Tag Archives: သတင်း
ဒီနေ့ စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းလိုက်ရင် ဒီနေ့ စစ်ထဲဝင်မယ် (ဆရာမင်းဒင်)
ဒီနေ့ စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းလိုက်ရင် ဒီနေ့ စစ်ထဲဝင်မယ် (ဆရာမင်းဒင်) ပြင်ဦးလွင်နောင်ချိုမှာဝင်တိုက်ခဲ့တဲ့လက်နက်ကိုင်အဖွဲ့တွေဟာ၊အသင့် အနေအထားဖြစ်နေတဲ့၊ ရှော့တိုက်ဒုံးကျည် ဆယ်လုံး ကျော်(ခန့်မှန်း)ကို၊ မပစ်ခဲ့တော့ဘဲ၊ ဒီအတိုင်းထားရစ်ခဲ့ကိစ္စနဲ့ ပတ်သက်လို့ အငြိမ်းစားစစ်သည်တစ်ဦးရဲ့ မှတ်ချက်တော့၊ “ခြောက်ချက်ပစ်ပြီးနောက် အလုံးတွေဆက်ပစ်ဖို့ အခြေအနေမပေးတော့ လို့ ချက်ချင်းပြန်လစ် သွားပုံ ရတယ်။ တပ်ကဒုံးကျည်လာရာလမ်းကြောင်းဘက်ကို ဦးတည်ရှင်းလင်းသွားချိန်မှာ၊ အသည်းအသန်ထွက်ပြေးသွားကြ ပုံရပါတယ်” ဆိုပြီး၊ ဝင်တိုက်တဲ့အဖွဲ့တွေကိုနှိမ်၊ တပ်ရဲ့တန်ပြန်ထိုးစစ်ကြောင့်ဆုတ်ခွာ သယောင်ရေးပါတယ်။ TNLA ဗိုလ်မှူးကြီးတာဘုန်းကျော်ကတော့၊”ကျွန်တော်တို့မှာဒိထက် ပိုတဲ့ပစ်အားသုံးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် စစ်ပွဲ ဆိုတာ တစ်ခါမှအတွေ့ အကြုံမရှိသေးတဲ့ ဗိုလ်လောင်းလေးတွေ အသက်မဆုံးရှုံးစေဖို့၊ တပ်ဆုတ် ခိုင်းလိုက် တာပါ”လို့၊ ကျားသနားလို့ နွားချမ်းသာခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဖက်မှတ်ချက်တွေကို ဆန်းစစ်ကြည့်မယ်ဆိုရင်၊ ဒုံးကျည်တစ်လုံးကို ရှော့တိုက်ဖို့ ဆယ်စက္ကန့်ကြာတယ်ဆိုရင်၊ ဒုံးကျည် ဆယ်လုံးကျော်အတွက် …
နေရစ်ခဲ့ပါတော့ မဟေသီရယ်……
နေရစ်ခဲ့ပါတော့ မဟေသီရယ်…… တောင်တွေရစ်ဝိုင်း မှိုင်းညို့ ဆိုင်းလို့ နေထွက်/နေဝင် မမြင်မသိတဲ့လျှိုမြောင်ချိုင့်ဝှမ်း တဖက်ကမ်းမှာ နိဂုံးတဘဝ ဒီလိုချုပ်ရမယ်ဆိုတာ အစက ဘယ်သိပါ့မလဲကွယ်……. ပေးတဲ့တာဝန် ငါကျေပွန်အောင်မကြောက်ရဲစွမ်း စစ်မှု့ထမ်းလျှက်မင်းကိုမလွမ်းလို့ မဟုတ်ခဲ့ရပါဘူး…… သားနဲ့သမီး ပညာပြီးအောင်တာဝန်ရှောင်တာလဲ မဟုတ်ခဲ့ရပါဘူးမဟေသီရယ်……. ဒီနေ့…ဘဝရဲ့အဆုံးအဖြတ်နေ့…… သာလွန်အင်အား လွန်များပြားတဲ့ရန်သူသစ္စာဖောက် လူ့ငကြောက်တို့ဝိုင်းအုံပစ်ခတ် ရက်စက်ကြလို့ အသက်ကိုစတေး နောက်ဆုတ်မပြေးဘဲရင်ကိုကဒုတ်ကျင်း သတ္တိခြင်းယှဉ်တိုက်ပွဲဝင်ခဲ့ နိုင်ငံအတွက်ပါ မဟေသီရယ်……. သာလွန်အင်အား သူပုန်များကပြစ်အားတရပ်စပ် ဝိုင်းပိတ်သတ်တော့မမျှအင်အား ငါ့ရင်ဝအားကျ ည်ခနောက်လန် အသတ်ခံရပြီ မဟေသီ…. ငါနဲ့လက်တွဲ ငါ့ရဲဘော်လဲဖမ်းဆီးရန်သူ တဖက်လူက မျက်လုံး၂ဖက် ဓားချက်ပြင်းထန် မတွန်းလှန်ရန် ရက်ရက်စက်စက်ဖောက်ပြစ်သတ်ခဲ့တယ်…… နေရစ်ပါတော့ မဟေသီရယ်…… ငါတို့စစ်သား ဘဝများကငါ့ရဲ့အသက် တိုင်းပြည်အတွက်လို့သစ္စာအဓိဌာန် ရဲရဲဟန်နဲ့ရွတ်ဆိုထားတယ်မဟေသီရယ်…… ငါ့ရဲ့အသက် တိုင်းပြည်အတွက်မို့မင်းအပေါ်တာဝန်မကျေ မိသားစုကို …
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲပြင်းထန် ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်
ရှမ်းမြောက်မှာ တိုက်ပွဲပြင်းထန် ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ရှမ်းပြည်နယ်၊ လားရှိုးကနေ သိန္နီမြို့အထွက် ၁၂ မိုင်အကွာ နမ့်တွန်းရွာအနီးမှာရှိတဲ့ မီးလောင်နေတဲ့ ဆီဆိုင်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့သွားရောက်တဲ့ လားရှိုးအခြေစိုက် လူငယ်ပရိဟိတအသင်းကားကို လက်နက်ကြီးကျည်ထိမှန်တဲ့အတွက် ကားထဲပါလာတဲ့ အသင်းဥက္ကဋ္ဌ သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ “ကား ၃ စီးသွားတာ၊ ရှေ့ဆုံးကားကို စနိုက်ပါနဲ့ လှမ်းပစ်တယ်၊ ပြီးတော့ RPG နဲ့ ထုတယ်၊ အသင်းဥက္ကဋ္ဌက ကျသွားပါပြီ၊ လူငယ် ၃ ယောက်လည်း ဒဏ်ရာတွေနဲ့ ဆေးရုံပေါ် ရောက်နေပါတယ် လို့ လားရှိုးလူငယ်ပရဟိတအသင်းဝင် ကိုအောင်ကျော်ဦးက ပြောပါတယ်။ လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့ လူငယ်ပရဟိတအသင်းကားက ဒဏ်ရာရသူတွေကို လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရပါတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ …
တာဝန်ကျရာကျောင်းက တပ်မိသားစုဝင်ကလေးများရဲ့ ဒီနေ့ကြုံတွေ့ခဲ့ရသော စိတ်မခိုင်စရာ မြင်ကွင်းလေး
ကျွန်တော်တာဝန်ကျရာကျောင်းသည်တပ်မိသားစုဝင်များ၏ကလေးတွေအများစုတက်သောကျောင်းဖြစ်ပါသည်။ ယနေ့ကြုံတွေခဲ့ရသောမြင်ကွင်းကစိတ်မခိုင်လျှင်မျက်ရည်ကျမိမည်။ ဖခင်များမှာရှေ့တန်းစစ်မြေပြင်ထွက်ခွာမည်ဖြစ်သောကြောင့်ကျောင်းသို့သူတို့၏သားသမီးကလေးများအားလာရောက်နှုတ်ဆက်ကြရာကျွန်တော့်၏G3ကလေး မိဘ ၃ /၄ဦးခန့်လာကြသည်။ “သမီးစာကြိုးစားနော်/သားစာကြိုးစားနော်/လိမ်လိမ်မာမာနေနော်/ဆရာ့စကား/ဆရာမစကားနားထောင်နော်/ဖေကြီးပြန်လာမှာတဲ့”သားဖြစ်သူသမီးဖြစ်သူလေးများမှရှေ့တန်းထွက်စစ်ယူနီဖောင်းအပြည့်အစုံနဲ့သူတို့၏ဖခင်ကိုဖက်၍ငိုကြသည်။ကျွန်တော်G3အတန်းပိုင်ဆရာဒီမြင်ကွင်းကိုကြည့်ရင်းမျက်ရည်ဝဲဆို့နစ်ကြွေကွဲရပါဘီလေ။ဆရာဆိုတော့ဟန်လုပ်ရင်း “သားတို့သမီးတို့ရယ်ဆရာတစ်ယောက်လုံးရှိသေးတာ ဘာအားငယ်စရာလိုလဲ။သားတို့သမီးတို့ရဲ့ဖေကြီးပြန်လာရင်းဆရာပါလိုက်ကြိုပေးမှာ။ဆရာတစ်ယောက်လုံးရှိသေးတယ်ဘာမှအားမငယ်နဲ့သမီးလေးသားလေးတို့ရယ်။”လို့အားပေးမိခဲ့ပါတယ်ဗျာ။KG/G1/G2/G3/G-5ကလေးများသည်အသိအမြင်ရှိနေကြဘီလေ။ရှေ့တန်းစစ်မြေပြင်ထွက်ရမယ်ဆိုတော့ ပြန်လာမယ်ပြောပြီးပြန်မလာတော့တဲ့သူတို့သူငယ်ချင်းတွေရဲ့ဖေဖေတွေအကြောင်းကိုလည်းမြင်တွေ့ကြားသိနေရတော့။ကျောင်းပေါက်ဝကနေပြန်ထွက်သွားနေတဲ့သူတို့ဖခင်တွေကိုလှမ်းပြောလိုက်ပုံက “ဖေဖေရေရှေ့တန်းကမြန်မြန်ပြန်လာခဲ့နော်တဲ့” ကျွန်တော်လဲကလေးတွေဟိုတဖက်အကွယ်ကိုလှည့်ပြီးကျွန်တော့်မျက်ဝန်းကိုကလေးတွေမသိအောင်သုတ်နေမိလေရဲ့ကျွန်တော့်ရဲ့G3ကလေးတွေခံစားချက်ကိုကျွန်တော်ထပ်တူထပ်မျှခံစားရမိပါတယ်။မည်သည့်ကလေးမှသူတို့ရဲ့ဖခင်ရှေ့တန်းထွက်မှာကိုမလိုလားကြတော့။ပြန်မလာမှာကိုမလိုလားကြတော့ပါ။ အင်းးးးးးးး စစ်ပွဲတွေအေးငြိမ်းပါစေ။ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။ အေးချမ်းသာယာပါစေ။မိသားစုတွေပျော်ရွှင်ချမ်းမြေ့ကြပါစေ။ Credit-W.Y.M.H
အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ရန် ကူညီကြပါခင်ဗျာ🙏🙏🙏
မိသားစုတွေ ဘဝတွေ လောင်းကြေးထပ် နှလုံးသားတွေချခင်းခဲ့ရပြန်တယ် ချစ်သူလက်မောင်းကိုရှိတ် မင်္ဂလာပွဲဆင်နွှဲနေချိန်တုန်းက သူတို့အပြုံးတွေကြည်လင်လို့ဘယ်လောက်ပျော်နေလိမ့်မလဲ ချစ်သူနဲ့ခွဲရှေ့တန်းသွားတဲ့အချိန်ကျန်ခဲ့တဲ့သူတို့ရင်ထဲဘယ်လောက်တောင် စိတ်ပူရှာခဲ့မလဲ ချစ်သူကတိုင်းပြည်အတွက်အသက်စွန့်ခဲ့ပြီ ဗိုက်ထဲကလူမမယ်ကလေးလေး လူ့လောကမရောက်ခင်ထဲက ဖခင်မဲ့ရပြီ သူတို့အတွက်လည်း ကောင်းကင်ပြိုခဲ့ပြီ သူတို့ငိုနေမလား စိတ်နာနေမလား ရင်ကွဲပက်လက်ခံစားနေရမလား သူတို့ရင်ဘက်ထဲဝင်မခံစားရဲဘူး ပါရမီဖြည့်ဖက်မို့ဂုဏ်ယူလိုက်ပါဆိုတဲ့စကားသံ သူတို့ခံနိုင်ရည်ရှိပါ့မလား မည်သို့ပင်ဆိုစေကာမူ ငြိမ်းချမ်းရေးအတွက် မိသားစုတွေ ဘဝတွေ လောင်းကြေးထပ် နှလုံးသားတွေချခင်းခဲ့ရပြန်တယ် Credit to ရွှေလျှံဝင်း Video ကြည့်ရန် အောက်တွင်ဖော်ပြပေးလိုက်ပါတယ်Video Source; Yeyint Thitsar Unicode ဖြင့်ဖတ်ရန် မိသားစုတွေ ဘဝတွေ လောင်းကြေးထပ် နှလုံးသားတွေချခင်းခဲ့ရပြန်တယ် ချစ်သူလက်မောင်းကိုရှိတ် မင်္ဂလာပွဲဆင်နွှဲနေချိန်တုန်းက သူတို့အပြုံးတွေကြည်လင်လို့ဘယ်လောက်ပျော်နေလိမ့်မလဲ ချစ်သူနဲ့ခွဲရှေ့တန်းသွားတဲ့အချိန်ကျန်ခဲ့တဲ့သူတို့ရင်ထဲဘယ်လောက်တောင် စိတ်ပူရှာခဲ့မလဲ ချစ်သူကတိုင်းပြည်အတွက်အသက်စွန့်ခဲ့ပြီ ဗိုက်ထဲကလူမမယ်ကလေးလေး လူ့လောကမရောက်ခင်ထဲက ဖခင်မဲ့ရပြီ သူတို့အတွက်လည်း ကောင်းကင်ပြိုခဲ့ပြီ သူတို့ငိုနေမလား စိတ်နာနေမလား …
လူအား ငွေအားတင်မကဘဲ အသက်ပါပေးပြီး ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ ဦးထွန်းမြင့်ရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်များ
ဒီနေ့ လားရှိုး စစ်ပွဲထဲ ပိတ်မိနေသူတွေ့ကို ကယ်ထုတ်ဖို့ လူနာတင်ယာဉ် ကိုယ်တိုင်မောင်း သွားကူရင်း ပစ်ခတ်ခံရလို့ ကွယ်လွန်သွားခဲ့သူ ဟာဂျီမွတ်စ်သဖားဘိုင်(ခ)ဦးထွန်းမြင့် အသက် ၅၇နှစ်မှာ မိခင်အိုနဲ့ ဇနီး၊ သားသမီးတွေ ကျန်ရစ်ခဲ့တယ်။ ဟာဂျီဆပ်ကို ဒီနေ့ ညနေ အဆွရ်ဆွလားသ်အပြီးမှာ မြေချ (ဒဖနာ)မယ်လို့ မိသားစုက ဆုံးဖြတ်ထားတယ်။ လားရှိုးအနီးဝန်းကျင်မှာ ပစ်ခတ်မူတွေ ရှိနေပေမဲ့ ကိုထွန်းမြင့် နောက်ဆုံးခရီးကို လားရှိုးမြို့ ခံတွေ အင်တိုက်အားတိုက် လိုက်ပါပို့ ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီခေတ်မှာ ပရဟိတ လူတိုင်းနီးပါးလုပ်တယ်။ တချို့က ငွေပေးပြီး ပရဟိတလုပ်တယ်။တချို့က ချွေးပေးပြီး လုပ်အားနဲ့ ပရဟိတလုပ်တယ်။ တချို့က အချိန်ပေးပြီး ပရဟိတလုပ်တယ်။ ဒီနေ့ ကွယ်လွန်သွားတဲ့ ဦးထွန်းမြင့်ကတော့သူပရဟိတလုပ်တဲ့ တလျှောက်လုံး ငွေအားကော လုပ်အားကောပေးပြီး အချိန်ထုတ် …
မြောင်မြို့နယ်က အုပ်စုလိုက် လူရိုက်ပွဲ ရုပ်သံ
“၈.၈.၂ဝ၁၉ မြောင်မြို့နယ် ၊ကျောက်ရစ်ရွှေပေါင်လောင် ဘုရားပွဲတော်မှာ ဘုရားလှည့်လာစဉ် အများပြည်သူနှင့်ဆိုင်သောပွဲတော်နေရာမှ အများပြည်သူပိုင်လမ်းမပေါ်သို့ဖြတ်သန်းမိသောကြောင့် ဖြတ်သန်းသွားလာသူကို ကိုးပင်ရွာမှရွာသားများမှ ဝိုင်းဝန်းရိုက်နှက်ကြသောမြင်းကွင်း video မှတ်တမ်းပါ” ဟု ဗီဒီယိုတင်ထားသူရဲ့ စာမျက်နာမှာ ဖော်ပြထားတာကို ဖတ်ရှုရပါတယ်။ ဘယ်သူမှားတယ်၊ဘယ်သူမှန်တယ်ဆိုတာထက် ခုလို ဒေါသတွေနဲ့ ဖြေရှင်းကြတာကတော့ မကောင်းပါ။ဘာသာရေးပွဲမှာဖြစ်တော့ ပို၍ပင် ရုပ်ဆိုးအကျည်းတန်လှပါကြောင်း…. အောက်တွင် အချင်းချင်းရိုက်နှက်လုံးထွေးနေကြတဲ့ ရုပ်သံကို တင်ပေးလိုက်ပါတယ်နော်။မူရင်းတင်သူရဲ့ လင့်ကိုလည်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။သွားရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ပြိးရင်လဲ မှတ်ချက်လေးများ ပေးခဲ့ကြပါအုံး ပရိတ်သတ်ကြီးရေ…..။ ဗီဒီယိုဖိုင်ကြည့်ရန်Source : Kyaww Sann Unicode ဖြင့်ဖတ်ရန် “၈.၈.၂ဝ၁၉ မြောင်မြို့နယ် ၊ကျောက်ရစ်ရွှေပေါင်လောင် ဘုရားပွဲတော်မှာ ဘုရားလှည့်လာစဉ် အများပြည်သူနှင့်ဆိုင်သောပွဲတော်နေရာမှ အများပြည်သူပိုင်လမ်းမပေါ်သို့ဖြတ်သန်းမိသောကြောင့် ဖြတ်သန်းသွားလာသူကို ကိုးပင်ရွာမှရွာသားများမှ ဝိုင်းဝန်းရိုက်နှက်ကြသောမြင်းကွင်း video မှတ်တမ်းပါ” ဟု ဗီဒီယိုတင်ထားသူရဲ့ စာမျက်နာမှာ …
မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ အပြစ်မဲ့လူနေအိမ်များကို လက်နက်ကြီးနဲ့ ပစ်ခတ်
Zawgyi ဒီနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်က မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ အပြစ်မဲ့လူနေအိမ်များကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ ဒါဟာ တိုက်ပွဲ ဖြစ်ပွားတဲ့အချိန် မတော်တဆ မှားပြီးကျတာမျိုးမဟုတ်ပဲ ဒုံးနဲ့ တမင်သက်သက် ချိန်ရွယ်ပစ်ခေတ် ခဲ့တာကို တွေ့ရပါတယ်။ ပါးစပ်က သူတို့ဘာသာစကားနဲ့ ပြောလိုက်တာတော့ မကောင်းသူထိပ် ကောင်းသူ ထိပ်ပဲတဲ့လေ..။ ဒီ ပစ်ခတ်မှုမှာ လားရှိုးမြို့၊ ရပ်ကွက်(၁၂)အောင်သစ္စာတိုးချဲ့ရပ်ကွက်ဘက်တွင် လူနေအိမ် ၂ လုံးပေါ်သို့ လက်နက်ကြီးကျည်ဆံကျရောက်ထိမှန်ခ့ပြီး အိမ်တစ်လုံး မီးလောင်ပျက်စီးသွားပြီး နောက်တစ်လုံးမှာလဲ ထိခိုက်ပျက်စီးမှုများကြောင်းသိရပါတယ်။ လူနေအိမ်သို့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးခြေထောက်ထိခိုက်(စိုးရိမ်ရ)ဒဏ်ရာ၊ ကလေးငယ်တစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါCredit – SMT(Shwe Yaung Lan)source-Nay Myo …
လာရှိုးမြို့ နမ့်တွန်းကျေးရွာအနီး တိုက်ပွဲတွင် စစ်တပ်က ရဟတ်ယာဉ်များ အသုံးပြုတိုက်
လာရှိုးမြို့ နမ့်တွန်းကျေးရွာအနီး တိုက်ပွဲတွင် တပ်မတော်က ရဟတ်ယာဉ်များ အသုံးပြုတိုက်ခိုက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့နှင့် ၁၂ မိုင်ခန့််အကွာ နမ့်တွန်းကျေးရွာအနီးတွင် တိမ်ဖြူဆီပန့်ဆိုင် မီးရှို့ခံရပြီးနောက်ပိုင်း တပ်မတော်စစ်ကြောင်းများနှင့် ရဟတ်ယာဉ်များ လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း လာရှိုးနည်းပညာတက္ကသိုလ်ဆရာများသမဂ္ဂ ဥက္ကဌ ဦးစောမင်းသော် ပြောပြချက်အရ သြဂုတ် ၁၇ ရက် နေ့လည် ၂ နာရီခန့်က သိရသည်။ “တိုက်ပွဲဖြစ်တဲ့နေရာက ကျွန်တော်တို့ကျောင်းနဲ့ ၁၀ မိုင်လောက်ကွာတယ်၊ လာရှိုးအတွက် သိန္နီဘက်သွားတဲ့လမ်းမှာဖြစ်တာ၊ နမ့်တွန်းရွာမှာ ဖြစ်တာပေါ့၊ ကောလဟလကတော့ အမျိုးမျိုးထွက်နေတာပေါ့၊ တက္ကသိုလ်ဘက်က တပ်မတော်စစ်ကြောင်းကတော့ ချက်ချင်းလိုက်တယ်၊ ပစ်တဲ့ရဟတ်ယာဉ်တွေနဲ့ချက်ချင်းလိုက်တယ် ၊အခုတော့ ငြိမ်သွားပြီ၊ သေနတ်သံလည်းမကြားရဘူး၊ မနက်ကတော့ ကြားရတယ်၊ လုံခြုံရေးအတွက်ကတော့ တပ်တွေချထားပေးတယ်” ဟု လာရှိုးနည်းပညာတက္ကသိုလ်ဆရာများသမဂ္ဂ ဥက္ကဌ ဦးစောမင်းသော် ကပြောသည်။ လာရှိုးမြို့ထဲရှိ ရပ်ကွက် …