Celebrity

ဟဲဗီးဖြိုးနဲ့ အမှတ်တရတွေကို ပြောပြသွားတဲ့ ယွန်းယွန်း

အရွယ်ရောက်လာတဲ့အချိန်မှာ နန်းဆန်တဲ့ အလှနဲ့ အားလုံးရဲ့ အားပေးလက်ခံမှုကိုရရှိခဲ့ပြီး ကလေးသရုပ်ဆောင်ဘဝကတည်း သရုပ်ဆောင်ကောင်းလွန်းတဲ့ ယွန်းယွန်းကိုတော့ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးနေစရာလိုမယ်မထင်ပါဘူး ။ အခုသူနဲ့ Myanmar Celebrity နဲ့ အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းလေးတွေကိုပရိသတ်ကြီးသိအောင် ပြောပြပေးလိုက်ပါတယ် ။ ယွန်းယွန်းက ဟဲဗီးဖြိုးနဲ့ အိစိကွေးတို့နဲ့ မတွေ့ဖြစ်တော့တဲ့ အကြောင်းကို “ တွေ့လားဆိုတော့ မတွေ့ဖြစ်တာတောင် အရမ်းကြာပြီ ကိုဟဲဗီးဖြိုးတို့နဲ့ အိစိကွေးတို့နဲ့ အဆက်အသွယ်ကအရမ်းပြတ်နေတာဆိုတော့ သူတို့ကိုတော့ ငယ်ငယ်တုန်းက အမြဲတမ်းအတူတူတွဲပြီးရိုက်ခဲ့တာဆိုတော့ ညီမကလည်း ရှုတင်မှာနေတဲ့အချိန်က များတယ်ဆိုတော့ သူတို့နဲ့ပဲ ရှုတင်မှာဆော့တယ် နေတယ်ဆိုတော့လေ မောင်နှမတွေလိုပါပဲ အခုတော့ မတွေ့တာကြာပြီ ။ ကိုဟဲဗီးဖြိုးကလေ ညီမထက်စာရင် ငါးနှစ်လောက်ကြီးတာပေါ့ ဒါပေမယ့်လူတွေက ရွယ်တူလို့ပဲထင်တယ် ။ အရမ်းသဘောကောင်းတယ် စိတ်ထားလည်းပြည့်ဝတယ် အငယ်တွေဆိုရင်လည်း သူတွဲခေါ်ချင်တဲ့စိတ်ရှိတယ် ။ သူနဲ့အလုပ်လုပ်ရတာ …

သူ့ပို့စ်အောက်မှာ ဈေးလာရောင်းသူကို ပညာသားပါပါနဲ့ ချစ်စရာကောင်းအောင် တုံ့ပြန်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်တွေ ဆယ်စုနှစ်တစ်ခုမက အားပေးခဲ့ရတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မြန်မာနိုင်ငံက အအောင်မြင်ဆုံး အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း လူပျိုကြီးအဖြစ် တစ်ကိုယ်တည်း အေးဆေးစွာ နေထိုင်နေဆဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာလည်း သီချင်းတွေဆိုရင်း ပရိသတ်တွေကို ပျော်ပျော်ကြီး ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ စကားပြောတတ်လွန်းပြီး အနေတတ်လွန်းလို့ လို့ ပရိသတ်တွေ ချစ်ရတဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီတစ်ခေါက်မှာလည်း သူလုပ်ခဲ့တဲ့ အပြုအမူတစ်ခုကြောင့် ပရိသတ်တွေ သဘောကျပြီး ရယ်စရာဖြစ်ခဲ့ရပါတယ်။ အဲ့ဒါကတော့ စိုင်းစိုင်းခမ်းလှိုင်တင်ထားတဲ့ ပိုစ့်အောက်မှာ ဈေးလာရောင်းတဲ့ ပရိသတ်တစ်ဦးကို စိုင်းစိုင်းက မထင်မှတ်ထားတဲ့ စကားပြောပြီး စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းက သူ့ပို့စ်အောက်မှာ ဈေးလာရောင်းသူကို “ကျွန်တော့ ပို့စ်မှာဝင်ကြော်ငြာရင် ၂၀၀၀ …

‘မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်’ ကို ကိုယ်တိုင်ဇာတ်ညွှန်းရေးမယ်ဆိုတဲ့ ဆရာမ ဂျူး

စာရေးဆရာမ ‘ဂျူး’ ရေးသားတဲ့ ‘မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်’ ဝတ္ထုကိုတော့ ဒါရိုက်တာမီးပွား ရိုက်ကူးမှာဖြစ်ပြီး ဒေါင်း၊ ပိုင်ဖြိုးသုနဲ့ စိုင်းစည်တွမ်ခမ်းတို့က သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဝတ္ထုထဲကဇာတ်ကောင် ယုမော်နဲ့သက်နှင်းအိမ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းတဲ့နေရာမှာ အခက်အခဲရှိမှာစိုးတဲ့အတွက် ဆရာမဂျူးကိုယ်တိုင် ဇာတ်ညွှန်းရေးသားသွားမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်ဇာတ်ညွှန်းရေးဖြစ်တဲ့ အကြောင်းရင်းအတိအကျကိုတော့ ဆရာမဂျူးက ခုလိုဖြေကြားသွားပါတယ်။ “ဒီဝတ္ထုသည် ရုပ်ရှင်ရိုက်ရသိပ်ခက်မယ်လို့ အားလုံးကထင်တယ်။ ကျွန်မ ကိုယ်တိုင်ကလည်း ထင်တယ်။ ဖြစ်နိုင်လို့ရှိရင် ဝတ္ထုထဲကရသအတိုင်း ပေးချင်တာပေါ့နော်။ ဒါပေမဲ့လည်း ကိုယ်သည် ဇာတ်ညွှန်းရေးတဲ့နေရာမှာ ကျွမ်းကျင်သူမဟုတ်။ သို့သော် ကျွန်မကိုဇာတ်ညွှန်းရေးဖို့ အကူအညီတောင်းတဲ့အခါမှာ ရေးကြည့်မယ်ပေါ့။ ကျွန်မ ဇာတ်ညွှန်းရေးခဲ့ဖူးတယ်။ နှစ်ခုလုံးကို ကျွန်မ မကြိုက်ဘူး။ အခုက တတိယမြောက်ဇာတ်ညွှန်းဖြစ်တော့ ဒီထက်ပိုကြိုးစားပြီးတော့ ရေးထားပါတယ်။ ဘာကြောင့်ရေးဖြစ်သွားလဲဆိုရင်တော့ ဒါရိုက်တာရော ကျွန်မရော တူတူပုံဖော်ကြည့်ချင်တဲ့အတွက်ကြောင့်ပါ။” …

ရေစကြိုတစ်ဖက်ကမ်းက ပခန်းမင်းရဲ့ နတ်နန်းကို သွားရောက်ဦးတိုက်ခဲ့တဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော်မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ကျရာဇာတ်ရုပ်အတိုင်း သူမကိုယ်သူမ ပြောင်းလဲပြီး သရုပ်ဆောင်တိုင်သူလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ ထူးခြားတဲ့ အနုပညာပါရမီကြောင့် နိုင်ငံတကာက အနုပညာရှင်တွေနဲ့ တွဲဖက်ပြီး ရုပ်ရှင်တွေ ရိုက်ကူးနိုင်သလို ပြည်တွင်းမှာလည်း ဒိတ်ဒိတ်ကြဲ အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်တာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ ဒေါင်း၊ အေးဝတ်ရည်သောင်းတို့နဲ့အတူတူ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့ ရေစကြိုမြို့နယ်ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နံနက်မှာတော့ ဝတ်မှုံရွှေရည်က ရေစကြိုတစ်ဖက်ကမ်းမှာရှိတဲ့ ပခန်းမင်းကိုကြီးကျော်ရဲ့ နတ်နန်းမှာ ဖြုံဘူးရွာသူ မခင်နှောင်းအဖြစ် သရုပ်ဆောင်ဖို့ သွားရောက်ခွင့်တောင်း ဦးတိုက်ခဲ့တယ်လို့ သိရပါတယ်။ စာရေးဆရာမ ခင်ခင်ထူးရဲ့ “ဝတ်လဲတော်ရွှေပုဆိုး တန်းထို့လို့ကြိုမယ်” ဝတ္ထုကို ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်မှာဖြစ်ပြီး ကိုကျီးညိုအဖြစ် ဒေါင်း၊ ခင်နှောင်းအဖြစ် ဝတ်မှုံရွှေရည်၊ …

စောင့်ထိန်းအပ်တဲ့ လူမှုစည်းကမ်းတစ်ခု ကိုပြောပြလာတဲ့ စိုင်းစိုင်း နဲ့ ချစ်သုဝေ

Zawgyi ပြည်သူလူထုတွေကြားမှာ အရမ်းကို ဟစ်ဖြစ်နေတဲ့ ဗစ်တိုးရီးယားလေးကိစ္စနဲ့ ပတ်သက်ပြီး အနုပညာရှင်များစွာက ၀န်းရံခဲ့ကြပါတယ်။ ဒီလိုဝန်းရံကြတဲ့ နေရာမှာ ချစ်သုဝေ နဲ့ လင်းလင်းတို့ ကတော့ အစွမ်းကုန်ကူညီခဲ့ကြသူတွေပါ။ ယနေ့မှာတော့ သမီးလေးနဲ့ ပတ်သက် တဲ့ သတိထားရမယ့် အကြောင်းအရာတွေကို ပြောထားတဲ့ မေတ္တာရပ်ခံပန်ကြားချက်ကို ပြန်လည်မျှဝေရင်း စောင့်ထိန်းအပ်တဲ့ လူမှုစည်းကမ်းဘဲ ဆိုကာ အဆိုတော်၊သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် နဲ့ ချစ်သုဝေတို့က ရေးသားဖော်ပြခဲ့ပါတယ်။ မေတ္တာရပ်ခံပန်ကြားချက် ထဲမှာတော့ သမီးတို့မိသားစုဟာ တရားရုံးကို လာရောက်ထွက်ဆိုဖို့ရှိတာကြောင့် အဲ့ဒီအချိန်မှာ သမီးလေး အပါအ၀င် မိသားစုတွေရဲ့ ဓါတ်ပုံကို ရိုက်ကူးခြင်း၊ မျှဝေခြင်းတွေ လုံးဝမလုပ်ကိုင်ဖို့ တောင်းပန်ထားပါတယ်။ သူတို့ရဲ့ မေတ္တာရပ်ခံချက် အပြည့်အစုံကတော့ “သမီးလေး ဗစ်တိုးရီးယားနဲ့ မိသားစု တရားရုံးကို လာရောက်ထွက်ဆိုတဲ့အခါ မိသားစုဝင်တွေနဲ့ …

အိမ်သာတတ်ရင် တံခါးဖွင့်ပြီးမှတက် တတ်တယ်ဆိုတဲ့ ထက်ထက်ထွန်း

Zawgyiဖြင့်ဖတ်ရန် စည်ပင် ရွေးကောက်ပွဲမှာ အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး လူသိများလာတဲ့ အလှမယ် ထက်ထက်ထွန်းကတော့ လက်ရှိမှာ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မော်ဒယ်တယောက် ဖြစ်နေပါပြီ။ ထက်ထက်ထွန်းကတော့ ပြီးခဲ့တဲ့ လပိုင်းတုန်းက ရုပ်ရှင်ရိုက်ရင်း ဒူးဒဏ်ရာရရှိခဲ့ပါသေးတယ်။ ထက်ထက်ထွန်းက ဒူးဒဏ်ရာနဲ့ ပတ်သက်ပြီး ပြောကြားသွားသလို သူဘာတွေကို ကြောက်တတ်လည်းဆိုတာကို ပြောသွားခဲ့ပါတယ်။ ထက်ထက်ထွန်းကတော့ Trend နဲ့ အင်တာဗျူးမှာတော့ အက်ရှင်ကားတွေ ရိုက်ဖို့ စိတ်ဓါတ်ကျနေပြီလားဆိုတဲ့ အပေါ်မှာတော့ “မကျပါဘူး။ ဒူးခေါင်းနာမှာပဲ ကြောက်တော့တာ။ ဖြစ်ပြီးသားနေရာထက် မဖြစ်သေးတဲ့နေရာကို လာဖြစ်မှာကြောက်တာ။ ဆရာဝန်ကတော့ သတိသိပ်မပေးပါဘူး။ အိမ်ကတော့ နင်အက်ရှင်ကားတွေ မရိုက်ရတော့ဘူး။ နင်က လုပ်ချင်စိတ်တွေ အရမ်းများတယ်။ ကိုယ့်ကိုကိုယ်လည်း မိန်းကလေးဆိုတာ သိဦးပေါ့။ အဲ့လိုပြောတာတွေတော့ ရှိပါတယ်” ကြောက်လို့ မရိုက်ဖြစ်တော့တာလားဆိုတဲ့ အပေါ်မှာတော့ …

ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ စဉ်းစားထားတယ်ဆိုတဲ့ နော်ဖောအယ်ထား

Zawgyiဖြင့်ဖတ်ရန် အတွင်းရေးမှူးကင်နဲ့ တူတယ်ဆိုပြီး နာမည် ကြီးသွားတဲ့ နောဖောအယ်ထားက တက်သစ်စ သရုပ်ဆောင် တစ်ယောက် ဖြစ်ပါတယ်။ ကြော်ငြာတွေနဲ့ သီချင်းဗီဒီယိုတွေ လက်ခံရိုက်ကူးနေသလို ခရီးထွက်ရတာလည်း ကြိုက်နှစ်သက်သူပါ။ အိန္ဒြာကျော်ဇင်တူမ မေတိုးခိုင်နဲ့ သူငယ်ချင်းတွေ ဖြစ်သလို အမြဲတမ်း တတွဲတွဲ တွေ့ရလေ့ ရှိပါတယ်။ စင်္ကာပူမှာ ဒီပလိုမာဘွဲ့ယူထားတဲ့ နော်ဖောအယ်ထားက စီးပွားရေးကို စိတ်ဝင်စားတဲ့အကြောင်း ခုလို ပြောသွားပါတယ်။ “လွန်ခဲ့တဲ့ တစ်နှစ်က ကျောင်းသွားတက်တော့ ဒီပလိုမာ ဘွဲ့လေး သွားယူခဲ့တာပါ။ စင်္ကာပူမှာ ရှိတဲ့ SHRM College မှာ ညီမ စိတ်ဝင်စားတဲ့ စီးပွားရေးပိုင်းကို သင်ယူခဲ့တာပါ။ ကျောင်းပြီးထားတာက ပြင်သစ်ဘာသာနဲ့ဆိုတော့ ကျောင်းပြီးတော့ ကိုယ် ဘာဝါသနာပါလဲ ပေါ့နော်။ စီးပွားရေးကတော့ ငယ်ငယ်တည်းက လုပ်ချင်တာပါ။ ဒါကြောင့် …

ပရိသတ်တွေ နမ်းဖို့ ပါးလေးကို အမြဲဖွင့်ပေးထားတယ် ဆိုတဲ့ ကောင်းမြတ်စံ

Zawgyiဖြင့်ဖတ်ရန် မန္တလေးသားလေး ကောင်းမြတ်စံက Forever Group ရဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ MRTV-4 က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေမှာ အချိန်ပြည့် နေရာယူထားတဲ့ ကောင်းမြတ်စံက ပရိသတ် အချစ်တော် ဖြစ်လို့ နေပါတယ်။ ပရိသတ်တွေကို ဆွေမျိုးလို သဘောထားတဲ့ ကောင်းမြတ်စံက Cathy Doll ပွဲမှာ ပရိသတ်ကောင်မလေးကို ဒူးထောက်နမ်းဖြစ်တဲ့ အကြောင်း ခုလိုမျိုး ပြောသွားပါတယ်။ “ကျွန်တော့်ရဲ့ ပရိသတ်တွေက ကျွန်တော့်ရဲ့ ဆွေမျိုးသားချင်း ၊ ညီမလေးတွေ လို့လည်း ပြောလို့ ရပါတယ်။ ကျွန်တော့်ရဲ့ ညီမလေးကို ကျွန်တော် နမ်းလိုက်သလိုပါပဲ။ ကျွန်တော်လည်း ကြောက်တယ်လေ။ သူ့ကိုလည်း အရင်မေးရသေးတယ်။ ချစ်သူတွေ ဘာတွေများ ရှိလားပေါ့။ ချစ်သူတွေရှိရင် စင်ပေါ်တက်ပြီး ထိုးမှာ သေချာတယ်။ …

ဝါဆိုလပြည့်နေ့မှာ သိမ်ဆောက်ဖို့ အလှူ ငွေ (၁၈)သိန်းကျော်ကိုလှူဒါန်းခဲ့တဲ့ ထူးအယ်လင်း

ထူးအယ်လင်းက ဝါဆိုလပြည့်နေ့မှာ သိမ်ဆောက်လုပ်ဖို့အတွက် လိုအပ်တဲ့အလှူငွေတွေ လှူဒါန်းခွင့်ရလို့ ပျော်လို့နေပါတယ်။ ဒီအလှူဟာ ခုနှစ်ရက် သားသမီးတွေရဲ့ အလှူပါဝင်သလို ဆိုင်ကယ်ချစ်သူ ညီအစ်ကိုတွေရဲ့ အလှူငွေတွေလည်း ပါဝင်တယ်လို့ ထူးအယ်လင်းက ဆိုပါတယ်။ အဆိုတော် ထူးအယ်လင်းတို့ပရဟိတအဖွဲ့ကတော့ ဝါဆိုလပြည့်နေ့လေးမှာ အလှူတစ်ခု ပြုနိုင်ခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဝါဆိုလပြည့်နေ့ လေးမှာ ရန်ကုန်တိုင်း ၊ထန်းတစ်ပင်မြို့နယ်မှာ ရှိတဲ့ ပုညသုခဓမ္မရိပ်သာကျောင်းတိုက်မှာ သိမ်ကျောင်းေ ဆာက်လုပ်ဖို့အတွက် လိုအပ်တဲ့အလှူငွေ (၁၈၅၀၀၀၀)ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ “ဗုဒ္ဓဘာသာဝင်တို့၏နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်( ဓမ္မစကြာနေ့ ) မှာ ရန်ကုန်တိုင်း ထန်းတစ်ပင်မြို့နယ် (ပေါက်တန်း၊ဒိတ်ကုန်းအုပ်စု) သရက်ခြံကျေးရွာရှိ ပုညသုခဓမ္မရိပ်သာကျောင်းတိုက်တွင် သိမ်ကျောင်းတည်ဆောက်ရာမှာ လိုအပ်အလှူငွေ တစ်ဆယ့်ရှစ်သိန်းငါးသောင်း ( ၁,၈၅၀,၀၀၀ ) အတွက် ခုနှစ်ရက်သားသမီး/ရာဟုသားသမီးအပါအလှူရှင်များနှင့်ဆိုင်ကယ်ချစ်သူ ညီအကိုများမှ မတည်ငွေ ငါးသိန်းကျပ်( …

ကွင်းထဲအထိ မန်ယူအသင်းကို သွားအားပေးရတော့မှာမို့ စိတ်လှုပ်ရှားနေတဲ့ ထွန်းထွန်း

ဘောလုံးအားကစားကို ချာတိတ်ဘဝကတည်းက ရူးရူးမူးမူး ဝါသနာပါခဲ့တဲ့ ထွန်းထွန်းတစ်ယောက် သူဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို အကောင်အထည်ဖော်နို င်တော့မှာ ဖြစ်ပါတယ်။ သူအမှန်အကန် အားပေးတဲ့ မန်ယူအသင်းကို ကွင်းထဲအထိ သွားပြီး ကိုယ်တိုင်ကိုယ်က အားပေးရတော့မှာ ဖြစ်လို့ စိတ်လှုပ်ရှားလို့ နေပါတယ်။ ထွန်းထွန်းကတော့ သူအမှန်အကန် အားပေးရတဲ့ မန်ယူအသင်းကို ကွင်းထဲမှာ ကိုယ်တိုင် သွားအားပေး ရတော့မှာမို့ စိတ်လှုပ်ရှားလို့ နေပါတယ်။ စင်ကာပူမှာ ပြုလုပ်မယ့် ခ မှာ မန်ယူပွဲကို သွားကြည့်မှာ ဖြစ်ပါတယ်။ ဘောလုံးအားကစားကို ချာတိတ်ဘဝကတည်း အရူးအမူး ဝါသနာပါတဲ့ သူ့အတွက် ဖြစ်ချင်တဲ့ ဆန္ဒ တစ်ခု မကြာခင် ပြည့်ဝတော့မှာပါ။ “Hello မင်္ဂလာပါခင်ဗျာ KKTT တစ်ယောက်က ဘောလုံးအားကစားကို ဟိုးချာတိတ်ကတည်းက ရူးရူးမူးမူးဝါသနာပါတာသိတယ်မလား။ ဘောလုံးကန်တာ …