Celebrity
အကို့ကို ပြုစုတဲ့ မိန်းမကိုမှ မချစ်ရင် လူမဟုတ်တော့ဘူး ဆိုတဲ့ ပိုင်ဇေရဲထွန်း
ဇနီးသည် ဇင်သဲနိုင်ကို ချစ်လွန်းလို့ ခိုးပြေးခဲ့ပြီး အိမ်ထောင်သက် ၁၃ နှစ်ကျော်ကြာအောင် လက်တွဲခိုင်မြဲထားတဲ့ ပိုင်ဇေရဲထွန်းကတော့ ကမ္ဘာပေါ်က အချစ်တတ်ဆုံး ခင်ပွန်းစာရင်းမှာ နေရာယူထားသူပါ။ ကျွန်တော်သေတဲ့ထိ ဇင်သဲနိုင် တစ်ယောက်တည်းကိုပဲ ချစ်မှာဆိုပြီး ကြွေးကြော်ထားတဲ့ ကိုပိုင်က လက်တွေ့မှာလည်း ဖူးဖူးမှုတ် ဂရုစိုက် ချစ်တတ်သူ ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းကမှ ဗိုလ်တစ်ထောင်ဘုရားရင်ပြင်ပေါ်မှာ နေပူနေတဲ့အချိန် ဇနီးသည် အနေရခက်မှာစိုးလို့ ဆံပင်လေးတွေ မထားပေးတဲ့ ကိုပိုင်ရဲ့ ro ချက်ကို ပရိသတ်တွေ အားကျခဲ့ကြပါတယ်။ ဒီလို Ro နေတဲ့ ဓာတ်ပုံကို ရိုက်ပေးလိုက်တဲ့သူက ကိုပိုင်တို့ ဇနီးမောင်နှံနဲ့ အရမ်းခင်ပြီး တွဲသွားတွဲလာ အမြဲရှိတဲ့ သရုပ်ဆောင် စည်သူမောင်ပဲ ဖြစ်ပါတယ်။ MC နဲ့ အင်တာဗျူးမှာတော့ Ro နိုင်လွန်းတဲ့ ပိုင်ဇေရဲထွန်းအကြောင်းကို …
.သားလေးရဲ့ ၁၂ နှစ်ပြည့် မွေးနေ့အတွက် မိခင်တစ်ယောက် ရဲ့ ရင်တွင်းခံစားချက်များ နဲ့အတူမွေးနေ့ဆုတောင်း ပေးလိုက်တဲ့ စိုးမြတ်နန္ဒာ
. .နိုင်ငံကျော် သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်နန္ဒာ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။စိုးမြတ်နန္ဒာက သားလေးနဲ့ အတူ အလုပ်တွေကြိုးစားလုပ်ရင်း ဘ၀ကို အေးချမ်းစွာဖြတ်သန်းနေသူပါ။ လတ်တလောမှာလည်း သူမတို့ ညီအစ်မ လေးယောက် က မင်းသမီး ပိုးထည်တိုက်ကို ဖွင့်ထားတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးကတော့ စိုးမြတ်နန္ဒာ ရဲ့ သားလေး မြတ်သောမောင် ရဲ့ အသက် (၁၂) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။ ပရိသတ် ကြီးအတွက် စိုးမြတ်နန္ဒာက သားလေးအတွက် မွေးနေ့ဆုတောင်းပေးထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ စိုးမြတ်နန္ဒာက သားလေးမွေးနေ့အတွက် ပြောထားတာလေးက ” ၁၂ နှစ် မွေးနေ့ ကို ပိုင်ဆိုင်ပြီဖြစ်တဲ့ တစ်ဦးတည်းသောသား… သို့ ” လွန်ခဲ့တဲ့ ၁၂ နှစ်က …
.လမ်းခွဲချင်တဲ့ချစ်သူကို တစ်ကိုယ်လုံးမှာဆင်ထားတဲ့အဝတ်အစားတွေ အကုန်ပြန်ပေးဖို့တောင်းလိုက်တဲ့ ပိုပိုရဲ့ဗီဒီယို
. .ပရိသတ်တွေရဲ့ အချစ်တော်လေးပိုပိုကတော့ ယခုမှာ ပရိသတ်တွေတခဲနက်အားပေးမှုကို ရရှိနေတဲ့အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်တွေအသည်းစွဲအားပေးချစ်ခင်ရတဲ့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုပိုကတော့ ပရိသတ်တွေနှလုံးသားထဲကို အဆွေးသီချင်းလေးတွေနဲ့ ရောက်ရှိလာတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ ပိုပိုတစ်ယောက် ချစ်သူကောင်လေးက လမ်းခွဲမယ်လို့ ပြောလာတဲ့အပေါ် အလန်းစား TIK TOKဗီဒီယိုလေး တုန့်ပြန်ခဲ့ပါတယ်။ပိုပိုရဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြုံလေးတွေနဲ့ တုန်ပြန့်ထားတဲ့ အလန်းစား TIK TOKဗီဒီယိုလေးဟာ ပရိသတ်တွေကို ရယ်မောပျော်ရွင်စေခဲ့ပါတယ်။ ချစ်ပရိသတ်တွေလဲ ချစ်သူကလမ်းခွဲမယ်ဆိုရင် ပိုပိုရဲ့ TIK TOKဗီဒီယိုလေးအတိုင်း လိုက်လုပ်လို့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် ပရိသတ်အချစ်တော်ပိုပိုရဲ့ ချစ်သူကောင်လေးက လမ်းခွဲမယ်လို့ပြောတဲ့အပေါ် အပြုံးလေးတွေနဲ့တုန့်ပြန်လိုက်တဲ့TIK TOKဗီဒီယိုလေး ကို ဖော်ပြပေးလိုက်ပြီး အဆိုပါ TIK TOKဗီဒီယိုလေး ကို အောက်မှာကြည့်နိုင်ပါတယ်။ Unicode ပရိသတ်တွေရဲ့ အချစ်တော်လေးပိုပိုကတော့ ယခုမှာ …
.ရိုက်ကွင်းမှာ ထဘီချွတ်တဲ့အကြောင်းပြောပြတဲ့ ခွန်းဆင့်နေခြည်
. .ခွန်းဆင့်နေခြည်ဟာ အနုပညာသက်အတော်အတန်ရပြီးဖြစ်တဲ့မင်းသမီးတစ်ယောက်ဖြစ်သလို ကျရာနေရာကနေ ရတဲ့ဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်တတ်တဲ့မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်ကရိုက်ထားတဲ့ မှော်ဝင်သမန်းကျားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးက လက်ရှိမှာ ရုံတင်တော့မှာဖြစ်ပါတယ်။အဲဒီဇာတ်ကားကြီးထဲမှာ ထဘီချွတ်ချတဲ့အခန်းပါတယ်ဆိုပြီး ပရိသတ်တွေက အုတ်သြော်သောင်းတင်းဖြစ်သွားကြပါတယ်။ အဲဒီထဘီချွတ်တဲ့ကိစ္စအပါအဝင်ဇာတ်ကားကြီးရိုက်ရတဲ့ အခက်အခဲတွေကိုခွန်းဆင့်နေခြည်က Popular Journal နဲ့ Interview မှာပြောပြသွားပါတယ်။ ခွန်းဆင့်နေခြည်က ဒီရုပ်ရှင်ဇာတ်ကားကြီးကို ကျားအစစ်တွေနဲ့ရိုက်ဖြစ်သွားတဲ့အကြောင်း “ဒီဇာတ်ကားစရိုက်စဉ်တုန်းက အစ်မတို့ ကျားအစစ်တွေထည့်ရိုက်ဖိုပအစီအစဉ်မရှိဘူး။ ဒါပေမယ့် animation က ထည့်သုံးဖို့အဆင်မပြေတော့တဲ့အတွက် အစ်မတို့က ဖယ်လိုက်တယ်ပေါ့။ပြီးတော့ ကျားပါဝင်မယ့်ဇာတ်ရုပ်တွေကိုအစ်မတို့က ကျားအစစ်တွေနဲ့သွားရိုက်လိုက်ရတယ်။ အဲဒီအတွက် အဲဒါလေးကတော့ တော်တော်အခက်အခဲလေးဖြစ်သွားတယ်။ ကျားအစစ်တွေနဲ့ရိုက်ဖို့ဆိုတာကကိုယ်အရမ်းကြောက်တဲ့စိတ်ကိုမျိုသိပ်ပြီးတော့ တော်တော်ကြိုးစားရိုက်ခဲ့ရတာပေါ့နော်။ကျားတွေနဲ့လက်ပွန်းတတီးနေတဲ့အခန်းလေးတွေ ကျားနဲ့ရင်းနှီးမှုရှိအောင်တော်တော်ကြိုးစားခဲ့ရပါတယ်”လို့ ပြောပြထားပါတယ်။   ခွန်းဆင့်နေခြည်က ထဘီချွတ်တဲ့ဇာတ်ဝင်ခန်းရိုက်ဖြစ်ခဲ့ပုံကို “အစ်မက အဲ့လိုလုပ်ရမယ်ဆိုတာ ကြိုမသိထားဘူး။ ဒါရိုက်တာကနေ ဒီဇာတ်ရုပ်ကို ဆင်းန်ပေါ်မျာရောက်တော့မှ ဒီအခန်းကိုရိုက်ချင်တယ်ဆိုပြီးပြောတော့မှ ရေတံခွန်ကြီးထဲကိုလည်းချောက်ထဲခက်ခက်ခဲခဲဆင်းလာခဲ့ပြီးသွားပြီ။ မရဘူး ဒီဇာတ်ဝင်ခန်းကဒါမျိုးရိုက်ရမယ်ဆိုပြီးပြောတော့ မလုပ်လို့မဖြစ်ဘူးပေါ့နော်။ …
.သေလုနီးပါ ရင်သားကင်ဆာ ကို ရပ်ဝေးမြေခြားမှာ တစ်ယောက်တည်း အံကြိတ်ခံစားခဲ့ရတဲ့ မီးမီးခဲ ( ရုပ်/သံ )
. .မီးမီးခဲ တစ်ယောက် ကတော့ သူမချစ်ရတဲ့ ပရိသတ်တွေနဲ့ ခွဲခွာပြီး နိုင်ငံရပ်ခြား မှာ သွားရောက်နေထိုင်ခဲ့တယ် ဆိုတာ ပရိသတ်တွေအားလုံးအသိပါနော် ။ မီးမီးခဲတစ်ယောက် သူမဘဝ မှာ သေလုမျောပါးဝေဒနာတွေကို ဘာသာတရား ကို ယုံကြည်မှု နဲ့ ကျော်ဖြတ်ခဲ့တယ်လို့ သူမရဲ့ သက်သေခံချက်အရ သိရပါတယ်။ မီးမီးခဲဟာ သူမရဲ့ ဘဝရဲ့ အမှောင်ကာလတွေကို ထာဝရဘုရားသခင် ရဲ့ ကျေးဇူးတော်ကြောင့် ဖြတ်သန်းနိုင်ခဲ့တယ် လို့ ဆိုပါတယ်။ သက်သေခံချက်ဆိုတာ က ခရစ်တော်ရဲ့ကိုးကွယ်သူတွေ က သူတို့ ဘဝမှာ ဘုရားသခင် ရဲ့ စောင်မကြည့်ရှုမှုတွေကို အမှန်တကယ်ရရှိကြောင်းကို လူအများရှေ့မှာ ဖော်ထုတ်ပြောဆိုတာမျိုး ကိုဆိုလိုပါတယ်။ သြစတေးလျနိုင်ငံ မှာ နေထိုင်စဉ်ကာလမှာ ခင်ပွန်းဖြစ်သူ Brice နဲ့ အကြောင်းပါပြီးနောက် …
.“​ကောင်းကျိုးကိုယ်​၌ တည်​​စေမင်း” အကယ်​ဒမီ ​သော်​ဇင်​ အစာအိမ်​ကင်​ဆာဖြင့်​ ကွယ်​လွန်
. .နိုင်ငံကျော် ရုပ်ရှင် နဲ့ ဗွီဒီယို တည်းဖြတ် အကယ်​ဒမီ ​သော်​ဇင်​ဟာဆိုရင် ” ​ကောင်းကျိုးကိုယ်​၌ တည်​​စေမင်း ” ရုပ်ရှင် ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူပါ။ အကယ်ဒမီ သော်ဇင် ဟာဆိုရင် အစာအိမ်ကင်ဆာရောဂါကို ခံစားနေရသူဖြစ်ပြီး ယနေ့ ၂၉ – ၁၀ – ၁၈ တနင်္လာ​နေ့ နံနက်​ ၂း၄၅ နာရီ ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီး မှာ ကွယ်​လွန်​သွားတာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။ချစ်ပရိသတ်တွေအတွက် အကယ်ဒမီ သော်ဇင် ရဲ့ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ အကယ်ဒမီ သော်ဇင် ဟာဆိုရင် “​ကောင်းကျိုးကိုယ်​၌ တည်​​စေမင်း” ရုပ်​ရှင်​ကားနဲ့ အ​ကောင်းဆုံး တည်းဖြတ်​ဆု ကိုရရှိထားသူဖြစ်သလို ၊ သူ့ရဲ့ပြောင်မြောက်တဲ့ အနုပညာများနဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်အောင် အမြဲကြိုးစားခဲ့သူပါ။ဒီနေ့မှာတော့ …
.ကျေးဇူးရှိခဲ့တဲ့သူတွေကို သွားကန်တော့ရင်း သိန်းရာကျော် မုန့်ဖိုးရခဲ့လိုက်တဲ့ ယုန်​​လေး
. .အဆိုပိုင်းမှာထူးချွန်ရုံသာမက အလန်းစားသရုပ်ဆောင်ကွက်တွေနဲ့ပါ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ယုန်လေးကတော့ ရိုးရှင်းပွင့်လင်းပြီး ပေါ့ပေါ့ပါးပါးနေတတ်တဲ့ သူ့ရဲ့အပြုအမူတွေကြောင့် လူချစ်လူခင်များသူတစ်ဦးပါ။ ဒါရိုက်တာတစ်ဦးအနေနဲ့လည်း ရုပ်ရှင်ကားကြီးတွေကို ကိုယ်တိုင်ပုံဖော်လေ့ရှိတဲ့ ယုန်လေးကတော့ လတ်တလောမှာ သူ့ရဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကို စိတ်ကြိုက်ဖန်တီးခွင့်ပေးခဲ့တဲ့ ကျေးဇူးရှိတဲ့သူတွေကို ကန်တော့ခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာေ ဝမျှပေးထားတာပါ။ ယုန်လေးကတော့ လူကြီးတွေကို သွားကန်တော့ရင်း သိန်း ၁၀၀ စီ မုန့်ဖိုးရခဲ့တယ်လို့လည်း လူမှုကွန်ယက်မှာ ရေးသားထားပါသေးတယ်။ ကျေးဇူးရှိတဲ့သူတွေကို မမေ့မလျော့နဲ့ သွားရောက်ကန်တော့ခဲ့တဲ့ ယုန်လေး ယုန်လေးကတော့ ” Special 9 ကို လုပ်ချင်ရာ လုပ်ခွင့်ပေးခဲ့တဲ့ ကိုဖိုးဝ နဲ့ မမူ (Shwe Myanmar Film Production ) ORIGINAL GANGSTER 4 ကို …
.“King ပြိုင်ပွဲကြီးတစ်ခုမှာ ဆုကြီးနှစ်ခုရရှိခဲ့တဲ့ ဖေဖေဦးကိုကိုဦးရဲ့သားလေး သီဟအောင်”
. .သီဟအောင်ဆိုတဲ့ ကိုလူချောလေးကတော့ လက်ရှိလူမှုကွန်ယက်ပေါ်မှာ ရေပန်းစားနှုန်းတဖြေးဖြေးမြင့်တက်လာတဲ့ တက်သစ်စအနုပညာရှင်လေးတစ်ဦးပဲဖြစ်ပါတယ်။အခုအချိန်မှာဆိုရင် သီဟအောင်ဟာ သူ့ကိုအားပေးတဲ့ပရိသတ်တွေများစွာကိုလည်းပိုင်ဆိုင်ထားသလို အနုပညာအလုပ်တွေကိုလည်း များစွာပြုလုပ်နေတာတွေ့ရပါတယ်။ သီဟအောင်ဟာ ပရိသတ်တွေငယ်ငယ်ကကြည့်ခဲ့တဲ့ ရုပ်ရှင်ကားလေးတွေထဲက လူကြမ်းနေရာမှာသရုပ်ဆောင်တဲ့ ဦးကိုကိုဦးရဲ့ သားဖြစ်တာကြောင့် ငယ်စဉ်အခါထဲက အနုပညာနဲ့မစိမ်းတဲ့သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။သီဟအောင်ဟာ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ Kings of Myanmar 2018 Yangon Division မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ဒီပြိုင်ပွဲကြီးမှာတော့ သီဟအောင်ဟာ King of city Yangon ဆုကြီးနဲ့ Popular Winner ဆုကြီးကို ထိုက်ထိုက်တန်တန်နဲ့ ဆွတ်ခူးရရှိအောင်ကြိုးစားနိုင်ခဲ့ပါတယ်။ သီဟအောင်ဟာ သူအခုလိုဆုကြီးတွေရရှိခဲ့တဲ့အတွက် အားပေးချစ်ခင်တဲ့ Fan တွေကိုလည်း အထူးကျေးဇူးတင်ကြောင်းပြောပြထားတာလေးက သူ့အနေနဲ့ပရိသတ်အပေါ်မှာ အရမ်းအလေးထားတတ်တယ်ဆိုတဲ့ စိတ်ဓာတ်လေးကိုဖော်ပြပေးနေသလိုပါပဲ။အခုလိုပရိသတ်တွေကိုအလေးထားလှတဲ့ သီဟအောင်လေးကတော့ ဖခင်ရိုက်ကူးနေတဲ့ ရှူတင်ရိုက်ကွင်းတွေဆိုရင်လည်း အမြဲလိုက်ပြီးလေ့လာတတ်သလို အခွင့်အရေးရတာနဲ့ အင်မတန်မှကြိုစားအားထုတ်တတ်သူလေးတစ်ဦးပဲဖြစ်ပါတယ်။ဖေ့ဖေ့လိုပဲ အနုပညာလောကထဲမှာ နေရာတစ်ခုရရှိတဲ့အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ …
.အကယ်​ဒမီဆုရ ​သော်​ဇင်​​သေရသည့်​အ​ကြောင်း ကာယကံရှင်​ကိုယ်တိုင်​​ပြောကြားချက်​များ
.ခြိမ့်ကေကိုရဲ့ အကောင့်နဲ့ ပေ့ခ်ျတွေကို ဖေ့ဘုတ်ကနေ ဖယ်ရှားပေးဖို့ လက်မှတ်ထိုးပြီးတောင်းဆိုသူ ထောင်ချီရှိ
. .ခြိမ့်ကေကိုဟာ မြန်မာအိုင်ဒေါ Season 3 မှာဝင်ပြိုင်ရာမှတဆင့် မြန်မာပြည်သိန်းတန်ရဲ့ ငှက်ပျောသီးကျွေးတာကို ခံခဲ့ရပြီး Banana လို့ လူသိများလာခဲ့တာဖြစ်ပါတယ်။ ဒီလိုလူသိများလာတဲ့နောက်မှာတော့သူ့ရဲ့ ဖေ့ဘုတ်ကို Follow လုပ်သူတွေများပြားလာပြီး ခြိမ့်ကေကိုဟာလည်း မကြာခဏဆိုသလို Live တွေလွှင့်ပြီး ပရိသတ်တွေနဲ့ ရင်းနှီးမှုရယူခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်က မမရေလွမ်းလို့ သီချင်းထွက်ရှိခဲ့ပြီး အောင်မြင်မှုအတိုင်းအတာ တခုထိ ရရှိခဲ့တယ်လို့ ထင်တဲ့ ခြိမ့်ကေကိုဟာ ညီမလေးဆိုတဲ့သီချင်းအသစ်ကိုပါ အင်တာဗျူးမှာ သီဆိုပြခဲ့တာဖြစ်ပါတယ်။ နာမည်ရရှိလာခဲ့တဲ့ခြိမ့်ကေကိုဟာ သီချင်းသီဆိုတာတွေအပြင် ယခုနောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်တွေကိုပါ လုပ်ကိုင်လာတာတွေ့ရပါတယ်။ အချို့ပရိသတ်တွေကလည်း ခြိမ့်ကေကိုရဲ့ သီဆိုမှုတွေအပေါ် သဘောကျကြိုက်နှစ်သက်သူတွေနဲ့ မကြိုက်နှစ်သက်သူတွေ အမျိုးမျိုးရှိလာခဲ့ပါတယ်။ ယနေ့မှာတော့ ခြိမ့်ကေကိုရဲ့ အကောင့်တွေနဲ့ ပေ့ခ်ျတွေကို ဖျက်ပေးဖို့ ဖေ့ဘုတ်ရဲ့ CEO ဖြစ်တဲ့ မာ့ခ်ဇူကာဘတ်ဆီသို့ လက်မှတ်ထိုးပြီးတောင်းဆိုနေကြတာ တွေ့ရပါတယ်။ …