစ်ရတဲ့ သူငယ်ချင်းလေး မိုးစက်ဝိုင်ကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ အောန်ဆိုင်း
ဆိုးအတူ ကောင်းအမျှ အနားမှာအတူရှိပေးတဲ့ သူငယ်ချင်းကောင်းဆိုတာ တန်ဖိုးဖြတ်မရတဲ့ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုမို့ လူသားတိုင်လိုချင်ကြမှာ မလွှဲမသွေပါပဲ။ အဆိုပါသူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားတဲ့ အောန်ဆိုင်းကတော့ လတ်တလောမှာ ပရိသတ်တွေအားကျရအောင် သူနဲ့မိုးစက်ဝိုင်တို့ရဲ့သူငယ်ချင်သံယောဇဉ်ကို ချပြလိုက်တာ တွေ့ရပါတယ်။ အောန်ဆိုင်းကတော့ ဒီနေ့လေးမှာ ကျရောက်တဲ့ မိုးစက်ဝိုင်ရဲ့မွေးနေ့လေးအတွက် ဆုတောင်းစကားပြောရင်း နှစ်ယောက်အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်တွေကို တင်လိုက်တာပါ။ ခရီးတွေ အတူထွက်ရင်း ပျော်စရာအကောင်းဆုံးအချိန်တွေမှာ အတူရှိခဲ့ကြတဲ့ အောန်ဆိုင်းတို့သူငယ်ချင်းနှစ်ဦးရဲ့ပုံတွေကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းပါတယ်နော်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ချစ်ရတဲ့ သူငယ်ချင်းလေး မိုးစက်ဝိုင်ကို အမှတ်တရပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ အောန်ဆိုင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ အောန်ဆိုင်းကတော့ “ကို့ရဲ့ အချစ်ဆုံးကြီး မွေးနေ့မှာ ပျော်ရွှင်ပါစေ 🙏🏼❤️🎉 I’m so grateful & blessed to know that …
စိတ်ရင်း ကောင်းလွန်းလို့ မကြာခဏ ဝမ်းနည်း ရတဲ့ နှလုံး အလှဆုံး ရာသီခွင် ( ၃ ) ခု
စိတ်ကောင်း ရှိတဲ့ သူတွေဟာ ဘယ်တော့ မဆို သူများ တွေထပ် ပိုပြီး ဝမ်းနည်း စရာ တွေကို ခဏခဏ ကြုံတွေ့ ရသူ တွေပါ ။ သစ္စာဖောက် ခံရတာ ၊ နောက်ကျော ဓားထိုး ခံရတာ ၊ လိုသုံး ခံရတာ မျိုးတွေ ဟာ စိတ်ရင်း ကောင်းတဲ့ သူတွေပဲ ကြုံရ တာပါ ။ ခု ဖော်ပြ ပေးမှာ ကတော့ စိတ်ထား ကောင်းလွန်း လို့ မကြာ ခဏ စိတ်ဒဏ်ရာ ရရတဲ့ ရာသီခွင် တွေပဲ ဖြစ်ပါ တယ် ။ ( 1 ) Sagittarius ( November …
ချစ်သူရဲ့ အလိုလိုက်ချင်းခံရတဲ့ ကောင်မလေးတွေမှာ ဒီလိုအချက် ( ၅ ) ချက်ရှိပါတယ်…
မိန်းကလေးတွေဟာ ပင်ကိုယ်သဘာဝကိုက ဆိုးချင်နွဲ့ချင်၊ ချွဲချင်တဲ့သူတွေပါ။ ဒါကြောင့်မို့ပဲ ကိုယ့်ကိုဖူးဖူးမှုတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားပြီဆိုရင် တမင်တကာ ဆိုးတတ်ကြပါတယ်။ ဒါပေမယ့် ချစ်စရာကောင်းအောင်ပဲ ဆိုးတာပါနော်။ တစ်ခါတလေ အဆိုးလွန်သွားလို့ ချစ်သူကို ဝမ်းနည်းအောင်၊ စိတ်ဆိုးအောင် လုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကို ကြိတ်ပြီး အပြစ်တင်နေတတ်တာလည်း သူတို့ပါပဲ။ ချစ်သူက ဖူးဖူးမှုတ် ချစ်မှန်းသိလို့ ဆိုးနေတဲ့ ကောင်မလေးတွေဆိုတာ ဒီလိုပါ။ (၁) ထစ်ခနဲ့ရှိ စိတ်ကောက် ချစ်သူက ဖူးဖူးမှုတ် ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ ကောင်မလေးတွေဆိုတာ ထစ်ခနဲရှိ စိတ်ကောက်တတ်တဲ့ သူလေးတွေပါ။ ချစ်သူက ကိုယ်ပြောသလိုမလုပ်၊ မနေပဲ နည်းနည်းလေး ချွတ်ချော်သွားတာနဲ့ ချက်ချင်းစိတ်ကောက်တတ်တဲ့ သူလေးတွေပါ။ ကိုယ်ကောင်းဖို့အတွက်ဆိုရင်တောင် လက်မခံပဲအတင်းစိတ်ကောက်နေတာမျိုးပါ။ ထစ်ခနဲ့ရှိ စိတ်ကောက်လို့ ချက်ချင်းစိတ်ပြေမယ်တော့ မထင်လိုက်ပါနဲ့၊ ချော့ရလည်း အင်မတန်ခက်ပါတယ်။ …
လက်မလွှတ်သင့်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမူအကျင့် ( ၅ ) ရပ်
သင့်ချစ်သူမိန်းကလေးမှာ ဒီလိုအချက်လက်တွေနဲ့ ပြည့်စုံနေရင် သင်သူမကို လုံးဝလက်မလွှတ်ပါနဲ့။ (၁) သူမက သင့်ထက်ပိုတော်တယ် သင်သူမကိုပြောပြသမျှ အကြောင်းအရာတွေအားလုံးကို သူမသိနေတယ်။ သူမဟာအရာရာကို အမြဲတမ်းစူးစမ်းလေ့လာလေ့ရှိတယ်။ ဒါ့အပြင် သူမဟာအမြဲတမ်း ကြိုးစားနေတဲ့ လုံးဝအပျင်းမကြီးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်။ ဒီလိုမျိုးမိန်းကလေးကို ချစ်သူတော်ထားရပြီးဆိုရင်တော့ သင်အရမ်းကို ကံကောင်းနေပါပြီ။ သူမကိုလက်လွတ်မခံပါနဲ့။ သင်ကိုယ်တိုင်လည်း သူမရဲ့လက်တွဲဖော်တစ်ယောက်ပီသအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ (၂) သူမက ရိုးသားကြင်နာတယ် သင်ဆုံးဖြတ်ချက်အမှားတွေနဲ့ လုပ်ရပ်အမှားတွေ လုပ်မိ/ ပြောမိရင် သူမဟာ သင့်ကို အဲဒီလိုမလုပ်ဖို့ အမြဲသတိပေးပါလိမ့်မယ်။ သူမကိုယ်တိုင်လည်း ဘဝကို ဖြူဖြူစင်စင်နဲ့ ရိုးသားစွာ ဖြတ်သန်းနေသူလေး ဖြစ်ပါတယ်။ သူမဟာ သနားကြင်နာစိတ်လည်းအပြည့်ရှိပြီး သူမကြောင့် အခြားလူတွေ နာကျင်ထိခိုက်အောင် ဘယ်တော့မှလုပ်မှာ မဟုတ်ပါဘူး။ (၃) သူမက အကောင်းမြင်ဝါဒီပါ အဆိုးမြင်တဲ့ …
တန်ဖိုးရှိတဲ့မိန်းကလေးတွေဆိုတာ အချစ်ရေးနဲ့ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်မျိုးရှိသူတွေပါ…
မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဟာ သူများက သတ်မှတ်ပေးရတာမဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် သတ်မှတ်တာမျိုးပါ။ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ သူ့ကိုတန်ဖိုးထားခြင်းတွေက သူ့ရဲ့တန်ဖိုးကို ဖော်ပြနေတာဖြစ်ပါတယ် အခုဖော်ပြပေးမှာကတော့ တန်ဖိုးရှိတဲ့မိန်းကလေးတွေဟာ အချစ်ရေးနဲ့ပတ်သက်ရင် ဘယ်လိုပြုမူတတ်သလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချတတ်သလဲ ပြီးတော့ ဘယ်လိုစိတ်ဓာတ်ရှိသလဲ ဆိုတာပါပဲ။ တကယ်လို့ သင်ဟာဒီအချက်တွေနဲ့ ကိုက်ညီနေခဲ့ရင် တန်ဖိုးရှိတဲ့မိန်းကလေးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။ (၁) မချစ်သင့်တဲ့သူကို မချစ်ဘူး… ဒီလိုမိန်းကလေးတွေအနေနဲ့ မချစ်သင့်တဲ့သူတွေကို ဘယ်တော့မှ ချစ်မိမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ ကိုယ်ကျင့်တရားဖောက်ပြန်တာ၊ လူမှုရေးဖောက်ပြန်တာမျိုးတွေကို အရမ်းမုန်းပြီး အဲလိုမဖြစ်အောင်လည်း အရမ်းဂရုစိုက်ကြပါတယ်။ မချစ်သင့်တဲ့သူမျိုးကိုဆို အစကတည်းက မပတ်သက်မိအောင် နေတတ်ကြပါတယ်။ ဒါကြောင့်မို့လည်းသူတို့ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး နာမည်ပျက်မရှိပါဘူး။ (၂) ကိုယ့်ကိုမလိုချင်တဲ့သူဆီမှာ မတွယ်ကပ်ဘူး… ဒီလိုမိန်းကလေးတွေဟာ လူတစ်ယောက်ကိုယ့်ကို မချစ်တော့ဘူး၊ မလိုချင်တော့ဘူး၊ ကောင်းကောင်း တန်ဖိုးမထားတော့ဘူးဆိုရင် …
ဘာသာစကား ၁၅ မျိုး ပြောနိုင်လို့ လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့တဲ့ ဈေးသည်လေး ပညာသင်ခွင့်ရ
ဘာသာစကား ၁၅ မျိုး ပြောနိုင်လို့ လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့တဲ့ ဈေးသည်လေး ပညာသင်ခွင့်ရ ကမ္ဘောဒီးယားစီးပွားရေး လုပ်ငန်းရှင်တဦးက အဲဒီဈေးသည်လေးကို တရုတ်နိုင်ငံမှာ ကျောင်းထားပေးတာ ဖြစ်ပါတယ်မလေးရှားနိုင်ငံက Travel Blogger ဖြစ်တဲ့ Venus Gwc က ကမ္ဘောဒီးယားနိုင်ငံကို လည်ပတ်ရင်းနဲ့ ရိုက်ကူးလာခဲ့တဲ့ ဗီဒီယိုတခုကို အင်တာနက် အသုံးပြုသူတိုင်း ကြိုက်နှစ်သက်ခဲ့ပါတယ်။ အဲဒီ ဗီဒီယိုမှာ ကမ္ဘောဒီးယားနိုင်ငံက ဘာသာစကား ၁၅ မျိုးနဲ့ ဈေးရောင်းနိုင်တဲ့ ဈေးသည်လေးကို အားလုံးမှတ်မိဦးမယ် ထင်ပါတယ်။ ဒီဗီဒီယိုဟာ Facebook မှာ မျှဝေသူ ၃ သောင်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ လူမှုကွန်ရက်ရဲ့ ကောင်းကျိုးကြောင့်ပဲ အဲဒီဈေးသည်လေးဟာ အခုဆိုရင် ကျောင်းတက်ရတော့မှာ ဖြစ်ပါတယ်။မေလ ၁၂ရက်နေ့မှာ ကမ္ဘောဒီးယားစီးပွားရေး လုပ်ငန်းရှင်တဦးက အဲဒီဈေးသည်လေးကို …
စိတ်ကျန်းမာရေးဆေးရုံကြီးတွင် အမေရိကန်နိုင်ငံသား စိတ်ဝေဒနာ လူနာမှ ဆေးရုံအုပ်ကြီး ကားကို မောင်းပြီးထွက်ပြေး
စိတ်ကျန်းမာရေးဆေးရုံကြီးတွင် အမေရိကန်နိုင်ငံသား စိတ်ဝေဒနာ လူနာမှ ဆေးရုံအုပ်ကြီး ကားကို မောင်းပြီးထွက်ပြေး မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဝန်ကြီးဌာန၊ စိတ်ကျန်းမာရေးဆေးရုံကြီးတွင် တက်ရောက်ကုသရန် စစ်ဆေးမှုခံယူနေသည့် အမေရိကန်နိုင်ငံသားက ဆေးရုံအုပ်ကြီး၏ကားကိုယူမောင်းပြီး ထွက်ပြေးမှု မေ ၁၉ ရက် ညနေ ၄နာရီခန့် က ဖြစ်ပွားခဲ့သည်။ အမေရိကန်နိုင်ငံသားက ရုတ်တရတ် ရောဂါဝေဒနာ ပြင်းထန်လာပြီး စိတ်ဖောက်ပြန်ကာ ခေါင်မိုးပေါ်မှတစ်ဆင့်ထွက်ပြေး၍ ဆေးရုံအုပ်ကြီး၏ကားကိုမောင်းနှင်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ထွက်ပြေးသွားသည့် ゞင်းကို ၄၅မိနစ်အကြာတွင် ဆေးရုံအနီးရှိ တိုးဂိတ်၌ဝိုင်းဝန်ဖမ်းဆီးခဲ့ရကြောင်း မန္တလေးစိတ်ကျန်းမာရေး ဆေးရုံအုပ်ကြီး ဒေါက်တာအေးသူအောင်က ပြောသည်။ နည်းနည်းကြမ်းတဲ့ ရောဂါလူနာသည်တွေကို ထားတဲ့အဆောင်ဘက်ကဖြစ်သွားတာပေါ့။ လောလောဆယ် ရောဂါသည်ရဲ့ လူနာရှင်တွေကို မေးမြန်းနေချိန်မှာ ရာသီဥတုကလည်း နည်းနည်းပူတော့ သူကအင်္က࿿ျီတွေဘာတွေ ချွတ်ထားတယ်။ သူ့ကို ထိန်းသိမ်းထားတဲ့နေရာကတစ်ဆင့် အဆောင်ထဲက သစ်ပင်ပေါ်တက် ခေါင်းမိုးကတစ်ဆင့် …
လမ်းဘေးခွေးရှင်းလင်းသူတွေကို ခွေးချစ်သူဆိုသူတွေက ပြဿနာရှာမှုတွေရှိနေ
လမ်းဘေးခွေးရှင်းလင်းသူတွေကို ခွေးချစ်သူဆိုသူတွေက ပြဿနာရှာမှုတွေရှိနေ ရန်ကုန်ရှိမြို့နယ်အချို့မှာ လေလွင့်ခွေးတွေကို ဖမ်းဆီးပြီး ခွေးဂေဟာကိုပို့တဲ့ အစီအစဉ်ကိုဆောင်ရွက်နေပေမယ့် တာဝန်ရှိသူတွေ လုပ်ငန်းလုပ်ဆောင်နေတာကို တိရိစ်ဆာန်ချစ်သူများဆိုတဲ့ လူတစ်စုက ကို ပြဿနာရှာပြီး ခွေးများ လုယူမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ဒီနေ့ မေလ ၂၀ ရက်နေ့မှာပဲ ဒုတိယမြို့တော်ဝန်ရဲ့စီမံမှုနဲ့ လမ်းဘေးခွေးတွေကို လှိုင်မြို့နယ်က ခွေးဂေဟာကို ပို့ဆောင်ဖို့ စီစဉ်နေစဉ်မှာပဲ တိရိစ်ဆာန်ကာကွယ်ရေးက ဆိုပြီး လူတစ်စုက ပြဿနာရှာ လုယက်ခဲ့တာဖြစ်ပါတယ်။ “သူတို့ ဖမ်းတာကို လာတား၊ခွေးကိုလဲ လုယူတယ်။ ဒီကိစ္စကို ဒုမြို့တော်ဝန်ဆီတင်ပြထားတယ်။”လို့ ကျောက်တံတားစည်ပင်ဥက္ကဌက Duwun ကိုပြောပါတယ်။ဒီလိုဖြစ်စဉ်ဖြစ်ခဲ့တာကြောင့် စည်ပင်သာယာရေးကော်မတီအနေနဲ့ လမ်းဘေးခွေးတွေဖမ်းဆီးပြီး ခွေးဂေဟာ ပို့ဆောင်ကာ မျိုးဆက်ခြားပေးတဲ့ အစီအစဉ်ကို ယာယီရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။ ခွေးရူးရောဂါဖြစ်ပွားမှုနဲ့ လေလွင့်ခွေးတွေများပြားလာတာကို မြန်မာနိုင်ငံ တိရစ်ဆာန်ဆေးကုဆရာဝန်များအသင်းနဲ့ ထိုင်းနိုင်ငံ Mission Rabies,WVS …
မျက်နှာတည်နေတိုင်း စိတ်ဆိုးနေတာမဟုတ်ဘူးဆိုတဲ့ ရွှေအိမ်စည်
အားလုံးပဲသိထားကြတဲ့ Miss Golden Land Myanmar အလှမယ်ရွှေအိမ်စည် ကတော့ ပရိသတ်တွေသဲသဲလှုပ်အားပေးရတဲ့သူလေးပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေလက်ဝယ်ပိုင်ဆိုင်ထားတဲ့ သူမကို ယောက်ျားလေး ပရိသတ်တွေသာမက မိန်းကလေး ပရိတ်သတ်တွေကပါ ချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ အမြဲတမ်းလိုလို ရုပ်တည်နဲ့နေတတ်တဲ့သူမပုံစံကို လက်မခံတဲ့သူတွေရှိကြသလို လက်ခံတဲ့ အမာခံပရိသတ်တွေကျပြန်တော့လည်း အဲ့ဒီလိုမျိုး ရုပ်တည်လေးကိုမှ ချစ်နေရတာပါတဲ့နော်။ သူမကိုယ်တိုင်ကလည်း ဒီလိုရုပ်တည်နဲ့နေလို့ စိတ်ဆိုးနေတဲ့ပုံပေါက်တာ တကယ်တမ်းစိတ်ဆိုးနေလို့မဟုတ်ပါဘူးဆိုတဲ့အကြောင်းကို “ကျမ မျက်နှာကတည်နေရင် အဲ့လိုပဲ စိတ်ဆိုးနေတာလည်းဟုတ်ဘူး ဘူနေတာလည်းမဟုတ်ဘုး အဲ့ဒါပုံမှန် စိတ်ဆိုးရင်အဲ့ထက် အဆမတန်ဆိုးတယ်” ဆိုပြီး ပြောထားပါသေးတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ဟန်မဆောင်တတ်တဲ့ သူမရဲ့အပြုမူ အပြောဆိုလေးတွေကလည်း သူမကိုပရိသတ်တွေချစ်ရတဲ့ အကြောင်းတွေထဲကတစ်ခုပါပဲ။ ရွှေအိမ်စည်ကတော့ အမြဲလိုလို ရုပ်တည်နဲ့နေတတ်တယ်ဆိုပေမယ့် တစ်ခါတစ်လေ ရီလိုက်ပြန်ရင်လည်း အသည်းတွေကြွေသွားရပါတယ်နော်။ သွက်သွက်လက်လက် ထက်ထက်မြတ်မြတ်နဲ့ အိမ်စည်လေးကတော့ အမြဲတမ်း ဖက်ရှင်အလန်းစားတွေဝတ်တတ်လွန်းတာကြောင့် …